ကျောက်တော်မြေမြုပ်မိုင်းကြောင့် အမျိုးသမီး တစ်ဦး ခြေ နှစ်ဘက်ပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက အမျိုးသမီးတစ်ဦး ရွာအပြင်တွင် ဟင်းစားရှာရင်း မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်သွားသည်ဟု မိသားစုဝင်များနှင့် အကူအညီပေးနေသူများက ပြောသည်။

ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာသူ အသက် (၁၈) နှစ်အရွယ် မအေးစန္ဒာသည် ၎င်း၏ မိခင်နှင့်အတူ ဟင်းစားအတွက် ကတက်ဥ (ခေါ်) သင်္ဘောဥ သွားတူးကြစဉ် မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံး ပြတ်သွား သည်ဟု ၎င်း၏ မိခင် က ပြောသည်။

“ကျမတို့ ဒီသင်္ဘောဥသွားရှာကြတာပါ။ ကျမသမီးက ကျမနည်း နည်းနည်းလှမ်းတဲ့နေရာမှာ သင်္ဘောဥတူးတာ၊ သင်္ဘောဥတူးဖို့ရာ တောထဲသွားကြတာ၊ သမီးက ကျမရှေ့ကပေါ့၊ တောင်ပေါ်ရောက်တော့ ဗုံးဆိုပြီး အသံကြား တာပဲ၊ သွားကြည့်တော့ သွေးတွေနဲ့ ကျမသမီးကို ပြေးကြည့်တော့ ခြေထောက်နှစ်ဖက်လုံး သွေးတွေနဲ့ပဲ။ ခြေ ထောက်ကလည်း ပြတ်သွားပြီ” ဟု မိခင်ဖြစ်သူ ဒေါ်ဦးခိုင်သန်း က ပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွှဲ ၁ နာရီခန့်က ရုပ်သားကျေးရွာအနီးရှိ တောင်ပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ယခု ကဲ့သို့ ခြေထောက်ပြတ်သွားရခြင်း ဖြစ်သည်ဟု ဒေါ်ဦးခိုင်သန်း က ပြောသည်။

“ကျမသမီးခြေထောက်ပြတ်သွားတာကြည့်ပြီး ကျမစိတ်မကောင်းဘူး။ ခြေထောက်တစ်ဖက်က မိုင်းနင်းမိတဲ့ နေရာပဲ ပြတ်သွားတယ်။ ခြေထောက်က ဒူးအောက်ပိုင်းကနေ ပြတ်သွားတာ။ ကျမ သမီးက အခုလည်း သတိရလိုက် မရလိုက်ဖြစ်နေတယ်။”

ခြေထောက်ပြတ်သွားသည့် အမျိုးသမီးမှာ ယခုခါ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး စိုးရိမ်ရ သည်ဟု သွားရောက်အကူအညီပေးခဲ့သည့် ကျောက်တော်ဒေသခံ ဦးလှမြင့်က ပြောသည်။

“ရွာရဲ့ မြောက်ဘက် မီတာ ၃၀၀ လောက်ရှိတဲ့နေရာမှာ နေ့လည်တစ်နာရီလောက်က သင်္ဘောဥ ဟင်းစားရှာ သွားတာ၊ အဲ့ဒီနေရာမှာ မြေမြုပ်မိုင်းပေါက်တာ။ အခုဖြစ်တဲ့နေရာက ကျောက်တော်မြို့နယ်လည်း တစ်မိုင်ကျော်လောက်ပဲ ဝေးတယ်။ အခုက ကျောက်တော် ဆေးရုံးမှာပဲ။ အခြေအနေကတော့ မကောင်းဘူး။ စိုးရိမ်ရတယ်။ သွေးအထွက်လွန်တာပေါ့။”

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိပြီးခြေထောက်ပြတ်သွားသည်မှာ မှန်ကန်သည်ဟု အတည်ပြုပြောဆိုသည်။

ယခုမိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာသည် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားနေသည့် နေရာမဟုတ် သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလတုန်းက တပ်မတော်စစ်ကြောင်းများ ဝင်ထွက်သွားလာမှုများ ရှိခဲ့ သည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ကျောက်တော်မြို့နယ်အပါအဝင် ရသေ့တောင်၊ မြောက်ဦး၊ အမ်း၊ ဘူးသီးတောင် အပြင် အခြားမြို့နယ်များအတွင်း ရှိ ဒေသခံပြည်သူများမှာ တောထဲ ဟင်းရှာ၊ မျှစ်ခုတ်၊ ကတက်ဥတူး သွားကြ စဉ် မြေမြုပ်မိုင်းများ နင်းမိပြီး ခြေထောက်ပြတ်၊ လက်ပြတ်၊ အသက်ဆုံးရှုံးရမှုများ မကြာခဏဖြစ်ပွားလေ့ ရှိ သည်ဟု ဒေသခံများက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကနေ ယခုအချိန်ထိ ဖြစ်ပွားလာနေသည့် နှစ်ဘက်တိုက်ပွဲများ၊ ထိုးစစ်ဆင်မှုများ၊ စစ်ရေးပဋိပက္ခများကြောင့် စစ်ရှောင်ပြည်သူ အရေအတွက် ၂ သိန်း၊ ၃ သောင်းကျော်ရှိပြီဖြစ်ပြီး ဒေသခံပြည်သူများသည် မြေမြုပ်မိုင်းနင်းမိခြင်း၊ မိုင်း ပေါက်ကွဲခြင်း၊ ရဟတ်ယာဉ်၊ ရေယာဉ်(Navy)တပ်များက ပစ်ခတ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ နေ့စဉ်နှင့်မျှ ထိခိုက် သေဆုံး ဒဏ်ရာ ရရှိနေမှုများအပြင် နေအိမ်များ၊ ကျေးရွာများ မီးရှို့ခံရခြင်း၊ အရပ် သားများဖမ်းဆီးခံရခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်ဟု ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

*** ZAWGYI ***
ေက်ာက္ေတာ္ေျမျမဳပ္မိုင္းေၾကာင့္ အမ်ဳိးသမီး တစ္ဦး ေျခ ႏွစ္ဘက္ျပတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက အမ်ိဳးသမီးတစ္ဦး ရြာအျပင္တြင္ ဟင္းစားရွာရင္း မုိင္းနင္းမိၿပီး ေျခေထာက္ႏွစ္ဖက္လံုး ျပတ္သြားသည္ဟု မိသားစုဝင္မ်ားႏွင့္ အကူအညီေပးေနသူမ်ားက ေျပာသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရုပ္သားေက်းရြာသူ အသက္ (၁၈) ႏွစ္အရြယ္ မေအးစႏၵာသည္ ၎၏ မိခင္ႏွင့္အတူဟင္းစားအတြက္ ကတက္ဥ (ေခၚ) သေဘၤာဥ သြားတူးၾကစဥ္ မိုင္းနင္းမိ၍ ေျခေထာက္ႏွစ္ဖက္လံုး ျပတ္သြား သည္ဟု ၎၏ မိခင္ က ေျပာသည္။

“က်မတို႔ ဒီသေဘၤာဥသြားရွာၾကတာပါ။ က်မသမီးက က်မနည္း နည္းနည္းလွမ္းတဲ့ေနရာမွာ သေဘၤာဥတူးတာ၊ သေဘၤာဥတူးဖို႔ရာ ေတာထဲသြားၾကတာ၊ သမီးက က်မေရွ႕ကေပါ့၊ ေတာင္ေပၚေရာက္ေတာ့ ဗံုးဆုိၿပီး အသံၾကား တာပဲ၊ သြားၾကည့္ေတာ့ ေသြးေတြနဲ႔ က်မသမီးကို ေျပးၾကည့္ေတာ့ ေျခေထာက္ႏွစ္ဖက္လံုး ေသြးေတြနဲ႔ပဲ။ ေျခ ေထာက္ကလည္း ျပတ္သြားၿပီ” ဟု မိခင္ျဖစ္သူ ေဒၚဦးခိုင္သန္း က ေျပာသည္။

ႏိုဝင္ဘာလ ၄ ရက္ေန႔ မြန္းလႊဲ ၁ နာရီခန္႔က ရုပ္သားေက်းရြာအနီးရွိ ေတာင္ေပၚတြင္ ေျမျမဳပ္မိုင္းနင္းမိၿပီး ယခု ကဲ့သို႔ ေျခေထာက္ျပတ္သြားရျခင္း ျဖစ္သည္ဟု ေဒၚဦးခိုင္သန္း က ေျပာသည္။

“က်မသမီးေျခေထာက္ျပတ္သြားတာၾကည့္ၿပီး က်မစိတ္မေကာင္းဘူး။ ေျခေထာက္တစ္ဖက္က မုိင္းနင္းမိတဲ့ ေနရာပဲ ျပတ္သြားတယ္။ ေျခေထာက္က ဒူးေအာက္ပိုင္းကေန ျပတ္သြားတာ။ က်မ သမီးက အခုလည္း သတိရလိုက္ မရလိုက္ျဖစ္ေနတယ္။”

ေျခေထာက္ျပတ္သြားသည့္ အမ်ိဳးသမီးမွာ ယခုခါ ေက်ာက္ေတာ္ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနရၿပီး စိုးရိမ္ရ သည္ဟု သြားေရာက္အကူအညီေပးခ့ဲသည့္ ေက်ာက္ေတာ္ေဒသခံ ဦးလွျမင့္က ေျပာသည္။

“ရြာရဲ႕ ေျမာက္ဘက္ မီတာ ၃၀၀ ေလာက္ရွိတဲ့ေနရာမွာ ေန႔လည္တစ္နာရီေလာက္က သေဘၤာဥ ဟင္းစားရွာ သြားတာ၊ အဲ့ဒီေနရာမွာ ေျမျမဳပ္မုိင္းေပါက္တာ။ အခုျဖစ္တဲ့ေနရာက ေက်ာက္ေတာ္ၿမိဳ႕နယ္လည္း တစ္မို္င္ေက်ာ္ေလာက္ပဲ ေဝးတယ္။ အခုက ေက်ာက္ေတာ္ ေဆးရံုးမွာပဲ။ အေျခအေနကေတာ့ မေကာင္းဘူး။ စိုးရိမ္ရတယ္။ ေသြးအထြက္လြန္တာေပါ့။”

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းကလည္း အမ်ိဳးသမီးငယ္တစ္ဦး မုိင္းနင္းမိၿပီးေျခေထာက္ျပတ္သြားသည္မွာ မွန္ကန္သည္ဟု အတည္ျပဳေျပာဆိုသည္။

ယခုမိုင္းေပါက္ကြဲမႈ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည့္ေနရာသည္ တုိက္ပြဲတစ္စံုတစ္ရာ ျဖစ္ပြားေနသည့္ ေနရာမဟုတ္ ေသာ္လည္း ၿပီးခဲ့သည့္ ေအာက္တုိဘာလတုန္းက တပ္မေတာ္စစ္ေၾကာင္းမ်ား ဝင္ထြက္သြားလာမႈမ်ား ရွိခဲ့ သည့္ေနရာျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ရခုိင္ျပည္နယ္ ေျမာက္ပိုင္းရွိ ေက်ာက္ေတာ္ၿမိဳ႕နယ္အပါအဝင္ ရေသ့ေတာင္၊ ေျမာက္ဦး၊ အမ္း၊ ဘူးသီးေတာင္ အျပင္ အျခားၿမိဳ႕နယ္မ်ားအတြင္း ရွိ ေဒသခံျပည္သူမ်ားမွာ ေတာထဲ ဟင္းရွာ၊ မ်ွစ္ခုတ္၊ ကတက္ဥတူး သြားၾက စဥ္ ေျမျမဳပ္မို္င္းမ်ား နင္းမိၿပီး ေျခေထာက္ျပတ္၊ လက္ျပတ္၊ အသက္ဆံုးရံႈးရမႈမ်ား မၾကာခဏျဖစ္ပြားေလ့ ရွိ သည္ဟု ေဒသခံမ်ားက ေျပာသည္။

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလကုန္ပိုင္းကေန ယခုအခ်ိန္ထိ ျဖစ္ပြားလာေနသည့္ ႏွစ္ဘက္တိုက္ပြဲမ်ား၊ ထိုးစစ္ဆင္မႈမ်ား၊ စစ္ေရးပဋိပကၡမ်ားေၾကာင့္ စစ္ေရွာင္ျပည္သူ အေရအတြက္ ၂ သိန္း၊ ၃ ေသာင္းေက်ာ္ရွိၿပီျဖစ္ၿပီး ေဒသခံျပည္သူမ်ားသည္ ေျမျမဳပ္မိုင္းနင္းမိျခင္း၊ မိုင္း ေပါက္ကြဲျခင္း၊ ရဟတ္ယာဥ္၊ ေရယာဥ္(Navy)တပ္မ်ားက ပစ္ခတ္ျခင္း၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား ထိမွန္၍ ေန႔စဥ္ႏွင့္မွ် ထိခိုက္ ေသဆုံး ဒဏ္ရာ ရရွိေနမႈမ်ားအျပင္ ေနအိမ္မ်ား၊ ေက်းရြာမ်ား မီးရိႈ႕ခံရျခင္း၊ အရပ္ သားမ်ားဖမ္းဆီးခံရျခင္းမ်ား ဆက္တုိက္ျဖစ္ေပၚေနသည္ဟု ေဒသခံမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။