အောက်တိုဘာအတွင်း စစ်ရှောင်း ၁ သောင်းနီးပါး တိုး၊ မြေပုံစစ်ရှောင်များ ထောက်ပံ့မှု မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ စစ်ရေးပဋိပက္ခများကြောင့် တစ်လအတွင်း စစ်ရှောင် တစ်သောင်းနီးပါးအထိ တိုးလာပြီး မြေပုံမြို့နယ်မှ စစ်ရှောင်များ အကူအညီ လိုအပ်နေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ပြောသည်။
REC ၏ အောက်တိုဘာလ ၁ ရက်နေ့ က ထုတ်ပြန်လိုက်သည့် စာရင်းအရ စစ်ရှောင်စခန်းရောက် စစ်ဘေး ဒုက္ခသည် ဦးရေ ၂၂၆၈၀၄ ဦး ရှိခဲ့ရာမှာ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်လိုက်သည့် REC ၏ စာရင်းအရ ၂၃၆၂၂၉ ဦး ရှိပြီ ဖြစ်သည်ဟု သိရသည်။
အောက်တိုဘာလအတွင်း စစ်ဘေးရှောင်အရေအတွက် တစ်သောင်းနီးပါးအထိ ထပ်မံ တိုးလာခြင်းမှာ မြစ် ကြောင်းတစ်လျှောက်သွားလာနေသည့် တပ်မတော်ရေယာဉ်များ၏ ပစ်ခတ်မှုများ၊ ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် တပ်မတော်၏ ဝေဟင်ထိုးစစ်များကြောင့် ဖြစ်သည်ဟု REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသည်။
“တစ်လအတွင်း တစ်သောင်းနီးပါး ကိုးထောင်ကျော်တိုးလာတယ်။ အခုက နှစ်သိန်းသုံးသောင်းလေးထောင် ကျော်သွားပြီဗျ။ ဒီရက်ပိုင်းလည်း ကျောက်ဖြူဘက်မှာ ထပ်ပြေးနေရာတွေရှိတယ်။ အဓိက အခုလိုမျိုး စစ်ရှောင် တွေ တိုးလာတယ်ဆိုတာက နှစ်ဖက်တိုက်ပွဲတွေဆိုတာထက် ဒီရသေ့တောင်မြို့နယ်၊ ပေါက်တောနဲ့ မင်းပြားမြို့ နယ်ဘက်တွေမှာတိုးတယ်။ ရသေ့တောင်မြို့နယ်ဘက်မှာဆိုရင် မေယုမြစ်ပေါ့နော်၊ ပေါက်တော ဘက်မှာဆိုရင် လေးမြို့ မြစ်ပေါ့နော် အဲ့ဒီမြစ်ကြောင်းတစ်လျှောက်မှာသွားလာနေတဲ့ ဇက်သင်္ဘောတွေကနေပြီးတော့မှ ဒေသခံ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ ထွက်ပြေးတဲ့ကိစ္စက အများဆုံးပါပဲ။ ရသေ့တောင်မှာဆိုရင် လေယာဉ်တွေနဲ့ပါ ပစ်ခတ်မှုတွေရှိခဲ့ပေ့ါ။”
တစ်လအတွင်း စစ်ရှောင်ဦးရေ ၉၄၂၅ ဦး တိုးလာခဲ့သည်ဟု REC က ပြောသည်။
ယခုထပ်တိုးလာသည့် စစ်ရှောင်အများစုမှာ မြေပုံ၊ ရသေ့တောင်၊ မင်းပြား နှင့် ဘူးသီးတောင်မြို့နယ်များထဲက ဒေသခံ ရွာသားများ ဖြစ်ကြပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲများ ဖြစ်နေရသည်ဟု စစ်ရှောင်များ ကို အကူအညီပေး နေသူများက ပြောသည်။
“မြေပုံမြို့နယ်ထဲမှာက တော်တော်အခြေအနေဆိုးတယ်။ အထောက်အပံ့တွေမရတာ ၆ လ ၇ လ လောက်ရှိပြီ။ အစိုးရ ဘက်ကရော၊ NGOs အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေရော မရောက်တာကြာပြီ။ ဘာလို့လဲဆိုတော့ သွားလာခက်ခဲပြီးမှ၊ တိုက်ပွဲတွေရှိနေတယ်။ နှစ်ဖက်တပ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေရှိနေတယ်လို့ သိရတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေရှိတယ်ပေါ့နော်။ အဲ့ဒီနေရာတွေက ဒေသခံအဖွဲ့အစည်းတွေလည်း သွားလာဖို့ ခက်ခဲ တယ်။ မလွယ်ကူဘူးဗျ။ တိုက်ပွဲအများအပြားဖြစ်နေတဲ့ ရသေ့တောင်မြို့နယ်ထဲမှာဆိုရင်လည်း စစ်ရှောင်စခန်း တွေထဲမရောက်သေးတဲလူတွေရော၊ စစ်ရှောင်စခန်းရောက်လာတဲ့ စစ်ရှောင်အသစ်တွေအတွက်ရော စားနပ် ရိက္ခာက တော်တော်လေးကို ခက်ခဲနေပါတယ်” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ရှောင်စခန်းကို ရောက်ရှိနေသည့် စစ်ရှောင်တစ်ဦး က “ကျမတို့ တော်တော် ခက်ခဲနေပါတယ်။ အဓိက စားစရာမရှိတာပါ။ ရွာမှာ တိုက်ပွဲဖြစ်လို့ ဒီကိုပြေးလာတာ။ အခု စားစရာမရှိလို့ ပြန် ခက်ခဲနေရတယ်။ ကျမတို့ကို လာပြီးကူညီပေးဖို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးနေရသူများအနက် စစ်ရှောင်စခန်းများသို့ ရောက်ရှိလာသည့် စစ်ရှောင်အရေအတွက်ထက် စစ်ရှောင်စခန်း ပြင်ပတွင် ထွက်ပြေးတိမ်းရှောင်နေရသူက ပိုများနေသည်ဟု REC ၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသည့် စစ်ရှောင်အရေအတွက်မှာ ၈၀၉၀၃ ဦး ရှိပြီး၊ စစ်ရှောင် စခန်းပြင်ပတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်အရေအတွက်မှာ ၁၅၄၀၁၂ ဦး ရှိသည်။ ထို့အပြင် နိုဝင်ဘာလ ၂ ရက်နေ့က မြေပုံမြို့နယ်၊ ကမ်းထောင့်ြက်ီး စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်အသစ် ၁၃၁၄ ဦး ထပ်မံရောက်ရှိ လာခဲ့သည်ဟု REC က ထုတ်ပြန်ထားသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အနေဖြင့် အိမ်ထောင်စု ၁၀ စု အောက်ခိုလှုံနေသည့် နေရာ များကို စစ်ဘေးဒုက္ခသည်စခန်းများအဖြစ် ဖော်ပြခြင်းမရှိဘူးဟုလည်း ထုတ်ချက်ထဲတွင် ရေးသားထားသည်။
လက်နက်ကိုင်ပဋိပက္ခများအကြား ဒုက္ခရောက်နေကြရသည့် ပြည်သူများ၏ အခက်အခဲများကို သက်ဆိုင်သူများ သိရှိပြီး ပြည်သူလူထုကို မထိခိုက်စေသည့် နိုင်ငံရေးနည်းလမ်းများဖြင့် ဆွေးနွေး အဖြေရှာနိုင်ရေး၊ အစိုးရ၊ ပြည် တွင်း ပြည်ပက အဖွဲ့အစည်းများအနေဖြင့်လည်း ဒုက္ခရောက်နေကြသည့် ပြည်သူများအတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လစဉ် စစ်ဘေးရှောင် အရေအတွက် စာရင်းများနှင့် ၎င်းတို့ ၏ အခက်အခဲများကို စစ်တမ်းကောက်ယူကာ ထုတ်ပြန်ပေးနေရခြင်းဖြစ်သည်ဟု REC က ပြောသည်။
*** ZAWGYI ***
ေအာက္တိုဘာအတြင္း စစ္ေရွာင္း ၁ ေသာင္းနီးပါး တိုး၊ ေျမပံုစစ္ေရွာင္မ်ား ေထာက္ပံ့မႈ မရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ ႏိုဝင္ဘာလ ၅ ရက္။
တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (ULA/AA) တုိ႔အၾကား ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ား စစ္ေရးပဋိပကၡမ်ားေၾကာင့္ တစ္လအတြင္း စစ္ေရွာင္ တစ္ေသာင္းနီးပါးအထိ တိုးလာၿပီး ေျမပံုၿမိဳ႔နယ္မွ စစ္ေရွာင္မ်ား အကူအညီ လိုအပ္ေနသည္ဟု ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး (REC) က ေျပာသည္။
REC ၏ ေအာက္တိုဘာလ ၁ ရက္ေန႔ က ထုတ္ျပန္လိုက္သည့္ စာရင္းအရ စစ္ေရွာင္စခန္းေရာက္ စစ္ေဘး ဒုကၡသည္ ဦးေရ ၂၂၆၈၀၄ ဦး ရွိခဲ့ရာမွာ ႏိုဝင္ဘာလ ၂ ရက္ေန႔ ထုတ္ျပန္လုိက္သည့္ REC ၏ စာရင္းအရ ၂၃၆၂၂၉ ဦး ရွိၿပီ ျဖစ္သည္ဟု သိရသည္။
ေအာက္တိုဘာလအတြင္း စစ္ေဘးေ႐ွာင္အေရအတြက္ တစ္ေသာင္းနီးပါးအထိ ထပ္မံ တိုးလာျခင္းမွာ ျမစ္ ေၾကာင္းတစ္ေလွ်ာက္သြားလာေနသည့္ တပ္မေတာ္ေရယာဥ္မ်ား၏ ပစ္ခတ္မႈမ်ား၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားႏွင့္ တပ္မေတာ္၏ ေဝဟင္ထိုးစစ္မ်ားေၾကာင့္ ျဖစ္သည္ဟု REC အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္း က ေျပာသည္။
“တစ္လအတြင္း တစ္ေသာင္းနီးပါး ကိုးေထာင္ေက်ာ္တိုးလာတယ္။ အခုက ႏွစ္သိန္းသံုးေသာင္းေလးေထာင္ ေက်ာ္သြားၿပီဗ်။ ဒီရက္ပိုင္းလည္း ေက်ာက္ျဖဴဘက္မွာ ထပ္ေျပးေနရာေတြရွိတယ္။ အဓိက အခုလိုမ်ိဳး စစ္ေရွာင္ ေတြ တုိးလာတယ္ဆုိတာက ႏွစ္ဖက္တုိ္က္ပြဲေတြဆုိတာထက္ ဒီရေသ့ေတာင္ၿမိဳ႕နယ္၊ ေပါက္ေတာနဲ႔ မင္းျပားၿမိဳ႕ နယ္ဘက္ေတြမွာတိုးတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာဆိုရင္ ေမယုျမစ္ေပါ့ေနာ္၊ ေပါက္ေတာ ဘက္မွာဆုိရင္ ေလးၿမိဳ႕ ျမစ္ေပါ့ေနာ္ အဲ့ဒီျမစ္ေၾကာင္းတစ္ေလ်ွာက္မွာသြားလာေနတဲ့ ဇက္သေဘၤာေတြကေနၿပီးေတာ့မွ ေဒသခံ ေက်းရြာေတြဘက္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ေၾကာင့္မုိ႔လို႔ ထြက္ေျပးတဲ့ကိစၥက အမ်ားဆံုးပါပဲ။ ရေသ့ေတာင္မွာဆိုရင္ ေလယာဥ္ေတြနဲ႔ပါ ပစ္ခတ္မႈေတြရွိခဲ့ေပ့ါ။”
တစ္လအတြင္း စစ္ေရွာင္ဦးေရ ၉၄၂၅ ဦး တိုးလာခဲ့သည္ဟု REC က ေျပာသည္။
ယခုထပ္တိုးလာသည့္ စစ္ေရွာင္အမ်ားစုမွာ ေျမပံု၊ ရေသ့ေတာင္၊ မင္းျပား ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ားထဲက ေဒသခံ ရြာသားမ်ား ျဖစ္ၾကၿပီး စားနပ္ရိကၡာႏွင့္ ေနရာထုိင္ခင္း အခက္အခဲမ်ား ျဖစ္ေနရသည္ဟု စစ္ေရွာင္မ်ား ကို အကူအညီေပး ေနသူမ်ားက ေျပာသည္။
“ေျမပံုၿမိဳ႕နယ္ထဲမွာက ေတာ္ေတာ္အေျခအေနဆိုးတယ္။ အေထာက္အပံ့ေတြမရတာ ၆ လ ၇ လ ေလာက္ရွိၿပီ။ အစိုးရ ဘက္ကေရာ၊ NGOs အဖြဲ႕အစည္းေတြရဲ႕ ေထာက္ပံ့မႈေတြေရာ မေရာက္တာၾကာၿပီ။ ဘာလို႔လဲဆုိေတာ့ သြားလာခက္ခဲၿပီးမွ၊ တိုက္ပြဲေတြရွိေနတယ္။ ႏွစ္ဖက္တပ္ေတြရဲ႕ သြားလာလႈပ္ရွားမႈေတြရွိေနတယ္လို႔ သိရတယ္။ စိုးရိမ္ရတဲ့အေျခအေနေတြရွိတယ္ေပါ့ေနာ္။ အဲ့ဒီေနရာေတြက ေဒသခံအဖြဲ႕အစည္းေတြလည္း သြားလာဖုိ႔ ခက္ခဲ တယ္။ မလြယ္ကူဘူးဗ်။ တိုက္ပြဲအမ်ားအျပားျဖစ္ေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာဆိုရင္လည္း စစ္ေရွာင္စခန္း ေတြထဲမေရာက္ေသးတဲလူေတြေရာ၊ စစ္ေရွာင္စခန္းေရာက္လာတဲ့ စစ္ေရွာင္အသစ္ေတြအတြက္ေရာ စားနပ္ ရိကၡာက ေတာ္ေတာ္ေလးကို ခက္ခဲေနပါတယ္” ဟု ဦးေဇာ္ေဇာ္ထြန္း က ဆက္ေျပာသည္။
ေျမပံုၿမိဳ႕နယ္၊ ကမ္းေထာင္းႀကီး စစ္ေရွာင္စခန္းကို ေရာက္ရွိေနသည့္ စစ္ေရွာင္တစ္ဦး က “က်မတို႔ ေတာ္ေတာ္ ခက္ခဲေနပါတယ္။ အဓိက စားစရာမရွိတာပါ။ ရြာမွာ တုိ္က္ပြဲျဖစ္လို႔ ဒီကိုေျပးလာတာ။ အခု စားစရာမရွိလို႔ ျပန္ ခက္ခဲေနရတယ္။ က်မတုိ႔ကို လာၿပီးကူညီေပးဖို႔ပဲ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။
ရခိုင္ျပည္နယ္ ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ားႏွင့္ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ ေျပးေနရသူမ်ားအနက္ စစ္ေရွာင္စခန္းမ်ားသို႔ ေရာက္ရွိလာသည့္ စစ္ေရွာင္အေရအတြက္ထက္ စစ္ေရွာင္စခန္း ျပင္ပတြင္ ထြက္ေျပးတိမ္းေရွာင္ေနရသူက ပိုမ်ားေနသည္ဟု REC ၏ ထုတ္ျပန္ခ်က္အရသိရသည္။
စစ္ေရွာင္စခန္းမ်ားသို႔ ေရာက္ရွိေနသည့္ စစ္ေရွာင္အေရအတြက္မွာ ၈၀၉၀၃ ဦး ရွိၿပီး၊ စစ္ေရွာင္ စခန္းျပင္ပတြင္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ စစ္ေရွာင္အေရအတြက္မွာ ၁၅၄၀၁၂ ဦး ရွိသည္။ ထို႔အျပင္ ႏိုဝင္ဘာလ ၂ ရက္ေန႔က ေျမပံုၿမိဳ ့နယ္၊ ကမ္းေထာင့္ႀက္ီး စစ္ေဘးေရွာင္စခန္းတြင္ စစ္ေရွာင္အသစ္ ၁၃၁၄ ဦး ထပ္မံေရာက္ရွိ လာခဲ့သည္ဟု REC က ထုတ္ျပန္ထားသည္။
ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအရံုး REC အေနျဖင့္ အိမ္ေထာင္စု ၁၀ စု ေအာက္ခိုလံႈေနသည့္ ေနရာ မ်ားကို စစ္ေဘးဒုကၡသည္စခန္းမ်ားအျဖစ္ ေဖာ္ျပျခင္းမရွိဘူးဟုလည္း ထုတ္ခ်က္ထဲတြင္ ေရးသားထားသည္။
လက္နက္ကိုင္ပဋိပကၡမ်ားအၾကား ဒုကၡေရာက္ေနၾကရသည့္ ျပည္သူမ်ား၏ အခက္အခဲမ်ားကို သက္ဆုိင္သူမ်ား သိရွိၿပီး ျပည္သူလူထုကို မထိခိုက္ေစသည့္ ႏုိင္ငံေရးနည္းလမ္းမ်ားျဖင့္ ေဆြးေႏြး အေျဖရွာႏုိင္ေရး၊ အစိုးရ၊ ျပည္ တြင္း ျပည္ပက အဖြဲ႕အစည္းမ်ားအေနျဖင့္လည္း ဒုကၡေရာက္ေနၾကသည့္ ျပည္သူမ်ားအတြက္ ဝိုင္းဝန္းကူညီ ေထာက္ပံ့ေပးႏုိင္ေရး စသည့္ ရည္ရြယ္ခ်က္မ်ားျဖင့္ လစဥ္ စစ္ေဘးေရွာင္ အေရအတြက္ စာရင္းမ်ားႏွင့္ ၎တို႔ ၏ အခက္အခဲမ်ားကို စစ္တမ္းေကာက္ယူကာ ထုတ္ျပန္ေပးေနရျခင္းျဖစ္သည္ဟု REC က ေျပာသည္။