မွန်ပြည်နယ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၈ ထောင်ကျော် မဲပေးရန် လျောက်ထား

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

မွန်ပြည်နယ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်းနေထိုင်သူ ၈၃၀၀ ကျော် မဲပေးရန် လျောက်ထားခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ တာဝန်ရှိသူ က ပြောသည်။

အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူများသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသည့် မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် လျှောက်ထားနိုင်သည်။

“သထုံခရိုင် ၄ မြို့နယ်ပေါ့၊ ဒီ သထုံ ကျိုက်ထို ဘီးလင်း ပေါင် ၄ မြို့နယ်မှာ အနည်းဆုံး ရက်ပေါင်း ၉၀ ထက် မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေ ပုံစံ (၃-က) နဲ့ လျှောက်ထားတာ ၄ မြို့နယ်ပေါင်းချုပ်က ၁၅၀၀ ကျော်ရှိတယ်” ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။

ထို့အပြင် မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး ၆ မြို့နယ်တို့တွင် လျှောက်ထားသူ စုစုပေါင်း ၆၈၀၀ ကျော်ရှိသည်ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးထင်ကျော် က ပြောသည်။

ရွှေ့ပြောင်းရောက်ရှိနေသူများ မဲပေးနိုင်ရန် စက်တင်ဘာ ၁၇ ရက်နေ့မှ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ ခွဲရုံးများ တွင် လျှောက်ထားနိုင်သည်။

ရပ်ကျေး ကော်မရှင်အဖွဲ့ ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်ဆွေ က “တခြားဒေသ အစုံကနေပြီးတော့မှ ဒီမှာ အလုပ် လာလုပ်ကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေပေါ့။ COVID ကြောင့် သူတို့နေရပ်ပြီးတော့ မဲပေးဖို့ မဖြစ်နိုင်ကြလို့ ဒီမှာပဲ မဲပေးဖို့ လျှောက်ကြတယ်” ဟု ပြောသည်။

ပုံစံ (၃-က) ဖြင့် လျှောက်ထားသူတို့၏ မဲစာရင်းကို ရွေးကောက်ပွဲ မကျင်းပမှီ တစ်ပတ်အလိုတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံး တို့တွင် ကပ်ထား ကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ၏ နောက်ဆုံးပြုစုထားသည့်စာရင်းများအရ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူ ၁၈ သိန်း ၄ သောင်း ကျော် ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ေရႊ႔ေျပာင္းေနထိုင္သူ ၈ ေထာင္ေက်ာ္ မဲေပးရန္ ေလ်ာက္ထား

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

မြန္ျပည္နယ္တြင္ ေရာက္ရွိေနသည့္ ေရြႊ႔ေျပာင္းေနထိုင္သူ ၈၃၀၀ ေက်ာ္ မဲေပးရန္ ေလ်ာက္ထားခဲ့သည္ဟု ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲ တာဝန္ရွိသူ က ေျပာသည္။

အနည္းဆုံး ရက္ေပါင္း ၉၀ ထက္မနည္း မဲဆႏၵနယ္ျပင္ပေရာက္ေနသူမ်ားသည္ မိမိတို႔၏ အၿမဲတမ္းေနရပ္သို႔ သြားေရာက္ၿပီး မဲေပးလိုျခင္းမရွိပါက မိမိတို႔ေရာက္ရွိေနသည့္ မဲဆႏၵနယ္က ေ႐ြးေကာက္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ားကို မဲေပးရန္ ေလွ်ာက္ထားႏိုင္သည္။

“သထုံခ႐ိုင္ ၄ ၿမိဳ႕နယ္ေပါ့၊ ဒီ သထုံ က်ိဳက္ထို ဘီးလင္း ေပါင္ ၄ ၿမိဳ႕နယ္မွာ အနည္းဆုံး ရက္ေပါင္း ၉၀ ထက္ မနည္း မဲဆႏၵနယ္ျပင္ပေရာက္ေနသူေတြ ပုံစံ (၃-က) နဲ႔ ေလွ်ာက္ထားတာ ၄ ၿမိဳ႕နယ္ေပါင္းခ်ဳပ္က ၁၅၀၀ ေက်ာ္ရွိတယ္” ဟု သထုံခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးသက္ႏိုင္ဦးက ေျပာသည္။

ထို႔အျပင္ ေမာ္လၿမိဳင္ခ႐ိုင္အတြင္းရွိ ေမာ္လၿမိဳင္၊ ေခ်ာင္းဆုံ၊ က်ိဳက္မေရာ၊ မုဒုံ၊ သံျဖဴဇရပ္၊ ေရး ၆ ၿမိဳ႕နယ္တို႔တြင္ ေလွ်ာက္ထားသူ စုစုေပါင္း ၆၈၀၀ ေက်ာ္ရွိသည္ဟု ေမာ္လၿမိဳင္ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ အတြင္းေရးမႉး ဦးထင္ေက်ာ္ က ေျပာသည္။

ေရႊ႔ေျပာင္းေရာက္ရွိေနသူမ်ား မဲေပးႏိုင္ရန္ စက္တင္ဘာ ၁၇ ရက္ေန႔မွ ေအာက္တိုဘာ ၁၀ ရက္ေန႔ ေနာက္ဆုံးထားၿပီး သက္ဆိုင္ရာ ရပ္ေက်း ေကာ္မရွင္အဖြဲ႕ ခြဲ႐ုံးမ်ား တြင္ ေလွ်ာက္ထားနိုင္သည္။

ရပ္ေက်း ေကာ္မရွင္အဖြဲ႕ ဝင္ တစ္ဦးျဖစ္သည့္ ဦးျမင့္ေဆြ က “တျခားေဒသ အစုံကေနၿပီးေတာ့မွ ဒီမွာ အလုပ္ လာလုပ္ၾကတဲ့ ေ႐ႊ႕ ေျပာင္းလုပ္သားေတြေပါ့။ COVID ေၾကာင့္ သူတို႔ေနရပ္ၿပီးေတာ့ မဲေပးဖို႔ မျဖစ္ႏိုင္ၾကလို႔ ဒီမွာပဲ မဲေပးဖို႔ ေလွ်ာက္ၾကတယ္” ဟု ေျပာသည္။

ပုံစံ (၃-က) ျဖင့္ ေလွ်ာက္ထားသူတို႔၏ မဲစာရင္းကို ေ႐ြးေကာက္ပြဲ မက်င္းပမီွ တစ္ပတ္အလိုတြင္ သက္ဆိုင္ရာ ရပ္/ေက်းေကာ္မရွင္႐ုံး တို႔တြင္ ကပ္ထား ေၾကညာေပးထားမည္ျဖစ္ၿပီး မဲဆႏၵရွင္သက္ေသခံ လက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္သည္ဟု တာဝန္ရွိသူမ်ားက ေျပာသည္။

ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ၏ ေနာက္ဆုံးျပဳစုထားသည့္စာရင္းမ်ားအရ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲအတြက္ မြန္ျပည္နယ္တစ္ျပည္နယ္လံုးတြင္ မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ ျပည္သူ ၁၈ သိန္း ၄ ေသာင္း ေက်ာ္ ရွိသည္။