မွန်ပြည်နယ်တွင် ကြိုတင်မဲ သုံးပုံတစ်ပုံခန့်ရှိမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
မွန်ပြည်နယ်တွင် မဲဆန္ဒရှင် သုံးပုံ တစ်ပုံခန့် ကြိုတင်မဲပေးမည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရှိ မဲဆန္ဒရှင်စာရင်းများအရ သိရသည်။
ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ၏ နောက်ဆုံးပြုစုထားသည့်စာရင်းအရ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၁၈ သိန်း ၄ သောင်း ကျော် ရှိသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် မဲရုံသို့ မဲလာပေးရန် မဲဆန္ဒရှင် ၁၂ သိန်းကျော်သာ ရှိပြီး ကျန်သူများမှာ ကြိုတင်မဲပေးလိမ့်မည်ဟု ကော်မ ရှင်က ခန့်မှန်းထားသည်။
ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် က “နိုင်ငံခြားက ကြိုတင်မဲတွေလည်း ရှိတယ်။ အဲ့ဒီကြိုတင်မဲတွေကို နှုတ်လိုက်မယ်ဆိုလို့ရှိရင် မဲရုံမှာ မဲလာပေးတဲ့ မဲဆန္ဒရှင်တွေ နည်းသွားမယ်။ ဒီအသက် ၆၀ နဲ့ အထက် ကြိုတင်မဲတွေလည်း လျော့သွားတာ ရှိတယ်” ဟု ပြောသည်။
မွန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင် ၄ သိန်းကျော်ရှိ နေပြီး မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်း မဲဆန္ဒရှင်နှင့် မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပ မဲဆန္ဒရှင် ကြိုတင်မဲမှာ ၂ သိန်းနီးပါးရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။
ကြိုတင်မဲနှင့် ပတ်သက်၍ လက်ရှိ ဖြစ်ပွားနေသည့် အဆင်မပြေမှူများနှင့် ကြိုတင်မဲပုံး လုံခြုံရေးအပေါ် စိုးရိမ် စရာ ဖြစ်နေသည်ဟု ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦး က ပြောသည်။
“ကြိုတင်မဲနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်တယ်။ အများပြည်သူရှေ့မှောက်မှာ ဘယ်လိုလုပ်သလဲ ဆိုတဲ့ကိစ္စရပ်တွေက ကျနော်တို့ မသိနိုင်ဘူး။ ပြောရမယ်ဆိုရင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတဲ့ ကိစ္စရပ်မှာ ကျနော်တို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။”
ကြိုတင်မဲနှင့် ပတ်သက်ပြီး မဲမသမာမှုများ ဖြစ်လာမည်ကို နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ က စိုးရိမ်နေကြသည်။
တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ကြိုတင်မဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ အလွန် ကာ လတွင် ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်း ပြောသည်။
၎င်းက “ကော်မရှင်အနေနဲ့ သမာသမတ်ရှိရှိ ဆောက်ရွက်စေချင်တယ်၊ ခုက အင်အားကြီးတဲ့သူက အခွင့်အရေး ရသလိုဖြစ်နေတော့ အရမ်းကို စိုးရိမ်စရာကောင်းနေပါတယ်” ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က မွန်ပြည်နယ်တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၅ သိန်းကျော်ရှိခဲ့ပြီး မဲလာပေးသူ ၇ သိန်းကျော် ရာခိုင်နှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်းရှိခဲ့ကာ ကြိုတင်မဲပေးသူ ၅၄၀၀၀ ကျော်ရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့စဉ်တုန်းကလည်း မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၁၀ သိန်းကျော် ရှိခဲ့ပြီး မဲလာပေးသူ ၆ သိန်းကျော် ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းနီးပါးရှိကာ ကြိုတင်မဲပေးသူ ၅ သောင်း ကျော်ရှိခဲ့သည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ ၾကိဳတင္မဲ သံုးပံုတစ္ပံုခန္႔ရွိမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။
မြန္ျပည္နယ္တြင္ မဲဆႏၵရွင္ သံုးပံု တစ္ပံုခန္႔ ၾကိဳတင္မဲေပးမည္ဟု ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲရွိ မဲဆႏၵရွင္စာရင္းမ်ားအရ သိရသည္။
ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ၏ ေနာက္ဆုံးျပဳစုထားသည့္စာရင္းအရ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲအတြက္ မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ ၁၈ သိန္း ၄ ေသာင္း ေက်ာ္ ရွိသည္။
ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ မဲ႐ုံသို႔ မဲလာေပးရန္ မဲဆႏၵရွင္ ၁၂ သိန္းေက်ာ္သာ ရွိၿပီး က်န္သူမ်ားမွာ ၾကိဳတင္မဲေပးလိမ့္မည္ဟု ေကာ္မ ရွင္က ခန႔္မွန္းထားသည္။
ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ ခြဲ အတြင္းေရးမွဴး ဦးဟိဏ္းလင္းထက္ က “ႏိုင္ငံျခားက ႀကိဳတင္မဲေတြလည္း ရွိတယ္။ အဲ့ဒီႀကိဳတင္မဲေတြကို ႏႈတ္လိုက္မယ္ဆုိလို႔ရွိရင္ မဲရံုမွာ မဲလာေပးတဲ့ မဲဆႏၵရွင္ေတြ နည္းသြားမယ္။ ဒီအသက္ ၆၀ နဲ႔ အထက္ ႀကိဳတင္မဲေတြလည္း ေလ်ာ့သြားတာ ရွိတယ္” ဟု ေျပာသည္။
မြန္ျပည္နယ္တစ္ျပည္နယ္လံုးတြင္ အသက္ ၆၀ ႏွင့္အထက္ ႀကိဳတင္မဲေပးရမည့္ မဲဆႏၵရွင္ ၄ သိန္းေက်ာ္ရွိ ေနၿပီး မဲဆႏၵနယ္ျပင္ပေရာက္ ျပည္တြင္း မဲဆႏၵရွင္ႏွင့္ မဲဆႏၵနယ္ျပင္ပေရာက္ ျပည္ပ မဲဆႏၵရွင္ ႀကိဳတင္မဲမွာ ၂ သိန္းနီးပါးရွိသည္ဟု ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲထံမွ သိရသည္။
ႀကိဳတင္မဲႏွင့္ ပတ္သက္၍ လက္ရွိ ျဖစ္ပြားေနသည့္ အဆင္မေျပမႉမ်ားႏွင့္ ႀကိဳတင္မဲပုံး လုံၿခဳံေရးအေပၚ စိုးရိမ္ စရာ ျဖစ္ေနသည္ဟု ျပည္ေထာင္စုႀကံ့ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ မြန္ျပည္နယ္ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းေမာ္ဦး က ေျပာသည္။
“ႀကိဳတင္မဲနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ထိ လုပ္ထုံးလုပ္နည္းနဲ႔အညီ လုပ္တယ္။ အမ်ားျပည္သူေရွ႕ေမွာက္မွာ ဘယ္လိုလုပ္သလဲ ဆိုတဲ့ကိစၥရပ္ေတြက က်ေနာ္တို႔ မသိႏိုင္ဘူး။ ေျပာရမယ္ဆိုရင္ေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ဆိုတဲ့ ကိစၥရပ္မွာ က်ေနာ္တို႔ ေမးခြန္းထုတ္စရာ ျဖစ္လာတယ္။”
ႀကိဳတင္မဲႏွင့္ ပတ္သက္ၿပီး မဲမသမာမႈမ်ား ျဖစ္လာမည္ကို ႏုိင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား က စိုးရိမ္ေနၾကသည္။
တသီးပုဂၢလကိုယ္စားလွယ္ေလာင္း ဦးေအာင္ႏိုင္ဝင္းက ႀကိဳတင္မဲႏွင့္ ပတ္သက္၍ ေ႐ြးေကာက္ပြဲ အလြန္ ကာ လတြင္ ပဋိပကၡမ်ား ျဖစ္လာႏိုင္ေၾကာင္း ေျပာသည္။
၎က “ေကာ္မရွင္အေနနဲ႔ သမာသမတ္ရွိရွိ ေဆာက္႐ြက္ေစခ်င္တယ္၊ ခုက အင္အားႀကီးတဲ့သူက အခြင့္အေရး ရသလိုျဖစ္ေနေတာ့ အရမ္းကို စိုးရိမ္စရာေကာင္းေနပါတယ္” ဟု ေျပာသည္။
၂၀၁၅ ေ႐ြးေကာက္ပြဲက်င္းပခဲ့စဥ္က မြန္ျပည္နယ္တစ္ျပည္နယ္လံုးတြင္ မဲေပးပိုင္ခြင့္ရွိသူ မဲဆႏၵရွင္ ၁၅ သိန္းေက်ာ္ရွိခဲ့ၿပီး မဲလာေပးသူ ၇ သိန္းေက်ာ္ ရာခိုင္ႏႈန္းအားျဖင့္ ၅၁ ရာခိုင္ႏႈန္းရွိခဲ့ကာ ႀကိဳတင္မဲေပးသူ ၅၄၀၀၀ ေက်ာ္ရွိခဲ့သည္။
၂၀၁၀ ေ႐ြးေကာက္ပြဲက်င္းပခဲ့စဥ္တုန္းကလည္း မြန္ျပည္နယ္တြင္ မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ ၁၀ သိန္းေက်ာ္ ရွိခဲ့ၿပီး မဲလာေပးသူ ၆ သိန္းေက်ာ္ ရာခိုင္ႏႈန္းအားျဖင့္ ၆၃ ရာခိုင္ႏႈန္းနီးပါးရွိကာ ႀကိဳတင္မဲေပးသူ ၅ ေသာင္း ေက်ာ္ရွိခဲ့သည္။