ကျောက်ဖြူရေလုပ်သား ၅၀ ကျော် ပျောက်ဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲမြို့က ရေလုပ်သား အယောက် ၅၀ ကျော် ပျောက်ဆုံးနေပြီး ဇိုင်းချောင်းကျေးရွာက ရွာသား ၉၀ နီးပါးခန့် နှင့်လည်း အဆက်အသွယ် ပြတ်နေသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ် က ပြောသည်။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ရွှေဟင်္သာ ရပ်ကွက်က ရေလုပ်သားများသည် နိုဝင်ဘာလ ၂ ရက်နေ့ ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရသေးဘူးဟု ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် က ပြောသည်။
“ကျနော်လည်း ဒီ စနဲကို ရောက်နေတာပါ။ အခုပျောက်နေတဲ့ မိသားစုဝင်တွေနဲ့ တွေ့ပြီး စကားပြောဖြစ်တယ်။ အခုက ၂ ရက်နေ့ကတည်းက ပျောက်နေတာပါ။ ကလေးတွေလည်းပါတယ်၊ မိန်းမတွေရော၊ ယောက်ကျား တွေရောပေါ့၊ အားလုံး ၅၁ ယောက်ပါ။ ပိုက်ဆိပ်ကိုရောက်တော့လည်း လူတစ်ယောက်မှ မတွေ့တော့ဘူး။ အစောပိုင်းက အဲ့ထဲကလူတွေနဲ့ ဖုန်းအဆက်အသွယ်ရသေးတယ်။ အခုက လုံးဝကို အဆက်အသွယ် မရ တော့ဘူး။ ဟိုတနေ့က ဆက်သွယ်လို့ရတဲ့လူတွေလည်း အခုက လုံးဝဆက်သွယ်လို့မရဘူး။ ခန့်မှန်းရ ခက် တယ်။ အဖမ်းခံရတာလား၊ ပျောက်နေတာလား မပြောတတ်တော့ဘူးဗျ” ဟု ပြောသည်။
ထို့အပြင် ကျောက်ဖြူမြို့နယ်၊ ဇိုင်းချောင်းကျေးရွာဘက်တွင်လည်း တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်နေသည့်အတွက် ဒေသခံရွာသားများသည် ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင် နေကြ ရသည်ဟု ဦးကျော်လွင်က ဆက်ပြောသည်။
“အခုထွက်ပြေးနေရတဲ့လူတွေထဲက တချို့ကတော့ ကျောက်ဖြူကို ရောက်နေပြီ။ အခုကျောက်ဖြူကို ရောက် လာတာက တစ်ထောင်ကျော်ပြီ။ စာရင်းရထားတာက ၁၀၄၂ ယောက်ရှိတယ်။ သူတို့ပြောတာတော့ ၂ ရက်နေ့ ကတည်းက ထွက်ပြေးလာကြတာတဲ့။ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေလည်း ရှိသေးတယ်လို့ ပြောကြတယ်။ ရွာကလူတွေနဲ့လည်း အခုက အဆက်အသွယ်မရကြတော့ စိတ်ပူနေကြတယ်။ အခု ဒီကိုရောက်နေတဲ့ လူတွေ ပြောတော့ သူတို့ရွာထဲကို စစ်သားတွေဝင်လာတယ်၊ ရွာကလူတွေကို လိုက်ဖမ်းတယ်၊ သေနတ်တွေနဲ့လည်း ပစ်တယ်လို့ပြောတယ်။”
ဇိုင်းချောင်းကျေးရွာက ရွာသား ၉၀ ခန့် အဖမ်းခံထားရသည်ဟု လွှတ်မြောက်လာသည့် ဇိုင်းချောင်းရွာသား တစ်ဦး က ပြောသည်။
“ရွာထဲကို စစ်သားတွေက ဝင်လာတယ်၊ သေနတ်တွေနဲ့ ပစ်တယ်။ ဆဲတယ်။ ရွာထဲကလူတွေကို ခေါ်တယ်၊ ရွာ က ကျောင်းထဲမှာ ထားပြီး စစ်ဆေးတယ်။ အရိုက်ခံရတာတွေလည်းရှိတယ်။ ရွာက အမျိုးသမီး တစ်ယောက် လည်း သူတို့ပစ်တဲ့ သေနတ်ကြောင့် ကျည်ထိတာလည်း ရှိတယ်။ စစ်သားတွေက ရွာထဲကို ဝင်လာတာနဲ့ လျှောက်ပစ်တာ၊ အခု ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြတာ။ ကျနော်တို့ကတော့ ကျောက်ဖြူက ကု ဘာကျေးရွာက ဒုက္ခသည်စခန်းထဲကို ရောက်နေတယ်။ လူလည်း ကွဲကုန်တယ်။ ရွာမှာကျန်ခဲ့တာတွေလည်း ရှိ တယ်။ ရွာမှာက ကလေးတွေရော၊ အသက်ကြီးရွယ်အိုတွေရော၊ အမျိုးသမီးတွေရော ကျန်ခဲ့တယ်။ ဖမ်းခံထား ရတဲ့လူတွေလည်း ရှိနေခဲ့တယ်။ ကျနော်တို့ အခုပြန်ကြည့်တော့ ပျောက်နေတာက ၈၀ ကျော်၊ ၉၀ အဲ့လောက်ရှိ နိုင်တယ်။ အားလုံးအတွက် ကျနော်တို့က စိုးရိမ်တယ်။”
စနဲမြို့က ရေလုပ်သား အယောက် ၅၀ ကျော် ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း ဇိုင်းချောင်းကျေးရွာက ရွာသားအများစုကတော့ တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခံနေရသည်ဟု ဒေသခံများက ပြောသည်။
သို့သော်လည်း အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းက ဒေသခံများသည် အသက်အန္တရာယ်နှင့် ၎င်းတို့အတွက် လုံခြုံရေးစိုးရိမ်ရသည့်အတွက် ၎င်းတို့၏ ကျေးရွာများ၊ အိုးအိမ်များကို စွန့်ခွာပြီး ထွက်ပြေး နေ ကြရသကဲ့သို့ ယခုခါ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၃၆၂၂၉ ဦး ရှိသွားပြီ ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
*** ZAWGYI ***
ေက်ာက္ျဖဴေရလုပ္သား ၅၀ ေက်ာ္ ေပ်ာက္ဆံုး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္။
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္းရွိ စနဲၿမိဳ႕က ေရလုပ္သား အေယာက္ ၅၀ ေက်ာ္္ ေပ်ာက္ဆံုးေနၿပီး ဇုိင္းေခ်ာင္းေက်းရြာက ရြာသား ၉၀ နီးပါးခန္႔ ႏွင့္လည္း အဆက္အသြယ္ ျပတ္ေနသည္ဟု ေဒသခံမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ က ေျပာသည္။
ေက်ာက္ျဖဴၿမိဳ႕နယ္၊ စနဲၿမိဳ႕၊ ေရႊဟသၤာ ရပ္ကြက္က ေရလုပ္သားမ်ားသည္ ႏိုဝင္ဘာလ ၂ ရက္ေန႔ ကတည္းက ေပ်ာက္ဆံုးေနျခင္းျဖစ္ၿပီး ယေန႔အခ်ိန္အထိ အဆက္အသြယ္မရေသးဘူးဟု ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ က ေျပာသည္။
“က်ေနာ္လည္း ဒီ စနဲကို ေရာက္ေနတာပါ။ အခုေပ်ာက္ေနတဲ့ မိသားစုဝင္ေတြန႔ဲ ေတြ႔ၿပီး စကားေျပာျဖစ္တယ္။ အခုက ၂ ရက္ေန႔ကတည္းက ေပ်ာက္ေနတာပါ။ ကေလးေတြလည္းပါတယ္၊ မိန္းမေတြေရာ၊ ေယာက္က်ား ေတြေရာေပါ့၊ အားလံုး ၅၁ ေယာက္ပါ။ ပိုက္ဆိပ္ကိုေရာက္ေတာ့လည္း လူတစ္ေယာက္မွ မေတြ႕ေတာ့ဘူး။ အေစာပိုင္းက အဲ့ထဲကလူေတြနဲ႔ ဖုန္းအဆက္အသြယ္ရေသးတယ္။ အခုက လံုးဝကို အဆက္အသြယ္ မရ ေတာ့ဘူး။ ဟိုတေန႔က ဆက္သြယ္လို႔ရတဲ့လူေတြလည္း အခုက လံုးဝဆက္သြယ္လို႔မရဘူး။ ခန္႔မွန္းရ ခက္ တယ္။ အဖမ္းခံရတာလား၊ ေပ်ာက္ေနတာလား မေျပာတတ္ေတာ့ဘူးဗ်” ဟု ေျပာသည္။
ထို႔အျပင္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ဇိုင္းေခ်ာင္းေက်းရြာဘက္တြင္လည္း တပ္မေတာ္ စစ္ေၾကာင္းက ဝင္ေရာက္ စစ္ေဆးမႈေတြ ျပဳလုပ္ေနသည့္အတြက္ ေဒသခံရြာသားမ်ားသည္ ထိတ္လန္႔ကာ ထြက္ေျပးတိမ္းေရွာင္ ေနၾက ရသည္ဟု ဦးေက်ာ္လြင္က ဆက္ေျပာသည္။
“အခုထြက္ေျပးေနရတဲ့လူေတြထဲက တခ်ိဳ႕ကေတာ့ ေက်ာက္ျဖဴကို ေရာက္ေနၿပီ။ အခုေက်ာက္ျဖဴကို ေရာက္ လာတာက တစ္ေထာင္ေက်ာ္ၿပီ။ စာရင္းရထားတာက ၁၀၄၂ ေယာက္ရွိတယ္။ သူတို႔ေျပာတာေတာ့ ၂ ရက္ေန႔ ကတည္းက ထြက္ေျပးလာၾကတာတဲ့။ ရြာမွာက်န္ခဲ့တဲ့ မိသားစုဝင္ေတြလည္း ရွိေသးတယ္လို႔ ေျပာၾကတယ္။ ရြာကလူေတြနဲ႔လည္း အခုက အဆက္အသြယ္မရၾကေတာ့ စိတ္ပူေနၾကတယ္။ အခု ဒီကိုေရာက္ေနတဲ့ လူေတြ ေျပာေတာ့ သူတို႔ရြာထဲကို စစ္သားေတြဝင္လာတယ္၊ ရြာကလူေတြကို လုိက္ဖမ္းတယ္၊ ေသနတ္ေတြနဲ႔လည္း ပစ္တယ္လို႔ေျပာတယ္။”
ဇိုင္းေခ်ာင္းေက်းရြာက ရြာသား ၉၀ ခန္႔ အဖမ္းခံထားရသည္ဟု လႊတ္ေျမာက္လာသည့္ ဇိုင္းေခ်ာင္းရြာသား တစ္ဦး က ေျပာသည္။
“ရြာထဲကို စစ္သားေတြက ဝင္လာတယ္၊ ေသနတ္ေတြနဲ႔ ပစ္တယ္။ ဆဲတယ္။ ရြာထဲကလူေတြကို ေခၚတယ္၊ ရြာ က ေက်ာင္းထဲမွာ ထားၿပီး စစ္ေဆးတယ္။ အရိုက္ခံရတာေတြလည္းရွိတယ္။ ရြာက အမ်ိဳးသမီး တစ္ေယာက္ လည္း သူတို႔ပစ္တဲ့ ေသနတ္ေၾကာင့္ က်ည္ထိတာလည္း ရွိတယ္။ စစ္သားေတြက ရြာထဲကို ဝင္လာတာနဲ႔ ေလ်ွာက္ပစ္တာ၊ အခု ရြာသားေတြက ေၾကာက္ၿပီး ထြက္ေျပးၾကတာ။ က်ေနာ္တုိ႔ကေတာ့ ေက်ာက္ျဖဴက ကု ဘာေက်းရြာက ဒုကၡသည္စခန္းထဲကို ေရာက္ေနတယ္။ လူလည္း ကြဲကုန္တယ္။ ရြာမွာက်န္ခဲ့တာေတြလည္း ရွိ တယ္။ ရြာမွာက ကေလးေတြေရာ၊ အသက္ႀကီးရြယ္အိုေတြေရာ၊ အမ်ိဳးသမီးေတြေရာ က်န္ခဲ့တယ္။ ဖမ္းခံထား ရတဲ့လူေတြလည္း ရွိေနခဲ့တယ္။ က်ေနာ္တုိ႔ အခုျပန္ၾကည့္ေတာ့ ေပ်ာက္ေနတာက ၈၀ ေက်ာ္၊ ၉၀ အဲ့ေလာက္ရွိ ႏုိင္တယ္။ အားလံုးအတြက္ က်ေနာ္တုိ႔က စိုးရိမ္တယ္။”
စနဲၿမိဳ႕က ေရလုပ္သား အေယာက္ ၅၀ ေက်ာ္္ ေပ်ာက္ဆံုးေနမႈႏွင့္ ပတ္သက္၍ မည္သည့္အဖြဲ႕ အစည္းက ဖမ္းဆီးသြားသည္ကို မသိရေသးေသာ္လည္း ဇုိင္းေခ်ာင္းေက်းရြာက ရြာသားအမ်ားစုကေတာ့ တပ္မေတာ္က ဖမ္းဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ခံေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
သို႔ေသာ္လည္း အဆုိပါ အေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို ဆက္ သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိခဲ့ေပ။
လက္နက္ကုိင္ ပဋိပကၡမ်ား ျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္အတြင္းက ေဒသခံမ်ားသည္ အသက္အႏၱရာယ္ႏွင့္ ၎တို႔အတြက္ လုံၿခံဳေရးစုိးရိမ္ရသည့္အတြက္ ၎တို႔၏ ေက်းရြာမ်ား၊ အိုးအိမ္မ်ားကို စြန္႔ခြာၿပီး ထြက္ေျပး ေန ၾကရသကဲ့သုိ႔ ယခုခါ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန္႔ခြာထြက္ေျပးေနရသူ ၂၃၆၂၂၉ ဦး ရွိသြားၿပီ ျဖစ္သည္ဟု ရခိုင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး (REC) ၏ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။