မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အမှုအခင်းအချို့ ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့ အတွင်း မဲဆန္ဒရှင်တစ်ဦး အယောင်ဆောင်မဲပေးမှု အမှုဖွင့်အရေးယူခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးကလည်း ကော်မရှင်လုပ်ငန်းတွင် မလျော်ဩဇာ သုံးပြီး ဝင်ရောက်စွက်ဖက်သည်ဟုဆိုကာ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲထံ တိုင်ကြားခံထားရသည်။

နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းရပ်ကွက်နေ မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် ကိုရွှေထွန်းဆိုသူက ၎င်း၏ညီ ကိုတင်ရွှေဆိုသည့် နာမည်ပါ မှတ်ပုံတင်ဖြင့် ရပ်ကျေးကော်မရှင်ရုံးတွင် ကြိုတင်မဲလာပေးခဲ့သည်ကို စိစစ်တွေ့ရှိပြီး ကော်မရှင်က အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

“မဲလာပေးသူက သူ့နာမည် ရွှေထွန်း မှတ်ပုံတင်က သူ့ညီမှတ်ပုံတင် တင်ရွှေဆိုတဲ့ မှတ်ပုံတင်ယူပြီးတော့ မဲလာပေးတယ် တင်ရွှေကတော့ မဲစာရင်းမှာ ပါနေတယ် လာပေးတော့ ပါတီတွေက တွေ့ရှိသွားတာပေါ့နော် မြို့နယ်ကော်မရှင်ကို လှမ်းအကြောင်းကြား ဒါကတော့ အယောင်ဆောင်မဲပေးမှုပေါ့ ၅၉(ဇ) နဲ့ အရေးယူဖို့ ရပ်ကျေးကော်မရှင်ကို ညွှန်ကြားလိုက်ပြီး ရဲစခန်းမှာလဲ အမှုဖွင့်လိုက်ပြီ” ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင် က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွင် သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်မဲ လက်မှတ်လာရောက် တောင်းဆိုခြင်း သို့မဟုတ် မဲပေးခြင်း ပြုသူသည် ဥပဒေပုဒ်မ ၅၉(ဇ) ဖြင့် အရေးယူခံရ မည်ဟု ပြဌာန်းထားသည်။

အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲပေးရသည့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့ကာလ၌ မော်လမြိုင်မြို့နယ်အတွင်း ကြိုတင်မဲပေးမှုနှင့် ပတ်သက်၍ လွဲချော်မှုများရှိခဲ့ပြီး တိုင်ကြားမှုများနှင့် ကန့်ကွက်မှု များလည်း ရှိခဲ့သည်။

ကြိုတင်မဲနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် ပြဿနာများကို ကော်မရှင်အနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေ ရှင်းရန်လိုသည်ဟု ကိုယ်စားလှယ်လောင်းများ က ပြောသည်။

“ဒီလိုမဖြစ်အောင် ကော်မရှင်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စနစ်တကျ ကိုယ်တွယ်ဖို့လိုသလို သက်ဆိုင်ရာပါတီကိုယ်စားလှယ်တွေကလဲ ထိန်းသိမ်းဖို့လိုတယ်” ဟု ရေးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်အမှတ် (၂) က ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောသည်။

ဥပဒေပုဒ်မ ၅၉(ဇ) ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်သည်။

ထို့အပြင် အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲကောက်ခံရာတွင် NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကိုကိုဦးက မလျှော်ဩဇာသုံးကာ ဝင်ရောက်စွက်ဖက်ခဲ့သည့်အတွက် ရွေးကောက်ပွဲ စည်းမျဉ်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဋ္ဌ ဦးရွှေချစ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံ တိုင်ကြားထားသည်။

“ကြိုတင်မဲလိုက်ကောက်တဲ့နေရာမှာ ဒီလိုမလုပ်ရဘူး ဘာညာ တားတယ်၊ ကျနော်က ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြဿနာမဖြစ်အောင် လိုက်ထိန်းပေးတယ်၊ လက်မခံဘူး၊ လမ်းမ အလယ်မှာ လျှောက် ပြောတာ၊ ဒါက ကော်မရှင်ကို အရှက်ခွဲတာပဲ” ဟု ဦးရွှေချစ် က ပြောသည်။

တိုင်ကြားထားသည့်စာတွင် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုဦးက ကြိုတင်မဲကောက်ခံသည့် အိမ်ရှေ့ လမ်းမတွင် အယုံအကြည်မရှိသောကြောင့် ကော်မရှင်ကို လဲလှယ်ပေးရန် ပြောဆိုသည့်အပြင် မဲရုံကိုယ်စား လှယ်များကိုလည်း ရိုင်းပြစွာဆက်ဆံခဲ့ပြီး ကိုယ်စားလှယ်လောင်းတစ်ဦး၏ ကျင့်ဝတ်သိက္ခာနှင့် မညီသော စကားလုံးများလည်း ပြောဆိုခဲ့သည်ဟု ပါရှိသည်။

ထိုကြောင့် ရပ်ကျေးကော်မရှင်နှင့် မဲရုံကိုယ်စားလှယ်များအပေါ် မဲဆန္ဒရှင်များ အယုံအကြည်မရှိအောင် အထင် အမြင် လွဲမှားစေအောင် တရားမဲ့ပြုမူ ဖန်တီးပြောဆိုနေသော NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုဦး အား ရွေးကောက်ပွဲစည်းမျဉ်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင်ကြားခြင်းဖြစ်သည် ဟု တိုင်စာတွင် ပါရှိသည်။

ထိုသို့ တိုင်ကြားခံရသည့် ကိစ္စနှင့် ပတ်သက်၍ NLD ကိုယ်စားလှယ်လောင်း ဦးကိုကိုဦးက ငြင်းဆိုထားသည်။

“ကျနော့်ကို ဘာကြောင့်တိုင်ထားတာလဲ မသိသေးဘူး၊ ဖြစ်စဉ်ကတော့ အထွေအထူးတော့ ဘာမှမရှိဘူး။ ပွင့် လင်းမြင်သာမှု ရှိအောင် သွားပြီးတော့ ပြောပြတာ။ ကော်မရှင်ကလည်း သူ့လုပ်ငန်းပိုင်းဆိုင်ရာ သူ့ရဲ့ လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ဆောင်ဖို့ ပြီးရင် ဘက်မလိုက်ဖို့ အများအမြင်ရှင်းအောင် လုပ်ပေးဖို့ ဒါပဲပြောတာ။ အဲ့ဒီ အပေါ် မှာ ဘယ်လိုနားလည်ပြီး ဘယ်လိုခံယူကြလဲတော့ မသိဘူး” ဟု ဦးကိုကိုဦးက ပြောသည်။

ကျောက်တန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရွှေချစ် တိုင်ကြားထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မဲပေးရ မည့် နိုဝင်ဘာ ၈ ရက်နေ့ပြီးလျှင် စစ်ဆေးသွားမည်ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင် က ပြောသည်။

“မေးကြည့်ထားတော့ သူတို့အချင်းချင်း အချေအတင်တွေ ဖြစ်ကြတယ်၊ ဒီဟာလေးတွေကို နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးတာနဲ့ ဒီလူအားလုံးကို ခေါ်ယူစစ်ဆေးဖို့ အကြောင်းကြားထားပြီးပြီ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့နယ်တွင် မဲရုံ ၁၁၉ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၂၄၈၀၀၀ ကျော်ရှိကာ နိုဝင်ဘာ ၄ ရက်နေ့ အထိ စာရင်းအရ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးထားသူ သုံးသောင်းနှစ်ထောင်ကျော် ရှိသည်ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရှိ စာရင်းဇယားများ အရ သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ ေရြးေကာက္ပြဲဆိုင္ရာ အမႈအခင္းအခ်ဳိ့ ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၆ ရက္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ အတြင္း မဲဆႏၵရွင္တစ္ဦး အေယာင္ေဆာင္မဲေပးမႈ အမႈဖြင့္အေရးယူခံထားရၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ကိုယ္စားလွယ္ေလာင္း တစ္ဦးကလည္း ေကာ္မရွင္လုပ္ငန္းတြင္ မေလ်ာ္ဩဇာ သုံးၿပီး ဝင္ေရာက္စြက္ဖက္သည္ဟုဆိုကာ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ ခြဲထံ တိုင္ၾကားခံထားရသည္။

ႏိုဝင္ဘာ ၅ ရက္ေန႔ နံနက္ပိုင္းက ေက်ာက္တန္းရပ္ကြက္ေန မဲဆႏၵရွင္တစ္ဦးျဖစ္သည့္ ကိုေ႐ႊထြန္းဆိုသူက ၎၏ညီ ကိုတင္ေ႐ႊဆိုသည့္ နာမည္ပါ မွတ္ပုံတင္ျဖင့္ ရပ္ေက်းေကာ္မရွင္႐ုံးတြင္ ႀကိဳတင္မဲလာေပးခဲ့သည္ကို စိစစ္ေတြ႕ရွိၿပီး ေကာ္မရွင္က အမႈဖြင့္လိုက္ျခင္းျဖစ္သည္။

“မဲလာေပးသူက သူ႔နာမည္ ေ႐ႊထြန္း မွတ္ပုံတင္က သူ႔ညီမွတ္ပုံတင္ တင္ေ႐ႊဆိုတဲ့ မွတ္ပုံတင္ယူၿပီးေတာ့ မဲလာေပးတယ္ တင္ေ႐ႊကေတာ့ မဲစာရင္းမွာ ပါေနတယ္ လာေပးေတာ့ ပါတီေတြက ေတြ႕ရွိသြားတာေပါ့ေနာ္ ၿမိဳ႕နယ္ေကာ္မရွင္ကို လွမ္းအေၾကာင္းၾကား ဒါကေတာ့ အေယာင္ေဆာင္မဲေပးမႈေပါ့ ၅၉(ဇ) နဲ႔ အေရးယူဖို႔ ရပ္ေက်းေကာ္မရွင္ကို ၫႊန္ၾကားလိုက္ၿပီး ရဲစခန္းမွာလဲ အမႈဖြင့္လိုက္ၿပီ” ဟု ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲ ဥကၠ႒ ဦးေဌးလြင္ က ေျပာသည္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ျပစ္မႈျပစ္ဒဏ္တြင္ သူတစ္ပါးအေယာင္ေဆာင္၍ ဆႏၵမဲလက္မွတ္ သို႔မဟုတ္ ႀကိဳတင္မဲ လက္မွတ္လာေရာက္ ေတာင္းဆိုျခင္း သို႔မဟုတ္ မဲေပးျခင္း ျပဳသူသည္ ဥပေဒပုဒ္မ ၅၉(ဇ) ျဖင့္ အေရးယူခံရ မည္ဟု ျပဌာန္းထားသည္။

အသက္ ၆၀ ႏွစ္ႏွင့္ အထက္ ႀကိဳတင္မဲေပးရသည့္ ေအာက္တိုဘာ ၂၉ ရက္ေန႔မွ ႏိုဝင္ဘာ ၅ ရက္ေန႔ကာလ၌ ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္း ႀကိဳတင္မဲေပးမႈႏွင့္ ပတ္သက္၍ လြဲေခ်ာ္မႈမ်ားရွိခဲ့ၿပီး တိုင္ၾကားမႈမ်ားႏွင့္ ကန႔္ကြက္မႈ မ်ားလည္း ရွိခဲ့သည္။

ႀကိဳတင္မဲႏွင့္ ပတ္သက္၍ ျဖစ္ပြားေနသည့္ ျပႆနာမ်ားကို ေကာ္မရွင္အေနျဖင့္ စနစ္တက် ကိုင္တြယ္ေျဖ ရွင္းရန္လိုသည္ဟု ကိုယ္စားလွယ္ေလာင္းမ်ား က ေျပာသည္။

“ဒီလိုမျဖစ္ေအာင္ ေကာ္မရွင္အပါအဝင္ သက္ဆိုင္ရာ တာဝန္ရွိသူေတြက စနစ္တက် ကိုယ္တြယ္ဖို႔လိုသလို သက္ဆိုင္ရာပါတီကိုယ္စားလွယ္ေတြကလဲ ထိန္းသိမ္းဖို႔လိုတယ္” ဟု ေရးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵ နယ္အမွတ္ (၂) က ကိုယ္စားလွယ္ေလာင္း မင္းေအာင္ထူးက ေျပာသည္။

ဥပေဒပုဒ္မ ၅၉(ဇ) ျဖင့္ ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ေငြ တစ္သိန္း ထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ ျဖစ္သည္။

ထို႔အျပင္ အသက္ ၆၀ ႏွစ္ႏွင့္ အထက္ ႀကိဳတင္မဲေကာက္ခံရာတြင္ NLD ပါတီမွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးကိုကိုဦးက မေလွ်ာ္ဩဇာသုံးကာ ဝင္ေရာက္စြက္ဖက္ခဲ့သည့္အတြက္ ေ႐ြးေကာက္ပြဲ စည္းမ်ဥ္း ဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ရန္ ေမာ္လၿမိဳင္ၿမိဳ႕ ေက်ာက္တန္းရပ္ကြက္ ေကာ္မရွင္အဖြဲ႕ ခြဲ ဥကၠ႒ ဦးေ႐ႊခ်စ္က ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲထံ တိုင္ၾကားထားသည္။

“ႀကိဳတင္မဲလိုက္ေကာက္တဲ့ေနရာမွာ ဒီလိုမလုပ္ရဘူး ဘာညာ တားတယ္၊ က်ေနာ္က ေကာ္မရွင္ဥကၠ႒ တစ္ေယာက္အေနနဲ႔ ျပႆနာမျဖစ္ေအာင္ လိုက္ထိန္းေပးတယ္၊ လက္မခံဘူး၊ လမ္းမ အလယ္မွာ ေလွ်ာက္ ေျပာတာ၊ ဒါက ေကာ္မရွင္ကို အရွက္ခြဲတာပဲ” ဟု ဦးေ႐ႊခ်စ္ က ေျပာသည္။

တိုင္ၾကားထားသည့္စာတြင္ NLD ပါတီ ကိုယ္စားလွယ္ေလာင္း ဦးကိုကိုဦးက ႀကိဳတင္မဲေကာက္ခံသည့္ အိမ္ေရွ႕ လမ္းမတြင္ အယုံအၾကည္မရွိေသာေၾကာင့္ ေကာ္မရွင္ကို လဲလွယ္ေပးရန္ ေျပာဆိုသည့္အျပင္ မဲ႐ုံကိုယ္စား လွယ္မ်ားကိုလည္း ႐ိုင္းျပစြာဆက္ဆံခဲ့ၿပီး ကိုယ္စားလွယ္ေလာင္းတစ္ဦး၏ က်င့္ဝတ္သိကၡာႏွင့္ မညီေသာ စကားလုံးမ်ားလည္း ေျပာဆိုခဲ့သည္ဟု ပါရွိသည္။

ထိုေၾကာင့္ ရပ္ေက်းေကာ္မရွင္ႏွင့္ မဲ႐ုံကိုယ္စားလွယ္မ်ားအေပၚ မဲဆႏၵရွင္မ်ား အယုံအၾကည္မရွိေအာင္ အထင္ အျမင္ လြဲမွားေစေအာင္ တရားမဲ့ျပဳမူ ဖန္တီးေျပာဆိုေနေသာ NLD ပါတီ ကိုယ္စားလွယ္ေလာင္း ဦးကိုကိုဦး အား ေ႐ြးေကာက္ပြဲစည္းမ်ဥ္း ဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္ေပးႏိုင္ပါရန္ တိုင္ၾကားျခင္းျဖစ္သည္ ဟု တိုင္စာတြင္ ပါရွိသည္။

ထိုသို႔ တိုင္ၾကားခံရသည့္ ကိစၥႏွင့္ ပတ္သက္၍ NLD ကိုယ္စားလွယ္ေလာင္း ဦးကိုကိုဦးက ျငင္းဆိုထားသည္။

“က်ေနာ့္ကို ဘာေၾကာင့္တိုင္ထားတာလဲ မသိေသးဘူး၊ ျဖစ္စဥ္ကေတာ့ အေထြအထူးေတာ့ ဘာမွမရွိဘူး။ ပြင့္ လင္းျမင္သာမႈ ရွိေအာင္ သြားၿပီးေတာ့ ေျပာျပတာ။ ေကာ္မရွင္ကလည္း သူ႔လုပ္ငန္းပိုင္းဆိုင္ရာ သူ႔ရဲ႕ လုပ္ထုံး လုပ္နည္းအတိုင္း လုပ္ေဆာင္ဖို႔ ၿပီးရင္ ဘက္မလိုက္ဖို႔ အမ်ားအျမင္ရွင္းေအာင္ လုပ္ေပးဖို႔ ဒါပဲေျပာတာ။ အဲ့ဒီ အေပၚ မွာ ဘယ္လိုနားလည္ၿပီး ဘယ္လိုခံယူၾကလဲေတာ့ မသိဘူး” ဟု ဦးကိုကိုဦးက ေျပာသည္။

ေက်ာက္တန္းရပ္ကြက္ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေ႐ႊခ်စ္ တိုင္ၾကားထားသည့္ကိစၥႏွင့္ ပတ္သက္ၿပီး မဲေပးရ မည့္ ႏိုဝင္ဘာ ၈ ရက္ေန႔ၿပီးလွ်င္ စစ္ေဆးသြားမည္ဟု ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ ခြဲ ဥကၠ႒ ဦးေဌးလြင္ က ေျပာသည္။

“ေမးၾကည့္ထားေတာ့ သူတို႔အခ်င္းခ်င္း အေခ်အတင္ေတြ ျဖစ္ၾကတယ္၊ ဒီဟာေလးေတြကို ႏိုဝင္ဘာလ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲၿပီးတာနဲ႔ ဒီလူအားလုံးကို ေခၚယူစစ္ေဆးဖို႔ အေၾကာင္းၾကားထားၿပီးၿပီ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ မဲ႐ုံ ၁၁၉ ႐ုံရွိၿပီး မဲေပးပိုင္ခြင့္ရွိသူ ၂၄၈၀၀၀ ေက်ာ္ရွိကာ ႏိုဝင္ဘာ ၄ ရက္ေန႔ အထိ စာရင္းအရ အသက္ ၆၀ ႏွစ္ႏွင့္အထက္ ႀကိဳတင္မဲေပးထားသူ သံုးေသာင္းႏွစ္ေထာင္ေက်ာ္ ရွိသည္ဟု ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲရွိ စာရင္းဇယားမ်ား အရ သိရသည္။