မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၁၁ ခုတွင် အနိုင်ရ၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်အရ မွန်တစ်ပြည်နယ်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲဆန္ဒနယ် ၃၄ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံ မှ သိရသည်။

မွန်ပြည်နယ်တွင် ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနှင့် ကရင် ဗမာ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာဆိုပြီး စုစုပေါင်း မဲဆန္ဒနယ်နေရာ ၄၅ နေရာရှိသည်။

မော်လမြိုင်ခရိုင် ၆ မြို့နယ်ရှိ မဲဆန္ဒနယ် ၂၆ နေရာတွင် NLD ပါတီက ၁၅ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေး ပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်။

“မော်လမြိုင်ခရိုင်မှာ ပြည်သူလွှတ်တော် ၆ နေရာ၊ အမျိုးသားလွှတ်တော် ၈ နေရာနှင့် ပြည်နယ်လွှတ်တော်က ၁၂ နေရာ အားလုံးက မဲဆန္ဒနယ် ၂၆ နေရာရှိတယ်။ အနိုင်ရတာက NLD က ၁၆ နေရာ အနိုင်ရတယ်။ နောက် မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရတယ်” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်း ရေးမှူး ဦးထင်ကျော်က ပြောသည်။

သထုံခရိုင် ၄ မြို့နယ်ရှိ မဲဆန္ဒနယ် ၁၆ နေရာမှာတော့ NLD ပါတီက အားလုံး အနိုင်ရရှိခဲ့သည်။ ထို့အပြင် ကရင် ဗမာ ပအိုဝ်းတိုင်းရင်းသားရေးရာနေရာ ၃ နေရာကလည်း NLD ပါတီကသာ အနိုင်ရရှိခဲ့သည်။

NLD ပါတီ အနိုင်ရရှိခဲ့သည့် ၃၄ နေရာတွင် တိုင်းရင်းသားရေးရာနေရာ ၃ နေရာနှင့် ပြည်သူလွှတ်တော် ၈ နေ ရာ၊ အမျိုးသားလွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာတို့ ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ အနိုင်ရရှိခဲ့သည် ၁၁ နေရာတွင် ပြည်သူလွှတ်တော် ၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေ ရာနှင့် ပြည်နယ်လွှတ်တော် ၆ နေရာတို့ ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် ၄၅ နေရာစလုံးတွင် NLD ပါတီက ဝင်ပြိုင်ထားခဲ့ပြီး မွန်ညီညွတ်ရေးပါတီက မဲဆန္ဒနယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ် မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက မဲဆန္ဒနယ် ၄၀ နေရာအထိ အနိုင်ရရှိခဲ့ပြီး မွန်ပါတီ ၂ ပါတီ က မဲဆန္ဒနယ် ၄ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ က ၁ နေရာ ရရှိခဲ့သည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် ခရိုင်နှစ်ခုရှိပြီး မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိသည်။

မော်လမြိုင်ခရိုင်အတွင်း မော်လမြိုင်၊ ချောင်းဆုံ(ဘီလူးကျွန်း)၊ ကျိုက္ကမရော၊ မုဒုံ၊ သံဖြူ ဇရပ်၊ ရေး မြို့နယ်များ နှင့် သထုံခရိုင်အတွင်း ကျိုက်ထုံ၊ သထုံ၊ ဘီးလင်း၊ ပေါင် မြို့နယ် တို့ဖြစ်ကြသည်။

*** ZAWGYI ***
မြန္ညီညြတ္ေရးပါတီက မဲဆႏၵနယ္ ၁၁ ခုတြင္ အနိုင္ရ၊

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္။

ႏိုဝင္ဘာ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲ ရလဒ္အရ မြန္တစ္ျပည္နယ္လုံးတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD က မဲဆႏၵနယ္ ၃၄ ေနရာ အႏိုင္ရရွိခဲ့ၿပီး မြန္ညီၫြတ္ေရးပါတီက ၁၁ ေနရာ အႏိုင္ရရွိခဲ့သည္ဟု ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲထံ မွ သိရသည္။

မြန္ျပည္နယ္တြင္ ျပည္သူလႊတ္ေတာ္ မဲဆႏၵနယ္ ၁၀ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ ၁၂ ေနရာ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ ၂၀ ေနရာႏွင့္ ကရင္ ဗမာ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာဆိုၿပီး စုစုေပါင္း မဲဆႏၵနယ္ေနရာ ၄၅ ေနရာရွိသည္။

ေမာ္လၿမိဳင္ခ႐ိုင္ ၆ ၿမိဳ႕နယ္ရွိ မဲဆႏၵနယ္ ၂၆ ေနရာတြင္ NLD ပါတီက ၁၅ ေနရာ အႏိုင္ရရွိခဲ့ၿပီး မြန္ညီၫြတ္ေရး ပါတီက ၁၁ ေနရာ အႏိုင္ရရွိခဲ့သည္။

“ေမာ္လၿမိဳင္ခ႐ိုင္မွာ ျပည္သူလႊတ္ေတာ္ ၆ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ ၈ ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္က ၁၂ ေနရာ အားလုံးက မဲဆႏၵနယ္ ၂၆ ေနရာရွိတယ္။ အႏိုင္ရတာက NLD က ၁၆ ေနရာ အႏိုင္ရတယ္။ ေနာက္ မြန္ညီၫြတ္ေရးပါတီက ၁၁ ေနရာ အႏိုင္ရတယ္” ဟု ေမာ္လၿမိဳင္ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ အတြင္း ေရးမႉး ဦးထင္ေက်ာ္က ေျပာသည္။

သထုံခ႐ိုင္ ၄ ၿမိဳ႕နယ္ရွိ မဲဆႏၵနယ္ ၁၆ ေနရာမွာေတာ့ NLD ပါတီက အားလုံး အႏိုင္ရရွိခဲ့သည္။ ထို႔အျပင္ ကရင္ ဗမာ ပအိုဝ္းတိုင္းရင္းသားေရးရာေနရာ ၃ ေနရာကလည္း NLD ပါတီကသာ အႏိုင္ရရွိခဲ့သည္။

NLD ပါတီ အႏိုင္ရရွိခဲ့သည့္ ၃၄ ေနရာတြင္ တိုင္းရင္းသားေရးရာေနရာ ၃ ေနရာႏွင့္ ျပည္သူလႊတ္ေတာ္ ၈ ေန ရာ၊ အမ်ိဳးသားလႊတ္ေတာ္ ၉ ေနရာ၊ ျပည္နယ္လႊတ္ေတာ္ ၁၄ ေနရာတို႔ ျဖစ္သည္။

မြန္ညီၫြတ္ေရးပါတီ အႏိုင္ရရွိခဲ့သည္ ၁၁ ေနရာတြင္ ျပည္သူလႊတ္ေတာ္ ၂ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ ၃ ေန ရာႏွင့္ ျပည္နယ္လႊတ္ေတာ္ ၆ ေနရာတို႔ ျဖစ္သည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္းရွိ မဲဆႏၵနယ္ ၄၅ ေနရာစလုံးတြင္ NLD ပါတီက ဝင္ၿပိဳင္ထားခဲ့ၿပီး မြန္ညီၫြတ္ေရးပါတီက မဲဆႏၵနယ္ ၃၅ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

ၿပီးခဲ့သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက မြန္ျပည္နယ္ မဲဆႏၵနယ္ ၄၅ ေနရာတြင္ NLD ပါတီက မဲဆႏၵနယ္ ၄၀ ေနရာအထိ အႏိုင္ရရွိခဲ့ၿပီး မြန္ပါတီ ၂ ပါတီ က မဲဆႏၵနယ္ ၄ ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရး ပါတီ က ၁ ေနရာ ရရွိခဲ့သည္။

မြန္ျပည္နယ္အတြင္း ေမာ္လၿမိဳင္ခရိုင္ႏွင့္ သထံုခရိုင္ ခရိုင္ႏွစ္ခုရွိၿပီး ၿမိဳ႕နယ္ေပါင္း ၁၀ ၿမိဳ႕နယ္ရွိသည္။

ေမာ္လၿမိဳင္ခရိုင္အတြင္း ေမာ္လၿမိဳင္၊ ေခ်ာင္းဆံု(ဘီလူးကၽြန္း)၊ က်ိဳကၠမေရာ၊ မုဒံု၊ သံျဖဴ ဇရပ္၊ ေရး ၿမိဳ႕နယ္မ်ား ႏွင့္ သထံုခရိုင္အတြင္း က်ိဳက္ထံု၊ သထံု၊ ဘီးလင္း၊ ေပါင္ ၿမိဳ႕နယ္ တို႔ျဖစ္ၾကသည္။