ကချင်၊ ကရင်၊ ချင်းပြည်နယ်များတွင် NLD က အပြတ်အသတ်နိုင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

ကချင်၊ ကရင်၊ ချင်း စသည့် ပြည်နယ်များတွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အပြတ် အသတ် အနိုင်ရရှိခဲ့ပြီး ကယား၊ မွန်ပြည်နယ်တို့တွင်လည်း အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့သည်ဟု သက် ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ များထံမှ သိရသည်။

ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၉ နေရာ ရှိသည့်အနက် လွှတ်တော်သုံးရပ်လုံးအတွက် NLD ပါတီက ၃၆ နေရာ အထိ အနိုင်ရရှိခဲ့သည်။

ချင်းပြည်နယ်၏ NLD ပါတီဥက္ကဋ္ဌ ဦးဇိုဘွေ့ က “ဒီတစ်ခါက ကျနော်တို့က ၃၉ နေရာမှာ ၃၆ နေရာ နိုင်တယ် နော်။ ရာခိုင်နှုန်းအားဖြင့်က ၉၂.၃ နဲ့ အနိုင်ရရှိပါတယ်။ ဒါကြောင့် ဘယ်ပါတီမှ မခေါ်ပဲနဲ့ အစိုးရဖွဲ့ ဖို့အတွက် စီ စဉ်ထားပါတယ်။ ကျနော်တို့က ၂၀၁၅ ထက် ပိုပြီး ဒီတခါမှာ သာသွားတာပါ” ဟု ပြောသည်။

NLD ပါတီသည် ချင်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအချိန်ကထက် ၆ နေရာ ပို အနိုင်ရရှိခဲ့ရာ လက်ရှိတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင်လည်း မဲဆန္ဒနယ် ၅ နေရာစလုံးတွင် အနိုင်ရရှိခဲ့သည်။

NLD ပါတီအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပြင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်လ တန်၊ တီးတိန် စသည့် မြို့နယ် ၇ မြို့နယ်ရှိ မဲဆန္ဒနယ်မြေအားလုံးတွင် အနိုင်ရရှိခဲ့ပြီး ဟားခါးမြို့နယ် တွင် ၄ နေရာနှင့် တွန်းဇံမြို့နယ်တွင် ၂ နေရာစုစုပေါင်း ၃၆ နေရာအနိုင်ရရှိကာ မဲဆန္ဒနယ်မြေ ၃ နေရာတွင် သာ ရှုံးနိမ့်သည်။

NLD ပါတီ ရှုံးနိမ့်ခဲ့သည့် နေရာ ၃ နေရာထဲမှ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်-၁ တွင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) တစ်နေရာ၊ တွန်းဇံမြို့နယ်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်မြေတွင် တစ်နေရာ နှင့် ပြည်နယ်လွှတ်တော် အမှတ် (၂) နယ်မြေတွင် တစ်နေရာ အနိုင်ရရှိ ခဲ့ ကြသည်။

ထို့အတူ ကချင်ပြည်နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၇၃ ရာခိုင်နှုန်းခန့် အနိုင်ရရှိသည်ဟု သိရ သည်။

ကချင်ပြည်နယ်၏ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က ပြည်နယ်အတွင်း NLD ပါတီ၏ မဲရရှိမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ “လက်ရှိက ပြည်နယ်ထဲမှာ ကျနော်တို့က ၃၆ နေရာမှာ ၂၉ နေရာ လောက် နိုင်ထားတယ်။ အစိုးရဖွ့ဲဖို့တောင်ပိုနေသေးတယ်။ ၂၆ ဆိုရင် အစိုးရဖွဲ့လို့ရတာဆိုတော့လေ။ ၃၆ နေရာမှာ ပြည်သူတွေက မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်တတ်လို့ အခုလိုနိုင်တာ။ ပါတီဆိုက်ကတော့ ပြည်နယ် ကတော့ ဗဟိုညွှန်ကြားချက်အတိုင်းပဲ သွားရမှာပေါ့။ အခုဒီစာရင်းက အတည်ပြု တယ်ဆိုတာက ကျနော်တို့ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အောင်နိုင်ရေးအဖွဲ့ ချိတ်ဆက်ပြီး ရတဲ့ဟာနော်။ ပြည်နယ် ကော် မရှင်က အတည်ပြုတဲ့ဟာတော့ မဟုတ်သေးဘူးနော်” ဟု ပြောသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD အနေဖြင့် ကချင်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ရဝမ်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာများတွင်လည်း အနိုင်ရရှိခဲ့သည်။

ကရင်ပြည်နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက တိုင်းရင်းသားရေးဝန်ကြီးအပါအဝင် လွှတ်တော်နေရာ ၃၆ နေ ရာရှိသည့်အနက် NLD ပါတီက နေရာ ၃၀ တွင် အနိုင်ရှိထားပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ၊ ကရင်ပြည်သူ့ပါတီ(KPP) က သံတောင်မြို့နယ်တွင် တစ်နေရာ၊ ကရင်ပြည်နယ်အတွင်း မွန်ညီညွတ် ရေးပါတီက မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရရှိထားသည်။

မွန်ပြည်နယ်တွင် လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်နေရာ အများဆုံး အနိုင်ရထားပြီး မွန်ညီညွှတ်ရေးပါတီ MUP က ဒုတိယအများဆုံး အနိုင်ရထားသည်ဟု သိရသည်။

မဲစာရင်းစီစစ်မှု မပြီးဆုံးသေးသော်လည်း မွန်ညီညွှတ်ရေးပါတီ MUP က လက်ရှိအချိန်အထိ လွှတ် တော် နေရာ ၁၂ ရာ အနိုင်ရရှိထားသည်။ မွန်တစ်ပြည်နယ်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲဆန္ဒ နယ် ၃၄ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်ဟု ခရိုင် ရွေး ကောက် ပွဲ ကော် မရှင် အဖွဲ့ ခွဲ နှင့် မွန်ညီညွှတ်ရေးပါတီ MUP က အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယိတမ က ပြောသည်။

ကယားပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မြို့နယ်ပေါင်း ၇ မြို့နယ်ရှိသည့်အနက် ၄ မြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်နေရာများတွင် အပြတ် အသတ်အနိုင်ရရှိခဲ့သည်။

သို့သော် ဖရူဆိုမြို့နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က နေရာအားတွင် အနိုင်ရှိထားပြီး ဘောလခဲမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က နေရာအားလုံးတွင် အနိုင်ရရှိ ထား သည်ဟု သိရသည်။

ထို့အပြင် ရှားတောမြို့နယ်တွင် ပြည်နယ်လွှတ်တော် (၂) တွင် USDP က တစ်နေရာ၊ ကျန်နေရာများတွင် KySDP က ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့သည်။ ကယားပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် နေရာ ၂၀ တွင် NLD က အနိုင်ရရှိထားပြီး၊ KySDP က ၈ နေရာ၊ USDP က ၆ နေရာ အနိုင်ရရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်တွင် ၄ နေရာ၊ သံတွဲမြို့နယ်တွင် ၄ နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရရှိထားပြီး အခြားရလဒ်များနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် မြို့နယ်တို့တွင် တအာင်းအမျိုးသားပါတီ (TNP) က နမ့်ဆန်၊ မန်တုံ နှင့် နမ့်ခမ်းမြို့နယ်တို့တွင် လွှတ်တော်သုံးရပ်စလုံးတွင် အနိုင်ရရှိခဲ့ပြီး ကွတ်ခိုင်မြို့နယ်တွင် ပြည်နယ် (၁) တွင် တစ်နေရာ၊ မူဆယ်ခရိုင်တွင် အမျိုးသားလွှတ်တော်တွင် တစ်နေရာ အနိုင်ရရှိထားသည်။

ယခုရရှိခဲ့သည့် သတင်းအချက်အလက်များမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များမဟုတ်ပဲ၊ ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများနှင့် ပါတီအောင်နိုင်ရေးမှ ပုဂ္ဂိုလ်များထံမှ ရရှိခဲ့သည့် အချက်လက်များဖြစ်သည်။

*** ZAWGYI ***
ကခ်င္၊ ကရင္၊ ခ်င္းျပည္နယ္မ်ားတြင္ NLD က အျပတ္အသတ္ႏိုင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၁ ရက္။

ကခ်င္၊ ကရင္၊ ခ်င္း စသည့္ ျပည္နယ္မ်ားတြင္ အႏိုင္ရ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီက အျပတ္ အသတ္ အႏုိင္ရရွိခဲ့ၿပီး ကယား၊ မြန္ျပည္နယ္တို႔တြင္လည္း အစိုးရဖြဲ႕ႏုိင္သည္အထိ အႏို္င္ရရွိခဲ့သည္ဟု သက္ ဆုိင္ရာ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ မ်ားထံမွ သိရသည္။

ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ ၃၉ ေနရာ ရွိသည့္အနက္ လႊတ္ေတာ္သံုးရပ္လံုးအတြက္ NLD ပါတီက ၃၆ ေနရာ အထိ အႏုိင္ရရွိခဲ့သည္။

ခ်င္းျပည္နယ္၏ NLD ပါတီဥကၠ႒ ဦးဇိုေဘြ႕ က “ဒီတစ္ခါက က်ေနာ္တို႔က ၃၉ ေနရာမွာ ၃၆ ေနရာ ႏုိင္တယ္ ေနာ္။ ရာခိုင္ႏႈန္းအားျဖင့္က ၉၂.၃ နဲ႔ အႏုိင္ရရွိပါတယ္။ ဒါေၾကာင့္ ဘယ္ပါတီမွ မေခၚပဲနဲ႔ အစိုးရဖြဲ႕ ဖို႔အတြက္ စီ စဥ္ထားပါတယ္။ က်ေနာ္တုိ႔က ၂၀၁၅ ထက္ ပိုၿပီး ဒီတခါမွာ သာသြားတာပါ” ဟု ေျပာသည္။

NLD ပါတီသည္ ခ်င္းျပည္နယ္တြင္ ၂၀၁၅ ေ႐ြးေကာက္ပြဲအခ်ိန္ကထက္ ၆ ေနရာ ပို အႏိုင္ရရွိခဲ့ရာ လက္ရွိတြင္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနသည့္ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝၿမိဳ႕နယ္တြင္လည္း မဲဆႏၵနယ္ ၅ ေနရာစလံုးတြင္ အႏုိင္ရရွိခဲ့သည္။

NLD ပါတီအေနျဖင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အျပင္ မင္းတပ္၊ မတူပီ၊ ကန္ပက္လက္၊ ဖလမ္း၊ ထန္လ တန္၊ တီးတိန္ စသည့္ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ရွိ မဲဆႏၵနယ္ေျမအားလုံးတြင္ အႏိုင္ရရွိခဲ့ၿပီး ဟားခါးၿမိဳ႕နယ္ တြင္ ၄ ေနရာႏွင့္ တြန္းဇံၿမိဳ႕နယ္တြင္ ၂ ေနရာစုစုေပါင္း ၃၆ ေနရာအႏိုင္ရရွိကာ မဲဆႏၵနယ္ေျမ ၃ ေနရာတြင္ သာ ရႈံးနိမ့္သည္။

NLD ပါတီ ရံႈးနိမ့္ခဲ့သည့္ ေနရာ ၃ ေနရာထဲမွ ဟားခါးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမွတ္-၁ တြင္ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) တစ္ေနရာ၊ တြန္းဇံၿမိဳ႕နယ္တြင္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီက ျပည္သူ႔လႊတ္ ေတာ္ မဲဆႏၵနယ္ေျမတြင္ တစ္ေနရာ ႏွင့္ ျပည္နယ္လႊတ္ေတာ္ အမွတ္ (၂) နယ္ေျမတြင္ တစ္ေနရာ အႏိုင္ရရွိ ခဲ့ ၾကသည္။

ထို႔အတူ ကခ်င္ျပည္နယ္တြင္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ၇၃ ရာခိုင္ႏႈန္းခန္႔ အႏုိင္ရရွိသည္ဟု သိရ သည္။

ကခ်င္ျပည္နယ္၏ ဗမာတုိင္းရင္းသားေရးရာဝန္ႀကီး ဦးခင္ေမာင္ျမင့္(ခ)ဦးဒိတ္က ျပည္နယ္အတြင္း NLD ပါတီ၏ မဲရရွိမႈ ေနာက္ဆံုးအေျခအေနႏွင့္ ပတ္သက္၍ “လက္ရွိက ျပည္နယ္ထဲမွာ က်ေနာ္တုိ႔က ၃၆ ေနရာမွာ ၂၉ ေနရာ ေလာက္ ႏုိင္ထားတယ္။ အစိုးရဖြ႕ဲဖို႔ေတာင္ပိုေနေသးတယ္။ ၂၆ ဆုိရင္ အစိုးရဖြဲ႕လို႔ရတာဆိုေတာ့ေလ။ ၃၆ ေနရာမွာ ျပည္သူေတြက မွန္မွန္ကန္ကန္စဥ္းစားေတြးေခၚတတ္လို႔ အခုလိုႏုိင္တာ။ ပါတီဆိုက္ကေတာ့ ျပည္နယ္ ကေတာ့ ဗဟိုညႊန္ၾကားခ်က္အတုိင္းပဲ သြားရမွာေပါ့။ အခုဒီစာရင္းက အတည္ျပဳ တယ္ဆုိတာက က်ေနာ္တုိ႔ မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေအာင္ႏုိင္ေရးအဖြဲ႕ ခ်ိတ္ဆက္ၿပီး ရတဲ့ဟာေနာ္။ ျပည္နယ္ ေကာ္ မရွင္က အတည္ျပဳတဲ့ဟာေတာ့ မဟုတ္ေသးဘူးေနာ္” ဟု ေျပာသည္။

ထို႔အျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ NLD အေနျဖင့္ ကခ်င္ျပည္နယ္အတြင္း ဗမာတုိင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး၊ ရွမ္းတုိင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး၊ ရဝမ္တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီးေနရာမ်ားတြင္လည္း အႏုိင္ရရွိခဲ့သည္။

ကရင္ျပည္နယ္တြင္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီက တိုင္းရင္းသားေရးဝန္ႀကီးအပါအဝင္ လႊတ္ေတာ္ေနရာ ၃၆ ေန ရာရွိသည့္အနက္ NLD ပါတီက ေနရာ ၃၀ တြင္ အႏုိင္ရွိထားၿပီး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရး ပါတီက ၄ ေနရာ၊ ကရင္ျပည္သူ႔ပါတီ(KPP) က သံေတာင္ၿမိဳ႕နယ္တြင္ တစ္ေနရာ၊ ကရင္ျပည္နယ္အတြင္း မြန္ညီညြတ္ ေရးပါတီက မြန္တုိင္းရင္းသားေရးရာဝန္ႀကီးေနရာတို႔တြင္ အႏုိင္ရရွိထားသည္။

မြန္ျပည္နယ္တြင္ လည္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD က လႊတ္ေတာ္ေနရာ အမ်ားဆံုး အႏိုင္ရထားၿပီး မြန္ညီညႊတ္ေရးပါတီ MUP က ဒုတိယအမ်ားဆံုး အနိုင္ရထားသည္ဟု သိရသည္။

မဲစာရင္းစီစစ္မႈ မၿပီးဆံုးေသးေသာ္လည္း မြန္ညီၫႊတ္ေရးပါတီ MUP က လက္ရွိအခ်ိန္အထိ လႊတ္ ေတာ္ ေနရာ ၁၂ ရာ အႏိုင္ရရွိထားသည္။ မြန္တစ္ျပည္နယ္လုံးတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD က မဲဆႏၵ နယ္ ၃၄ ေနရာ အႏိုင္ရရွိခဲ့ၿပီး မြန္ညီၫြတ္ေရးပါတီက ၁၁ ေနရာ အႏိုင္ရရွိခဲ့သည္ဟု ခ႐ိုင္ ေ႐ြး ေကာက္ ပြဲ ေကာ္ မရွင္ အဖြဲ႕ ခြဲ ႏွင့္ မြန္ညီၫႊတ္ေရးပါတီ MUP က အေထြေထြ အတြင္းေရးမွဴး ၁ ႏိုင္လယိတမ က ေျပာသည္။

ကယားျပည္နယ္အတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ၿမိဳ႕နယ္ေပါင္း ၇ ၿမိဳ႕နယ္ရွိသည့္အနက္ ၄ ၿမိဳ႕နယ္တြင္ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္၊ ျပည္ေထာင္စုလႊတ္ေတာ္ေနရာမ်ားတြင္ အျပတ္ အသတ္အႏုိင္ရရွိခဲ့သည္။

သို႔ေသာ္ ဖရူဆုိၿမိဳ႕နယ္တြင္ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ KySDP က ေနရာအားတြင္ အႏုိင္ရွိထားၿပီး ေဘာလခဲၿမိဳ႕နယ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP က ေနရာအားလံုးတြင္ အႏုိင္ရရွိ ထား သည္ဟု သိရသည္။

ထုိ႔အျပင္ ရွားေတာၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ (၂) တြင္ USDP က တစ္ေနရာ၊ က်န္ေနရာမ်ားတြင္ KySDP က ကိုယ္စားလွယ္ေလာင္းမ်ားက အႏုိင္ရရွိခဲ့သည္။ ကယားျပည္နယ္အတြင္း မဲဆႏၵနယ္ ၃၄ ေနရာရွိသည့္အနက္ ေနရာ ၂၀ တြင္ NLD က အႏုိင္ရရွိထားၿပီး၊ KySDP က ၈ ေနရာ၊ USDP က ၆ ေနရာ အႏုိင္ရရွိခဲ့ၾကသည္။

ရခိုင္ျပည္နယ္တြင္ ဂြၿမိဳ႕နယ္တြင္ ၄ ေနရာ၊ သံတြဲၿမိဳ႕နယ္တြင္ ၄ ေနရာ၊ ခ်င္းတိုင္းရင္းသားေရးရာဝန္ႀကီး ၁ ေနရာတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက အႏုိင္ရရွိထားၿပီး အျခားရလဒ္မ်ားႏွင့္ ပတ္သက္၍ အေသးစိတ္ မသိရေသးေပ။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ နမ့္ခမ္း၊ မန္တံု၊ နမ့္ဆန္ ၿမိဳ႕နယ္တုိ႔တြင္ တအာင္းအမ်ိဳးသားပါတီ (TNP) က နမ့္ဆန္၊ မန္တံု ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္တို႔တြင္ လႊတ္ေတာ္သံုးရပ္စလံုးတြင္ အႏိုင္ရရွိခဲ့ၿပီး ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ျပည္နယ္ (၁) တြင္ တစ္ေနရာ၊ မူဆယ္ခရိုင္တြင္ အမ်ိဳးသားလႊတ္ေတာ္တြင္ တစ္ေနရာ အႏုိင္ရရွိထားသည္။

ယခုရရွိခဲ့သည့္ သတင္းအခ်က္အလက္မ်ားမွာ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္မွ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားမဟုတ္ပဲ၊ ျပည္နယ္တြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီတာဝန္ရွိသူမ်ားႏွင့္ ပါတီေအာင္ႏုိင္ေရးမွ ပုဂၢိဳလ္မ်ားထံမွ ရရွိခဲ့သည့္ အခ်က္လက္မ်ားျဖစ္သည္။