အစိုးရသစ်နှင့် တန်းတူညှိုနှိုင်းကာ လူမှုဘဝ မြှင့်တင်ရေး လုပ်ဆောင်မည်ဟု FPNCC ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ နှင့် တန်းတူညီမျှစွာ ညှိနှိုင်းမှုမှတစ်ဆင့် အမျိုးသားရင်ကြား စေ့ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု FPNCC က ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အမြဲတမ်း ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီဝင် FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် “ကျွန်ုပ်တို့ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့နှင့် တန်းတူညီမျှညှိနှိုင်း ဆွေးနွေးမှုအပေါ် အခြေပြု၍ ဆက်လက် လက်တွဲကာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တိုးတက်ဖော် ဆောင်ရေး၊ အစိုးရမှ ကတိပြုထားသော တိုင်ရင်းသား လူမျိုးစုဒေသများ၏ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေး လုပ်ငန်းစဉ်များ တိုးတက်ဖော်ဆောင်ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုပါသည်” ဟု ထည့်သွင်းထားသည်။

ထို့အပြင် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည် သာမက ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ၏ တရား ဝင် ထုတ်ပြန်ချက်အရ NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အခွင့်အရေး ရရှိခဲ့သည့်အပေါ် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း FPNCC က ဆိုသည်။

FPNCC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “ပုံမှန်အရ ပေါ့ဗျာ NLD နဲ့ အနိုင်ရတဲ့အပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေ မဟာမိတ် အဖွဲ့အစည်းတွေ အနေနဲ့ ချီးကျူးဂုဏ်ပြုပြီးတော့ သူတို့ရဲ့ မျှော်လင့်ချက်ကို ပြောပြတာပေါ့နော်။ ဒါပေမယ့် တကယ်လုပ်ဆောင်ဖို့ ကတော့ FPNCC အနေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ဆိုရင်တော့ Bilateral ထိုးဖို့လိုတာပေါ့။ KIA၊ TNLA၊ ကိုး ကန့်၊ AA တို့နဲ့ Bilateral ထိုးဖို့လိုတယ်။ အဲဒီ ၄ ဖွဲ့ Bilateral ထိုးပြီးရင် ကျန်တဲ့ ၃ ဖွဲ့နဲ့ ပေါင်းပြီး ၇ ဖွဲ့က နိုင် ငံရေး ဆွေးနွေး ဖို့ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေ ပြလိုက်တာပေါ့။ လောလောဆယ် ဖြစ်နိုင်ခြေ တွေ များနေတာက တော့ ဒီ ၄ ဖွဲ့ Bilateral ထိုးရေးမှာ ပထမတစ်နေတာက AA နဲ့တစ်နေတာ AA တည်ရှိ မှုနဲ့ တစ်နေတာ ဒါပေမယ့် ဒီ ၁၂ ရက်နေ့က AA နဲ့ တပ်မတော်ကြား အပြန်အလှန်ကြေညာချက် ထုတ်ပြီး တော့ ဒီနေ့ဆို ၈ ရက်ရှိသွားပြီပေါ့နော ရှစ်ရက် အတွင်းမှာ ရခိုင်မှာ တိုက်ပွဲ မရှိတော့ဘူး နှစ်ဖက်စလုံးက ရပ်ထားတယ် တိုက်ပွဲ လုံးဝမရှိတော့ဘူး အခြေအနေဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဒုတိယ နိုင်ငံရေးမှူး ဦးညီကပ် ဦးဆောင်သည့် အဖွဲ့များနှင့် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ကို ရောက်ရှိနေစဉ် တွေ့ဆုံခဲ့ကြပြီး NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ က ထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် အောင် တပ်မတော်မှ တတ်စွမ်း သရွေ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှု အပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသဖြင့် လူမှုစီးပွားရေးဖော်ဆောင်မှု များတွင် ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ လူမှုဘဝဖွံ့ဖြိုးရေး၊ ထာဝရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကို ကြည့်ပြီး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်” ဟု ပြောဆိုထားကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသား ထုတ်ပြန်ထားသည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။

အဆိုပါ အဖွဲ့များမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့မှ ၎င်းတို့အား NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့များဖြစ် သည်။

*** ZAWGYI ***
အစိုးရသစ္ႏွင့္ တန္းတူညိႈႏႈိင္းကာ လူမႈဘဝ ျမွင့္တင္ေရး လုပ္ေဆာင္မည္ဟု FPNCC ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္။

ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD အစိုးရ ႏွင့္ တန္းတူညီမွ်စြာ ညွိႏႈိင္းမႈမွတစ္ဆင့္ အမ်ိဳးသားရင္ၾကား ေစ့ေရး၊ လူေနမႈ အဆင့္အတန္း ျမွင့္တင္ေရး လုပ္ငန္းစဥ္မ်ားကို အတူတကြ ပူးေပါင္း လုပ္ေဆာင္သြားမည္ဟု FPNCC က ထုတ္ျပန္လိုက္သည္။

အဆိုပါ ထုတ္ျပန္ခ်က္ကို ႏို၀င္ဘာလ ၁၈ ရက္ေန႔တြင္ ေျမာက္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အ စည္းမ်ားျဖင့္ ဖြဲ႔စည္းထား သည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အၿမဲတမ္း ဗဟိုေကာ္မတီက ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ၀င္ FPNCC ၏ ထုတ္ျပန္ခ်က္ထဲတြင္ “ကြ်ႏ္ုပ္တို႔ အေနျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဦးေဆာင္ဖြဲ႔စည္းသည့္ အစိုးရအဖြဲ႔ႏွင့္ တန္းတူညီမွ်ညွိႏိႈင္း ေဆြးေႏြးမႈအေပၚ အေျချပဳ၍ ဆက္လက္ လက္တြဲကာ အမ်ိဳးသား ရင္ၾကားေစ့ေရး လုပ္ငန္းစဥ္ တိုးတက္ေဖာ္ ေဆာင္ေရး၊ အစိုးရမွ ကတိျပဳထားေသာ တိုင္ရင္းသား လူမ်ိဳးစုေဒသမ်ား၏ စီးပြားေရး၊ ပညာေရး၊ ေဆးကုသေရးႏွင့္ က်န္းမာေရး လုပ္ငန္းစဥ္မ်ား တိုးတက္ေဖာ္ေဆာင္ေရး၊ လူေနမႈ အဆင့္အတန္း ႁမွင့္တင္ေရး လုပ္ငန္းစဥ္မ်ားကို အတူတကြ ပူးေပါင္းေဆာင္ရြက္ရန္ ဆႏၵျပဳပါသည္” ဟု ထည့္သြင္းထားသည္။

ထို႔အျပင္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ အေထြေထြ ေရြးေကာက္ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့သည္ သာမက ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၁၅ ရက္ေန႔က ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC ၏ တရား ၀င္ ထုတ္ျပန္ခ်က္အရ NLD အေနျဖင့္ တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ အႏိုင္ရရွိခဲ့ၿပီး အစိုးရဖြဲ႔ႏိုင္သည့္ အခြင့္အေရး ရရွိခဲ့သည့္အေပၚ အထူးဂုဏ္ယူ၀မ္းေျမာက္ေၾကာင္း FPNCC က ဆိုသည္။

FPNCC ၏ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ တုိင္းရင္းသားအေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး က “ပံုမွန္အရ ေပါ့ဗ်ာ NLD နဲ႔ အႏိုင္ရတဲ့အေပၚမွာ ေျမာက္ပိုင္းအဖြဲ႔ေတြ မဟာမိတ္ အဖြဲ႔အစည္းေတြ အေနနဲ႔ ခ်ီးက်ဴးဂုဏ္ျပဳၿပီးေတာ့ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ေျပာျပတာေပါ့ေနာ္။ ဒါေပမယ့္ တကယ္လုပ္ေဆာင္ဖို႔ ကေတာ့ FPNCC အေနနဲ႔ ႏိုင္ငံေရး ေဆြးေႏြးဖို႔ဆိုရင္ေတာ့ Bilateral ထိုးဖို႔လိုတာေပါ့။ KIA၊ TNLA၊ ကိုး ကန္႔၊ AA တို႔နဲ႔ Bilateral ထိုးဖို႔လိုတယ္။ အဲဒီ ၄ ဖြဲ႔ Bilateral ထိုးၿပီးရင္ က်န္တဲ့ ၃ ဖြဲ႔နဲ႔ ေပါင္းၿပီး ၇ ဖြဲ႔က ႏိုင္ ငံေရး ေဆြးေႏြး ဖို႔ ျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြ ျပလိုက္တာေပါ့။ ေလာေလာဆယ္ ျဖစ္ႏိုင္ေျခ ေတြ မ်ားေနတာက ေတာ့ ဒီ ၄ ဖြဲ႔ Bilateral ထိုးေရးမွာ ပထမတစ္ေနတာက AA နဲ႔တစ္ေနတာ AA တည္ရွိ မႈနဲ႔ တစ္ေနတာ ဒါေပမယ့္ ဒီ ၁၂ ရက္ေန႔က AA နဲ႔ တပ္မေတာ္ၾကား အျပန္အလွန္ေၾကညာခ်က္ ထုတ္ၿပီး ေတာ့ ဒီေန႔ဆို ၈ ရက္ရွိသြားၿပီေပါ့ေနာ ရွစ္ရက္ အတြင္းမွာ ရခိုင္မွာ တိုက္ပြဲ မရွိေတာ့ဘူး ႏွစ္ဖက္စလံုးက ရပ္ထားတယ္ တိုက္ပြဲ လံုး၀မရွိေတာ့ဘူး အေျခအေနျဖစ္တယ္” ဟု သံုးသပ္ေျပာဆိုသည္။

ႏိုဝင္ဘာလ ၁၇ ရက္ေန႔ကလည္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ “ဝ” ျပည္ေသြးစည္းညီညြတ္ေရးတပ္မေတာ္ UWSA က ဒုတိယ ႏုိင္ငံေရးမွဴး ဦးညီကပ္ ဦးေဆာင္သည့္ အဖြဲ႕မ်ားႏွင့္ ရွမ္းျပည္နယ္ မိုင္းဆတ္ၿမိဳ႕ကို ေရာက္ရွိေနစဥ္ ေတြ႕ဆံုခဲ့ၾကၿပီး NCA လမ္းေၾကာင္းမွန္ေပၚတြင္ ေလွ်ာက္လွမ္းၿပီး ေဒသဖြံ႕ ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း တိုက္တြန္းေျပာဆိုခဲ့ သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားအဖြဲ႕ က ထုတ္ျပန္ထားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က “ေဒသအတြင္း ပညာေရး၊ က်န္းမာေရး က႑မ်ားတြင္ ဖြံ႕ၿဖိဳးတိုးတက္ ေအာင္ တပ္မေတာ္မွ တတ္စြမ္း သေ႐ြ႕ ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ အပိုင္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးၾကန႔္ၾကာလ်က္ရွိသျဖင့္ လူမႈစီးပြားေရးေဖာ္ေဆာင္မႈ မ်ားတြင္ ကန႔္သတ္ခ်က္မ်ား ရွိေနႏိုင္ေၾကာင္း၊ NCA လမ္းေၾကာင္းမွန္ေပၚတြင္ ေလွ်ာက္လွမ္းၿပီး ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ မိမိတို႔၏ မ်ိဳးဆက္သစ္ အနာဂတ္ကေလးငယ္မ်ား၏ လူမႈဘ၀ဖြံ႕ၿဖိဳးေရး၊ ထာ၀ရၿငိမ္းခ်မ္းေရးရရွိၿပီး တိုင္းျပည္ေအးခ်မ္းသာယာ ဖြံ႕ၿဖိဳးေရးအတြက္ ေရရွည္ကို ၾကည့္ၿပီး ေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္” ဟု ေျပာဆုိထားေၾကာင္း တပ္မေတာ္ သတင္း မွန္ျပန္ၾကားေရးအဖြဲ႕ ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသား ထုတ္ျပန္ထားသည္။

ေျမာက္ပိုင္းတိုင္းရင္းသား လက္နက္ကိုင္ ၇ ဖြဲ႔ျဖင့္ ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိ ႏႈိင္းေရးေကာ္မတီ FPNCC အဖြဲ႔တြင္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO၊ ရွမ္းျပည္တိုးတက္ေရး ပါတီ SSPP၊ ျမန္မာႏိုင္ငံ အမွန္တရားႏွင့္ မွ်တမႈ အမ်ိဳးသားပါတီ MNDAA၊ ရကၡိဳင့္အမ်ိဳးသား အဖြဲ႔ခ်ဳပ္ ULA၊ ပေလာင္ ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ ၄ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလံုးေရး ေကာ္မတီ (မိုင္းလား) NDAA “၀” ျပည္ေသြးစည္းညီၫႊတ္ေရးပါတီ UWSP တို႔ပါ၀င္သည္။

အဆိုပါ အဖြဲ႔မ်ားမွာ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားျခင္း မရွိသည့္ တိုင္းရင္းသား ေတာ္လွန္ေရး လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားျဖစ္ၿပီး အစိုးရ၊ တပ္မေတာ္တို႔မွ ၎တို႔အား NCA စာခ်ဳပ္တြင္ ပါ၀င္လက္မွတ္ေရးထိုးႏိုင္ရန္ ေဆြးေႏြးညွိႏိႈင္းေနဆဲျဖစ္သည့္ အဖြဲ႔မ်ားျဖစ္ သည္။