တိုင်းရင်းသား ပါတီများ ရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် ပြန်လည် သုံးသပ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။

တိုင်းရင်းသားပါတီများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ရခြင်းမှာ ပါတီသက်တမ်းနုနေသေးခြင်း၊ ကပ်ရောဂါကာလ ပါတီစည်းရုံးရေးကန့်သတ်မှုများ၊ ငွေကြေးအခက်အခဲအပြင် ပြည်သူများနှင့် ပါတီများအကြား အထင်အမြင်လွဲမှားအောင် သတင်းမှားများ ဖြန့်ဝေခြင်းတို့ကြောင့် ဖြစ်နေသည်ဟု ပါတီအသီးသီးက တာဝန် ရှိသူများက ပြောသည်။

ချင်း၊ ကရင် နှင့် ကချင်ပြည်နယ်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ပြည် နယ်အခြေစိုက် တိုင်းရင်းသားပါတီများက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၁) ဒေါ်ဒွဲဘူက ၎င်းတို့ပါတီ ရှုံးနိမ့်ခဲ့ရသည့် အကြောင်း အရင် များနှင့် ပတ်သက်၍ “ဒီတိုင်းရင်းသားပါတီတွေ အနိုင်ရရင် စစ်ဖိနပ်အောက် ပြန်ရောက်သွားမယ်။ ကျမတို့က USDP နဲ့ တွဲထားတယ်။ မဟာမိတ်လုပ်ထားတယ်။ အဲ့ဒီက ပိုက်ဆံနဲ့ ရှင်သန်နေတယ်ဆိုတဲ့ဟာမျိုးတွေ ပြော တဲ့အခါကြတော့ ဒီအောက်ခြေမှာ တော်ရုံတန်ရုံ နားလည်နိုင်ဖို့ အရမ်းခက်တယ်။ မဲမပေးတော့ဘူးဆိုတာမျိုး ရှိတယ်။ နောက်ပြီး ကျမတို့က တိုက်ခိုက်ခံရတာတောင် တစ်ခုတည်းမဟုတ်ဘူး။ ပူတာအိုလို နေရာမျိုးမှာဆိုရင် ကျမတို့ KIA လို့ ပြောခံရတယ်ပေါ့လေနော်။ USDP အားကောင်းတဲ့နေရာဆိုရင် KIA လို့ ပြောခံရတယ်။ နောက် မြစ်ကြီးနားလို နေရာမျိုးကျတော့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်လို့ပြောတယ်။ အနိုင်ရရင် တပ်နဲ့ ပူးပေါင်း သွားမယ်။ စစ်ဖိနပ်အောက် ရောက်သွားမယ်လို့ ပြောတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ပြည်နယ်လွှတ် တော်အတွက် ၃ နေရာနှင့် ပြည်သူ့လွှတ်တော်အတွက် ၁ နေရာသာ အနိုင်ရခဲ့သည်။

“ရှမ်းတွေ၊ ဗမာတွေ တခြားတိုင်းရင်းသားတွေရှိတဲ့ဘက်ကျတော့ KSPP က ကချင်ပါတီ လို့ ပြောတယ်။ ကချင်တွေရှေ့မှာကျတော့ သူတို့က ရှမ်းတွေ၊ ကချင်တွေနဲ့ ပေါင်းတာမို့လို့ပေါ့နော်။ ကချင်လူမျိုး အတွက် သီးသန့်သူတို့ မဆောင်ရွက်ပေးနိုင်ဘူး။ နောက်တစ်ခု အဆိုးဆုံးက ပြည်နယ်ပါတီဖြစ်တဲ့ အတွက် သူတို့ဘယ်နည်းနဲ့မှ အစိုးရမဖွဲ့နိုင်ဘူးဆိုတဲ့အခါကြတော့ လူထုတွေက ထောက်ခံချင်သော်ငြားလည်း ဒီအချက် တွေပေါ်မှာ ဝေဝါးသွားတာတွေရှိတယ်” ဟု ဒေါ်ဒွဲဘူက ဆက်ပြောသည်။

ထို့အပြင် တိုင်းရင်းသားပါတီအများစု ၂၀၂၀ ရွေးကောက်ပွဲတွင် မျှော်မှန်းထားသလောက် အောင်မြင်မှုမရ ရှိခြင်းမှာ ကြိုတင်မဲ၊ တပ်မဲ၊ ရွှေ့ပြောင်းအလုပ်သမားများ မိမိရောက်နေသည့် ဒေသများတွင် ရက် ၉၀ နေ ထိုင်ပြီးပါက မဲပေးပိုင်ခွင့်ပြုသည့် ကိစ္စများကြောင့် လည်း ဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD (သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ) စိုင်းဆွန်လျှို့ က “နောက်တစ်ချက်က ရွှေ့ပြောင်းအလုပ်သမား အရမ်းဝင်လာတဲ့ အတွက် ဌာနေ တိုင်းရင်းသား မိဘပြည်သူ မဲပေးပိုင်ခွင့် အင်မတန်ဆုံးရှုံးတာရှိတယ်။ တကယ်တမ်း ဝိုင်းမော်မြို့နယ်ထဲမှ မဲဆန္ဒရှင် ၈၀၀၀၀ ပေါ့၊ အခုမဲလာပေးတဲ့အထဲမှာ ၆၀ ရာခိုင်နှုန်းလို့ပဲ တွက်လို့ရမယ်။ အဲ့ ၆၀ ရာခိုင်နှုန်းထဲမှာ ဌာနေတိုင်းရင်းသားက ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ဟာတွေက ဘယ်သူတွေလဲ ရွှေ့ပြောင်း အလုပ် သမားတွေက ၃၀ ရာခိုင်နှုန်းနီးပါးလောက်ရှိတယ်။ ဌာနေတိုင်းရင်းသားတွေ ဘာကြောင့် မဲပေးပိုင်ခွင့်ဆုံးရှုံး နေ ရတာလဲဆိုရင် မဲပေးတဲ့ကာလမှာ အလုပ်အကိုင်အခက်အခဲတွေကြောင့် တကူးတက မဲလာပေးတာမရှိကြဘူး။ အနိုင်ရတဲ့ပါတီကတော့ သူ့နေရာနဲ့သူ သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်သွားတာ။ နောက်တချက်က ကိုဗစ် ကာလထဲ မှာ လုပ်ရတဲ့အလုပ်ထဲမှာ တကယ့်စိန်ခေါ်မှုပါ” ဟု ပြောသည်။

ဆွမ်ပရာမ်မြို့နယ်အတွင်း ရွေးကောက်ပွဲ ဝင်ခဲ့သည့် KSPP ပါတီ ၏ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း ကလည်း “ပါတီတွေမနိုင်ရတဲ့အကြောင်းအရင်း ဥပမာ ဆွမ်ပရာဘွမ်မှာဆိုရင် ရွှေ့ ပြောင်းလုပ်သားကိစ္စတွေရှိတယ်။ တပ် မဲကိစ္စတွေရှိတယ်။ မြေပြင်အခြေအနေအရ ကျနော်တို့က အားသာတယ်၊ တကယ်ပဲ နိုင်ပါတယ်။ ဒါပေမယ့် ရွှေ့ ပြောင်းလုပ်သားတွေ NLD ဘက်ကိုပေးတယ်။ စစ်တပ် ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုပေးတယ်။ ဒါနဲ့ပဲနိုင်တာပါ။ ဒါက နမူနာပါ။ ဝိုင်းမော်မှာလည်း ဒီတိုင်းပါပဲ၊ ဖားကန့်မှာလည်း ဒီအတိုင်းပါပဲ။ အဓိက ဒီရွှေ့ ပြောင်းလုပ်သားတွေ ရက်ပေါင်း ၉၀ နဲ့ လုပ်တဲ့ဟာမျိုးတွေပေါ့” ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသားပါတီများဘက်က စီမံခန့်ခွဲမှုအပိုင်းအပြင် စုစည်းမှုပိုင်းတွင်လည်း အားနည်းနေသေးသည့် အချက်ကလည်း မဲရှုံးရသည့် အချက်များထဲတွင် ပါဝင်သည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“ရောဂါကိုအကြောင်းပြပြီးမှ ကြိုတင် မဲတွေ ဆောင်ရွက်တာ အဲ့ဒီမှာတစ်ချက်ပေါ့။ ကြိုတင်မဲတွေလို့ ပြောတာ တော့ အသက် ၆၀ ကျော်၊ ဒါပေမယ့် တကယ်တမ်းကြတော့ ၆၀ မကျော်တဲ့လူတွေတပုံတပင်ကြီး၊ နောက်တစ် ချက်က ပါတီကြီးအနေနဲ့ အထူးသဖြင့် နယ်တွေမှာဆိုလို့ရှိရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကိုင်တွယ်ထားပါ လိမ့်မယ်။ ဘာလို့လည်း ဆိုတော့ ကျနော်ကြုံတဲ့ မဲဆန္ဒနယ်မြေ တစ်ခုမှာ ဆရာ့ကိုရွေးမယ့် အဲ့ဒီရွာမှာ အုပ်ချုပ် ရေးမှူး က အပြတ်ကို ပြောထားပြီ။ အနီကိုပဲ ပေးရမယ် ဘာညာ၊ တကယ်တမ်းကြတော့လည်း အခု အဖြေ ထွက်လာတော့ လုံးလုံး လျားလျား ကျနော်တို့က ရှက်စရာကြီး လေးငါး ဆယ်မဲ ဒီလောက်ပဲရပြီးတော့ သူတို့ ဘက်က တစ်ရွာလုံးနီးပါး လောက်ရ တဲ့အနေအထားတွေ။ နောက်သူတို့ စီမံ ဆောင်ရွက်မှုတွေက ပိုကောင်းတဲ့ သဘောမျိုး၊ ကျနော်ကြည့် ရတာ တော့ ဒေါ်စုပြီးရင် ပြီးပြီဆိုတဲ့သဘောမျိုး။”

ကရင်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက တိုင်းရင်းသားရေးဝန်ကြီးအပါအဝင် လွှတ် တော်နေရာ ၃၆ နေရာရှိသည့်အနက် NLD ပါတီက နေရာ ၃၀ တွင် အနိုင်ရှိထားပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ၊ ကရင်ပြည်သူ့ပါတီ(KPP) က သံတောင်မြို့နယ်တွင် တစ်နေရာ၊ ကရင်ပြည်နယ် အတွင်း မွန်ညီညွတ် ရေးပါတီက မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရရှိထားသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ပါတီအနေဖြင့်လည်း ထင်သလောက် အနိုင်မရရှိရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ ပါတီအတွင်းရေးမှူး ခူးသဲရယ် က “စည်းရုံးရေးလည်းလိုတယ်။ ပြော မယ်ဆိုရင် ဒီကြားထဲမှာလည်း လက်ရှိအာဏာရပါတီဖြစ်တယ်။ အစိုးရလည်း ဖြစ်နေတဲ့အခါကြတော့ ကိုဗစ် နဲ့ပတ်သက်တဲ့ ထောက်ပံ့မှုတွေလည်း တချို့ လိုက်ပြီးပေးတာ ပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကိုပဲ သိရှိတဲ့အခါကြတော့ ငွေရေးကြေးရေးထောက်ပံ့မှုတွေ ပေးနိုင်တဲ့ ပါတီမဲထည့်တာပါတယ်။ နောက်တစ်ချက် ကလည်း ဒီအချိန်မှာက စစ်တပ်တွေကို နိုင်တယ်ဆိုတာကလည်း NLD ပဲ ရှိတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေသေးတာပေါ့နော်။ ကျနော်တို့ ပြောနိုင်တာကတော့ တိုင်းရင်း သားတွေ တော်တော်များများက လက်ရှိ နိုင်ငံရေးကို နားမလည်တာလည်း ပါတာပေါ့” ဟု ပြောသည်။

ကယားပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာရှိသည့် အနက် နေရာ ၂၀ တွင် NLD က အနိုင်ရရှိထားပြီး၊ ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က ၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၆ နေရာ အနိုင်ရရှိထားသည်။

ချင်းပြည်နယ်တွင်လည်း မဲဆန္ဒနယ် ၃၉ နေရာ ရှိသည့်အနက် လွှတ်တော်သုံးရပ်လုံးအတွက် NLD ပါတီက ၃၆ နေရာ အထိ အနိုင်ရရှိခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၁ ပါတီ ရွေးကောက်ပွဲဝင်ခဲ့ကြပြီး ပါတီပေါင်း ၁၉ ပါတီ က မဲဆန္ဒနယ် အလိုက် မဲနိုင်ကာ လွှတ်တော်အတွင်း ရောက်ရှိနိုင်မှာဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းရင်းသားရေးရာနှင့် လွှတ်တော်သုံးရပ်အတွက် ၉၂၀ နေရာ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၇၁ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ SNLD ပါတီက ၄၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာ၊ တအာင်း(ပလောင်) အမျိုးသားပါတီ က ၁၂ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၁၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ က ၁၁ နေရာ၊ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီ က ၈ နေရာ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီက ၄ နေရာ အနိုင်ရရှိထားသည်။

ထို့အပြင် ရခိုင့်ဦးဆောင်ပါတီနှင့် “ဝ”အမျိုးသားပါတီ က ၃ နေရာစီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီတို့က ၂ နေရာစီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပါတီတို့က ၁ နေရာစီနှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူများထဲက တိုင်း/ပြည်နယ်လွှတ်အတွက် ၂ နေရာ၊ တိုင်းရင်းသားရေးရာအတွက် ၂ နေရာစီ အနိုင်ရရှိခဲ့ကြသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
တုိင္းရင္းသား ပါတီမ်ား ေရြးေကာက္ပြဲ ရံႈးနိမ့္မႈအေပၚ ျပန္လည္ သံုးသပ္

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္။

တုိင္းရင္းသားပါတီမ်ား ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ရံႈးနိမ့္ရျခင္းမွာ ပါတီသက္တမ္းႏုေနေသးျခင္း၊ ကပ္ေရာဂါကာလ ပါတီစည္းရံုးေရးကန္႔သတ္မႈမ်ား၊ ေငြေၾကးအခက္အခဲအျပင္ ျပည္သူမ်ားႏွင့္ ပါတီမ်ားအၾကား အထင္အျမင္လဲြမွားေအာင္ သတင္းမွားမ်ား ျဖန္႔ေဝျခင္းတို႔ေၾကာင့္ ျဖစ္ေနသည္ဟု ပါတီအသီးသီးက တာဝန္ ရွိသူမ်ားက ေျပာသည္။

ခ်င္း၊ ကရင္ ႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က အျပတ္အသတ္အႏုိင္ရရွိခဲ့ၿပီး ျပည္ နယ္အေျခစုိက္ တုိင္းရင္းသားပါတီမ်ားက ေရြးေကာက္ပြဲတြင္ ရံႈးနိမ့္ခဲ့ၾကသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔႔ပါတီ KSPP ဒု-ဥကၠ႒ (၁) ေဒၚဒြဲဘူက ၎တို႔ပါတီ ရံႈးနိမ့္ခဲ့ရသည့္ အေၾကာင္း အရင္ မ်ားႏွင့္ ပတ္သက္၍ “ဒီတုိင္းရင္းသားပါတီေတြ အႏုိင္ရရင္ စစ္ဖိနပ္ေအာက္ ျပန္ေရာက္သြားမယ္။ က်မတုိ႔က USDP နဲ႔ တြဲထားတယ္။ မဟာမိတ္လုပ္ထားတယ္။ အဲ့ဒီက ပိုက္ဆံနဲ႔ ရွင္သန္ေနတယ္ဆိုတဲ့ဟာမ်ိဳးေတြ ေျပာ တဲ့အခါၾကေတာ့ ဒီေအာက္ေျခမွာ ေတာ္ရံုတန္ရံု နားလည္ႏုိင္ဖုိ႔ အရမ္းခက္တယ္။ မဲမေပးေတာ့ဘူးဆိုတာမ်ိဳး ရွိတယ္။ ေနာက္ၿပီး က်မတို႔က တုိက္ခိုက္ခံရတာေတာင္ တစ္ခုတည္းမဟုတ္ဘူး။ ပူတာအိုလို ေနရာမ်ိဳးမွာဆိုရင္ က်မတုိ႔ KIA လို႔ ေျပာခံရတယ္ေပါ့ေလေနာ္။ USDP အားေကာင္းတဲ့ေနရာဆုိရင္ KIA လို႔ ေျပာခံရတယ္။ ေနာက္ ျမစ္ႀကီးနားလို ေနရာမ်ိဳးက်ေတာ့ ႀကံ့ခိုင္ေရးနဲ႔ မဟာမိတ္လို႔ေျပာတယ္။ အႏုိင္ရရင္ တပ္နဲ႔ ပူးေပါင္း သြားမယ္။ စစ္ဖိနပ္ေအာက္ ေရာက္သြားမယ္လို႔ ေျပာတယ္” ဟု ေျပာသည္။

ႏိုဝင္ဘာလ ၈ ရက္ေန႔ျပဳလုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP က ျပည္နယ္လႊတ္ ေတာ္အတြက္ ၃ ေနရာႏွင့္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၁ ေနရာသာ အႏိုင္ရခဲ့သည္။

“ရွမ္းေတြ၊ ဗမာေတြ တျခားတုိင္းရင္းသားေတြရွိတဲ့ဘက္က်ေတာ့ KSPP က ကခ်င္ပါတီ လို႔ ေျပာတယ္။ ကခ်င္ေတြေရွ႕မွာက်ေတာ့ သူတို႔က ရွမ္းေတြ၊ ကခ်င္ေတြနဲ႔ ေပါင္းတာမို႔လို႔ေပါ့ေနာ္။ ကခ်င္လူမ်ိဳး အတြက္ သီးသန္႔သူတို႔ မေဆာင္ရြက္ေပးႏိုင္ဘူး။ ေနာက္တစ္ခု အဆိုးဆံုးက ျပည္နယ္ပါတီျဖစ္တဲ့ အတြက္ သူတို႔ဘယ္နည္းနဲ႔မွ အစိုးရမဖြဲ႕ႏုိင္ဘူးဆိုတဲ့အခါၾကေတာ့ လူထုေတြက ေထာက္ခံခ်င္ေသာ္ျငားလည္း ဒီအခ်က္ ေတြေပၚမွာ ေဝဝါးသြားတာေတြရွိတယ္” ဟု ေဒၚဒြဲဘူက ဆက္ေျပာသည္။

ထို႔အျပင္ တိုင္းရင္းသားပါတီအမ်ားစု ၂၀၂၀ ေရြးေကာက္ပြဲတြင္ ေမွ်ာ္မွန္းထားသေလာက္ ေအာင္ျမင္မႈမရ ရွိျခင္းမွာ ႀကိဳတင္မဲ၊ တပ္မဲ၊ ေရႊ႕ေျပာင္းအလုပ္သမားမ်ား မိမိေရာက္ေနသည့္ ေဒသမ်ားတြင္ ရက္ ၉၀ ေန ထုိင္ၿပီးပါက မဲေပးပိုင္ခြင့္ျပဳသည့္ ကိစၥမ်ားေၾကာင့္ လည္း ျဖစ္သည္ဟု ပါတီတာဝန္ရွိသူမ်ားက ေျပာသည္။

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD (သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ) စိုင္းဆြန္လ်ွိဳ႕ က “ေနာက္တစ္ခ်က္က ေရႊ႕ေျပာင္းအလုပ္သမား အရမ္းဝင္လာတဲ့ အတြက္ ဌာေန တုိင္းရင္းသား မိဘျပည္သူ မဲေပးပိုင္ခြင့္ အင္မတန္ဆံုးရံႈးတာရွိတယ္။ တကယ္တမ္း ဝိုင္းေမာ္ၿမိဳ႕နယ္ထဲမွ မဲဆႏၵရွင္ ၈၀၀၀၀ ေပါ့၊ အခုမဲလာေပးတဲ့အထဲမွာ ၆၀ ရာခိုင္ႏႈန္းလုိ႔ပဲ တြက္လို႔ရမယ္။ အဲ့ ၆၀ ရာခိုင္ႏႈန္းထဲမွာ ဌာေနတုိင္းရင္းသားက ၃၀ ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္။ က်န္တဲ့ဟာေတြက ဘယ္သူေတြလဲ ေရႊ႕ေျပာင္း အလုပ္ သမားေတြက ၃၀ ရာခိုင္ႏႈန္းနီးပါးေလာက္ရွိတယ္။ ဌာေနတုိင္းရင္းသားေတြ ဘာေၾကာင့္ မဲေပးပိုင္ခြင့္ဆံုးရံႈး ေန ရတာလဲဆိုရင္ မဲေပးတဲ့ကာလမွာ အလုပ္အကိုင္အခက္အခဲေတြေၾကာင့္ တကူးတက မဲလာေပးတာမရွိၾကဘူး။ အႏိုင္ရတဲ့ပါတီကေတာ့ သူ႔ေနရာနဲ႔သူ သူ႔က႑နဲ႔သူ လုပ္ေဆာင္သြားတာ။ ေနာက္တခ်က္က ကိုဗစ္ ကာလထဲ မွာ လုပ္ရတဲ့အလုပ္ထဲမွာ တကယ့္စိန္ေခၚမႈပါ” ဟု ေျပာသည္။

ဆြမ္ပရာမ္ၿမိဳ႕နယ္အတြင္း ေရြးေကာက္ပြဲ ဝင္ခဲ့သည့္ KSPP ပါတီ ၏ ဒု-ဥကၠ႒ ဦးကြမ္ေဂါင္ေအာင္ခမ္း ကလည္း “ပါတီေတြမႏုိင္ရတဲ့အေၾကာင္းအရင္း ဥပမာ ဆြမ္ပရာဘြမ္မွာဆုိရင္ ေရႊ႕ ေျပာင္းလုပ္သားကိစၥေတြရွိတယ္။ တပ္ မဲကိစၥေတြရွိတယ္။ ေျမျပင္အေျခအေနအရ က်ေနာ္တုိ႔က အားသာတယ္၊ တကယ္ပဲ ႏုိင္ပါတယ္။ ဒါေပမယ့္ ေရႊ႕ ေျပာင္းလုပ္သားေတြ NLD ဘက္ကိုေပးတယ္။ စစ္တပ္ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးကိုေပးတယ္။ ဒါနဲ႔ပဲႏုိင္တာပါ။ ဒါက နမူနာပါ။ ဝိုင္းေမာ္မွာလည္း ဒီတုိင္းပါပဲ၊ ဖားကန္႔မွာလည္း ဒီအတုိင္းပါပဲ။ အဓိက ဒီေရႊ႕ ေျပာင္းလုပ္သားေတြ ရက္ေပါင္း ၉၀ နဲ႔ လုပ္တဲ့ဟာမ်ိဳးေတြေပါ့” ဟု ေျပာသည္။

ထို႔အျပင္ တိုင္းရင္းသားပါတီမ်ားဘက္က စီမံခန္႔ခြဲမႈအပိုင္းအျပင္ စုစည္းမႈပိုင္းတြင္လည္း အားနည္းေနေသးသည့္ အခ်က္ကလည္း မဲရံႈးရသည့္ အခ်က္မ်ားထဲတြင္ ပါဝင္သည္ဟု ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးက ေျပာသည္။

“ေရာဂါကိုအေၾကာင္းျပၿပီးမွ ႀကိဳတင္ မဲေတြ ေဆာင္ရြက္တာ အဲ့ဒီမွာတစ္ခ်က္ေပါ့။ ႀကိဳတင္မဲေတြလို႔ ေျပာတာ ေတာ့ အသက္ ၆၀ ေက်ာ္၊ ဒါေပမယ့္ တကယ္တမ္းၾကေတာ့ ၆၀ မေက်ာ္တဲ့လူေတြတပံုတပင္ႀကီး၊ ေနာက္တစ္ ခ်က္က ပါတီႀကီးအေနနဲ႔ အထူးသျဖင့္ နယ္ေတြမွာဆုိလို႔ရွိရင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြကို ကိုင္တြယ္ထားပါ လိမ့္မယ္။ ဘာလို႔လည္း ဆိုေတာ့ က်ေနာ္ႀကံဳတဲ့ မဲဆႏၵနယ္ေျမ တစ္ခုမွာ ဆရာ့ကိုေရြးမယ့္ အဲ့ဒီရြာမွာ အုပ္ခ်ဳပ္ ေရးမွဴး က အျပတ္ကို ေျပာထားၿပီ။ အနီကိုပဲ ေပးရမယ္ ဘာညာ၊ တကယ္တမ္းၾကေတာ့လည္း အခု အေျဖ ထြက္လာေတာ့ လံုးလံုး လ်ားလ်ား က်ေနာ္တုိ႔က ရွက္စရာႀကီး ေလးငါး ဆယ္မဲ ဒီေလာက္ပဲရၿပီးေတာ့ သူတို႔ ဘက္က တစ္ရြာလံုးနီးပါး ေလာက္ရ တဲ့အေနအထားေတြ။ ေနာက္သူတို႔ စီမံ ေဆာင္ရြက္မႈေတြက ပိုေကာင္းတဲ့ သေဘာမ်ိဳး၊ က်ေနာ္ၾကည့္ ရတာ ေတာ့ ေဒၚစုၿပီးရင္ ၿပီးၿပီဆုိတဲ့သေဘာမ်ိဳး။”

ကရင္ျပည္နယ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီက တိုင္းရင္းသားေရးဝန္ႀကီးအပါအဝင္ လႊတ္ ေတာ္ေနရာ ၃၆ ေနရာရွိသည့္အနက္ NLD ပါတီက ေနရာ ၃၀ တြင္ အႏုိင္ရွိထားၿပီး၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရး ပါတီက ၄ ေနရာ၊ ကရင္ျပည္သူ႔ပါတီ(KPP) က သံေတာင္ၿမိဳ႕နယ္တြင္ တစ္ေနရာ၊ ကရင္ျပည္နယ္ အတြင္း မြန္ညီညြတ္ ေရးပါတီက မြန္တုိင္းရင္းသားေရးရာဝန္ႀကီးေနရာတို႔တြင္ အႏုိင္ရရွိထားသည္။

ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ KySDP ပါတီအေနျဖင့္လည္း ထင္သေလာက္ အႏုိင္မရရွိရသည့္ အေၾကာင္းအရင္းမ်ားႏွင့္ ပတ္သက္၍ ပါတီအတြင္းေရးမွဴး ခူးသဲရယ္ က “စည္းရံုးေရးလည္းလိုတယ္။ ေျပာ မယ္ဆိုရင္ ဒီၾကားထဲမွာလည္း လက္ရွိအာဏာရပါတီျဖစ္တယ္။ အစိုးရလည္း ျဖစ္ေနတဲ့အခါၾကေတာ့ ကိုဗစ္ နဲ႔ပတ္သက္တဲ့ ေထာက္ပံ့မႈေတြလည္း တခ်ိဳ႕ လိုက္ၿပီးေပးတာ ေပါ့ေနာ္။ ရုပ္ပိုင္းဆုိင္ရာနဲ႔ ပတ္သက္တာကိုပဲ သိရွိတဲ့အခါၾကေတာ့ ေငြေရးေၾကးေရးေထာက္ပံ့မႈေတြ ေပးႏို္င္တဲ့ ပါတီမဲထည့္တာပါတယ္။ ေနာက္တစ္ခ်က္ ကလည္း ဒီအခ်ိန္မွာက စစ္တပ္ေတြကို ႏုိင္တယ္ဆုိတာကလည္း NLD ပဲ ရွိတယ္ဆိုတဲ့ အျမင္မ်ိဳးေတြလည္း ရွိေနေသးတာေပါ့ေနာ္။ က်ေနာ္တို႔ ေျပာႏုိင္တာကေတာ့ တုိင္းရင္း သားေတြ ေတာ္ေတာ္မ်ားမ်ားက လက္ရွိ ႏိုင္ငံေရးကို နားမလည္တာလည္း ပါတာေပါ့” ဟု ေျပာသည္။

ကယားျပည္နယ္အတြင္း မဲဆႏၵနယ္ ၃၄ ေနရာရွိသည့္ အနက္ ေနရာ ၂၀ တြင္ NLD က အႏုိင္ရရွိထားၿပီး၊ ကယား ျပည္နယ္ဒီမိုကရက္တစ္ပါတီ KySDP က ၈ ေနရာ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP က ၆ ေနရာ အႏုိင္ရရွိထားသည္။
ခ်င္းျပည္နယ္တြင္လည္း မဲဆႏၵနယ္ ၃၉ ေနရာ ရွိသည့္အနက္ လႊတ္ေတာ္သုံးရပ္လုံးအတြက္ NLD ပါတီက ၃၆ ေနရာ အထိ အႏိုင္ရရွိခဲ့သည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ပါတီေပါင္း ၉၁ ပါတီ ေရြးေကာက္ပြဲဝင္ခဲ့ၾကၿပီး ပါတီေပါင္း ၁၉ ပါတီ က မဲဆႏၵနယ္ အလိုက္ မဲႏုိင္ကာ လႊတ္ေတာ္အတြင္း ေရာက္ရွိႏုိင္မွာျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက တိုင္းရင္းသားေရးရာႏွင့္ လႊတ္ေတာ္သံုးရပ္အတြက္ ၉၂၀ ေနရာ၊ ျပည္ေထာင္စုႀကံံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP က ၇၁ ေနရာ၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ SNLD ပါတီက ၄၂ ေနရာ၊ ရခိုင္အမ်ိဳးသားပါတီက ၁၅ ေနရာ၊ တအာင္း(ပေလာင္) အမ်ိဳးသားပါတီ က ၁၂ ေနရာ၊ မြန္ညီညြတ္ေရးပါတီက ၁၂ ေနရာ၊ ပအုိဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီ က ၁၁ ေနရာ၊ ကယားျပည္နယ္ ဒီမိုကရက္ တစ္ပါတီ က ၈ ေနရာ၊ ကခ်င္ျပည္နယ္ ျပည္သူ႔႔ပါတီက ၄ ေနရာ အႏိုင္ရရွိထားသည္။

ထို႔အျပင္ ရခိုင့္ဦးေဆာင္ပါတီႏွင့္ “ဝ”အမ်ိဳးသားပါတီ က ၃ ေနရာစီ၊ လားဟူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ၊ ဇုိမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီႏွင့္ ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီတို႔က ၂ ေနရာစီ၊ ကယန္းအမ်ိဳးသားပါတီ၊ ကရင္ျပည္သူ႔ပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီႏွင့္ ခ်င္းအမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပါတီတုိ႔က ၁ ေနရာစီႏွင့္ တစ္သီးပုဂၢလ ဝင္ေရာက္ယွဥ္ၿပိဳင္သူမ်ားထဲက တုိင္း/ျပည္နယ္လႊတ္အတြက္ ၂ ေနရာ၊ တိုင္းရင္းသားေရးရာအတြက္ ၂ ေနရာစီ အႏုိင္ရရွိခဲ့ၾကသည္ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ UEC က ထုတ္ျပန္ထားသည္။