ဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှား၏ ဧရာမ သဘာဝ ဓါတ်ငွေ့ထုတ်လုပ် သန့်စင်စက်ရုံ လုပ်ငန်း ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ယူကရိန်းက ပစ်လွှတ်ခဲ့သော ဒရုန်းများသည် ရုရှားနိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး သဘာဝ ဓါတ်ငွေ့ စက်ရုံများမှ တစ်ခုပေါ်ကျရောက်ပြီး စက်ရုံ ရပ်ဆိုင်း သွားခဲ့သည်။
တနင်္ဂနွေနေ့က ပစ်လွှတ်လိုက်သည့် ယူကရိန်း ဒရုန်းများသည် ရုရှားနိုင်ငံ တောင်ပိုင်းရှိ ကာဇက်စတန်၊ ရုရှားနှင့် ကာဇက် ဒေသမှ သဘာဝ ဓါတ်ငွေ့များကို ပြုပြင်သန့်စင် ထုတ်လုပ်သည် စက်ရုံကို ထိမှန်ပြီး စက်ရုံ အစိတ်အပိုင်းတချို့ မီးလောင် သွားခဲ့ခြင်း ဖြစ်သည်။
အိုရင်ဘတ် ခေါ် ရုရှား အစိုးရပိုင် ကုမ္ပဏီက လည်ပတ်သည့် အဆိုပါ စက်ရုံသည် ရုရှား အနေနှင့်သာမက ကမ္ဘာ့ အတိုင်း အတာ အရပါ အကြီးမား ဆုံး စက်ရုံများထဲတွင်ပါဝင်ပြီး တစ်နှစ်လျှင် သဘာဝ ဓါတ်ငွေ့ရည် ကုဗမီတာ ၄၅ ဘီလီယံ ထုတ်လုပ်သည့် စက်ရုံ ဖြစ်သည်။
ကာဇက်အာဏာပိုင်များ အဆိုအရ ဒရုန်းတိုက်ခိုက်မှုသည် အလုပ်ရုံ တစ်ခုကို ထိခိုက်ပြီး မီးလောင် သွားသည့် အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။
ရုရှား၏ စစ်အသုံးစားရိတ်များကို အဓိက ပံ့ပိုးပေးနေသည့် အရင်းအမြစ်များဟု ဆိုကာ လောင်စာ ဆီ ထုတ်လုပ်မှုများကို မကြာခင် လများအတွင်း ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်လာခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၁၇ ရက် အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး တို့ တွေ့ဆုံရာတွင် ယူကရိန်းကတောင်းသည့် တာဝေးပစ် ပဲ့ထိန်း ဒုံးကျည် တိုမာဟော့ခ် များ ပေးရန် ထရန့်က ငြင်းဆိုခဲ့ပြီး နောက်တွင် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။