မိုးကုတ်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ရွေးကောက်ပွဲပြီး နောက် ပိုင်း မိုးကုတ်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က အဆိုပါမြို့နယ်ထဲတွင် ပထမအကြိမ်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ည(ယမန်နေ့ည) က ဒုတိယ အကြိမ်အဖြစ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဟုတ်ကဲ့ မနေ့ညက ၈ နာရီ လောက်ပေ့ါ၊ မိုးကုတ်နားက လွယ်ဦးရပ်ကွက်နားကပေါ့၊ ကျောက်ဝါဘက်ကနေ ကျနော်တို့ဘက်က တစ်ဖွဲ့ က ဆင်းလာတယ်။ ဆင်းလာတော့ လွယ်ဦးနားရောက်တော့ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ ပြီးမှ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲ မိနစ် ၂၀ လောက်ဖြစ်သွားတယ်။ လမ်းထိပ်တိုက်တွေ့တော့ ရင်ဆိုင် တိုက်ပွဲဖြစ်တာပါ။ အခု မိုးကုတ်မှာ ဖြစ်တာ နှစ်ခေါက်ရှိပြီပေါ့၊ ဒီလထဲမှာပဲလေ။ တခြားမြို့နယ်တွေမှာတော့ တိုက်ပွဲမရှိဘူး။ အဲ့မိုးကုတ်ဘက်မှာပဲ။ ဒီမနက်ပိုင်းတော့ ငြိမ်နေတယ်” ဟု ပြောသည်။

ယမန်နေ့ ညဖြစ်ပွားခဲ့သည့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွင် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဘက်တွင် ထိခိုက်ဒဏ်ရာ ရရှိမှု၊ ကျဆုံးမှုများ မရှိဘူးဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

မိုးကုတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ လီဆူအမျိုးသားဖွံ့ ဖြိုးတိုး တက် ရေးပါတီ(မိုးကုတ်) ဗဟို ဒု-ဥက္ကဋ္ဌ ဒေါ်ခင်မာဦး က “ဖြစ်တယ်ဆိုတာက မိုးကုတ်မြို့ ရဲ့ အထက်တောင် ပေါ်မှာ ဖြစ်တာ။ မိုးကုတ်တစ်မြို့လုံးကနေတော့ ပစ်ခတ်သံတွေက ကြားကြတယ်လေ။ လွယ်ဦးနဲ့ နီးနီးလေးပဲ။ လော လောဆယ် အဲ့ရွာတွေထဲမှာ တပ်မတော်က ရှိနေတုန်းပဲ။ ကျောက်ဝါ၊ ကျောက်ပုံတို့၊ မန်နားတို့၊ ပိန်းပစ်တို့ဆို တာကလည်း ကိုယ့်လီဆူတွေကြီးပဲ နေတဲ့နေရာတွေပဲ ဖြစ်နေတာကိုး။ အဲမှာ တပ်မတော်က ရွာထဲမှာလာထိုင် နေတာကိုး၊ တောထဲကလူတွေကတော့ တောအစပ်မှာ နေနေတော့ ရွာကလူတွေကတော့ ဒီဘက်ကို ဆင်းပြေး လာကြပြီ” ဟု ပြောသည်။

မိုးကုတ်မြို့ ရှိ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေပါတီ(ဒူးလေးပါတီ) ရုံး တွင်လည်း စစ်ဘေးရှောင်လာကြသူများ ရှိနေပြီဖြစ်ပြီး အခြားသော ဘုန်းတော်ကြီးကျောင်းများ၊ အဆောင်များနှင့် နီးစပ်ရာဆွေမျိုးများ၏ အိမ်များတွင် လည်း စစ်ဘေးရှောင်လာကြသူများ ရှိနေပြီဟု ဒေါ်ခင်မာဦး က ဆက်ပြောသည်။

“အခုအစ်မတို့ ရုံးကိုရောက်နေတာ ဆယ်ယောက်လောက်ရှိပြီ။ တချို့လည်း တခြားနေရာတွေရောက်နေပြီ။ ထပ်လာမယ့်ဟာတွေလည်းရှိသေးတယ်။ ဘုရားကျောင်းအဆောင်တွေမှာ နေကြတာလည်းရှိတယ်။ ခရစ် ယာန်မဟုတ်တဲ့လူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ တချို့ ရှိနေပြီ။ ရွာထဲမှာရော စစ်သားတွေရှိနေတယ်၊ တောထဲမှာလည်း ရှိနေတယ်ဆိုတော့ ညအတွက် ကြောက်ပြီး အခု ရွာတွေကနေ လူတွေက ထွက်ပြေးလာ နေကြတာ။ ကြောက်လို့ ရှောင်လာကြတာမျိုးပေါ့။”

မိုးကုတ် နှင့် မိုးမိတ်ကြားတွင်လည်း နိုဝင်ဘာလ ၂၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ကျနော်တို့ မိုးကုတ်-မိုးမိတ်ကြားပေါ့ လွယ်ဆာရွာမှာလည်း တိုက်ပွဲအသံတွေကြားတယ်။ ပစ်ခတ်တာတွေ ရှိ တယ်ပေါ့နော်။ လွယ်ဆာကတော့ မိုးကုတ်နဲ့ မိုးမိတ်ကြားမှာပဲ။ ဒီမှာတော့ ကျနော်တို့ တအန်းတွေလည်းများ တယ်။ ပြီးတော့ လီဆူတွေလည်းရှိတယ်။ ဒီနေ့ပေါ့ ပစ်ခတ်သံတွေကြားရတာက။ ရွာသားတွေကတော့ တစ် ချက်စောင့်ကြည့်နေတာပေါ့ဗျာ။”

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူကို ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ အင်တာနက် စာမျက်နှာ တွင်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မိုးကုတ်မြို့နယ် ရွှေညောင်ပင်နှင့် လွယ်ယောက်နားတဝိုက်တွင် တပ်မတော် နှင့် TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်အတွင်းက နေရာနှစ်နေရာ ခန့် တွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

*** ZAWGYI ***
မိုးကုတ္တြင္ တပ္မေတာ္နွင့္ TNLA တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္။

တပ္မေတာ္ႏွင့္ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား ေရြးေကာက္ပြဲၿပီး ေနာက္ ပိုင္း မိုးကုတ္ၿမိဳ႕နယ္တြင္ ဒုတိယအႀကိမ္ေျမာက္ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့သည္။

ၿပီးခဲ့သည့္ နို၀င္ဘာလ ၁၉ ရက္ေန႔က အဆိုပါၿမိဳ႕နယ္ထဲတြင္ ပထမအႀကိမ္ျဖစ္ပြားခဲ့ၿပီး နို၀င္ဘာလ ၂၄ ရက္ေန႔ည(ယမန္ေန႔ည) က ဒုတိယ အႀကိမ္အျဖစ္ ထပ္မံျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ က ေျပာသည္။

PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မွဴးမုိင္းအိုက္ေက်ာ္ က “ဟုတ္ကဲ့ မေန႔ညက ၈ နာရီ ေလာက္ေပ့ါ၊ မိုးကုတ္နားက လြယ္ဦးရပ္ကြက္နားကေပါ့၊ ေက်ာက္ဝါဘက္ကေန က်ေနာ္တုိ႔ဘက္က တစ္ဖြဲ႕ က ဆင္းလာတယ္။ ဆင္းလာေတာ့ လြယ္ဦးနားေရာက္ေတာ့ တပ္မေတာ္နဲ႔ ထိပ္တုိက္ေတြ႕ ၿပီးမွ တုိက္ပြဲျဖစ္တာပါ။ တုိ္က္ပြဲ မိနစ္ ၂၀ ေလာက္ျဖစ္သြားတယ္။ လမ္းထိပ္တုိက္ေတြ႕ေတာ့ ရင္ဆုိင္ တုိက္ပြဲျဖစ္တာပါ။ အခု မိုးကုတ္မွာ ျဖစ္တာ ႏွစ္ေခါက္ရွိၿပီေပါ့၊ ဒီလထဲမွာပဲေလ။ တျခားၿမိဳ႕နယ္ေတြမွာေတာ့ တိုက္ပြဲမရွိဘူး။ အဲ့မိုးကုတ္ဘက္မွာပဲ။ ဒီမနက္ပိုင္းေတာ့ ၿငိမ္ေနတယ္” ဟု ေျပာသည္။

ယမန္ေန႔ ညျဖစ္ပြားခဲ့သည့္ ႏွစ္ဖက္ရင္ဆုိင္တုိက္ပြဲတြင္ တအန္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ဘက္တြင္ ထိခိုက္ဒဏ္ရာ ရရွိမႈ၊ က်ဆံုးမႈမ်ား မရွိဘူးဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က ေျပာသည္။

မိုးကုတ္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ တုိက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ လီဆူအမ်ိဳးသားဖြံ႕ ၿဖိဳးတိုး တက္ ေရးပါတီ(မိုးကုတ္) ဗဟို ဒု-ဥကၠ႒ ေဒၚခင္မာဦး က “ျဖစ္တယ္ဆိုတာက မိုးကုတ္ၿမိဳ႕ ရဲ႕ အထက္ေတာင္ ေပၚမွာ ျဖစ္တာ။ မိုးကုတ္တစ္ၿမိဳ႕လံုးကေနေတာ့ ပစ္ခတ္သံေတြက ၾကားၾကတယ္ေလ။ လြယ္ဦးနဲ႔ နီးနီးေလးပဲ။ ေလာ ေလာဆယ္ အဲ့ရြာေတြထဲမွာ တပ္မေတာ္က ရွိေနတုန္းပဲ။ ေက်ာက္ဝါ၊ ေက်ာက္ပံုတို႔၊ မန္နားတို႔၊ ပိန္းပစ္တို႔ဆုိ တာကလည္း ကိုယ့္လီဆူေတြႀကီးပဲ ေနတဲ့ေနရာေတြပဲ ျဖစ္ေနတာကိုး။ အဲမွာ တပ္မေတာ္က ရြာထဲမွာလာထုိင္ ေနတာကိုး၊ ေတာထဲကလူေတြကေတာ့ ေတာအစပ္မွာ ေနေနေတာ့ ရြာကလူေတြကေတာ့ ဒီဘက္ကို ဆင္းေျပး လာၾကၿပီ” ဟု ေျပာသည္။

မိုးကုတ္ၿမိဳ႕ ရွိ လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရပါတီ(ဒူးေလးပါတီ) ရံုး တြင္လည္း စစ္ေဘးေရွာင္လာၾကသူမ်ား ရွိေနၿပီျဖစ္ၿပီး အျခားေသာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ အေဆာင္မ်ားႏွင့္ နီးစပ္ရာေဆြမ်ိဳးမ်ား၏ အိမ္မ်ားတြင္ လည္း စစ္ေဘးေရွာင္လာၾကသူမ်ား ရွိေနၿပီဟု ေဒၚခင္မာဦး က ဆက္ေျပာသည္။

“အခုအစ္မတို႔ ရံုးကိုေရာက္ေနတာ ဆယ္ေယာက္ေလာက္ရွိၿပီ။ တခ်ိဳ႕လည္း တျခားေနရာေတြေရာက္ေနၿပီ။ ထပ္လာမယ့္ဟာေတြလည္းရွိေသးတယ္။ ဘုရားေက်ာင္းအေဆာင္ေတြမွာ ေနၾကတာလည္းရွိတယ္။ ခရစ္ ယာန္မဟုတ္တဲ့လူေတြကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ တခ်ိဳ႕ ရွိေနၿပီ။ ရြာထဲမွာေရာ စစ္သားေတြရွိေနတယ္၊ ေတာထဲမွာလည္း ရွိေနတယ္ဆိုေတာ့ ညအတြက္ ေၾကာက္ၿပီး အခု ရြာေတြကေန လူေတြက ထြက္ေျပးလာ ေနၾကတာ။ ေၾကာက္လို႔ ေရွာင္လာၾကတာမ်ိဳးေပါ့။”

မိုးကုတ္ ႏွင့္ မိုးမိတ္ၾကားတြင္လည္း ႏုိဝင္ဘာလ ၂၅ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ သည္ဟု အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦးက ေျပာသည္။

“က်ေနာ္တုိ႔ မိုးကုတ္-မိုးမိတ္ၾကားေပါ့ လြယ္ဆာရြာမွာလည္း တိုက္ပြဲအသံေတြၾကားတယ္။ ပစ္ခတ္တာေတြ ရွိ တယ္ေပါ့ေနာ္။ လြယ္ဆာကေတာ့ မိုးကုတ္နဲ႔ မိုးမိတ္ၾကားမွာပဲ။ ဒီမွာေတာ့ က်ေနာ္တို႔ တအန္းေတြလည္းမ်ား တယ္။ ၿပီးေတာ့ လီဆူေတြလည္းရွိတယ္။ ဒီေန႔ေပါ့ ပစ္ခတ္သံေတြၾကားရတာက။ ရြာသားေတြကေတာ့ တစ္ ခ်က္ေစာင့္ၾကည့္ေနတာေပါ့ဗ်ာ။”

တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူကို ဆက္သြယ္ခဲ့ ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။ ထို႔အျပင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး၏ အင္တာနက္ စာမ်က္ႏွာ တြင္လည္း တစ္စံုတစ္ရာ ထုတ္ျပန္ထားျခင္း မရွိေသးေပ။

ႏိုဝင္ဘာလ ၁၉ ရက္ေန႔ကလည္း မိုးကုတ္ၿမိဳ႕နယ္ ေရႊေညာင္ပင္ႏွင့္ လြယ္ေယာက္နားတဝိုက္တြင္ တပ္္မေတာ္ ႏွင့္ TNLA တုိ႔အၾကား တုိက္ပြဲ ျဖစ္ပြားခဲ့သည္။

ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ မူဆယ္ၿမိဳ႕နယ္အတြင္းက ေနရာႏွစ္ေနရာ ခန္႔ တြင္ တပ္မေတာ္ ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တို႔အၾကား တုိက္ပြဲမ်ား ျဖစ္ပြားခဲ့သည္။