NLD အစိုးရသစ်နှင့် သင့်မြတ်ရေး ညီညွတ်ရေး လုပ်ငန်းများ လုပ်ဆောင်မည်ဟု PPST ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်သော အနိုင်ရ အစိုးရသစ်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အမျိုးသား ညီညွတ်ရေးကို ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု NCA အပစ်ရပ် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ပြောသည်။

နိုဝင်ဘာလ ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေး အပြီး NLD ပါတီသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒီ ရွေးကောက်ပွဲ မတိုင်ခင်ရော အပြီးတဲ့ အချိန်မှာရော လက်ရှိနိုင်ငံရေး ပါတီပေါ့ NLD ပေါ့ အစိုးရဖြစ်မယ့် ပါတီက အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ညီညွှတ်ရေးကို သူ့မူဝါဒအဖြစ် အကောင်အထည်ဖော်မယ်လို့ ကြေညာလိုက်တဲ့ အပေါ်မှာ ကျနော်တို့က အားရဝမ်းသာဖြစ်ပြီးတော့ လက် တွေ့ ဖြစ် လာဖို့အတွက် ပူးပေါင်းဆောင်ရွက် ရမှာပေါ့” ဟု ပြောသည်။

PPST က NLD ပါတီထံ ပေးပို့သည့် သဝဏ်လွှာထဲတွင် ရွေးကောက်ပွဲတွင် NLD ပါတီက “သောင်ပြိုကမ်းပြို” အနိုင်ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် မိမိတို့ PPST အနေဖြင့်လည်း ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက် ရေးအတွက် မကြာခင်ကာလတွင် ဖွဲ့စည်းမည့် အစိုးရနှင့်အတူ နိုင်ငံရေး ကတိကဝတ်ခိုင်မာစွာဖြင့် ကြိုပမ်းဆောင်ရွက်သွားမည်ဖြစ်သည် ဟု ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လက်တွေ့ဖြစ်ရေးကတော့ သူတို့ကြီးပဲ အားကိုးလို့မရဘူး။ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်မှပဲ လက်တွေ့ဖြစ်လာမှာ။ ဒါကြောင့် ကျနော်တို့လည်း ကပ်ဖဲ့ရပ်ဖဲ့ မလုပ်ပဲနဲ့ ပူးပေါင်း ဆောင် ရွက်မယ်ဆိုရင် အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွှတ်ရေးပေါ်လစီဟာ အောင် မြင်သွားမယ်လို့ ကျနော်ယုံကြည်ပါတာပေါ့” ဟု ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် လက်ရှိ တိုင်းပြည်အတွင်းရင်ဆိုင်နေရသော နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်တို့ကို အမျိုးသား ညီညွှတ်ရေးနှင့် အမျိုးသား ပြန်လည် သင့် မြတ်ရေး စိတ်ဓာတ် အခြေခံဖြင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်သွား လိမ့်မည်ဟု မျှော်လင့်မိပါသည်ဟု သ ဝဏ်လွှာထဲတွင် ထည့်သွင်းထားသည်။

အလားတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD အစိုးရ နှင့် တန်းတူညီမျှစွာ ညှိနှိုင်းမှုမှတစ်ဆင့် အမျိုးသားရင် ကြားစေ့ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်း လုပ်ဆောင်သွား မည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။

PPST ၏ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၅၀ တက်ရောက်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
NLD အစိုးရသစ္ႏွင့္ သင့္ျမတ္ေရး ညီညြတ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္မည္ဟု PPST ဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၇ ရက္။

အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ဦးေဆာင္ေသာ အႏိုင္ရ အစိုးရသစ္နွင့္ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ အမ်ိဳးသား ညီၫြတ္ေရးကို ပူးေပါင္း အေကာင္အထည္ေဖာ္ လုပ္ေဆာင္သြားမည္ဟု NCA အပစ္ရပ္ လက္မွတ္ေရး ထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားက ေျပာသည္။

ႏို၀င္ဘာလ ၂၅ ႏွင့္ ၂၆ ရက္ေန႔တို႔တြင္ က်င္းပျပဳလုပ္သည့္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ၏ အစည္းအေ၀း အၿပီး NLD ပါတီသို႔ သဝဏ္လႊာတစ္ေစာင္ ေပးပို႔ခဲ့သည္။

PPST ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ခြန္ဥကၠာက “ဒီ ေရြးေကာက္ပြဲ မတိုင္ခင္ေရာ အၿပီးတဲ့ အခ်ိန္မွာေရာ လက္ရွိႏိုင္ငံေရး ပါတီေပါ့ NLD ေပါ့ အစိုးရျဖစ္မယ့္ ပါတီက အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး၊ အမ်ိဳးသား ညီၫႊတ္ေရးကို သူ႔မူဝါဒအျဖစ္ အေကာင္အထည္ေဖာ္မယ္လို႔ ေၾကညာလိုက္တဲ့ အေပၚမွာ က်ေနာ္တို႔က အား ရ၀မ္ းသာျဖစ္ၿပီးေတာ့ လက္ ေတြ႕ ျဖစ္ လာဖို႔အတြက္ ပူးေပါင္းေဆာင္ရြက္ ရမွာေပါ့” ဟု ေျပာသည္။

PPST က NLD ပါတီထံ ေပးပို႔သည့္ သ၀ဏ္လႊာထဲတြင္ ေရြးေကာက္ပြဲတြင္ NLD ပါတီက “ေသာင္ၿပိဳကမ္းၿပိဳ” အႏိုင္ရရွိခဲ့သည့္အတြက္ ၀မ္းေျမာက္ဂုဏ္ယူေၾကာင္းႏွင့္ မိမိတို႔ PPST အေနျဖင့္လည္း ေရရွည္တည္တ့ံ ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးႏွင့္ ဒီမိုကေရစီ ဖက္ဒရယ္စနစ္တို႔ကို အေျခခံေသာ ျပည္ေထာင္စု တည္ေဆာက္ ေရးအတြက္ မၾကာခင္ကာလတြင္ ဖြဲ႔စည္းမည့္ အစိုးရႏွင့္အတူ ႏိုင္ငံေရး ကတိက၀တ္ခိုင္မာစြာျဖင့္ ႀကိဳပမ္းေဆာင္ရြက္သြားမည္ျဖစ္သည္ ဟု ဆိုသည္။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာက “လက္ေတြ႕ျဖစ္ေရးကေတာ့ သူတို႔ႀကီးပဲ အားကိုးလို႔မရဘူး။ က်ေနာ္တို႔ ပူးေပါင္း ေဆာင္ရြက္မွပဲ လက္ေတြ႕ျဖစ္လာမွာ။ ဒါေၾကာင့္ က်ေနာ္တို႔လည္း ကပ္ဖဲ့ရပ္ဖဲ့ မလုပ္ပဲနဲ႔ ပူးေပါင္း ေဆာင္ ရြက္မယ္ဆိုရင္ အစိုးရရဲ႕ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ အမ်ိဳးသား ညီၫႊတ္ေရးေပၚလစီဟာ ေအာင္ ျမင္သြားမယ္လို႔ က်ေနာ္ယံုၾကည္ပါတာေပါ့” ဟု ေျပာသည္။

ထို႔အျပင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီအေနျဖင့္ လက္ရွိ တိုင္းျပည္အတြင္းရင္ဆိုင္ေနရေသာ ႏိုင္ငံ ေရး၊ စီးပြားေရး၊ လူမႈေရး ျပႆနာ အရပ္ရပ္တို႔ကို အမ်ိဳးသား ညီၫႊတ္ေရးႏွင့္ အမ်ိဳးသား ျပန္လည္ သင့္ ျမတ္ေရး စိတ္ဓာတ္ အေျခခံျဖင့္ ရင္ဆိုင္ေျဖရွင္းေဆာင္ရြက္သြား လိမ့္မည္ဟု ေမွ်ာ္လင့္မိပါသည္ဟု သ ၀ဏ္လႊာထဲတြင္ ထည့္သြင္းထားသည္။

အလားတူ ေျမာက္ပိုင္းတိုင္းရင္းသား လက္နက္ကိုင္ ၇ ဖြဲ႕ ျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ FPNCC ကလည္း ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ NLD အစိုးရ ႏွင့္ တန္းတူညီမွ်စြာ ညႇိႏႈိင္းမႈမွတစ္ဆင့္ အမ်ိဳးသားရင္ ၾကားေစ့ေရး၊ လူေနမႈ အဆင့္အတန္း ျမႇင့္တင္ေရး လုပ္ငန္းစဥ္မ်ားကို အတူတကြ ပူးေပါင္း လုပ္ေဆာင္သြား မည္ဟု ႏိုဝင္ဘာလ ၁၈ ရက္ေန႔က ထုတ္ျပန္ထားသည္။

FPNCC အဖြဲ႕တြင္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO၊ ရွမ္းျပည္တိုးတက္ေရး ပါတီ SSPP၊ ျမန္မာႏိုင္ငံ အမွန္တရားႏွင့္ မွ်တမႈ အမ်ိဳးသားပါတီ MNDAA၊ ရကၡိဳင့္အမ်ိဳးသား အဖြဲ႕ခ်ဳပ္ ULA၊ ပေလာင္ ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ ၄ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရး ေကာ္မတီ (မိုင္းလား) NDAA “ဝ” ျပည္ေသြးစည္းညီၫႊတ္ေရးပါတီ UWSP တို႔ပါဝင္သည္။

PPST ၏ အစည္းအေ၀းသို႔ PPST ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္မ်ား၊ အႀကံေပးပုဂၢိဳလ္မ်ား၊ WLPP (Women Leadership in Peace Process) မွ ေလ့လာသူမ်ားႏွင့္ NCA-S EAO ရံုး၀န္ထမ္းမ်ား စုစုေပါင္း လူဦးေရ ၅၀ တက္ေရာက္ခဲ့သည္ဟု သိရသည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။