အပစ်ရပ် ထိပ်သီးညီလာခံ လာမည့် နှစ်ဆန်းတွင် ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
လာမည့်နှစ်ဆန်းပိုင်းတွင် အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ဒုတိယ) ပိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သွားရန် ရှိသည်။
အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က “NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယ) ပိုင်းကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ လျာထား သတ်မှတ်နိုင်ခဲ့ပြီး စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ Video Conferencing ဖြင့် ပြုလုပ်သည့် (၁၂/၂၀၂၀) အစည်း အဝေး နိဂုံးချုပ် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြု လုပ်ခဲ့ကြသည်။
အဆိုပါ ညီလာခံတွင် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသား အစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ (ဒုတိယ) ပိုင်းကို ဆက်လက်ပြုလုပ်ရန် မေလ ၁၈ ရက် နေ့ အစည်းအဝေးတွင် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။
ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များမှာ ဆွေးနွေးပွဲများကြောင့် အားလပ်မှုမရှိခြင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခြင်း များကြောင့် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်နိုင် ခြင်းမရှိပဲ ကြန့်ကြာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
ညီလာခံကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက် ရှိဖြစ်ပွားနေသည့် ကပ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ်တွင် မူတည်၍ ညီလာခံကို ခေါ်ယူသွားရန်ရှိသည်ဟု ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “Summit က ကျနော်တို့ လုပ်ချင်တာကတော့ တတ်နိုင်သလောက်စောစောပေါ့။ ပထမဆုံးဖြတ်ချက် အားလုံးကတော့ ၂၀၂၀ နှစ်ကုန်ပေါ့ အဲဒီ ဒီဇင်ဘာ မတိုင်ခင်လုပ်ဖို့ ဆုံးဖြတ်ထားတာ ၂ ခါလောက်ရှိပြီ သို့သော် ခရီးသွားလာရေး အခက်အခဲ ကျနော်တို့က လုပ်မယ်ဆိုလည်း ထိုင်းနိုင်ငံမှာ လုပ်မယ် ဆိုရင် ပြည်တွင်းက ခရီးသည်တွေ ကိုယ်စားလှယ်တွေ လာဖို့ စီစဉ်ဖို့ သွားလာရေး အခက်အခဲကို ကျော်ဖြတ် နိုင်ဖို့လိုတော့ ကပ်ရောဂါကြီးကို ဘယ်လိုကျော်မလဲပေါ့။ ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေ ခရီးသွား လာမှုအတွက် ခွင့်ပြုနိုင်တဲ့ အခြေအနေမှာမှ ကျနော်တို့က လုပ်ရတော့မယ့် အခြေအနေဖြစ် သွားပြီ ဒါကြောင့် ကပ်ရောဂါ ကျယ်ပြန့်မှုကို ကြည့်ပြီးတော့ ထိန်းချုပ်နိုင်တဲ့ အခြေအနေအပေါ်မှာ မူတည် ပြီးတော့ ကျနော်တို့ က ကျနောတို့ရဲ့ Summit ကို ခေါ်ယူဖို့ အဲသလို စဉ်းစားထားပါတယ်” ဟု ပြောသည်။
လက်ရှိ ကပ်ရောဂါ အနေအထားများကြောင့် ညီလာခံ ကျင်းပမည့် ရက်ကို တိတိကျကျ သတ်မှတ် နိုင်ခြင်း မရှိသေးပဲ ကပ်ရောဂါ ထိန်းချုပ်မှု အပေါ်မူတည်ပြီး လုပ်ဆောင်သွားရန် ရှိသည်ဟု ဆိုသည်။
ညီလာခံ ကျင်းပမည့် ရက်ကို အတိအကျ သတ်မှတ်၍ မရသေးသော်လည်း ညီလာခံကို ထိုင်း နိုင်ငံ ချင်း မိုင်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံ (ပထမ) ပိုင်းက မပြီး ပြတ်သေးသည့် အကြောင်းအရာများ ကို ဆက်လက် ဆွေးနွေးကြ မည်ဟု သိရသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လုပ်မယ်ဆိုရင် ထုံစံအတိုင်း ကျနော်တို့ ချင်းမိုင်မြို့မှာပဲ လုပ်မှာပါ။ ဒီဖက်မှာ ရှိတဲ့ ခေါင်းဆောင်တွေလည်း ဒီဖက်မှာ တစ်ခြမ်းရှိတယ်။ ဟိုဖက်မှာလည်း ခေါင်းဆောင်တစ်ချို့ ကျန်တော့ အဲဒါ ခရီးသွားလာရေးကို လွယ်အောင် ကျနော်တို့ စီစဉ်ဖို့လိုတာ” ဟု ပြောသည်။
အပစ်ရပ် အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်းတွင် တစ် ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ကျော်လွှားနိုင်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ဆွေးနွေး ညှိ နှိုင်းရေးအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် စုဖွဲ့မှုတစ်ခုကို ဖွဲ့စည်းနိုင်ရန် အ လုပ်အဖွဲ့ဆိုသည့် အဖွဲ့ ၂ ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
သို့သော် အဆိုပါ အလုပ်အဖွဲ့ ၂ ခုကို နိုဝင်ဘာလအတွင်း ၂ ရက်တာ ပြုလုပ်ခဲ့သည့် NCA အပစ်ရပ်အဖွဲ့များ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အစည်းအဝေးတွင် ဖျက်သိမ်း ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အစိုးရသစ် မဖွဲ့နိုင်မီ အချိန်တွင် အလွတ်သဘော တွေ့ ဆုံဆွေးနွေးနိုင်ရန် ယာယီ တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ကို တစ်ခုကို ဖွဲ့စည်းခဲ့သည်။
ထို့ကြောင့် အစိုးရသစ်၊ တပ်မတော်တို့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ် မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းတွင် အလုပ်အဖွဲ့အသစ်ကို တရား ဝင် ဖွဲ့စည်း သွားရန်ရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုသည်။
၂ ရက်တာ ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အအကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၅၀ တက်ရောက်ခဲ့သည်ဟု သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
*** ZAWGYI ***
အပစ္ရပ္ ထိပ္သီးညီလာခံ လာမည့္ ႏွစ္ဆန္းတြင္ က်င္းပမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၇ ရက္။
လာမည့္ႏွစ္ဆန္းပိုင္းတြင္ အပစ္ရပ္အဖြဲ႔မ်ား၏ စတုတၳ အႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား၏ ညီလာခံ (ဒုတိယ) ပိုင္း အစည္းအေ၀းကို က်င္းပျပဳလုပ္သြားရန္ ရွိသည္။
အပစ္ရပ္ အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ယာယီအဖြဲ႔ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က “NCA-S EAO တို႔ရဲ႕ စတုတၳအႀကိမ္ ညီလာခံ (ဒုတိယ) ပိုင္းကို လာမယ့္ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ က်င္းပဖို႔ လ်ာထား သတ္မွတ္ႏိုင္ခဲ့ၿပီး စုဖြဲ႔မႈကို ျပန္လည္သံုးသပ္ဖို႔ ေဆြးေႏြးႏိုင္ခဲ့တယ္” ဟု ေျပာသည္။
ႏို၀င္ဘာလ ၂၅ ရက္ေန႔မွ ၂၆ ရက္ေန႔အထိ ၂ ရက္တာ ျပဳလုပ္သည့္ NCA အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ၏ Video Conferencing ျဖင့္ ျပဳလုပ္သည့္ (၁၂/၂၀၂၀) အစည္း အေ၀း နိဂံုးခ်ဳပ္ မိန္႔ခြန္းတြင္ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေမလ ၁၄ ရက္ကေန ၁၈ ရက္ေန႔အထိ အပစ္ရပ္အဖြဲ႔မ်ား၏ စတုတၳ အႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား၏ ညီလာခံ (ပထမ) ပိုင္း အစည္းအေ၀းကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ က်င္းပျပဳ လုပ္ခဲ့ၾကသည္။
အဆိုပါ ညီလာခံတြင္ အပစ္ရပ္ အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST စုဖြဲ႔မႈကိစၥမ်ား၊ PPST မွ ကရင္အမ်ိဳးသား အစည္းအရံုး KNU ႏုတ္ထြက္စာတင္ထားသည့္ ကိစၥရပ္မ်ား အစရွိသည္မ်ားကို ေဆြးေႏြးရာတြင္ မၿပီးျပတ္ခဲ့သည့္အတြက္ ညီလာခံ (ဒုတိယ) ပိုင္းကို ဆက္လက္ျပဳလုပ္ရန္ ေမလ ၁၈ ရက္ ေန႔ အစည္းအေ၀းတြင္ သေဘာတူထားခဲ့ၾကျခင္း ျဖစ္သည္။
ညီလာခံကို တစ္လအတြင္း ထပ္မံက်င္းပျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း သက္ဆိုင္ရာ အဖြဲ႕အစည္း မ်ားမွာ ေဆြးေႏြးပြဲမ်ားေၾကာင့္ အားလပ္မႈမရွိျခင္း၊ ထုိ႔အျပင္ COVID-19 ကပ္ေရာဂါ ျဖစ္ပြားလာျခင္း မ်ားေၾကာင့္ ေဆြးေႏြးပြဲမ်ား က်င္းပ ျပဳလုပ္ႏိုင္ ျခင္းမရွိပဲ ၾကန႔္ၾကာေနသည္မွာ ယေန႔အခ်ိန္အထိျဖစ္သည္။
ညီလာခံက်င္းပမည့္ အေျခအေနႏွင့္ ပတ္သက္၍ PPST ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ခြန္ဥကၠာက လက္ ရွိျဖစ္ပြားေနသည့္ ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္မႈအေပၚတြင္ မူတည္၍ ညီလာခံကို ေခၚယူသြားရန္ရွိသည္ဟု ေျပာသည္။
ဗိုလ္မွဴးႀကီး ခြန္ဥကၠာက “Summit က က်ေနာ္တို႔ လုပ္ခ်င္တာကေတာ့ တတ္ႏိုင္သေလာက္ေစာေစာေပါ့။ ပထမဆံုးျဖတ္ခ်က္ အားလံုးကေတာ့ ၂၀၂၀ ႏွစ္ကုန္ေပါ့ အဲဒီ ဒီဇင္ဘာ မတိုင္ခင္လုပ္ဖို႔ ဆံုးျဖတ္ထားတာ ၂ ခါေလာက္ရွိၿပီ သို႔ေသာ္ ခရီးသြားလာေရး အခက္အခဲ က်ေနာ္တို႔က လုပ္မယ္ဆိုလည္း ထိုင္းႏိုင္ငံမွာ လုပ္မယ္ ဆိုရင္ ျပည္တြင္းက ခရီးသည္ေတြ ကိုယ္စားလွယ္ေတြ လာဖို႔ စီစဥ္ဖို႔ သြားလာေရး အခက္အခဲကို ေက်ာ္ျဖတ္ ႏိုင္ဖို႔လိုေတာ့ ကပ္ေရာဂါႀကီးကို ဘယ္လိုေက်ာ္မလဲေပါ့။ ကပ္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေန ခရီးသြား လာမႈအတြက္ ခြင့္ျပဳႏိုင္တဲ့ အေျခအေနမွာမွ က်ေနာ္တို႔က လုပ္ရေတာ့မယ့္ အေျခအေနျဖစ္ သြားၿပီ ဒါေၾကာင့္ ကပ္ေရာဂါ က်ယ္ျပန္႔မႈကို ၾကည့္ၿပီးေတာ့ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနအေပၚမွာ မူတည္ ၿပီးေတာ့ က်ေနာ္တို႔ က က်ေနာတို႔ရဲ႕ Summit ကို ေခၚယူဖို႔ အဲသလို စဥ္းစားထားပါတယ္” ဟု ေျပာသည္။
လက္ရွိ ကပ္ေရာဂါ အေနအထားမ်ားေၾကာင့္ ညီလာခံ က်င္းပမည့္ ရက္ကို တိတိက်က် သတ္မွတ္ ႏိုင္ျခင္း မရွိေသးပဲ ကပ္ေရာဂါ ထိန္းခ်ဳပ္မႈ အေပၚမူတည္ၿပီး လုပ္ေဆာင္သြားရန္ ရွိသည္ဟု ဆိုသည္။
ညီလာခံ က်င္းပမည့္ ရက္ကို အတိအက် သတ္မွတ္၍ မရေသးေသာ္လည္း ညီလာခံကို ထိုင္း ႏိုင္ငံ ခ်င္း မိုင္ၿမိဳ႕တြင္ က်င္းပသြားမည္ျဖစ္ၿပီး ညီလာခံ (ပထမ) ပိုင္းက မၿပီး ျပတ္ေသးသည့္ အေၾကာင္းအရာမ်ား ကို ဆက္လက္ ေဆြးေႏြးၾက မည္ဟု သိရသည္။
ဗိုလ္မွဴးႀကီး ခြန္ဥကၠာက “လုပ္မယ္ဆိုရင္ ထံုစံအတိုင္း က်ေနာ္တို႔ ခ်င္းမိုင္ၿမိဳ႕မွာပဲ လုပ္မွာပါ။ ဒီဖက္မွာ ရွိတဲ့ ေခါင္းေဆာင္ေတြလည္း ဒီဖက္မွာ တစ္ျခမ္းရွိတယ္။ ဟိုဖက္မွာလည္း ေခါင္းေဆာင္တစ္ခ်ိဳ႕ က်န္ေတာ့ အဲဒါ ခရီးသြားလာေရးကို လြယ္ေအာင္ က်ေနာ္တို႔ စီစဥ္ဖို႔လိုတာ” ဟု ေျပာသည္။
အပစ္ရပ္ အဖြဲ႔မ်ား၏ စတုတၳ အႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား၏ ညီလာခံ (ပထမ) ပိုင္းတြင္ တစ္ ဆို႔ေနသည့္ ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားကို ေက်ာ္လႊားႏိုင္ရန္ အစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးမည့္ ေဆြးေႏြး ညႇိ ႏႈိင္းေရးအဖြဲ႕ႏွင့္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလုံးပါဝင္ႏိုင္သည့္ စုဖြဲ႕မႈတစ္ခုကို ဖြဲ႕စည္းႏိုင္ရန္ အ လုပ္အဖြဲ႕ဆိုသည့္ အဖြဲ႕ ၂ ဖြဲ႕ကို ဖြဲ႕စည္းႏိုင္ခဲ့သည္။
သို႔ေသာ္ အဆိုပါ အလုပ္အဖြဲ႔ ၂ ခုကို ႏိုဝင္ဘာလအတြင္း ၂ ရက္တာ ျပဳလုပ္ခဲ့သည့္ NCA အပစ္ရပ္အဖြဲ႔မ်ား ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ၏ အစည္းအေ၀းတြင္ ဖ်က္သိမ္း ခဲ့ၿပီး ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ NLD အစိုးရသစ္ မဖြဲ႔ႏိုင္မီ အခ်ိန္တြင္ အလြတ္သေဘာ ေတြ႕ ဆံုေဆြးေႏြးႏိုင္ရန္ ယာယီ ေတြ႕ဆံုညွိႏႈိင္းေရး အဖြဲ႔ကို တစ္ခုကို ဖြဲ႔စည္းခဲ့သည္။
ထို႔ေၾကာင့္ အစိုးရသစ္၊ တပ္မေတာ္တို႔ႏွင့္ ဆက္လက္ေတြ႕ဆံုေဆြးေႏြးႏိုင္ရန္အတြက္ အပစ္ရပ္ အဖြဲ႔မ်ား၏ စတုတၳအႀကိမ္ ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ (ဒုတိယ) ပိုင္းတြင္ အလုပ္အဖြဲ႔အသစ္ကို တရား ၀င္ ဖြဲ႔စည္း သြားရန္ရွိသည္ဟု ဗိုလ္မွဴးႀကီး ခြန္ဥကၠာ က ဆိုသည္။
၂ ရက္တာ က်င္းပျပဳလုပ္သည့္ PPST ၏ အစည္းအေ၀းသို႔ PPST ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္မ်ား၊ အအၾကံေပးပုဂၢိဳလ္မ်ား၊ WLPP (Women Leadership in Peace Process) မွ ေလ့လာသူမ်ားႏွင့္ NCA-S EAO ရံုး၀န္ထမ္းမ်ား စုစုေပါင္း လူဦးေရ ၅၀ တက္ေရာက္ခဲ့သည္ဟု သိရသည္။
တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္ လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။