အစိုးရသစ်နှင့် ဆွေးနွေးညှိနှိုင်းရန် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ အဖွဲ့တစ်ခု ဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST က လတ်တလော ကာလအတွက် ယာယီဖွဲ့စည်းလိုက်သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့ အနေ ဖြင့် လာမည့် ဒီဇင်ဘာလ ပထမအပတ်ထဲတွင် အစိုးရနှင့် တပ်မတော်တို့ အချင်းချင်း အလွတ် သဘော တွေ့ဆုံညှိနှိုင်းမှုမှ ထွက်ပေါ်လာမည့် ရလဒ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အလွတ်သဘော တွေ့ ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်သည်ဟု PPST က ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒါကလည်း လာမယ့် ဒီဇင်ဘာ ပထမအပတ်ထဲမှာ ဖြစ်ပေါ်လာမယ့် တပ်နဲ့ အစိုး ရနဲ့ ဆွေးနွေးမယ့် အလွတ်သဘောကနေ ထွက်ပေါ်လာတဲ့ဟာတွေကို ကျနော်တို့ အနေနဲ့ ပူးပေါင်း ပါဝင်ဖို့ နည်းလမ်းရှာကြဖို့ ဒီအစိုးရ အနေနဲ့ အစိုးရအသစ်ပြင်ဆင်တဲ့ကာလမှာ ကျနော်တို့ကလည်းပဲ ဆွေးနွေးမှု တွေကို အဆက်မပြတ် ကွင်းဆက်မပြတ်အောင် ဆက်လက်ထိန်းတဲ့အနေနဲ့ ဒီအဖွဲ့တွေ ဖွဲ့စည်း ပြီးတော့ ဆွေးနွေးမှုကို ဆက်လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဟော့ပါပဲ ကာလလည်း ကာလရှည် မဟုတ်ပါ ဘူး ကာလတို” ဟု ပြောသည်။

အစိုးရနှင့် တပ်မတော်တို့ အချင်းချင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု ပြီးမှသာ အဆိုပါ ညှိနှိုင်း ရေးအဖွဲ့က အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားရန် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ Video Conferencing ဖြင့် ပြုလုပ်သည့် (၁၂/၂၀၂၀) အစည်း အဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ညှိနှိုင်းရေးအဖွဲ့ကတော့ အသစ်လည်း မဟုတ်ဘူး အဟောင်းလည်း မဟုတ်ဘူး။ ကျနော်တို့ မနှစ်က ရှိခဲ့တဲ့ ညှိနှိုင်းရေး ၂ ဖွဲ့ကိုတော့ ကျနော်တို့က ဖျက်သိမ်း ပြီးတော့ အခုလက်ရှိ ညှိနှိုင်းရေးအဖွဲ့ကတော့ ဒီကြားကာလပါပဲ ကျနော်တို့ EAOs Summit မတိုင်ခင်မှာ လက်ရှိ အခြေအနေကို ထိန်းနိုင်ဖို့ဆိုပြီးတော့ အစိုးရ၊ တပ်မတော်နဲ့ လိုအပ်သလို အလွတ် သဘော ညှိဖို့ အတွက် ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်တဲ့ ဆယ်ဦးပေါ့” ဟု ပြောသည်။

လတ်တလော ကာလအတွက် အသစ်ဖွဲ့စည်းလိုက်သည့် PPST ၏ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ် မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောသည်။

“တစ်ဖွဲ့တစ်ဦးပါပဲ အခြေခံကတော့ ဒါပေမယ့် ရှိပြီးသား UPDJC မှာ အတွင်းရေးမှူး အဖွဲ့ဆိုတာရှိတယ်။ အားလုံး ၁၅ ဦးရှိတယ်။ နိုင်ငံရေးပါတီက ၅ ဦး ကျနော်တို့ အစိုးရ တပ်မတော်က ၅ ဦး ကျနော်တို့ဆီက ၅ ဦး အဲ့ဒီ ၅ ဦးထဲက ကျနော်တို့ရဲ့ UPDJC ၅ ဦးကို အခြေခံပြီးတော့ နောက်ထပ် ကျန်တဲ့ အဖွဲ့ထဲက တစ်ဦးစီ ပေါ့ဗျာ။ အားလုံး ၁၀ ဦးနဲ့ လတ်တလော ဆွေးနွေးရေး အဖွဲ့ကို ဖွဲ့လိုက်တာပေါ့။”

ယခုဖွဲ့စည်းလိုက်သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးအဖွဲ့သည် ယာယီသာဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယ) ပိုင်းတွင် တွေ့ဆုံဆွေးညှိနှိုင်းရေးအ ဖွဲ့ကို တရားဝင်ဖွဲ့စည်းသွားရန်ရှိသည် ဟု ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ် ဆောင်နေသကဲ့သို့ အခြားတစ်ဖက်တွင် အစိုးရ နှင့် NCA စာချုပ် လက်မှတ်မရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေး မှုများ ဆက်လက်ပြုလုပ်သွားရန် PPST ၏ အစည်းအဝေး အပြီး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် တိုက်တွန်းထားသည်။

ထို့အပြင် NCA-S EAO အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူ (All – inclusive Principle) ကို အစဉ်တစ်စိုက် ကိုင်စွဲထားမည်ဖြစ်ကြောင်း၊ All-inclusive Principle နှင့်အညီ သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် အပြန်အလှန်ယုံကြည်မှုကို တိုးမြင့် တည်ဆောက်ကာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသား ညီညွှတ်ရေး လုပ်ငန်းစဉ်များကို အတူတကွ လက်တွဲ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်ဟု ဆိုသည်။

NCA-S EAO အနေဖြင့် ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟူသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အခန်း ၁ အခြေခံမူ ပြဌာန်းချက်နှင့်အညီ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲလွန်ကာလတွင် ပေါ်ထွန်းလာမည့် အစိုးရနှင့် တစိုက်မတ်မတ် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ထုတ်ပြန်ချက်ထဲတွင်ထည့်သွင်း ထားသည်။

PPST ၏ Video Conferencing ဖြင့် ပြုလုပ်သည့် ၂ ရက်တာ အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်း ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ ကာလဖြစ်ပေါ် လာ သည့် နိုင်ငံရေး အခြေအနေများအပေါ် အချိန်ယူဆွေးနွေးခဲ့ကြပြီး ပြည်တွင်းငြိမ်း ချမ်းရေး အမျိုးသား ပြန် လည်သင့်မြတ်ရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် များကို ချမှတ်ခဲ့ကြပါသည်ဟု PPST က ပြောသည်။

၂ ရက်တာ ကျင်းပပြုလုပ်သည့် PPST ၏ အစည်းအဝေးသို့ PPST ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ WLPP (Women Leadership in Peace Process) မှ လေ့လာသူများနှင့် NCA-S EAO ရုံးဝန်ထမ်းများ စုစုပေါင်း လူဦးရေ ၅၀ တက်ရောက်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

*** ZAWGYI ***
အစိုးရသစ္ႏွင့္ ေဆြးေႏြးညိွႏိႈင္းရန္ အပစ္ရပ္ လက္နက္ကိုင္အဖြဲ႔မ်ား အဖြဲ႔တစ္ခု ဖြဲ႔စည္း

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ႏုိဝင္ဘာလ ၂၇ ရက္။

ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ NLD ပါတီက အစိုးရသစ္ မဖြဲ႔စည္းႏိုင္မီအခ်ိန္တြင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို အလြတ္သေဘာ ေဆြးေႏြးညွိႏႈိင္း ႏိုင္ရန္အတြက္ NCA အပစ္ရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားက ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းေရး အဖြဲ႔တစ္ခုကို ဖြဲ႔စည္းလိုက္သည္။

အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္ အဖြဲ႔ PPST က လတ္တေလာ ကာလအတြက္ ယာယီဖြဲ႔စည္းလိုက္သည့္ ေတြ႕ဆုံေဆြးေႏြးညွိႏႈိင္းေရး အဖြဲ႔ အေန ျဖင့္ လာမည့္ ဒီဇင္ဘာလ ပထမအပတ္ထဲတြင္ အစိုးရႏွင့္ တပ္မေတာ္တို႔ အခ်င္းခ်င္း အလြတ္ သေဘာ ေတြ႕ဆံုညွိႏႈိင္းမႈမွ ထြက္ေပၚလာမည့္ ရလဒ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ႏိုင္ရန္ႏွင့္ အလြတ္သေဘာ ေတြ႕ ဆံုေဆြးေႏြးႏိုင္ရန္ ရည္ရြယ္သည္ဟု PPST က ဆိုသည္။

ဗိုလ္မွဴးႀကီး ခြန္ဥကၠာက “အဲဒါကလည္း လာမယ့္ ဒီဇင္ဘာ ပထမအပတ္ထဲမွာ ျဖစ္ေပၚလာမယ့္ တပ္နဲ႔ အစိုး ရနဲ႔ ေဆြးေႏြးမယ့္ အလြတ္သေဘာကေန ထြက္ေပၚလာတဲ့ဟာေတြကို က်ေနာ္တို႔ အေနနဲ႔ ပူးေပါင္း ပါ၀င္ဖို႔ နည္းလမ္းရွာၾကဖို႔ ဒီအစိုးရ အေနနဲ႔ အစိုးရအသစ္ျပင္ဆင္တဲ့ကာလမွာ က်ေနာ္တို႔ကလည္းပဲ ေဆြးေႏြးမႈ ေတြကို အဆက္မျပတ္ ကြင္းဆက္မျပတ္ေအာင္ ဆက္လက္ထိန္းတဲ့အေနနဲ႔ ဒီအဖြဲ႔ေတြ ဖြဲ႔စည္း ၿပီးေတာ့ ေဆြးေႏြးမႈကို ဆက္လုပ္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အက္ေဟာ့ပါပဲ ကာလလည္း ကာလရွည္ မဟုတ္ပါ ဘူး ကာလတို” ဟု ေျပာသည္။

အစိုးရႏွင့္ တပ္မေတာ္တို႔ အခ်င္းခ်င္း အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းမႈ ၿပီးမွသာ အဆိုပါ ညွိႏိႈင္း ေရးအဖြဲ႔က အစိုးရႏွင့္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးသြားရန္ ရွိသည္ဟု ဆိုသည္။

ႏို၀င္ဘာလ ၂၅ ရက္ေန႔မွ ၂၆ ရက္ေန႔အထိ ၂ ရက္တာ ျပဳလုပ္သည့္ NCA အပစ္ရပ္အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္း ေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ၏ Video Conferencing ျဖင့္ ျပဳလုပ္သည့္ (၁၂/၂၀၂၀) အစည္း အေ၀းတြင္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။

PPST ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ခြန္ဥကၠာက “ညွိႏႈိင္းေရးအဖြဲ႔ကေတာ့ အသစ္လည္း မဟုတ္ဘူး အေဟာင္းလည္း မဟုတ္ဘူး။ က်ေနာ္တို႔ မႏွစ္က ရွိခဲ့တဲ့ ညွိႏႈိင္းေရး ၂ ဖြဲ႔ကိုေတာ့ က်ေနာ္တို႔က ဖ်က္သိမ္း ၿပီးေတာ့ အခုလက္ရွိ ညွိႏႈိင္းေရးအဖြဲ႔ကေတာ့ ဒီၾကားကာလပါပဲ က်ေနာ္တို႔ EAOs Summit မတိုင္ခင္မွာ လက္ရွိ အေျခအေနကို ထိန္းႏိုင္ဖို႔ဆိုၿပီးေတာ့ အစိုးရ၊ တပ္မေတာ္နဲ႔ လိုအပ္သလို အလြတ္ သေဘာ ညွိဖို႔ အတြက္ ဗိုလ္မွဴးႀကီးစိုင္းငင္း ဦးေဆာင္တဲ့ ဆယ္ဦးေပါ့” ဟု ေျပာသည္။

လတ္တေလာ ကာလအတြက္ အသစ္ဖြဲ႔စည္းလိုက္သည့္ PPST ၏ ေတြ႕ဆံုညွိႏႈိင္းေရးအဖြဲ႔ကို RCSS မွ ဗိုလ္ မွဴးႀကီးစိုင္းငင္း က ဦးေဆာင္မည္ျဖစ္ၿပီး အပစ္ရပ္ ၁၀ ဖြဲ႔က ကိုယ္စားလွယ္ တစ္ေယာက္စီ ပါ၀င္မည္ဟု ဗိုလ္မွဴးႀကီး ခြန္ဥကၠာ က ဆက္ေျပာသည္။

“တစ္ဖြဲ႔တစ္ဦးပါပဲ အေျခခံကေတာ့ ဒါေပမယ့္ ရွိၿပီးသား UPDJC မွာ အတြင္းေရးမွဴး အဖြဲ႔ဆိုတာရွိတယ္။ အားလံုး ၁၅ ဦးရွိတယ္။ ႏိုင္ငံေရးပါတီက ၅ ဦး က်ေနာ္တို႔ အစိုးရ တပ္မေတာ္က ၅ ဦး က်ေနာ္တို႔ဆီက ၅ ဦး အဲ့ဒီ ၅ ဦးထဲက က်ေနာ္တို႔ရဲ႕ UPDJC ၅ ဦးကို အေျခခံၿပီးေတာ့ ေနာက္ထပ္ က်န္တဲ့ အဖြဲ႔ထဲက တစ္ဦးစီ ေပါ့ဗ်ာ။ အားလံုး ၁၀ ဦးနဲ႔ လတ္တေလာ ေဆြးေႏြးေရး အဖြဲ႔ကို ဖြဲ႔လိုက္တာေပါ့။”

ယခုဖဲြ႕စည္းလိုက္သည့္ ေတြ႕ဆံုေဆြးေႏြးညွိႏႈိင္းေရးအဖြဲ႔သည္ ယာယီသာျဖစ္ၿပီး လာမည့္ႏွစ္ဆန္းပိ္ုင္းတြင္ က်င္းပမည့္ အပစ္ရပ္ အဖြဲ႔မ်ား၏ စတုတၳအႀကိမ္ ညီလာခံ (ဒုတိယ) ပိုင္းတြင္ ေတြ႕ဆံုေဆြးညွိႏႈိင္းေရးအ ဖြဲ႔ကို တရား၀င္ဖြဲ႔စည္းသြားရန္ရွိသည္ ဟု ဆိုသည္။

NCA လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔မ်ားႏွင့္ အစိုးရတို႔ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား လုပ္ ေဆာင္ေနသကဲ့သို႔ အျခားတစ္ဖက္တြင္ အစိုးရ ႏွင့္ NCA စာခ်ဳပ္ လက္မွတ္မေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားအၾကား အပစ္အခတ္ရပ္စဲေရးႏွင့္ ႏိုင္ငံေရး ေဆြးေႏြး မႈမ်ား ဆက္လက္ျပဳလုပ္သြားရန္ PPST ၏ အစည္းအေ၀း အၿပီး ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္ထဲတြင္ တိုက္တြန္းထားသည္။

ထို႔အျပင္ NCA-S EAO အေနျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ အားလံုးပါ၀င္ေရးမူ (All – inclusive Principle) ကို အစဥ္တစ္စိုက္ ကိုင္စြဲထားမည္ျဖစ္ေၾကာင္း၊ All-inclusive Principle ႏွင့္အညီ သက္ဆိုင္ရာ အစုအဖြဲ႔အားလံုး ပါ၀င္သည့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားမွ တစ္ဆင့္ အျပန္အလွန္ယံုၾကည္မႈကို တိုးျမင့္ တည္ေဆာက္ကာ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ အမ်ိဳးသား ညီၫႊတ္ေရး လုပ္ငန္းစဥ္မ်ားကို အတူတကြ လက္တြဲ ေဆာင္ရြက္သြားႏိုင္မည္ဟု ယံုၾကည္ပါသည္ဟု ဆိုသည္။

NCA-S EAO အေနျဖင့္ ဒီမိုကေရစီ အေရး၊ အမ်ိဳးသား တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ အခြင့္အေရးမ်ား အာမခံခ်က္မ်ား အျပည့္အ၀ရွိေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စုကို ႏိုင္ငံေရး ေဆြးေႏြးပြဲ ရလဒ္မ်ားႏွင့္အညီ တည္ေဆာက္သြားရန္ဟူသည့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အခန္း ၁ အေျခခံမူ ျပဌာန္းခ်က္ႏွင့္အညီ ေရရွည္ တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရး ရရွိေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ေရြးေကာက္ပြဲလြန္ကာလတြင္ ေပၚထြန္းလာမည့္ အစိုးရႏွင့္ တစိုက္မတ္မတ္ ေဆြးေႏြးညွိႏႈိင္းသြားမည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ထည့္သြင္း ထားသည္။

PPST ၏ Video Conferencing ျဖင့္ ျပဳလုပ္သည့္ ၂ ရက္တာ အစည္းအေ၀းတြင္ အစီရင္ခံစာ တင္သြင္း ျခင္း၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အေပၚ ျပန္လည္သံုးသပ္ျခင္းႏွင့္ ၂၀၂၀ ေရြးေကာက္ပြဲ ကာလျဖစ္ေပၚ လာ သည့္ ႏိုင္ငံေရး အေျခအေနမ်ားအေပၚ အခ်ိန္ယူေဆြးေႏြးခဲ့ၾကၿပီး ျပည္တြင္းၿငိမ္း ခ်မ္းေရး အမ်ိဳးသား ျပန္ လည္သင့္ျမတ္ေရးႏွင့္ အနာဂတ္ ဖက္ဒရယ္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ဆိုင္ရာ ေရွ႕လုပ္ငန္းစဥ္ မ်ားကို ခ်မွတ္ခဲ့ၾကပါသည္ဟု PPST က ေျပာသည္။

၂ ရက္တာ က်င္းပျပဳလုပ္သည့္ PPST ၏ အစည္းအေ၀းသို႔ PPST ေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္မ်ား၊ အႀကံေပးပုဂၢိဳလ္မ်ား၊ WLPP (Women Leadership in Peace Process) မွ ေလ့လာသူမ်ားႏွင့္ NCA-S EAO ရံုး၀န္ထမ္းမ်ား စုစုေပါင္း လူဦးေရ ၅၀ တက္ေရာက္ခဲ့သည္ဟု သိရသည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမိုေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။