ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စတင်ရန် မျှော်လင့်ကြောင်း AA ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂ ရက်။

မြန်မာ့တပ်မတော်နှင့် အွန်လိုင်းမှ ဆွေးနွေးအပြီးတွင် မြောက်ပိုင်းမဟာမိတ်များနှင့် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်မည်ဟု ယုံကြည်ကြောင်း ရက္ခိုင့် တပ်တော် AA ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“အကောင်းဖက်မှကြည့်သော် တစ်နှစ်နီးပါးကြာရပ်တန့်နေခဲ့သော မိမိတို့ မြောက်ပိုင်းမဟာ မိတ်များနှင့် တွေ့ ဆုံဆွေးနွေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ပြန်လည်စတင်နိုင်လိမ့် မည်ဟု မိမိတို့အဖွဲ့ အစည်းများမှ ယုံကြည်မျှော်လင့် နေကြပါသည်” ဟု AA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နှစ်ဖက် လူချင်း တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေတစ်ရပ်ကို ဆက်လက်ဆွေးနွေးညှိနှိုင်း နေကြဆဲဖြစ်ကြသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်နှင့် AA နှစ်ဖက်ခေါင်းဆောင်များက နိုဝင်ဘာလ ၂၅ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် မိနစ် ၃၀ ကြာ အကြမ်းဖျင်း ဆွေးနွေးခဲ့ကြကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့ (ယနေ့) တွင် ULA/AA က ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်နောက်တွင် မြန်မာ့တပ်မတော် ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့်ထုတ်ပြန် ကြေညာ ချက်တစ်ရပ်ကို နိုဝင်ဘာလ (၁၂) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာ့တပ်မတော်၏ အဆိုပါထုတ်ပြန် ချက်၌ ULA/AA ၏ နိုဝင်ဘာလ (၁၂) ရက်နေ့ထုတ်ပြန် ကြေညာချက်ကိုလည်း အပြုသဘောဖြင့်ကြို ဆို ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါထုတ်ပြန်ချက်များအပြီးတွင် မြန်မာ့တပ်မတော်မှ ရခိုင်၊ပလက်ဝဒေသများအတွင်း စစ်ရေးလှုပ်ရှားမှု၊ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်နေမှုများရှိသော်လည်း မြေပြင်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်း “လုံးဝ” မရှိတော့ဘဲ တိုက်ပွဲများသည်လည်း သိသာစွာ လျော့ကျခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခဲ့သည် မှာ ရက်ပေါင်း (၂၀) ကျော်ခဲ့ပြီဖြစ်သည်ဟု ULA/AA က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဆက်စပ်ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရန်နှင့် ရိက္ခာပြတ်လပ်နေသော ကျေးရွာများသို့ ဆေးဝါးနှင့် ရိက္ခာ သယ်ယူပို့ဆောင်ရန် ရရှိထားသည့် နှစ်ဘက်ယုံကြည်မှုကို ဆက်ထိန်းရန် တပ်မတော်နှင့် ဆွေးနွေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် “ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သည့် မြို့နယ်များအားလုံး၌ ပြည်သူများ ၏မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လွတ်လပ်မျှတ သောရွေးကောက်ပွဲ ၏စံချိန်စံညွှန်းနှင့်ပြည့်စုံရန်အတွက် ဆက်စပ်ရွေးကောက်ပွဲများကို အချိန်မီ ပြန်လည်ကျင်းပနိုင်ရန်၊ အခြေခံ စားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါးများပြတ်လပ်နေပြီး သယ်ယူပို့ဆောင်ရန်အခက်အခဲဖြစ်နေသော ကျေးရွာ များအားလုံးသို့ ဆေးဝါး၊ ရိက္ခာများ အမြန်ဆုံးရောက်ရှိနိုင်ရေး နှင့် အန္တရာယ်ကင်းစွာသယ်ယူပို့ ဆောင်နိုင် ရေးကို နှစ်ဖက်စလုံးမှ အလေးထားဆောင်ရွက်ကြရန်၊ရရှိထားပြီးသော အပြန်အလှန် နားလည်မှု၊ ယုံကြည် မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊ စသည့်အချက်များကို အကြမ်းအားဖြင့် ပြောဆိုဆွေး နွေးခဲ့ကြ ပါသည်” ဟု ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲတွင် ULA/AA ဖက်မှ ထို ဆွေးနွေးချက်ချက်များနှင့် ဆက်စပ်သည့် အကြံပြုချက် များကို လည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ULA/AA က ဆိုသည်။

“တိုက်ပွဲကာလများအတွင်း ပိတ်ဆို့နေသောကုန်းလမ်း၊ ရေလမ်းများတွင် ဒေသခံပြည်သူလူထုများ စိုးရိမ် ကြောင့်ကြ ကင်းမဲ့စွာဖြင့်ခရီးသွားလာနိုင်ရန် နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အန္တရာယ် ကင်း စွာသယ်ယူ ပို့ဆောင် နိုင်ရန်၊တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထု များ၏ဘဝလုံခြုံမှု၊ ငြိမ်း ချမ်းမှု အတွက် နည်းလမ်းများရှာဖွေပြီး ဆောင်ရွက်သွားရန်၊ စသည့်အချက် (၂) ချက်ကိုလည်း အလေး ထား စဉ်းစားဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြသည်” ဟု ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ထို့အပြင် ULA/AA ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည် တည်ငြိမ်အေး ချမ်းရေးအတွက် နည်းလမ်းများရှာဖွေကာ ဆောင်ရွက်နေကြောင်း ထပ်မံကြားသိရသောကြောင့် ရခိုင်၊ ပလက်ဝဒေသအတွင်း၌ နှစ်နှစ်ကျော်နီးပါး ဆက်တိုက်ဖြစ်ပွားနေခဲ့သော စစ်မက်များရပ်တန့်ကာ ငြိမ်းချမ်း ရေးလမ်းစများ ပွင့်လာမည်လားဟု နိုင်ငံတကာနှင့် မြန်မာတစ်နိုင်ငံလုံးမှ မျှော်လင့်နေကြပါသည် ဟုလည်း ဖော်ပြထားသည်။

အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေကြသည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNTJP/MNDAA တို့ ဖြစ်သည်။

ထိုအဖွဲ့များ အနေဖြင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးပါက တစ်ဖွဲ့ချင်းစီ လက် မှတ် ရေးထိုးမည်ဖြစ်သော်လည်း ကြိုတင်ကန့်သတ်ချက်များ မရှိပဲ အတူတကွ တစ်နေရာတည်း တစ်ကြိမ် တည်း တစ်ချိန်တည်း လက်မှတ်ရေးထိုးမည်ဟု ဆိုထားသည်။

ထို့အပြင် ထိုအဖွဲ့များသည် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များ လည်းဖြစ်သည်။

*** ZAWGYI ***
ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား ျပန္စတင္ရန္ ေမွ်ာ္လင့္ေၾကာင္း AA ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၂ ရက္။

ျမန္မာ့တပ္မေတာ္နွင့္ အြန္လိုင္းမွ ေဆြးေႏြးအၿပီးတြင္ ေျမာက္ပိုင္းမဟာမိတ္မ်ားနွင့္ ေဆြးေႏြးပြဲမ်ား ျပန္လည္ စတင္ႏိုင္မည္ဟု ယံုၾကည္ေၾကာင္း ရကၡိဳင့္ တပ္ေတာ္ AA ၏ ထုတ္ျပန္ေၾကညာခ်က္ထဲတြင္ ေဖာ္ျပထားသည္။

“အေကာင္းဖက္မွၾကည့္ေသာ္ တစ္ႏွစ္နီးပါးၾကာရပ္တန႔္ေနခဲ့ေသာ မိမိတို႔ ေျမာက္ပိုင္းမဟာ မိတ္မ်ားႏွင့္ ေတြ႕ ဆုံေဆြးေႏြးေနသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားလည္း ျပန္လည္စတင္ႏိုင္လိမ့္ မည္ဟု မိမိတိုအဖြဲ႕ အစည္းမ်ားမွ ယုံၾကည္ေမွ်ာ္လင့္ ေနၾကပါသည္” ဟု AA ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ ႏွစ္ဖက္ လူခ်င္း ေတြ႕ဆံုေဆြးေႏြးႏိုင္မည့္ အေျခအေနတစ္ရပ္ကို ဆက္လက္ေဆြးေႏြးညွိႏိႈင္း ေနၾကဆဲျဖစ္ၾကသည္ဟု ULA/AA ၏ ထုတ္ျပန္ခ်က္အရသိရသည္။

တပ္မေတာ္ႏွင့္ AA ႏွစ္ဖက္ေခါင္းေဆာင္မ်ားက ႏို၀င္ဘာလ ၂၅ ရက္ေန႔က အြန္လိုင္းမွတစ္ဆင့္ မိနစ္ ၃၀ ၾကာ အၾကမ္းဖ်င္း ေဆြးေႏြးခဲ့ၾကေၾကာင္း ဒီဇင္ဘာလ ၂ ရက္ေန႔ (ယေန႔) တြင္ ULA/AA က ထုတ္ျပန္ေျပာဆိုလိုက္ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၈) ရက္ ေ႐ြးေကာက္ပြဲ က်င္းပၿပီးစီးသည့္ေနာက္တြင္ ျမန္မာ့တပ္မေတာ္ ဖက္မွ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ အျပဳသေဘာ ေဆာင္သည့္ထုတ္ျပန္ ေၾကညာ ခ်က္တစ္ရပ္ကို ႏိုဝင္ဘာလ (၁၂) ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ၿပီး ျမန္မာ့တပ္မေတာ္၏ အဆိုပါထုတ္ျပန္ ခ်က္၌ ULA/AA ၏ ႏိုဝင္ဘာလ (၁၂) ရက္ေန႔ထုတ္ျပန္ေၾကညာခ်က္ကိုလည္း အျပဳသေဘာျဖင့္ႀကိဳ ဆို ေၾကာင္း ထည့္သြင္းေဖာ္ျပခဲ့သည္။

အဆိုပါထုတ္ျပန္ခ်က္မ်ားအၿပီးတြင္ ျမန္မာ့တပ္မေတာ္မွ ရခိုင္၊ပလက္ဝေဒသမ်ားအတြင္း စစ္ေရးလႈပ္ရွားမႈ၊ ရိကၡာ၊ လက္နက္ခဲယမ္း သယ္ယူပို႔ေဆာင္ေနမႈမ်ားရွိေသာ္လည္း ေျမျပင္၌ ႏွစ္ဖက္တိုက္ပြဲမ်ား ျဖစ္ပြားျခင္း “လုံးဝ” မရွိေတာ့ဘဲ တိုက္ပြဲမ်ားသည္လည္း သိသာစြာ ေလ်ာ့က်ခဲ့ၿပီး ႏွစ္ဖက္တိုက္ပြဲ မျဖစ္ပြားခဲ့သည္ မွာ ရက္ေပါင္း (၂၀) ေက်ာ္ခဲ့ၿပီျဖစ္သည္ဟု ULA/AA က ဆိုသည္။

ရခိုင္ျပည္နယ္တြင္ ဆက္စပ္ေရြးေကာက္ပြဲမ်ား ျပန္လည္က်င္းပရန္ႏွင့္ ရိကၡာျပတ္လပ္ေနေသာ ေက်းရြာမ်ားသို့ ေဆးဝါးႏွင့္ ရိကၡာ သယ္ယူပို႔ေဆာင္ရန္ ရရွိထားသည့္ ႏွစ္ဘက္ယံုၾကည္မႈကို ဆက္ထိန္းရန္ တပ္မေတာ္ႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း ရကၡိဳင့္တပ္ေတာ္ AA က ထုတ္ျပန္သည္။

ULA/AA ၏ ထုတ္ျပန္ခ်က္ထဲတြင္ “ေ႐ြးေကာက္ပြဲက်င္းပခြင့္မရခဲ့သည့္ ၿမိဳ႕နယ္မ်ားအားလုံး၌ ျပည္သူမ်ား ၏မဲေပးပိုင္ခြင့္မဆုံးရႈံးေစရန္ ႏွင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာအားျဖင့္ လြတ္လပ္မွ်တ ေသာေ႐ြးေကာက္ပြဲ ၏စံခ်ိန္စံၫႊန္းႏွင့္ျပည့္စုံရန္အတြက္ ဆက္စပ္ေ႐ြးေကာက္ပြဲမ်ားကို အခ်ိန္မီ ျပန္လည္က်င္းပႏိုင္ရန္၊ အေျခခံ စားေသာက္ကုန္၊ ရိကၡာ၊ ေဆးဝါးမ်ားျပတ္လပ္ေနၿပီး သယ္ယူပို႔ေဆာင္ရန္အခက္အခဲျဖစ္ေနေသာ ေက်း႐ြာ မ်ားအားလုံးသို႔ ေဆးဝါး၊ ရိကၡာမ်ား အျမန္ဆုံးေရာက္ရွိႏိုင္ေရး ႏွင့္ အႏၲရာယ္ကင္းစြာသယ္ယူပို႔ ေဆာင္ႏိုင္ ေရးကို ႏွစ္ဖက္စလုံးမွ အေလးထားေဆာင္႐ြက္ၾကရန္၊ရရွိထားၿပီးေသာ အျပန္အလွန္ နားလည္မႈ၊ ယုံၾကည္ မႈမ်ားကို ဆက္လက္ထိန္းသိမ္းသြားၾကရန္၊ စသည့္အခ်က္မ်ားကို အၾကမ္းအားျဖင့္ ေျပာဆိုေဆြး ေႏြးခဲ့ၾက ပါသည္” ဟု ေဖာ္ျပထားသည္။

ထိုေဆြးေႏြးပြဲတြင္ ULA/AA ဖက္မွ ထို ေဆြးေႏြးခ်က္ခ်က္မ်ားႏွင့္ ဆက္စပ္သည့္ အၾကံျပဳခ်က္ မ်ားကို လည္း ထည့္သြင္း ေဆြးေႏြးခဲ့သည္ဟု ULA/AA က ဆိုသည္။

“တိုက္ပြဲကာလမ်ားအတြင္း ပိတ္ဆို႔ေနေသာကုန္းလမ္း၊ ေရလမ္းမ်ားတြင္ ေဒသခံျပည္သူလူထုမ်ား စိုးရိမ္ ေၾကာင့္ၾက ကင္းမဲ့စြာျဖင့္ခရီးသြားလာႏိုင္ရန္ ႏွင့္ အေျခခံစားေသာက္ကုန္ပစၥည္းမ်ားကို အႏၲရာယ္ ကင္း စြာသယ္ယူ ပို႔ေဆာင္ ႏိုင္ရန္၊တိုက္ပြဲျဖစ္ပြားရာ ေဒသမ်ားအားလုံးမွ ျပည္သူလူထု မ်ား၏ဘဝလုံၿခဳံမႈ၊ ၿငိမ္း ခ်မ္းမႈ အတြက္ နည္းလမ္းမ်ားရွာေဖြၿပီး ေဆာင္႐ြက္သြားရန္၊ စသည့္အခ်က္ (၂) ခ်က္ကိုလည္း အေလး ထား စဥ္းစားေဆာင္႐ြက္ေပးရန္ ေျပာဆိုခဲ့ၾကသည္” ဟု ULA/AA ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

ထို႔အျပင္ ULA/AA ၏ ယေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ျမန္မာ့တပ္မေတာ္အေနျဖင့္ ရခိုင္ျပည္ တည္ၿငိမ္ေအး ခ်မ္းေရးအတြက္ နည္းလမ္းမ်ားရွာေဖြကာ ေဆာင္႐ြက္ေနေၾကာင္း ထပ္မံၾကားသိရေသာေၾကာင့္ ရခိုင္၊ ပလက္ဝေဒသအတြင္း၌ ႏွစ္ႏွစ္ေက်ာ္နီးပါး ဆက္တိုက္ျဖစ္ပြားေနခဲ့ေသာ စစ္မက္မ်ားရပ္တန႔္ကာ ၿငိမ္းခ်မ္း ေရးလမ္းစမ်ား ပြင့္လာမည္လားဟု ႏိုင္ငံတကာႏွင့္ ျမန္မာတစ္ႏိုင္ငံလုံးမွ ေမွ်ာ္လင့္ေနၾကပါသည္ ဟုလည္း ေဖာ္ျပထားသည္။

အစိုးရ၊ တပ္မေတာ္ႏွင့္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးႏိုင္ရန္ ညွိႏႈိင္းေနၾကသည့္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA ရကၡိဳင့္တပ္ေတာ္ ULA/AA၊ တအန္း အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ MNTJP/MNDAA တို႔ ျဖစ္သည္။

ထိုအဖြဲ႔မ်ား အေနျဖင့္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးပါက တစ္ဖြဲ႔ခ်င္းစီ လက္ မွတ္ ေရးထိုးမည္ျဖစ္ေသာ္လည္း ႀကိဳတင္ကန႔္သတ္ခ်က္မ်ား မရွိပဲ အတူတကြ တစ္ေနရာတည္း တစ္ႀကိမ္ တည္း တစ္ခ်ိန္တည္း လက္မွတ္ေရးထိုးမည္ဟု ဆိုထားသည္။

ထို႔အျပင္ ထိုအဖြဲ႔မ်ားသည္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားျဖင့္ ဖြဲ႔စည္း ထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ား လည္းျဖစ္သည္။