မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအာမခံငွေ ပြန်မရမည့် ကိုယ်စားလှယ် ၁၅၀ နီးပါးရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက်မှ ခိုင်လုံမဲ ရှစ်ပုံ တစ်ပုံ မရသည့် ကိုယ်စားလှယ်လောင်း ၁၄၈ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရှိ စာရင်းအရ သိရသည်။

ခိုင်လုံမဲ ရှစ်ပုံတစ်ပုံမရသည့် ကိုယ်စားလှယ်လောင်းများသည် တင်သွင်းထားရသည့် ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း ပြန်လည်ရရှိမည် မဟုတ်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲက ပြောသည်။

“ကိုယ်စားလှယ်လောင်းတွေ တင်သွင်းထားတဲ့ငွေ ၃ သိန်းကိစ္စက နည်းဥပဒေအရတော့ ရှစ်ပုံတစ်ပုံဆိုရင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ ခရိုင်မှာ တင်သွင်းထားတဲ့ ကိုယ်စားလှယ် လောင်းဆိုရင် ခရိုင်မှာထုတ် ပြည်နယ်မှာ တင်သွင်းထားရင် ပြည်နယ်မှာ ထုတ်။ ဒါလည်း ခိုင်လုံမဲ ခိုင်လုံမဲ ရှစ်ပုံ တစ်ပုံပေါ့နော် ရာခိုင်နှုန်းနဲ့က ၁၂ ဒဿမ ၂၅ ရာခိုင်နှုန်းနဲ့အထက်ဆိုရင် အာမခံငွေ ၃ သိန်းကို ပြန်ထုတ်ပေးပါ တယ်” ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် က ပြောသည်။

ရွေးကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းလွှာနှင့်အတူ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ် ၃ သိန်း တင်သွင်းပေးထားရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် နိုင်ငံ ရေးပါတီ ၁၆ ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း၂၅၇ ဦး ရှိ ခဲ့သည်။

ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၇ ဦးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စား လှယ်လောင်း ၄၅ ဦးနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့်အထက်ရရှိသည့် ကိုယ်စားလှယ်လောင်း ၆၄ ဦး စုစုပေါင်း ခိုင် လုံမဲ ရှစ်ပုံတစ်ပုံနှင့်အထက် ရရှိသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ ခွဲရှိစာရင်းအရ သိရသည်။

ရွေးကောက်တင်မြှောက်ခြင်း မခံရသည့်အပြင် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့်အထက် မရရှိသည့် ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားဟုလည်း ဦးဟိဏ်း လင်းထက် က ဆက်ပြောသည်။

၎င်းပြင် ရွေးကောက်ပွဲနည်းဥပဒေအရ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ပြန်လည်ရရှိမည့် ကိုယ်စားလှယ် လောင်းများ အနေနှင့်လည်း ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ထုတ်ယူရန် အကြောင်းကြားသည့်နေ့မှ ခြောက် လအတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းရမည်ဟု ဖော်ပြပါရှိသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက ၃၄ နေရာ မွန်ညီညွတ်ရေးပါတီ (MUP) က ၁၁ နေရာ အနိုင်ရရှိထားသည်။

*** ZAWGYI ***

မြန္ျပည္နယ္တြင္ ေရြးေကာက္ပြဲအာမခံေငြ ျပန္မရမည့္ ကိုယ္စားလွယ္ ၁၅၀ နီးပါးရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂ ရက္။

မြန္ျပည္နယ္တြင္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ခဲ့ၾကသည့္ ကိုယ္စားလွယ္ေလာင္းမ်ားအနက္မွ ခိုင္လုံမဲ ရွစ္ပုံ တစ္ပုံ မရသည့္ ကိုယ္စားလွယ္ေလာင္း ၁၄၈ ဦးရွိသည္ဟု ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲရွိ စာရင္းအရ သိရသည္။

ခိုင္လုံမဲ ရွစ္ပုံတစ္ပုံမရသည့္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ တင္သြင္းထားရသည့္ ေ႐ြးေကာက္ပြဲဝင္ခြင့္ အာမခံေငြ က်ပ္ ၃ သိန္း ျပန္လည္ရရွိမည္ မဟုတ္ဟု ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲက ေျပာသည္။

“ကိုယ္စားလွယ္ေလာင္းေတြ တင္သြင္းထားတဲ့ေငြ ၃ သိန္းကိစၥက နည္းဥပေဒအရေတာ့ ရွစ္ပုံတစ္ပုံဆိုရင္ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ သက္ဆိုင္ရာ ခ႐ိုင္မွာ တင္သြင္းထားတဲ့ ကိုယ္စားလွယ္ ေလာင္းဆိုရင္ ခ႐ိုင္မွာထုတ္ ျပည္နယ္မွာ တင္သြင္းထားရင္ ျပည္နယ္မွာ ထုတ္။ ဒါလည္း ခိုင္လုံမဲ ခိုင္လုံမဲ ရွစ္ပုံ တစ္ပုံေပါ့ေနာ္ ရာခိုင္ႏႈန္းနဲ႔က ၁၂ ဒႆမ ၂၅ ရာခိုင္ႏႈန္းနဲ႔အထက္ဆိုရင္ အာမခံေငြ ၃ သိန္းကို ျပန္ထုတ္ေပးပါ တယ္” ဟု မြန္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ အတြင္းေရးမႉး ဦးဟိဏ္းလင္းထက္ က ေျပာသည္။

ေ႐ြးေကာက္ပြဲဝင္ၿပိဳင္သည့္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္ စာရင္း တင္သြင္းလႊာႏွင့္အတူ ေ႐ြးေကာက္ပြဲဝင္ခြင့္ အာမခံေငြ က်ပ္ ၃ သိန္း တင္သြင္းေပးထားရသည္။

၂၀၂၀ ခုႏွစ္ ႏုိဝင္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးခဲ့သည့္ မြန္ျပည္နယ္တြင္ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ခဲ့သည့္ ႏိုင္ငံ ေရးပါတီ ၁၆ ပါတီတို႔မွ ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း စုစုေပါင္း၂၅၇ ဦး ရွိ ခဲ့သည္။

ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ခဲ့သည့္ ကိုယ္စားလွယ္ေလာင္း ၂၅၇ ဦးတြင္ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ ကိုယ္စား လွယ္ေလာင္း ၄၅ ဦးႏွင့္ ခိုင္လုံမဲ ရွစ္ပုံတစ္ပုံႏွင့္အထက္ရရွိသည့္ ကိုယ္စားလွယ္ေလာင္း ၆၄ ဦး စုစုေပါင္း ခိုင္ လုံမဲ ရွစ္ပုံတစ္ပုံႏွင့္အထက္ ရရွိသည့္ ကိုယ္စားလွယ္ေလာင္း ၁၀၉ ဦးရွိသည္ဟု ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္ မရွင္ အဖြဲ႕ ခြဲရွိစာရင္းအရ သိရသည္။

ေ႐ြးေကာက္တင္ေျမႇာက္ျခင္း မခံရသည့္အျပင္ ခိုင္လုံမဲ ရွစ္ပုံတစ္ပုံႏွင့္အထက္ မရရွိသည့္ ကိုယ္စားလွယ္ ေလာင္းမ်ား၏ ေ႐ြးေကာက္ပြဲဝင္ခြင့္ အာမခံေငြကို ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းသြားဟုလည္း ဦးဟိဏ္း လင္းထက္ က ဆက္ေျပာသည္။

၎ျပင္ ေ႐ြးေကာက္ပြဲနည္းဥပေဒအရ ေ႐ြးေကာက္ပြဲဝင္ခြင့္ အာမခံေငြ ျပန္လည္ရရွိမည့္ ကိုယ္စားလွယ္ ေလာင္းမ်ား အေနႏွင့္လည္း ေ႐ြးေကာက္ပြဲဝင္ခြင့္ အာမခံေငြ ထုတ္ယူရန္ အေၾကာင္းၾကားသည့္ေန႔မွ ေျခာက္ လအတြင္း လာေရာက္ထုတ္ယူျခင္းမရွိပါက ႏိုင္ငံေတာ္ဘ႑ာသို႔ ေပးသြင္းရမည္ဟု ေဖာ္ျပပါရွိသည္။

၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲ၌ မြန္ျပည္နယ္ရွိ မဲဆႏၵနယ္ ၄၅ ေနရာတြင္ NLD ပါတီက ၃၄ ေနရာ မြန္ညီၫြတ္ေရးပါတီ (MUP) က ၁၁ ေနရာ အႏိုင္ရရွိထားသည္။