မွန်ပါတီက မဲရလဒ်များ စီစစ်ဆဲဟု ဆို၏

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။

မွန်ညီညွတ်ရေးပါတီက အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် စောနေသေးသည်ဟု ပြောလိုက်သည်။

ရွေးကောက်ပွဲရှုံးခဲ့သည့် မဲဆန္ဒနယ်တချို့က မဲရလဒ်များကို လေ့လာ စိစစ်နေဆဲ အခြေအနေတွင် ရှိနေသည့်အတွက် ဖြစ်သည်ဟု မွန်ညီညွတ် ရေးပါတီ(MUP) တွဲဖက်အတွင်းရေးမှူး နိုင်လယိတမ က ပြောသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သုံးသပ်ချက်ကတော့ ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ပြီး တော့ မအောင်မြင်တဲ့ လွှတ်တော်အချို့ မဲဆန္ဒနယ်အချို့တွေမှာ သံသယဖြစ်နေတဲ့ အနေအထားမှာရှိနေတဲ့ အတွက် အဲဒီရှုံးထားတဲ့နေရာတွေကို ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေနဲ့ မြို့နယ်အောင်နိုင်ရေး ကော်မ တီတွေက လေ့လာစိစစ်နေဆဲအခြေအနေမှာရှိနေတဲ့အတွက် လက်ရှိရွေးကောက်ပွဲအပေါ် ရလဒ်အပေါ် သဘောထားကိုတော့ ချမှတ်ဖို့ စောသေးတယ်လို့ ဆုံးဖြတ်ဖြစ်တယ်” မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေး မှူး နိုင်လယိတမ က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်တိုင်းရင်းသားအများစုရှိသည့် ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရော အစ ရှိသည့် မြို့နယ်တို့တွင် ရွေးကောက်ပွဲ အများစုအနိုင်ရရှိရန် မှန်းထားခဲ့သော် ရေးနှင့် မုဒုံမြို့နယ်တို့တွင်သာ အများစု အနိုင်ရရှိခဲ့ပြီး သံဖြူဇရပ်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် မဲဆန္ဒနယ်တစ်နေရာစီသာ အနိုင်ရ ရှိခဲ့သည်။

ရွေးကောက်ပွဲ၌ မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် NLD ပါတီက ၃၄ နေရာ မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိထားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်တွင် ၁၁ နေရာ အနိုင်ရရှိထားသည့်အပြင် ကရင်ပြည်နယ်တွင်လည်း ၁ နေရာ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားသည်။

အနိုင်ရရှိထားသည့် ၁၂ နေရာတွင် မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၂ နေရာ အမျိုးသားလွှတ်တော် ၃ နေရာ ပြည်နယ်လွှတ်တော် ၆ နေရာနှင့် ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာ ၁ နေရာတို့ဖြစ်သည်။

*** ZAWGYI ***
မြန္ပါတီက မဲရလဒ္မ်ား စီစစ္ဆဲဟု ဆို၏

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂ ရက္။

မြန္ညီၫြတ္ေရးပါတီက အေထြေထြေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ သေဘာထားမွတ္ခ်က္ေပးရန္ ေစာေနေသးသည္ဟု ေျပာလိုက္သည္။

ေ႐ြးေကာက္ပြဲရႈံးခဲ့သည့္ မဲဆႏၵနယ္တခ်ိဳ႕က မဲရလဒ္မ်ားကို ေလ့လာ စိစစ္ေနဆဲ အေျခအေနတြင္ ရွိေနသည့္အတြက္ ျဖစ္သည္ဟု မြန္ညီၫြတ္ ေရးပါတီ(MUP) တြဲဖက္အတြင္းေရးမႉး ႏိုင္လယိတမ က ေျပာသည္။

“ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ သုံးသပ္ခ်က္ကေတာ့ ကိုယ္စားလွယ္ေလာင္းေတြ ဝင္ၿပိဳင္ၿပီး ေတာ့ မေအာင္ျမင္တဲ့ လႊတ္ေတာ္အခ်ိဳ႕ မဲဆႏၵနယ္အခ်ိဳ႕ေတြမွာ သံသယျဖစ္ေနတဲ့ အေနအထားမွာရွိေနတဲ့ အတြက္ အဲဒီရႈံးထားတဲ့ေနရာေတြကို ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ၿမိဳ႕နယ္ေအာင္ႏိုင္ေရး ေကာ္မ တီေတြက ေလ့လာစိစစ္ေနဆဲအေျခအေနမွာရွိေနတဲ့အတြက္ လက္ရွိေ႐ြးေကာက္ပြဲအေပၚ ရလဒ္အေပၚ သေဘာထားကိုေတာ့ ခ်မွတ္ဖို႔ ေစာေသးတယ္လို႔ ဆုံးျဖတ္ျဖစ္တယ္” မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရး မႉး ႏိုင္လယိတမ က ေျပာသည္။

မြန္ညီၫြတ္ေရးပါတီသည္ မြန္တိုင္းရင္းသားအမ်ားစုရွိသည့္ ေရး၊ သံျဖဴဇရပ္၊ မုဒုံ၊ ေခ်ာင္းဆုံ၊ က်ိဳက္မေရာ အစ ရွိသည့္ ၿမိဳ႕နယ္တို႔တြင္ ေ႐ြးေကာက္ပြဲ အမ်ားစုအႏိုင္ရရွိရန္ မွန္းထားခဲ့ေသာ္ ေရးႏွင့္ မုဒုံၿမိဳ႕နယ္တို႔တြင္သာ အမ်ားစု အႏိုင္ရရွိခဲ့ၿပီး သံျဖဴဇရပ္၊ ေခ်ာင္းဆုံႏွင့္ က်ိဳက္မေရာၿမိဳ႕နယ္တို႔တြင္ မဲဆႏၵနယ္တစ္ေနရာစီသာ အႏိုင္ရ ရွိခဲ့သည္။

ေ႐ြးေကာက္ပြဲ၌ မြန္ျပည္နယ္ရွိ မဲဆႏၵနယ္ ၄၅ ေနရာတြင္ NLD ပါတီက ၃၄ ေနရာ မြန္ညီၫြတ္ေရးပါတီက ၁၁ ေနရာ အႏိုင္ရရွိထားသည္။

မြန္ညီၫြတ္ေရးပါတီသည္ မြန္ျပည္နယ္တြင္ ၁၁ ေနရာ အႏိုင္ရရွိထားသည့္အျပင္ ကရင္ျပည္နယ္တြင္လည္း ၁ ေနရာ စုစုေပါင္း ၁၂ ေနရာ အႏိုင္ရရွိထားသည္။

အႏိုင္ရရွိထားသည့္ ၁၂ ေနရာတြင္ မြန္ျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ ၂ ေနရာ အမ်ိဳးသားလႊတ္ေတာ္ ၃ ေနရာ ျပည္နယ္လႊတ္ေတာ္ ၆ ေနရာႏွင့္ ကရင္ျပည္နယ္ မြန္တိုင္းရင္းသားေရးရာ ၁ ေနရာတို႔ျဖစ္သည္။