မြောက်ပိုင်း မဟာမိတ်၊ RCSS နှင့် တပ်မတော်တို့အကြား ရှမ်းမြောက်တွင် တိုက်ပွဲများဖြစ်၊ ဒေသခံများ ထွက်ပြေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မတော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်အချို့တို့ အကြား တိုက်ပွဲများဖြစ်ပွားနေပြီး အနီးအနားက ဒေသခံ တစ်ရာကျော်လည်း စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ (ယနေ့) တွင် တပ်မတော်၊ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“ဒီနေ့မနက် ၈း၄၅ လောက်ကနေ ၉ နာရီကျော်ကျော်အထိ RCSS နဲ့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ နဲ့ SSPP ပေါ့။ နမ္မတူမြို့နယ် နားကဲရွာမှာ ရောက်တဲ့အချိန် အထက်ဘက်မှာရှိနေတဲ့ RCSS က လှမ်းပစ်တယ်။ လှမ်း ပစ်တဲ့အခါမှာ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်တယ်။ အဲ့မှာ နာရီဝက်ကျော်ကျော်လောက်ကြတယ်။ တိုက်ပွဲပြီးခါနီးကျတော့ ၉း၅၀ လောက်မှာ ခလရ ၃၂၄ က ကျနော်တို့ ရှိတဲ့နေရာကို လာရောက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်တော့ ခလရ ၃၂၄ နဲ့ တိုက်ပွဲ မိနစ် ၂၀ လောက်ပြန်ဖြစ်တယ်။ နောက်ပိုင်းတော့ ပြန်ငြိမ်သွားတယ်။ ကျနော်တို့နဲ့ RCSS ဖြစ်တော့ ခလရ ၃၂၄ က လာပြီး ကူပစ်တဲ့သဘောပေါ့။ တိုက်ပွဲက သုံးပွင့်ဆိုင်ပုံစံမျိုးဖြစ်သွားတယ်ပေါ့။”

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ ကလည်း သီပေါမြို့နယ်ထဲတွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ကလည်း နမ္မတူမြို့နယ်ထဲတွင် RCSS နှင့် တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယခုလဆန်းပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက်ကျော် က “အဓိက ဖြစ်ရတဲ့အကြောင်းအရင်းက ဖြစ်တာကတော့ ၂၀၁၈ လောက် ကတည်းက အဲ့ဒီနားမှာ နယ်မြေကျူးကျော်ဝင်ရောက်လာတယ်၊ အဲ့တုန်းကလည်း တစ်ကြိမ်ပေါ့နော်။ အဲ့တုန်းကလည်း RCSS နဲ့ SSPP နဲ့ ကျနော်တို့ ပူးတွဲပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်တော့ RCSS နဲ့ တိုက်ပွဲ ပြင်းပြင်း ထန် ထန် ဖြစ်ခဲ့တယ်။ အဲ့ကနေပြီးတော့ သူတို့က ဆုတ်ခွာသွားတယ်။ အဲ့မှာ တိုက်ပွဲက ငြိမ်သွားတယ်။ ၂၀၁၉-၂၀ အခုပေါ့နော် မြန်မာ့တပ်မတော်က အဲ့ဒီဒေသမှာ ထိုးစစ်ဆင်တက်လာတော့ ကျနော်တို့လည်း တိုက်ပွဲ မဖြစ်အောင် ရှောင်တယ်။ ရှောင်လည်း ဒီ မြန်မာစစ်တပ်ကဝင်တဲ့နေရာကို RCSS က လိုက်ပြီး ဝင်ရောက်လာတယ်။ အဲ့လိုမျိုးဝင်လာတဲ့အတွက် အခုဒီလိုမျိုး တိုက်ပွဲပြန်ဖြစ်လာတာ” ဟု ဆက် ပြော သည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့်အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က TNLA နှင့် SSPP တို့ ပူး တွဲ စစ်ရေးလှုပ်ရှားခဲ့သည့် နေရာများဖြစ်သည်ဟု TNLA ဆိုသည်။

ယနေ့ဖြစ်ပွားသည့် နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းတိုက်ပွဲများကြောင့် ရွာသား ၁၂၀ ကျော် မှာ မန်စံကျေးရွာရှိ စကားဝါရှမ်းဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေရသည်ဟု မန်စံကျေးရွာက အကူအညီပေးနေသူ တစ်ဦးက ပြောသည်။

“နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်ပေါ့နော်၊ ၇ မိုင်အကွာအဝေးမှာရှိတဲ့ နားကဲကျေးရွာမှာဖြစ်တာပေါ့နော်။ လက် ရှိတော့ တိုက်ပွဲက ရပ်သွားပြီ။ စကားဝါဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ SNLD ရယ်။ ကျန်းမာရေး ဌာနရယ်၊ ကျေးရွာကော်မတီတွေကနေ လောလောဆယ် ထောက်ပံ့ထားပါတယ်။ အားလုံးကတော့ လူဦး ရေ ၁၂၀ နီးနီးလောက်ရှိတယ်။ သူတို့ရွာတွေက ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း ရွာလေးရွာက လူ တွေပေါ့။ အခြေအနေက စိတ်ချရမှု သိပ်မရှိဘူး။ စစ်ရေးကလည်း တပ်မတော် စစ်ကြောင်းတွေလည်း ရောက်ရှိနေတယ်ဆိုတော့ RCSS လည်း ရှိတယ်ဆိုတော့ အခြေ အနေ က ခန့်မှန်းလို့မရဘူး။ စားရေး သောက်ရေးက အဓိက လိုအပ်တာပါ။”

အဆိုပါ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ တပ်မတော်နှင့် RCSS တာဝန်ရှိသူများအား ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ပြောသည်။

အဆိုပါပြောဆိုမှုနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေးကလည်း ၎င်းနေရာ များတွင် RCSS အနေဖြင့် သွားလာလှုပ်ရှားနေသည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်သည်ဟု သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနအား ဒီဇင်ဘာလ ၇ ရက်နေ့ ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

တအန်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ ရက္ခိုင့် တပ်တော် (ULA/ AA) တို့သည် FPNCC အဖွဲ့ ဝင်များဖြစ်ကြပြီး အဆိုပါအဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည်။

*** ZAWGYI ***
ေျမာက္ပိုင္း မဟာမိတ္၊ RCSS ႏွင့္ တပ္မေတာ္တို႔အၾကား ရွမ္းေျမာက္တြင္ တိုက္ပြဲမ်ားျဖစ္၊ ေဒသခံမ်ား ထြက္ေျပးေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၉ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္း တပ္မေတာ္၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔၀င္အခ်ိဳ႕တို႔ အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး အနီးအနားက ေဒသခံ တစ္ရာေက်ာ္လည္း စစ္ေဘးလႊတ္ရာသို႔ ထြက္ေျပးေနၾကရသည္။

ဒီဇင္ဘာလ ၉ ရက္ေန႔ (ယေန႔) တြင္ တပ္မေတာ္၊ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP၊ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးမုိင္းအိုက္ေက်ာ္ က ေျပာသည္။

“ဒီေန႔မနက္ ၈း၄၅ ေလာက္ကေန ၉ နာရီေက်ာ္ေက်ာ္အထိ RCSS နဲ႔ တုိက္ပြဲျဖစ္တယ္။ က်ေနာ္တို႔ နဲ႔ SSPP ေပါ့။ နမၼတူၿမိဳ႕နယ္ နားကဲရြာမွာ ေရာက္တဲ့အခ်ိန္ အထက္ဘက္မွာရွိေနတဲ့ RCSS က လွမ္းပစ္တယ္။ လွမ္း ပစ္တဲ့အခါမွာ ႏွစ္ဖက္ အျပန္အလွန္တို္က္ပြဲျဖစ္တယ္။ အဲ့မွာ နာရီဝက္ေက်ာ္ေက်ာ္ေလာက္ၾကတယ္။ တိုက္ပြဲၿပီးခါနီးက်ေတာ့ ၉း၅၀ ေလာက္မွာ ခလရ ၃၂၄ က က်ေနာ္တို႔ ရွိတဲ့ေနရာကို လာေရာက္ၿပီးေတာ့ ထုိးစစ္ဆင္ တိုက္ခုိက္ေတာ့ ခလရ ၃၂၄ နဲ႔ တုိ္က္ပြဲ မိနစ္ ၂၀ ေလာက္ျပန္ျဖစ္တယ္။ ေနာက္ပိုင္းေတာ့ ျပန္ၿငိမ္သြားတယ္။ က်ေနာ္တုိ႔နဲ႔ RCSS ျဖစ္ေတာ့ ခလရ ၃၂၄ က လာၿပီး ကူပစ္တဲ့သေဘာေပါ့။ တုိက္ပြဲက သံုးပြင့္ဆုိင္ပံုစံမ်ိဳးျဖစ္သြားတယ္ေပါ့။”

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၅ ရက္ေန႔ ကလည္း သီေပါၿမိဳ႕နယ္ထဲတြင္ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ဒီဇင္ဘာလ ၇ ရက္ေန႔ ကလည္း နမၼတူၿမိဳ႕နယ္ထဲတြင္ RCSS ႏွင့္ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔ တိုက္ပြဲျဖစ္ပြားခဲ့သည္။

ယခုလဆန္းပိုင္းတြင္ တုိက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာေနရသည့္ အေၾကာင္းအရင္းႏွင့္ ပတ္သက္၍ ဗို္လ္မွဴး မိုင္းအိုက္ေက်ာ္ က “အဓိက ျဖစ္ရတဲ့အေၾကာင္းအရင္းက ျဖစ္တာကေတာ့ ၂၀၁၈ ေလာက္ ကတည္းက အဲ့ဒီနားမွာ နယ္ေျမက်ဴးေက်ာ္ဝင္ေရာက္လာတယ္၊ အဲ့တုန္းကလည္း တစ္ႀကိမ္ေပါ့ေနာ္။ အဲ့တုန္းကလည္း RCSS နဲ႔ SSPP နဲ႔ က်ေနာ္တို႔ ပူးတြဲၿပီးေတာ့ နယ္ေျမရွင္းလင္းေရး လုပ္ေတာ့ RCSS နဲ႔ တိုက္ပြဲ ျပင္းျပင္း ထန္ ထန္ ျဖစ္ခဲ့တယ္။ အဲ့ကေနၿပီးေတာ့ သူတို႔က ဆုတ္ခြာသြားတယ္။ အဲ့မွာ တုိက္ပြဲက ၿငိမ္သြားတယ္။ ၂၀၁၉-၂၀ အခုေပါ့ေနာ္ ျမန္မာ့တပ္မေတာ္က အဲ့ဒီေဒသမွာ ထိုးစစ္ဆင္တက္လာေတာ့ က်ေနာ္တုိ႔လည္း တိုက္ပြဲ မျဖစ္ေအာင္ ေရွာင္တယ္။ ေရွာင္လည္း ဒီ ျမန္မာစစ္တပ္ကဝင္တဲ့ေနရာကို RCSS က လိုက္ၿပီး ဝင္ေရာက္လာတယ္။ အဲ့လိုမ်ိဳးဝင္လာတဲ့အတြက္ အခုဒီလိုမ်ိဳး တုိက္ပြဲျပန္ျဖစ္လာတာ” ဟု ဆက္ ေျပာ သည္။

ယခုတိုက္ပြဲျဖစ္ပြားခဲ့သည့္ ေနရာႏွင့္အနီးတစ္ဝိုက္တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္က TNLA ႏွင့္ SSPP တို႔ ပူး တြဲ စစ္ေရးလႈပ္ရွားခဲ့သည့္ ေနရာမ်ားျဖစ္သည္ဟု TNLA ဆိုသည္။

ယေန႔ျဖစ္ပြားသည့္ နမၼတူၿမိဳ႕နယ္၊ မန္စံတုိက္နယ္အတြင္းတိုက္ပြဲမ်ားေၾကာင့္ ရြာသား ၁၂၀ ေက်ာ္ မွာ မန္စံေက်းရြာရွိ စကားဝါရွမ္းဘုန္းေတာ္ႀကီးေက်ာင္းတြင္ စစ္ေဘးေရွာင္ေနရသည္ဟု မန္စံေက်းရြာက အကူအညီေပးေနသူ တစ္ဦးက ေျပာသည္။

“နမၼတူၿမိဳ႕နယ္၊ မန္စံတုိက္နယ္ေပါ့ေနာ္၊ ၇ မိုင္အကြာအေဝးမွာရွိတဲ့ နားကဲေက်းရြာမွာျဖစ္တာေပါ့ေနာ္။ လက္ ရွိေတာ့ တုိက္ပြဲက ရပ္သြားၿပီ။ စကားဝါဘုန္းႀကီးေက်ာင္းမွာ ေရာက္ေနတယ္။ SNLD ရယ္။ က်န္းမာေရး ဌာနရယ္၊ ေက်းရြာေကာ္မတီေတြကေန ေလာေလာဆယ္ ေထာက္ပံ့ထားပါတယ္။ အားလံုးကေတာ့ လူဦး ေရ ၁၂၀ နီးနီးေလာက္ရွိတယ္။ သူတို႔ရြာေတြက ပိန္းလံု၊ နားက်ဲ၊ နားက်ိဳင္း၊ ကြန္ေက်ာင္း ရြာေလးရြာက လူ ေတြေပါ့။ အေျခအေနက စိတ္ခ်ရမႈ သိပ္မရွိဘူး။ စစ္ေရးကလည္း တပ္္မေတာ္ စစ္ေၾကာင္းေတြလည္း ေရာက္ရွိေနတယ္ဆိုေတာ့ RCSS လည္း ရွိတယ္ဆိုေတာ့ အေျခ အေန က ခန္႔မွန္းလို႔မရဘူး။ စားေရး ေသာက္ေရးက အဓိက လိုအပ္တာပါ။”

အဆုိပါ တုိက္ပြဲအေျခအေနႏွင့္ပတ္သက္၍ တပ္မေတာ္ႏွင့္ RCSS တာဝန္ရွိသူမ်ားအား ဖုန္းျဖင့္ ဆက္သြယ္ ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ရွမ္းျပည္ျပန္လည္ထူေရးေကာင္စီ RCSS အေနျဖင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းတြင္ အေျခခ်ေနထိုင္သည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္ဟု TNLA က ေျပာသည္။

အဆိုပါေျပာဆိုမႈႏွင့္ ပတ္သက္၍ RCSS ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခးကလည္း ၎ေနရာ မ်ားတြင္ RCSS အေနျဖင့္ သြားလာလႈပ္ရွားေနသည္မွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ရွိၿပီျဖစ္သည္ဟု သတင္းႏွင့္ မီဒီယာကြန္ရက္ သတင္းဌာနအား ဒီဇင္ဘာလ ၇ ရက္ေန႔ ေျပာသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS သည္ အျခားေသာ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႔ ၉ ဖြဲ႔ႏွင့္အတူ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္ မွတ္ေရးထိုးထားသည့္ အဖြဲ႔ျဖစ္သည္။

TNLA ႏွင့္ SSPP တို႔မွာ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔ ၇ ဖဲြ႕ႏွင့္ ဖြဲ႔စည္းထား သည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားျဖစ္သည္။

တအန္း/ ပေလာင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA)၊ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP) တို႔သည္ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)၊ ကခ်င္ျပည္ လြတ္ေျမာက္ေရး အဖြဲ႕ (KIO)၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA- ကိုးကန႔္အဖြဲ႕)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္ (NDAA- မိုင္းလား အဖြဲ႕)၊ ရကၡိဳင့္ တပ္ေတာ္ (ULA/ AA) တို႔သည္ FPNCC အဖြဲ႕ ဝင္မ်ားျဖစ္ၾကၿပီး အဆိုပါအဖြဲ႔မ်ားမွာ NCA လက္မွတ္ေရးထိုးထားျခင္း မရွိေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားျဖစ္ၾကသည္။