ယခုနှစ်အတွင်း တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှု ၆၀ ရှိသည်ဟု တအာင်းလူငယ်အဖွဲ့ ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။
တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ပေးရန်၊ နစ်နာသူများ အတွက် တရားမျှတမှု ရရှိရေး ဆောင်ရွက်ပေးရန် နှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU က တောင်းဆိုလိုက်သည်။
၂၀၂၀ ခုနှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်းဒေသအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အပါ အဝင် မြန်မာ့တပ်မတော်က ကျူးလွန်ချိုးဖောက်ခဲ့သည့် ဖြစ်စဉ် ၆၀ ခု ရှိခဲ့သည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၏ စစ်တမ်းများအရ သိရသည်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်း က “ဖြစ်တိုင်းဖြစ်တိုင်း တော့ ထုတ်ပြန်ချက်တွေထုတ်လိုက်တယ်။ အခုက ဒီမှာ ကောက်ထားတဲ့ စစ်တမ်းအရပေါ့ ကောက်တဲ့စစ်တမ်း က တအာင်းဒေသတွေကပေါ့နော်၊ ကျန်တဲ့တိုင်းရင်းသားတွေက သူ့အဖွဲ့အစည်းတွေကောက်တာ ရှိမယ်ပေါ့ နော်။ ကျမတို့ လက်လှမ်းမှီသလောက် ကောက်ထားတဲ့အထဲမှာမှ ၂၀၂၀ မှာ ဖြစ်စဉ်က ၆၀ ရှိတယ်။ ၆၀ ထဲမှာ ချိုးဖောက်ခံရတာက လူဦးရေ ၁၂၀ ပေါ့၊ ရွာတွေအလိုက်လည်း ပါတယ်။ ရွာက ၇ ရွာပေါ့နော်။ ဆတ်ကြေး ကောက်တာက ၄ ရွာ၊ ရွာတွင်းက အိမ်တွေကို ဝင်ရောက်မွှေနှောက်တာတွေပါတယ်။ အခုက ပိုပဲပိုလာတယ်။ လျော့ကျသွားတာမရှိဘူး။ နမ့်ခမ်းပါတယ်။ မိုင်းကိုင်၊ မိုင်းယော်ဒေသဘက်ပါတယ်။ နမ္မတူ၊ မန်တုံ၊ သီပေါ၊ မိုးမိတ်၊ ကျောက်မဲ လည်းပါတယ်။ ရှမ်းမြောက်ထဲက တအာင်းတွေနေတဲ့ နေရာတွေအားလုံးနီးပါးပါတယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ်အတွင်း ၎င်းတို့၏ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ လျော့ကျသွားခြင်းပဲ နည်းမျိုးစုံ ဖြင့် အကြမ်းဖက်ခံနေရမှုများ ပိုမိုများပြားလာသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ က ပြော သည်။
“ဒေသအတွင်းမှာ တွေ့ရတဲ့ဟာက ဘာလဲဆိုတော့ တော်တော်များများက ကွင်းဆင်းလို့လည်းမရဘူး။ ပညာ ပေး လို့လည်းမရဘူး။ ပြီးရင် လူထုကလည်း ကြောက်တဲ့အခါကြတော့ ကိုယ်တွေကလည်းသွားကြည့်လို့မရ၊ အချက် အလက်လည်း ယူလို့မရတဲ့ဟာမျိုးတွေဖြစ်နေတဲ့အခါကြတော့ ကျူးလွန်တဲ့သူက ဒါကို အခွင့်အရေး ယူပြီးမှ ဘယ်သူမှ မမြင်ပါဘူးဆိုတာမျိုးတွေ့ရတယ်။ ဖြစ်စဉ်တွေဖြစ်ရင် အရင်က ထုတ်ပြန်ချက်ထုတ်တယ်၊ သတင်းစာရှင်း လင်းပွဲလုပ်တယ်၊ ဆန္ဒပြတာတွေလုပ်တယ် ဒါပေမယ့် အခုက COVID ကြောင့် ကန့်သတ်ထား တဲ့အတွက် လုပ်လည်း မရတာမျိုးတွေပေါ့၊ ဒီနောက်ပိုင်းက COVID ကြောင့် အခုလိုများတာလိ့ု ပြောလို့ရတယ်။ အရင်က တိုက်ပွဲဖြစ်တဲ့နေရာတွေ လုံခြုံရေးကြောင့် သွားဖို့ ခက်ခဲခဲ့တာရှိတယ်။ ဒါပေမယ့် အခုက COVID ကြောင့် လည်း ပိုပြီးခက်ခဲသွားတာတွေဖြစ်လာတယ်။ စစ်ဆေးမှုတွေပိုများလာတယ်ပေါ့နော်” ဟု လွေးလှာရှိန်း က ဆက်ပြောသည်။
COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုများပြားလာနေပြီး ယခုနှစ်အတွင်း မိုင်းနှင့် လက်နက်ကြီးပေါက်ကွဲခြင်း ဖြစ်စဉ် ၂၁ ခု၊ ချိုးဖောက်ခံရသူ ၄၂ ဦး၊ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၁၅ ခု၊ အသတ်ခံရသူ ၂၂ ဦး၊ ညှင်းပန်းနှိပ်စက်မှု ၅ ခုတွင် ညှင်းပန်းနှိပ်စက်ခံရသူ ၈ ဦး၊ မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲသည့်အမှု ၄ မှုတွင် တရားစွဲခံရသူ ၁၅ ဦး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ် ၆ ခုတွင် ဖမ်းဆီးထံရသူ ၃၁ ဦးရှိသည်ဟု TSYU ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ သဘောထားထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ထို့အပြင် တအာင်းဒေသအတွင်း အတင်းအဓ္ဓမပြုကျင့်ခံရခြင်း ၂ မှု၊ ကျေးရွာများ အတွင်း ဆတ်ကြေး ကောက် ခံခြင်း၊ ပစ္စည်းများဝင်ရောက်မွှေနှောက်ခြင်း၊ လူသစ်စုဆောင်းခံရခြင်းများ ရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲ တွင် ထည့်သွင်းဖော်ပြထားသည်။
၎င်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် မြန်မာ့တပ်မတော်ကလည်း ကျူးလွန်ခဲ့သည်ဟု TSYU က ပြောသည်။
ယခုရက်ပိုင်းတွင်လည်း နမ္မတူမြို့နယ်အတွင်း တပ်မတော်၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS နှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP၊ တအန်း(ပလောင်)တပ် TNLA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး အနီးအနားကျေးရွာလေးရွာခန့်က ရွာသား တစ်ကျော်လည်း စစ်ဘေးတိန်းရှောင်နေရသည်။
နမ္မတူမြို့နယ်၊ မန်စံကျေးရွာက ရွာသားတစ်ဦးက “ဒီမနက်တော့ တချို့ ပြန်တယ်။ တချို့ လည်း မပြန်သေးဘူး။ မနေ့က ညပိုင်းအထိဆိုရင် ၁၉၀ လောက်ရောက်လာတယ်။ ဒီမနက်ပိုင်းနည်းနည်းပြန်သွားတယ်။ အခု တစ်ရာ ကျော် ကျန်နေသေးတယ်။ ဒီက အခြေအနေက ပြောလို့မရသေးဘူး။ တပ်မတော်လည်း ရွာထဲရောက်နေတယ်။ RCSS လည်း နီးနီးနားနားမှာပဲ ရှိနေ တယ်။ ကျနော်တို့ ဒေသက အခုတလော တိုက်ပွဲဖြစ်လိုက်၊ လက်နက်ကိုင် တွေ ဝင်လာလိုက်ပဲဗျ။ တချို့ဆို လည်း ဆတ်ကြေးပြောရမလား အခွန်တွေကောက်တယ်။ တော်တော်ဆိုး တယ်။ ဒီက လွှတ်တော်ကိုယ်စား လှယ် တွေရော၊ အုပ်ရေးပိုင်းကရော ဘာမှ မပြောရဘူး။ မလုပ်ရကြဘူး။ သေနတ်ကိုင်တာတွေ့ တာနဲ့ အားလုံး က ကြောက်နေကြပြီ” ဟု ပြောသည်။
“ဒီမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက တော်တော်များတယ်။ အဓိက ကူးစက်ရောဂါကာလမှာ လုပ်ကိုင် စား သောက်ရတာ အခက်အခဲဖြစ်တယ်။ အရောင်းအဝယ် သွားလာမှုတွေရပ်တန့်တာတွေ၊ နှောင့်နှေးတာတွေ ပေါ့ နော်။ ဒီမှာက လုပ်ငန်းအဆင်မပြေဘူး။ နယ်စပ်သွားပြီး အလုပ်လုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း RCSS၊ SSPP၊ TNLA ဆိုပြီး ၃ ဖွဲ့ လောက်က လှုပ်ရှားနေတယ်၊ အချိန်အခါမရွေး ဆတ်ကြေးတို့ အခွန်တို့တောင်းတယ်။ လုပ်ငန်းလုပ်လည်း ကန့်သတ်တာ၊ တောင်းတွေများတယ်။ အစိုးရလည်း တောင်းတယ်။ သူတို့တောင်းတာလည်း အစိုးရထက်များနေတယ်။ တော်တော်လေး အခက်အခဲဖြစ်နေတယ်။”
TSYU က မည်သည့်လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်စေ အပြစ်မဲ့ပြည်သူများအား မတရား ဖမ်းဆီးချုပ်နှောင် ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အဖွဲ့အစည်းထဲမှ ပြစ်မှု ကျူးလွန်သူများအား အများပြည်သူရှေ့မှောက်တွင် စုံစမ်းစစ်ဆေးမှုများ၊ အရေးယူမှုများ ဆောင်ရွက်ရန်၊ အစိုးရ အနေဖြင့် သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများကို လေးစားလိုက်နာ အကောင်အထည် ဖော်ရန်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသည့် ဖြစ်စဉ်များကိုလည်း စုံစမ်းစစ်ရေး အရေး ယူပေးရန်နှင့် ပြည်သူများအပေါ် မတရားသည့် ဥပဒေများကို ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်။
ထို့အပြင် တိုင်းရင်းသားဒေသအတွင်း အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဒေသ အတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရေး လုပ်ဆောင် ပေး ရန် လည်း တောင်းဆိုထားသည်။
*** ZAWGYI ***
ယခုႏွစ္အတြင္း တပ္မေတာ္က လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ၆၀ ရွိသည္ဟု တအာင္းလူငယ္အဖြဲ႔ ထုတ္ျပန္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၀ ရက္။
တအာင္းေဒသအတြင္း ျမန္မာ့တပ္မေတာ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ရပ္တန္႔ေပးရန္၊ နစ္နာသူမ်ား အတြက္ တရားမ်ွတမႈ ရရွိေရး ေဆာင္ရြက္ေပးရန္ ႏွင့္ က်ဴးလြန္သူမ်ားကို ထိေရာက္စြာ အေရးယူေပးရန္ တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕႕ TSYU က ေတာင္းဆိုလိုက္သည္။
၂၀၂၀ ခုႏွစ္အတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း တအာင္းေဒသအတြင္း တိုင္းရင္းသားလက္နက္ကိုင္မ်ား အပါ အဝင္ ျမန္မာ့တပ္မေတာ္က က်ဴးလြန္ခ်ိဳးေဖာက္ခဲ့သည့္ ျဖစ္စဥ္ ၆၀ ခု ရွိခဲ့သည္ဟု တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕၏ စစ္တမ္းမ်ားအရ သိရသည္။
တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕႕ အေထြေထြအတြင္းေရးမွဴး ေလြးလွားရွိန္း က “ျဖစ္တုိင္းျဖစ္တုိင္း ေတာ့ ထုတ္ျပန္ခ်က္ေတြထုတ္လိုက္တယ္။ အခုက ဒီမွာ ေကာက္ထားတဲ့ စစ္တမ္းအရေပါ့ ေကာက္တဲ့စစ္တမ္း က တအာင္းေဒသေတြကေပါ့ေနာ္၊ က်န္တဲ့တုိင္းရင္းသားေတြက သူ႔အဖြဲ႕အစည္းေတြေကာက္တာ ရွိမယ္ေပါ့ ေနာ္။ က်မတို႔ လက္္လွမ္းမွီသေလာက္ ေကာက္ထားတဲ့အထဲမွာမွ ၂၀၂၀ မွာ ျဖစ္စဥ္က ၆၀ ရွိတယ္။ ၆၀ ထဲမွာ ခ်ိဳးေဖာက္ခံရတာက လူဦးေရ ၁၂၀ ေပါ့၊ ရြာေတြအလိုက္လည္း ပါတယ္။ ရြာက ၇ ရြာေပါ့ေနာ္။ ဆတ္ေၾကး ေကာက္တာက ၄ ရြာ၊ ရြာတြင္းက အိမ္ေတြကို ဝင္ေရာက္ေမႊေႏွာက္တာေတြပါတယ္။ အခုက ပိုပဲပိုလာတယ္။ ေလ်ာ့က်သြားတာမရွိဘူး။ နမ့္ခမ္းပါတယ္။ မိုင္းကိုင္၊ မိုင္းေယာ္ေဒသဘက္ပါတယ္။ နမၼတူ၊ မန္တံု၊ သီေပါ၊ မိုးမိတ္၊ ေက်ာက္မဲ လည္းပါတယ္။ ရွမ္းေျမာက္ထဲက တအာင္းေတြေနတဲ့ ေနရာေတြအားလံုးနီးပါးပါတယ္” ဟု ေျပာသည္။
၂၀၂၀ ခုႏွစ္အတြင္း ၎တို႔၏ ေဒသအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ား ေလ်ာ့က်သြားျခင္းပဲ နည္းမ်ိဳးစံု ျဖင့္ အၾကမ္းဖက္ခံေနရမႈမ်ား ပိုမိုမ်ားျပားလာသည္ဟု တအာင္းေက်ာင္းသားႏွင့္ လူငယ္မ်ားအဖြဲ႕႕ က ေျပာ သည္။
“ေဒသအတြင္းမွာ ေတြ႕ရတဲ့ဟာက ဘာလဲဆုိေတာ့ ေတာ္ေတာ္မ်ားမ်ားက ကြင္းဆင္းလို႔လည္းမရဘူး။ ပညာ ေပး လို႔လည္းမရဘူး။ ၿပီးရင္ လူထုကလည္း ေၾကာက္တဲ့အခါၾကေတာ့ ကိုယ္ေတြကလည္းသြားၾကည့္လုိ႔မရ၊ အခ်က္ အလက္လည္း ယူလို႔မရတဲ့ဟာမ်ိဳးေတြျဖစ္ေနတဲ့အခါၾကေတာ့ က်ဴးလြန္တဲ့သူက ဒါကို အခြင့္အေရး ယူၿပီးမွ ဘယ္သူမွ မျမင္ပါဘူးဆိုတာမ်ိဳးေတြ႕ရတယ္။ ျဖစ္စဥ္ေတြျဖစ္ရင္ အရင္က ထုတ္ျပန္ခ်က္ထုတ္တယ္၊ သတင္းစာရွင္း လင္းပြဲလုပ္တယ္၊ ဆႏၵျပတာေတြလုပ္တယ္ ဒါေပမယ့္ အခုက COVID ေၾကာင့္ ကန္႔သတ္ထား တဲ့အတြက္ လုပ္လည္း မရတာမ်ိဳးေတြေပါ့၊ ဒီေနာက္ပိုင္းက COVID ေၾကာင့္ အခုလိုမ်ားတာလိ႔ု ေျပာလို႔ရတယ္။ အရင္က တုိက္ပြဲျဖစ္တဲ့ေနရာေတြ လံုၿခံဳေရးေၾကာင့္ သြားဖို႔ ခက္ခဲခဲ့တာရွိတယ္။ ဒါေပမယ့္ အခုက COVID ေၾကာင့္ လည္း ပိုၿပီးခက္ခဲသြားတာေတြျဖစ္လာတယ္။ စစ္ေဆးမႈေတြပိုမ်ားလာတယ္ေပါ့ေနာ္” ဟု ေလြးလွာရိွန္း က ဆက္ေျပာသည္။
COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည့္ကာလအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ပိုမိုမ်ားျပားလာေနၿပီး ယခုႏွစ္အတြင္း မိုင္းႏွင့္ လက္နက္ႀကီးေပါက္ကြဲျခင္း ျဖစ္စဥ္ ၂၁ ခု၊ ခ်ိဳးေဖာက္ခံရသူ ၄၂ ဦး၊ သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္ ၁၅ ခု၊ အသတ္ခံရသူ ၂၂ ဦး၊ ညွင္းပန္းႏွိပ္စက္မႈ ၅ ခုတြင္ ညွင္းပန္းႏွိပ္စက္ခံရသူ ၈ ဦး၊ မတရားအသင္း ပုဒ္မ ၁၇(၁) ျဖင့္ တရားစြဲသည့္အမႈ ၄ မႈတြင္ တရားစြဲခံရသူ ၁၅ ဦး၊ မတရား ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျဖစ္စဥ္ ၆ ခုတြင္ ဖမ္းဆီးထံရသူ ၃၁ ဦးရွိသည္ဟု TSYU ၏ ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ ဆုိင္ရာ လူ႔အခြင့္အေရးေန႔ သေဘာထားထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။
ထို႔အျပင္ တအာင္းေဒသအတြင္း အတင္းအဓၶမျပဳက်င့္ခံရျခင္း ၂ မႈ၊ ေက်းရြာမ်ား အတြင္း ဆတ္ေၾကး ေကာက္ ခံျခင္း၊ ပစၥည္းမ်ားဝင္ေရာက္ေမႊေႏွာက္ျခင္း၊ လူသစ္စုေဆာင္းခံရျခင္းမ်ား ရွိခဲ့သည္ဟု အဆုိပါ ထုတ္ျပန္ခ်က္ထဲ တြင္ ထည့္သြင္းေဖာ္ျပထားသည္။
၎ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ရွမ္းေျမာက္ေဒသရွိ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအပါအဝင္ ျမန္မာ့တပ္မေတာ္ကလည္း က်ဴးလြန္ခဲ့သည္ဟု TSYU က ေျပာသည္။
ယခုရက္ပိုင္းတြင္လည္း နမၼတူၿမိဳ႕နယ္အတြင္း တပ္မေတာ္၊ ရွမ္းျပည္တပ္မေတာ္(ေတာင္ပိုင္း) RCSS ႏွင့္ ရွမ္းျပည္တပ္မေတာ္(ေျမာက္ပိုင္း) SSPP၊ တအန္း(ပေလာင္)တပ္ TNLA တို႔အၾကား တုိက္ပြဲမ်ား ဆက္တုိက္ ျဖစ္ပြားေနၿပီး အနီးအနားေက်းရြာေလးရြာခန္႔က ရြာသား တစ္ေက်ာ္လည္း စစ္ေဘးတိန္းေရွာင္ေနရသည္။
နမၼတူၿမိဳ႕နယ္၊ မန္စံေက်းရြာက ရြာသားတစ္ဦးက “ဒီမနက္ေတာ့ တခ်ိဳ႕ ျပန္တယ္။ တခ်ိဳ႕ လည္း မျပန္ေသးဘူး။ မေန႔က ညပိုင္းအထိဆုိရင္ ၁၉၀ ေလာက္ေရာက္လာတယ္။ ဒီမနက္ပိုင္းနည္းနည္းျပန္သြားတယ္။ အခု တစ္ရာ ေက်ာ္ က်န္ေနေသးတယ္။ ဒီက အေျခအေနက ေျပာလို႔မရေသးဘူး။ တပ္မေတာ္လည္း ရြာထဲေရာက္ေနတယ္။ RCSS လည္း နီးနီးနားနားမွာပဲ ရွိေန တယ္။ က်ေနာ္တုိ႔ ေဒသက အခုတေလာ တိုက္ပြဲျဖစ္လိုက္၊ လက္နက္ကိုင္ ေတြ ဝင္လာလိုက္ပဲဗ်။ တခ်ိဳ႕ဆုိ လည္း ဆတ္ေၾကးေျပာရမလား အခြန္ေတြေကာက္တယ္။ ေတာ္ေတာ္ဆိုး တယ္။ ဒီက လႊတ္ေတာ္ကိုယ္စား လွယ္ ေတြေရာ၊ အုပ္ေရးပိုင္းကေရာ ဘာမွ မေျပာရဘူး။ မလုပ္ရၾကဘူး။ ေသနတ္ကိုင္တာေတြ႕ တာနဲ႔ အားလံုး က ေၾကာက္ေနၾကၿပီ” ဟု ေျပာသည္။
“ဒီမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈက ေတာ္ေတာ္မ်ားတယ္။ အဓိက ကူးစက္ေရာဂါကာလမွာ လုပ္ကိုင္ စား ေသာက္ရတာ အခက္အခဲျဖစ္တယ္။ အေရာင္းအဝယ္ သြားလာမႈေတြရပ္တန္႔တာေတြ၊ ေႏွာင့္ေႏွးတာေတြ ေပါ့ ေနာ္။ ဒီမွာက လုပ္ငန္းအဆင္မေျပဘူး။ နယ္စပ္သြားၿပီး အလုပ္လုပ္ဖုိ႔လည္း မျဖစ္ႏုိင္ေတာ့ဘူး။ တုိင္းရင္းသား လက္နက္ကိုင္ေတြကလည္း RCSS၊ SSPP၊ TNLA ဆိုၿပီး ၃ ဖြဲ႕ ေလာက္က လႈပ္ရွားေနတယ္၊ အခ်ိန္အခါမေရြး ဆတ္ေၾကးတို႔ အခြန္တုိ႔ေတာင္းတယ္။ လုပ္ငန္းလုပ္လည္း ကန္႔သတ္တာ၊ ေတာင္းေတြမ်ားတယ္။ အစိုးရလည္း ေတာင္းတယ္။ သူတို႔ေတာင္းတာလည္း အစိုးရထက္မ်ားေနတယ္။ ေတာ္ေတာ္ေလး အခက္အခဲျဖစ္ေနတယ္။”
TSYU က မည္သည့္လက္နက္ကိုင္ အဖြဲ႕ အစည္းျဖစ္ေစ အျပစ္မဲ့ျပည္သူမ်ားအား မတရား ဖမ္းဆီးခ်ဳပ္ေႏွာင္ ျခင္း၊ သတ္ျဖတ္ျခင္းမ်ား မျပဳရန္၊ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္လည္း မိမိတို႔အဖြဲ႕အစည္းထဲမွ ျပစ္မႈ က်ဴးလြန္သူမ်ားအား အမ်ားျပည္သူေရွ႕ေမွာက္တြင္ စံုစမ္းစစ္ေဆးမႈမ်ား၊ အေရးယူမႈမ်ား ေဆာင္ရြက္ရန္၊ အစိုးရ အေနျဖင့္ သေဘာတူလက္မွတ္ေရးထိုးထားသည့္ စာခ်ဳပ္စာတမ္းမ်ားကို ေလးစားလိုက္နာ အေကာင္အထည္ ေဖာ္ရန္၊ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ထံ တုိင္ၾကားထားသည့္ ျဖစ္စဥ္မ်ားကိုလည္း စံုစမ္းစစ္ေရး အေရး ယူေပးရန္ႏွင့္ ျပည္သူမ်ားအေပၚ မတရားသည့္ ဥပေဒမ်ားကို ဖ်က္သိမ္းေပးရန္ ေတာင္းဆုိထားသည္။
ထို႔အျပင္ တုိင္းရင္းသားေဒသအတြင္း အႏုိင္ရထားသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္လည္း ေဒသ အတြင္း ျဖစ္ပြားေနသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားႏွင့္ ပတ္သက္၍ တရားမ်ွတမႈ ရရွိေရး လုပ္ေဆာင္ ေပး ရန္ လည္း ေတာင္းဆိုထားသည္။