အမျိုးသား ညီညွတ်ရေး အစိုးရတွင် တိုင်းရင်းသားရေး လုပ်ဆောင်သူများ ပါရန်လို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဖော်ဆောင်မည့် အမျိုးသား ညီညွတ်ရေး အစိုးရတွင် တိုင်းရင်းသား အရေး အမှန်တကယ် လုပ်ဆောင်မည့် ကိုယ်စားလှယ်များပါဝင်ရန် လိုကြောင်း တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်နေသူများ က ပြော သည်။
ကရင့်ရေးရာ ကော်မတီ အတွင်းရေးမှူး စောကျော်စွာက “တကယ် ညီညွှတ်ရေးဆို ဘာအတွက် ညီညွှတ် ရေးအပေါ်မှာ မူတည်တာပေါ့နော။ တကယ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ညီညွှတ်ရေးဆိုတော့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ပါဝင်သင့်ပါဝင် တိုက်တဲ့ သူတွေယူဖို့ အရေးကြီးတာပေါ့။ကျနော်တို့ကတော့ မြင်စေချင်တာ ကတော့ သူတို့ရဲ့ စိတ်ထဲမှာ ဒီတိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုရင်တော့ ပါတီထက် တကယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ဖို့တော့ အရေးကြီးတာပေါ့” ဟု ပြောသည်။
ကိုယ်စားလှယ်များကို NLD အနေဖြင့် စိတ် ကြိုက် ရွေးယူသည့် ပုံစံမျိုး မဖြစ်အောင် သတိပြုရန် လိုအပ်သည်ဟု ကရင့်ရေးရာ ကော်မတီ အတွင်းရေး မှူး က ဆက်ပြောသည်။
စောကျော်စွာက “တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးတဲ့ ခေါင်းဆောင်တွေပါသွားလို့ရှိရင်တော့ တိုင်းရင်းသား အချင်းချင်း ပြန်လည်သင့်မြတ်ရေး အားကောင်းလာမှာပေါ့။ တကယ်တိုင်းရင်းသားတွေရဲ့ ယုံကြည်အား ကိုးတဲ့ သူမဟုတ်ပဲနဲ့ သူတို့စိတ်တိုင်းကျတဲ့ ခေါင်းခေါက်ယူတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒါမှမဟုတ် ခုနက ပါတီအချင်းချင်း ညီညွှတ်ချင်လို့ ပါတီကလည်း ခေါင်းခေါက်ယူတဲ့ဟာမျိုးဆိုရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးပဲ” ဟု ပြောသည်။
အလွတ်တန်း သုတေသီ ဒေါက်တာ ခလမ်တူးခေါင်က လည်း “ပါတီတောင် မထောင်ထားတဲ့ တိုင်းရင်းသားတွေလည်းရှိတယ်။ ပါတီတောင် မထောင်ထားတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုက အဲဒီမှာ မရှိတော့ဘူး။ ပါဝင်သင့် ပါဝင်ထိုက်သူများ ဆိုပြီးတော့ ခေါ်တာတော့ရှိတာ ပေါ့ နော။ ဒါပေမယ့် သူတို့လည်း ခေါင်းခေါက်ရွေးတာပဲ ဆိုတော့ သူတို့နဲ့ သံဟဇာတဖြစ်မယ့်လူမျိုး ပြောမယ် ဆိုရင် တော့ မဟုတ်မခံ ပြောမယ့်သူမျိုးတွေကို သိပ်မခေါ်ဘူးလေ အဲလိုမျိုးပေါ့ အဲလိုမျိုးလေးတွေ တော့ ရှိတယ်” ဟု ပြောသည်။
NLD ပါတီက ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည့် လေးရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် တိုင်းရင်း သား နိုင်ငံရေး ပါတီ ၄၈ ပါတီ ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ထိုစာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည် မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီကြောင်း၊ ထို့ကြောင့် အဖွဲ့ချုပ်အနေဖြင့် နောင် အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရေးသားထားသည်။
အဆိုပါစာနှင့်ပတ်သက်၍ မွန်ညီညွှတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယီတမက “အဲဒီ စာ ကို ကျနော်တို့ သုံးသပ်ကြည့်တော့ သူက ဆွေးနွေးပွဲ တစ်ခုခုအတွက် ဖိတ်ခေါ်တဲ့ စာလည်းမဟုတ်ဘူး။ နောက် စဉ်းစားဖို့ ကမ်းလှမ်းချက်တစ်ခုခုလည်း မဟုတ်ဘူး။ အဲဒါ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသား ပါ တီကို နှိုးဆော်ထားတဲ့ စာဖြစ်တဲ့အတွက် ဒီစာပေါ်မှာ ကျနော်တို့က အကြောင်းပြန်ဖို့ မလိုအပ်ဘူး။ သို့ သော်လည်းပဲ ဒီစာကိုတော့ ကျနော်တို့ ကြိုဆိုမှတ်တမ်းတင်ပြီးတော့ အသိအမှတ်ပြုတယ်။ အဲ့သလောက်ပဲ ကျနော် တို့ အသိအမှတ်ပြုထားပါတယ်” ဟု ပြောသည်။
NLD ၏ ယခုထုတ်ပြန် ပေးပို့သည့် စာအရ ထူးခြားသည့် ဖြစ်စဉ်တစ်ခုအဖြစ်ခံစားရသော်လည်း လက်တွေ့ အပိုင်းတွင် လုပ်ဆောင်မှု တစ်စုံတစ်ရာ မတွေ့ရှိရသေးသည့်အတွက် စာပါအချက်အလက်များကို အကောင် အထည် ဖော်မည် မဖော်မည်ကို ယတိပြတ်ပြော၍ မရသေးကြောင်း နိုင်လယီတမ က ဆိုသည်။
NLD အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရစဉ်က ပါတီတစ်ခုတည်းကို အခြေပြုကာ အစိုးရဖွဲ့ ခဲ့ သော်လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့မည်ဟု ပြောဆိုမှုများရှိနေပြီး လက်တွေ့ အပြောင်းအလဲ လုပ်မည် မလုပ်မည်ကို စောင့်ကြည့်ရမည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။
“တကယ်ပဲ အပြောင်းအလဲ လုပ်မလား မလုပ်ဘူးလားဆိုတာက လက်တွေ့ ခြေလှမ်းတွေနဲ့ပဲ ဆုံးဖြတ်လို့ရ တယ်ဗျာ။ ဥပမာ ၂၀၁၅ မှာ NLD အနေနဲ့ သူတစ်ပါတီတည်း ရပြီးတော့ အစိုးရဖွဲ့သွားပြီးတော့ ဘယ်တိုင်း ရင်းသား ပါတီနဲ့မှ တွေ့ဆုံဆွေးနွေးတာ မရှိခဲ့ပါဘူး။ တိုင်းရင်းသား ပါတီတွေကို ဥပမာ လွှတ်တော်ထဲမှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖက် မိတ်ဖက်သဘော အဖြစ် သဘောထားတာ မတွေ့ခဲ့ရပါ ဘူး။ အခု ၂၀၂၀-၂၀၂၅ မှာတော့ အသံထွက်လာပေမယ့် လက်တွေ့ ခြေလှမ်းမတွေ့ရသေးတဲ့အတွက် ကြောင့်မို့လို့ပဲ ဘယ်လိုဖြစ်မလဲဆိုတာ ကြိုတင်ခန့်မှန်းပြောဆိုဖို့ခက်ပါတယ်။ လက်တွေ့ခြေလှမ်းတွေ အပေါ် မှာပဲ ကျနော်တို့ အကဲဖြတ်ရမယ်လို့ထင်ပါတယ်။”
NLD ပါတီ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည်ဟု ပြောဆိုမှုများအပေါ် တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြသော်လည်း လက်တွေ့ အကောင် အထည် ဖော်ဆောင်မည့် အပိုင်းကို ဆက်လက်စောင့်ကြည့်သွားရမည် ဟု ဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က အစိုးရဖွဲ့နိုင်သည့်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် လွှတ်တော် နေရာများ ကို အနိုင်ရရှိထားသည်။
*** ZAWGYI ***
အမ်ဳိးသား ညီညြတ္ေရး အစိုးရတြင္ တိုင္းရင္းသားေရး လုပ္ေဆာင္သူမ်ား ပါရန္လို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၀ ရက္။
အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD က ေဖာ္ေဆာင္မည့္ အမ်ဳိးသား ညီညြတ္ေရး အစိုးရတြင္ တိုင္းရင္းသား အေရး အမွန္တကယ္ လုပ္ေဆာင္မည့္ ကိုယ္စားလွယ္မ်ားပါဝင္ရန္ လိုေၾကာင္း တိုင္းရင္းသားအေရး ေလ့လာေစာင့္ၾကည့္ေနသူမ်ား က ေျပာ သည္။
ကရင့္ေရးရာ ေကာ္မတီ အတြင္းေရးမႉး ေစာေက်ာ္စြာက “တကယ္ ညီၫႊတ္ေရးဆို ဘာအတြက္ ညီၫႊတ္ ေရးအေပၚမွာ မူတည္တာေပါ့ေနာ။ တကယ္ တိုင္းျပည္ကို ဖြံ႔ၿဖိဳးတိုးတက္ေစတဲ့ ညီၫႊတ္ေရးဆိုေတာ့ တိုင္း ျပည္ဖြံ႔ၿဖိဳးတိုးတက္ဖို႔ အဓိက ပါ၀င္သင့္ပါ၀င္ တိုက္တဲ့ သူေတြယူဖို႔ အေရးႀကီးတာေပါ့။က်ေနာ္တို႔ကေတာ့ ျမင္ေစခ်င္တာ ကေတာ့ သူတို႔ရဲ႕ စိတ္ထဲမွာ ဒီတိုင္းရင္းသား စည္းလံုးညီၫႊတ္ေရးနဲ႔ အမ်ိဳးသား ျပန္လည္ ရင္ၾကားေစ့ေရး ဆိုရင္ေတာ့ ပါတီထက္ တကယ့္ တိုင္းရင္းသား ကိုယ္စားလွယ္ေတြ ပါ၀င္ဖို႔ေတာ့ အေရးႀကီးတာေပါ့” ဟု ေျပာသည္။
ကိုယ္စားလွယ္မ်ားကို NLD အေနျဖင့္ စိတ္ ႀကိဳက္ ေရြးယူသည့္ ပံုစံမ်ိဳး မျဖစ္ေအာင္ သတိျပဳရန္ လိုအပ္သည္ဟု ကရင့္ေရးရာ ေကာ္မတီ အတြင္းေရး မႉး က ဆက္ေျပာသည္။
ေစာေက်ာ္စြာက “တကယ္တိုင္းရင္းသားေတြရဲ႕ ယံုၾကည္အားကိုးတဲ့ ေခါင္းေဆာင္ေတြပါသြားလို႔ရွိရင္ေတာ့ တိုင္းရင္းသား အခ်င္းခ်င္း ျပန္လည္သင့္ျမတ္ေရး အားေကာင္းလာမွာေပါ့။ တကယ္တိုင္းရင္းသားေတြရဲ႕ ယံုၾကည္အား ကိုးတဲ့ သူမဟုတ္ပဲနဲ႔ သူတို႔စိတ္တိုင္းက်တဲ့ ေခါင္းေခါက္ယူတဲ့ တိုင္းရင္းသား ကိုယ္စားလွယ္ ဒါမွမဟုတ္ ခုနက ပါတီအခ်င္းခ်င္း ညီၫႊတ္ခ်င္လို႔ ပါတီကလည္း ေခါင္းေခါက္ယူတဲ့ဟာမ်ိဳးဆိုရင္ေတာ့ ဘာမွ ထူးလာမွာ မဟုတ္ဘူးပဲ” ဟု ေျပာသည္။
အလြတ္တန္း သုေတသီ ေဒါက္တာ ခလမ္တူးေခါင္က လည္း “ပါတီေတာင္ မေထာင္ထားတဲ့ တိုင္းရင္းသားေတြလည္းရွိတယ္။ ပါတီေတာင္ မေထာင္ထားတဲ့ တိုင္းရင္းသားေတြရဲ႕ ကိုယ္စားျပဳမႈက အဲဒီမွာ မရွိေတာ့ဘူး။ ပါ၀င္သင့္ ပါ၀င္ထိုက္သူမ်ား ဆိုၿပီးေတာ့ ေခၚတာေတာ့ရွိတာ ေပါ့ ေနာ။ ဒါေပမယ့္ သူတို႔လည္း ေခါင္းေခါက္ေရြးတာပဲ ဆိုေတာ့ သူတို႔နဲ႔ သံဟဇာတျဖစ္မယ့္လူမ်ိဳး ေျပာမယ္ ဆိုရင္ ေတာ့ မဟုတ္မခံ ေျပာမယ့္သူမ်ိဳးေတြကို သိပ္မေခၚဘူးေလ အဲလိုမ်ိဳးေပါ့ အဲလိုမ်ိဳးေလးေတြ ေတာ့ ရွိတယ္” ဟု ေျပာသည္။
NLD ပါတီက ေရြးေကာက္ပြဲ က်င္းပၿပီးစီးခဲ့သည့္ ေလးရက္အၾကာ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ တြင္ တိုင္းရင္း သား ႏိုင္ငံေရး ပါတီ ၄၈ ပါတီ ထံသို႔ စာတစ္ေစာင္ေပးပို႔ခဲ့ၿပီး ထိုစာထဲတြင္ တိုင္းရင္းသားပါတီမ်ား၏ ရည္ မွန္းခ်က္မ်ားသည္ အဖြဲ႔ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီေၾကာင္း၊ ထုိ႔ေၾကာင့္ အဖြဲ႔ခ်ဳပ္အေနျဖင့္ ေနာင္ အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ရြက္သြားမည္ျဖစ္သည္ဟု ေရးသားထားသည္။
အဆိုပါစာႏွင့္ပတ္သက္၍ မြန္ညီၫႊတ္ေရးပါတီ MUP အေထြေထြ အတြင္းေရးမႉး ၁ ႏိုင္လယီတမက “အဲဒီ စာ ကို က်ေနာ္တို႔ သံုးသပ္ၾကည့္ေတာ့ သူက ေဆြးေႏြးပြဲ တစ္ခုခုအတြက္ ဖိတ္ေခၚတဲ့ စာလည္းမဟုတ္ဘူး။ ေနာက္ စဥ္းစားဖို႔ ကမ္းလွမ္းခ်က္တစ္ခုခုလည္း မဟုတ္ဘူး။ အဲဒါ ပူးေပါင္းေဆာင္ရြက္ဖို႔ တိုင္းရင္းသား ပါ တီကို ႏႈိးေဆာ္ထားတဲ့ စာျဖစ္တဲ့အတြက္ ဒီစာေပၚမွာ က်ေနာ္တို႔က အေၾကာင္းျပန္ဖို႔ မလိုအပ္ဘူး။ သို႔ ေသာ္လည္းပဲ ဒီစာကိုေတာ့ က်ေနာ္တို႔ ႀကိဳဆိုမွတ္တမ္းတင္ၿပီးေတာ့ အသိအမွတ္ျပဳတယ္။ အဲ့သေလာက္ပဲ က်ေနာ္ တို႔ အသိအမွတ္ျပဳထားပါတယ္” ဟု ေျပာသည္။
NLD ၏ ယခုထုတ္ျပန္ ေပးပို႔သည့္ စာအရ ထူးျခားသည့္ ျဖစ္စဥ္တစ္ခုအျဖစ္ခံစားရေသာ္လည္း လက္ေတြ႕ အပိုင္းတြင္ လုပ္ေဆာင္မႈ တစ္စံုတစ္ရာ မေတြ႕ရွိရေသးသည့္အတြက္ စာပါအခ်က္အလက္မ်ားကို အေကာင္ အထည္ ေဖာ္မည္ မေဖာ္မည္ကို ယတိျပတ္ေျပာ၍ မရေသးေၾကာင္း ႏိုင္လယီတမ က ဆိုသည္။
NLD အေနျဖင့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ အႏိုင္ရစဥ္က ပါတီတစ္ခုတည္းကို အေျချပဳကာ အစိုးရဖြဲ႔ ခဲ့ ေသာ္လည္း ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲ ေအာင္ႏိုင္ၿပီးေနာက္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔မည္ဟု ေျပာဆိုမႈမ်ားရွိေနၿပီး လက္ေတြ႕ အေျပာင္းအလဲ လုပ္မည္ မလုပ္မည္ကို ေစာင့္ၾကည့္ရမည္ဟု ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး က ေျပာသည္။
“တကယ္ပဲ အေျပာင္းအလဲ လုပ္မလား မလုပ္ဘူးလားဆိုတာက လက္ေတြ႕ ေျခလွမ္းေတြနဲ႔ပဲ ဆံုးျဖတ္လို႔ရ တယ္ဗ်ာ။ ဥပမာ ၂၀၁၅ မွာ NLD အေနနဲ႔ သူတစ္ပါတီတည္း ရၿပီးေတာ့ အစိုးရဖြဲ႔သြားၿပီးေတာ့ ဘယ္တိုင္း ရင္းသား ပါတီနဲ႔မွ ေတြ႕ဆံုေဆြးေႏြးတာ မရွိခဲ့ပါဘူး။ တိုင္းရင္းသား ပါတီေတြကို ဥပမာ လႊတ္ေတာ္ထဲမွာ အႏိုင္ရတဲ့ တိုင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးဖက္ မိတ္ဖက္သေဘာ အျဖစ္ သေဘာထားတာ မေတြ႕ခဲ့ရပါ ဘူး။ အခု ၂၀၂၀-၂၀၂၅ မွာေတာ့ အသံထြက္လာေပမယ့္ လက္ေတြ႕ ေျခလွမ္းမေတြ႕ရေသးတဲ့အတြက္ ေၾကာင့္မို႔လို႔ပဲ ဘယ္လိုျဖစ္မလဲဆိုတာ ႀကိဳတင္ခန္႔မွန္းေျပာဆိုဖို႔ခက္ပါတယ္။ လက္ေတြ႕ေျခလွမ္းေတြ အေပၚ မွာပဲ က်ေနာ္တို႔ အကဲျဖတ္ရမယ္လို႔ထင္ပါတယ္။”
NLD ပါတီ၏ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔စည္းမည္ဟု ေျပာဆိုမႈမ်ားအေပၚ တိုင္းရင္းသား ပါတီမ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ားက ေထာက္ခံႀကိဳဆိုခဲ့ၾကေသာ္လည္း လက္ေတြ႕ အေကာင္ အထည္ ေဖာ္ေဆာင္မည့္ အပိုင္းကို ဆက္လက္ေစာင့္ၾကည့္သြားရမည္ ဟု ဆိုသည္။
ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီ က အစိုးရဖြဲ႔ႏိုင္သည့္အထိ ျပည္နယ္ႏွင့္္ တိုင္းေဒသႀကီး အားလံုးနီးပါးတြင္ လႊတ္ေတာ္ ေနရာမ်ား ကို အႏိုင္ရရွိထားသည္။