မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ဆွေးနွေးပွဲ ဖြစ်ရန် အလားအလာရှိဟု PCG ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။

တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့တွေ့ဆုံမှုများ ရှိနေပြီး အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက် အပေါ်မူတည်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမူမှာ အချိန်မရွေးဖြစ်လာ နိုင်သည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ ပြောသည်။

ဒီဇင်ဘာ ၉ ရက်နေ့တွင် ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ဌာနချုပ် ပန်ခန်း (ပန်ဆန်း) တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တွေ့ဆုံမှု ရှိခဲ့သည်။ ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် အစိုးရတို့ အွန်လိုင်းမှ တွေ့ဆုံခဲ့သည်။

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာနိုင်သည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင် ဂွမ်ဂျာက ပြောသည်။

“အစိုးရဖက်ကနေပြီးတော့မှ အဆင်သင့်ဖြစ်ရင်တော့ ဘယ်အချိန်လည်း ဖြစ်နိုင်တာပေါ့ လေ။ ဒီလအတောအတွင်းလည်း ဖြစ်နိုင်သလို နောက်လလည်း ဖြစ်နိုင်တာပေါ့။ အဲဒါကတော့ အစိုးရ ပေါ်မှာ ပဲ မူတည်တယ်လေ” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ “အခုကလောလောဆယ်တော့ အစိုးရ အဖွဲ့ကနေပြီးတော့ ဘာမှ တင်ပြလာတာ ပြောလာတာ မရှိသေးဘူးဗျာ။”

လောလောဆယ်တွင် မည်သည့် အချိန် မည်သည့်နေရာတွင် ဖြစ်မည်ကို အတိအကျပြောရန် ခက်သေး သည်ဟု PCG က ဆို သည်။

“မြောက်ပိုင်း အဖွဲ့တွေလည်းပဲ ပြန်ပြောတဲ့အပေါ်မှာ အိုကေဟုတ်ပြီ ဆိုရင်တော့ ဘယ်နေရာမှာ တွေ့မယ် ဘယ်အချိန် ဘယ်ရက် ဘယ်နေရာမှာ တွေ့မယ်ဆိုတာ အဲဒါဒုတိယအပိုင်း ပြန်လည်ဆွေး နွေးရမယ့် ကဏ္ဍပဲရှိတယ်လေ။ အခုက ဘယ်မှာတွေ့မယ်ဆိုတာ အတိအကျတော့ ပြောလို့ မရသေးဘူးဗျာ” ဟု ဦးလမိုင်ဂွမ်ဂျာ က ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် တပ်မတော်နှင့် အစိုးရတို့ နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တွင် ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးတွင် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် နှင့် အပစ်မရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု NRPC က ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးမှုနောက်ပိုင်း NRPC နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီဇင်ဘာလ ၇ ရက် နေ့က Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် ဆယ်တောရို ဘော်ဒါ ဆောင် ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၉ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ “၀ ပြည်သွေး စည်း ညီညွှတ်ရေး တပ်မတော် UWSA ထိန်းချုပ်ရာဒေသ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေး ပွဲတွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်အပြင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သေချာခိုင်မာအောင် လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြ သည်ဟု ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက မီဒီ ယာများကို ပြောဆိုထားသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမည့် ပုံစံမှာ အစိုးရသစ် လက် ထက်တွင် ပြောင်းလဲလာနိုင်သော်လည်း လက်ရှိအချိန်ထိ မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ တွေ့ဆုံ ဆွေးနွေး ရေး မူဝါဒမှာ ယခင်အတိုင်းသာ ရှိနေသေးသည်ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

“အရင်တုန်းက အဆက်အစပ်နဲ့ပဲ လေးဖွဲ့နဲ့ တစ်ပြိုင်နက်တည်းတွေ့ဖို့ပဲ ဆွေးနွေးထားတဲ့အပေါ်မှာ အခုလာ မယ့် ဒီအစိုးရ အသစ်ပြန်ဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ ဘယ်လိုပြောင်းလဲလာမလဲ မသိဘူး။ နည်း နည်းပါးပါးတော့ ပြောင်းလဲမှုတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ မြင်တယ်ပေါ့လေ။ အဲဒီပြောင်းလဲ အပေါ်မှာ မူတည်ပြီးတော့မှ တစ်ဖွဲ့ချင်းလား တစ်ဦးချင်းလား ဘယ်လိုတွေ့ဆုံမလဲ ဆိုတာ ကတော့ ပြော လို့တော့ မရသေးဘူးပေါ့။ နောက်ဆုံးတွေ့ဆုံတဲ့ အဖြေအရတော့ လေးဖွဲ့စလုံးပဲ တစ်ပြိုင်တည်း လက်မှတ် ထိုးမယ် လေးဖွဲ့နဲ့အတူပဲ ဆွေးနွေးမယ်ဆိုတဲ့ ပုံစံပေါ့လေ။ အဲလိုပဲ နောက်ဆုံးသိရ တဲ့အခါကျ တော့ သူ့ရဲ့ သဘောထားက အဲဒီမူတော့ မပြောင်းဘူးလို့တော့ ပြောတာတော့ ကြားရတာလေ”

အစိုးရ၊ တပ်မတော်တို့နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

အဆိုပါ အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က အစိုးရ၊ တပ်မတော်နှင့် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်း COVID-19 ကပ်ရောဂါကြောင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲရှိနေခြင်းကြောင့် သော် လည်းကောင်းတွေ့ဆုံဆွေးနွေးမှုမှာလည်း ပြတ်တောက်သွားခဲ့ရသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီ ဖြစ်သကဲ့သို့ COVID-19 ကပ်ရောဂါကိုလည်း အနေအထား တစ်ခု အထိ ထိန်းချုပ်လာနိုင်သော အဆင့်အထိရောက်ရှိလာပြီး အစိုးရဖက်မှ ကမ်းလှမ်းလာပါက နှစ်ဖက် တွေ့ ဆုံဆွေး နွေးမှုများမှာ ပြန်လည်လုပ်ဆောင်နိုင်မည်ဟု PCG က ဆိုသည်။

*** ZAWGYI ***
ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔မ်ား ေဆြးေႏြးပြဲ ျဖစ္ရန္ အလားအလာရွိဟု PCG ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၁ ရက္။

တပ္မေတာ္ႏွင့္ လက္နက္ကိုင္ အဖြဲ႔ေတြ႔ဆံုမႈမ်ား ရွိေနၿပီး အစိုးရဖက္မွ ေတြ႕ဆံုေဆြးေႏြးရန္ ကမ္းလွမ္းခ်က္ အေပၚမူတည္၍ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ႏွင့္ အစိုးရ တို႔အၾကား ေတြ႕ဆံုေဆြးေႏြးမူမွာ အခ်ိန္မေရြးျဖစ္လာ ႏိုင္သည္ဟု ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ အဖြဲ႔ ေျပာသည္။

ဒီဇင္ဘာ ၉ ရက္ေန႔တြင္ ဝ ျပည္ ေသြးစည္းညီညြတ္ေရး ပါတီ UWSP ဌာနခ်ဳပ္ ပန္ခန္း (ပန္ဆန္း) တြင္ ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ တပ္မေတာ္တို႔အၾကား ေတြ႔ဆံုမႈ ရွိခဲ့သည္။ ဒီဇင္ဘာလ ၇ ရက္ေန႔ကလည္း ကရင္နီအမ်ဳိးသား တိုးတက္ေရး ပါတီ KNPP ႏွင့္ အစိုးရတို႔ အြန္လိုင္းမွ ေတြ႔ဆံုခဲ့သည္။

ေျမာက္ပိုင္း မဟာမိတ္တပ္ဖြဲ႔မ်ားနွင့္လည္း ေတြ႔ဆံုေဆြးေႏြးမႈမ်ား ျဖစ္လာနိုင္သည္ဟု ကခ်င္ ၿငိမ္းခ်မ္းေရး အက်ဳိးေတာ္ေဆာင္အဖြဲ႔ PCG မွ ဦးလမိုင္ ဂြမ္ဂ်ာက ေျပာသည္။

“အစိုးရဖက္ကေနၿပီးေတာ့မွ အဆင္သင့္ျဖစ္ရင္ေတာ့ ဘယ္အခ်ိန္လည္း ျဖစ္ႏိုင္တာေပါ့ ေလ။ ဒီလအေတာအတြင္းလည္း ျဖစ္ႏိုင္သလို ေနာက္လလည္း ျဖစ္ႏိုင္တာေပါ့။ အဲဒါကေတာ့ အစိုးရ ေပၚမွာ ပဲ မူတည္တယ္ေလ” ဟု ဦးလမိုင္ဂြမ္ဂ်ာက ေျပာသည္။ “အခုကေလာေလာဆယ္ေတာ့ အစိုးရ အဖြဲ႔ကေနၿပီးေတာ့ ဘာမွ တင္ျပလာတာ ေျပာလာတာ မရွိေသးဘူးဗ်ာ။”

ေလာေလာဆယ္တြင္ မည္သည့္ အခ်ိန္ မည္သည့္ေနရာတြင္ ျဖစ္မည္ကို အတိအက်ေျပာရန္ ခက္ေသး သည္ဟု PCG က ဆို သည္။

“ေျမာက္ပိုင္း အဖဲြ႕ေတြလည္းပဲ ျပန္ေျပာတဲ့အေပၚမွာ အိုေကဟုတ္ၿပီ ဆိုရင္ေတာ့ ဘယ္ေနရာမွာ ေတြ႕မယ္ ဘယ္အခ်ိန္ ဘယ္ရက္ ဘယ္ေနရာမွာ ေတြ႕မယ္ဆိုတာ အဲဒါဒုတိယအပိုင္း ျပန္လည္ေဆြး ေႏြးရမယ့္ က႑ပဲရွိတယ္ေလ။ အခုက ဘယ္မွာေတြ႕မယ္ဆိုတာ အတိအက်ေတာ့ ေျပာလို႔ မရေသးဘူးဗ်ာ” ဟု ဦးလမိုင္ဂြမ္ဂ်ာ က ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ ရက္ေန႔ႏွင့္ ၄ ရက္ေန႔တြင္ တပ္မေတာ္ႏွင့္ အစိုးရတို႔ ေနျပည္ေတာ္ရွိ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန NRPC တြင္ က်င္းပျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္း စဥ္ လုပ္ငန္းညွိႏႈိင္းေရး အစည္းအေ၀းတြင္ NCA အပစ္ရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ မ်ားႏွင့္ ေဆြးေႏြးညွိႏႈိင္းမႈမ်ား လုပ္ေဆာင္သြားရန္ ႏွင့္ အပစ္မရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားႏွင့္ ေဆြးေႏြးညွိႏႈိင္းမႈမ်ား လုပ္ေဆာင္သြားရန္တို႔ကို ေဆြးေႏြးခဲ့ၾကသည္ဟု NRPC က ထုတ္ျပန္ထားသည္။

ထိုေဆြးေႏြးမႈေနာက္ပိုင္း NRPC ႏွင့္ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP တို႔ ဒီဇင္ဘာလ ၇ ရက္ ေန႔က Video Conferencing ျဖင့္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီး ေဆြးေႏြးပြဲတြင္ ဆယ္ေတာ႐ို ေဘာ္ဒါ ေဆာင္ ဆိုင္ရာ ကိစၥရပ္မ်ား၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကိစၥရပ္မ်ားႏွင့္ ေရွ႕ဆက္လုပ္ေဆာင္ရမည့္ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့သည္ဟု သိရသည္။

ထို႔အျပင္ ဒီဇင္ဘာလ ၉ ရက္ေန႔က တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔ “၀ ျပည္ေသြး စည္း ညီၫႊတ္ေရး တပ္မေတာ္ UWSA ထိန္းခ်ဳပ္ရာေဒသ ပန္ဆန္းၿမိဳ႕တြင္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကၿပီး ေဆြးေႏြး ပြဲတြင္ ၿငိမ္းခ်မ္းေရးႏွင့္ ေရြးေကာက္ပြဲ ကိစၥရပ္အျပင္ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရးကို ေသခ်ာခိုင္မာေအာင္ လုပ္ေဆာင္ရန္ ေဆြးေႏြးခဲ့ၾက သည္ဟု ရကၡိဳင့္တပ္ေတာ္ ULA/AA ျပန္ၾကားေရး တာ၀န္ခံ ခိုင္သုခက မီဒီ ယာမ်ားကို ေျပာဆိုထားသည္။

ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ေတြ႕ဆံုေဆြးေႏြးမည့္ ပံုစံမွာ အစိုးရသစ္ လက္ ထက္တြင္ ေျပာင္းလဲလာႏိုင္ေသာ္လည္း လက္ရွိအခ်ိန္ထိ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔မ်ား၏ ေတြ႕ဆံု ေဆြးေႏြး ေရး မူဝါဒမွာ ယခင္အတိုင္းသာ ရွိေနေသးသည္ဟု ဦးလမိုင္ဂြမ္ဂ်ာ က ေျပာသည္။

“အရင္တုန္းက အဆက္အစပ္နဲ႔ပဲ ေလးဖြဲ႔နဲ႔ တစ္ၿပိဳင္နက္တည္းေတြ႕ဖို႔ပဲ ေဆြးေႏြးထားတဲ့အေပၚမွာ အခုလာ မယ့္ ဒီအစိုးရ အသစ္ျပန္ျဖစ္တဲ့အခါက်ေတာ့ သူတို႔ရဲ႕ ဖြဲ႔စည္းပံု ဘယ္လိုေျပာင္းလဲလာမလဲ မသိဘူး။ နည္း နည္းပါးပါးေတာ့ ေျပာင္းလဲမႈေတာ့ ရွိလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ ျမင္တယ္ေပါ့ေလ။ အဲဒီေျပာင္းလဲ အေပၚမွာ မူတည္ၿပီးေတာ့မွ တစ္ဖြဲ႔ခ်င္းလား တစ္ဦးခ်င္းလား ဘယ္လိုေတြ႕ဆံုမလဲ ဆိုတာ ကေတာ့ ေျပာ လို႔ေတာ့ မရေသးဘူးေပါ့။ ေနာက္ဆံုးေတြ႕ဆံုတဲ့ အေျဖအရေတာ့ ေလးဖြဲ႔စလံုးပဲ တစ္ၿပိဳင္တည္း လက္မွတ္ ထိုးမယ္ ေလးဖြဲ႔နဲ႔အတူပဲ ေဆြးေႏြးမယ္ဆိုတဲ့ ပံုစံေပါ့ေလ။ အဲလိုပဲ ေနာက္ဆံုးသိရ တဲ့အခါက် ေတာ့ သူ႔ရဲ႕ သေဘာထားက အဲဒီမူေတာ့ မေျပာင္းဘူးလို႔ေတာ့ ေျပာတာေတာ့ ၾကားရတာေလ”

အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္း မဟာ မိတ္ ၄ ဖြဲ႕မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုက ရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

အဆိုပါ အဖြဲ႔မ်ားသည္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္ေန႔က အစိုးရ၊ တပ္မေတာ္ႏွင့္ ပဏာမ အပစ္ရပ္ လက္မွတ္ေရးထိုးႏိုင္ရန္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမႈ ေနာက္ပိုင္း COVID-19 ကပ္ေရာဂါေၾကာင့္ေသာ္လည္းေကာင္း၊ ေရြးေကာက္ပြဲရွိေနျခင္းေၾကာင့္ ေသာ္ လည္းေကာင္းေတြ႕ဆံုေဆြးေႏြးမႈမွာလည္း ျပတ္ေတာက္သြားခဲ့ရသည္။

လက္ရွိတြင္ ေရြးေကာက္ပြဲ က်င္းပၿပီးစီးသြားၿပီ ျဖစ္သကဲ့သို႔ COVID-19 ကပ္ေရာဂါကိုလည္း အေနအထား တစ္ခု အထိ ထိန္းခ်ဳပ္လာႏိုင္ေသာ အဆင့္အထိေရာက္ရွိလာၿပီး အစိုးရဖက္မွ ကမ္းလွမ္းလာပါက ႏွစ္ဖက္ ေတြ႕ ဆံုေဆြး ေႏြးမႈမ်ားမွာ ျပန္လည္လုပ္ေဆာင္ႏိုင္မည္ဟု PCG က ဆိုသည္။