KNPP၊ AA တို့နှင့် အစိုးရ၊ တပ်မတော်တို့အကြား တွေ့ဆုံမှုကို UPDJC ကြိုဆို

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။

လက်ရှိဖြစ်ပေါ်တိုးတက်နေသော တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများသည် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် တွန်းအား တစ်ရပ် ဖြစ်စေသည် ဟု NCA အပစ်ရပ် အဖွဲ့များ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင် ရေး တွေ့ဆုံညှိနှိုင်းမှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလွတ်သဘော ဆွေးနွေးမှုတွေကို သက်ဆိုင် တဲ့ အဖွဲ့ အစည်းတွေ အကြား ပြုလုပ်နိုင်ခဲ့ကြတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် တွန်းအား ဖြစ်စေခဲ့ပါတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အပတ်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ဆွေးနွေးပွဲမှ ဘုံသဘောထား ချမှတ် နိုင်ခဲ့သည့် ရလဒ်များကိုလည်း အားတက်မိသည် ဟု အပစ်ရပ်အဖွဲ့များ၏ UPDJC အဖွဲ့ခေါင်း ဆောင်က ဆို သည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရ လွှတ်တော် တပ်မတော်တို့ ပြီးခဲ့တဲ့ သတင်းပတ်မှာ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီး ဘုံသဘောထား ချက်မှတ်နိုင်ခဲ့တာတွေ နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ မူဘောင် ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့တာကို ကြားသိရတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အားတက်မိပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်း က ဆက်ပြောသည်။

အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီဇင်ဘာလ ၇ ရက်နေ့က ဆယ်တောရို ဘော်ဒါ ဆောင် ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ် များကို အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံဆွေးနွေးခဲ့ကြ သကဲ့သို့ တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA တို့သည် လည်း ဒီဇင်ဘာလ ၉ ရက်နေ့က “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ဌာနချုပ် ပန်းဆန်း တွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်အပြင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သေချာခိုင်မာ အောင် လုပ်ဆောင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုတွေ့ဆုံမှုများကြောင့် လာမည့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် တွန်းအားတစ်ရပ်ကို ဖြစ်စေ သည်ဟု ဒီဇင်ဘာလ ၁၁ ရက် ယနေ့တွင် ပြုလုပ်သည့် NCA-S EAO အဖွဲ့များ၏ ၃၅ ကြိမ်မြောက် UPDJC အစည်း အဝေး အဖွင့် နှုတ်ခွန်းဆက်စကားတွင် ဗိုလ်မှူးကြီး စိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့အပြင် အပစ်ရပ်အဖွဲ့များ အနေဖြင့် NLD ပါတီမှ အစိုးရအသစ် မဖွဲ့စည်းနိုင်သေးသည့် ကြားကာလတွင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးနိုင်ရေး အဖွဲ့ဝင် ၁၀ ဦးပါသည့် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်း ထားပြီး ထိုအဖွဲ့မှ အစိုးရနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားရန်ရှိသည် ဟု ဗိုလ်မှူးကြီး စိုင်းငင်း က ဆိုသည်။

“အစိုးရအသစ် မဖွဲ့စည်းနိုင်သေးတဲ့ ကြားကာလမှာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အစိုးရနဲ့ မိမိတို့ NCA-S EAO တွေအကြား အလွတ်သဘော ဆွေးနွေးညှိနှိုင်းသွားဖို့ လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သင့် တော်တဲ့ အချိန်ကာလမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မိမိတို့ဖက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။”

ဒီဇင်ဘာလ ၁၁ ရက်နေ့ (ယနေ့) ကျင်းပသည့် NCA-S EAO အဖွဲ့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးတွင် ဖက်ဒရယ်မူဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း ၃ တွင် သဘောတူထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင် ဆင် ခြင်းကိစ္စရပ်၊ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့် အလိုက်အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို ဆွေးနွေးသွားရန်ရှိသည် ဟု သိရသည်။

*** ZAWGYI ***
KNPP၊ AA တို႔ႏွင့္ အစိုးရ၊ တပ္မေတာ္တုိ႔အၾကား ေတြ႔ဆံုမႈကို UPDJC ႀကိဳဆို

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္။

လက္ရွိျဖစ္ေပၚတိုးတက္ေနေသာ တပ္မေတာ္၊ အစိုးရ ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ အခ်ိဳ႕တို႔၏ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမႈမ်ားသည္ အနာဂတ္ ၿငိမ္းခ်မ္းေရး လုပ္ငန္းအတြက္ တြန္းအား တစ္ရပ္ ျဖစ္ေစသည္ ဟု NCA အပစ္ရပ္ အဖြဲ႔မ်ား၏ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ UPDJC အဖြဲ႔ေခါင္းေဆာင္ ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာသည္။

ဗိုလ္မႉးႀကီး စိုင္းငင္းက “ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ နယ္ေျမေတြမွာ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပ ႏိုင္ ေရး ေတြ႕ဆုံညႇိႏႈိင္းမႈေတြ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ အလြတ္သေဘာ ေဆြးေႏြးမႈေတြကို သက္ဆိုင္ တဲ့ အဖြဲ႕ အစည္းေတြ အၾကား ျပဳလုပ္ႏိုင္ခဲ့ၾကတာေတြဟာ ၿငိမ္းခ်မ္းေရး ေရွ႕လုပ္ငန္းစဥ္အတြက္ တြန္းအား ျဖစ္ေစခဲ့ပါတယ္” ဟု ေျပာသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ အပတ္က အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္တို႔၏ ေဆြးေႏြးပြဲမွ ဘံုသေဘာထား ခ်မွတ္ ႏိုင္ခဲ့သည့္ ရလဒ္မ်ားကိုလည္း အားတက္မိသည္ ဟု အပစ္ရပ္အဖြဲ႔မ်ား၏ UPDJC အဖြဲ႔ေခါင္း ေဆာင္က ဆို သည္။

“ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ အစိုးရ လႊတ္ေတာ္ တပ္မေတာ္တို႔ ၿပီးခဲ့တဲ့ သတင္းပတ္မွာ ေတြ႕ဆံု ေဆြးေႏြးညွိႏႈိင္းၿပီး ဘံုသေဘာထား ခ်က္မွတ္ႏိုင္ခဲ့တာေတြ ႏိုင္ငံေရး ေဆြးေႏြးေရး ဆိုင္ရာ မူေဘာင္ ကိစၥေတြ ေဆြးေႏြးညွိႏႈိင္းခဲ့တာကို ၾကားသိရတာေတြဟာ ၿငိမ္းခ်မ္းေရး ေရွ႕လုပ္ငန္းစဥ္အတြက္ အားတက္မိပါတယ္” ဟု ဗိုလ္မႉးႀကီးစိုင္းငင္း က ဆက္ေျပာသည္။

အစိုးရႏွင့္ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP တို႔ ဒီဇင္ဘာလ ၇ ရက္ေန႔က ဆယ္ေတာ႐ို ေဘာ္ဒါ ေဆာင္ ဆိုင္ရာ ကိစၥရပ္မ်ား၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကိစၥရပ္မ်ားႏွင့္ ေရွ႕ဆက္လုပ္ေဆာင္ရမည့္ ကိစၥရပ္ မ်ားကို အြန္လိုင္းမွတစ္ဆင့္ ေတြ႕ ဆံုေဆြးေႏြးခဲ့ၾက သကဲ့သို႔ တပ္မေတာ္ႏွင့္ ရကၡိဳင္တပ္ေတာ္ AA တို႔သည္ လည္း ဒီဇင္ဘာလ ၉ ရက္ေန႔က “၀” ျပည္ေသြးစည္းညီၫႊတ္ေရး တပ္မေတာ္ UWSA ဌာနခ်ဳပ္ ပန္းဆန္း တြင္ ၿငိမ္းခ်မ္းေရးႏွင့္ ေရြးေကာက္ပြဲ ကိစၥရပ္အျပင္ ႏွစ္ဖက္ အပစ္အခတ္ရပ္စဲေရးကို ေသခ်ာခိုင္မာ ေအာင္ လုပ္ေဆာင္ရန္ ေတြ႕ဆံုေဆြးေႏြးခဲ့ၾကသည္ဟု သိရသည္။

ထိုေတြ႕ဆံုမႈမ်ားေၾကာင့္ လာမည့္ ၿငိမ္းခ်မ္းေရး ေရွ႕လုပ္ငန္းစဥ္မ်ားအတြက္ တြန္းအားတစ္ရပ္ကို ျဖစ္ေစ သည္ဟု ဒီဇင္ဘာလ ၁၁ ရက္ ယေန႔တြင္ ျပဳလုပ္သည့္ NCA-S EAO အဖြဲ႔မ်ား၏ ၃၅ ႀကိမ္ေျမာက္ UPDJC အစည္း အေ၀း အဖြင့္ ႏႈတ္ခြန္းဆက္စကားတြင္ ဗိုလ္မႉးႀကီး စိုင္းငင္းက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ သည္။

ထို႔အျပင္ အပစ္ရပ္အဖြဲ႔မ်ား အေနျဖင့္ NLD ပါတီမွ အစိုးရအသစ္ မဖြဲ႔စည္းႏိုင္ေသးသည့္ ၾကားကာလတြင္ ၿငိမ္းခ်မ္းေရး ေရွ႕လုပ္ငန္းစဥ္မ်ားအတြက္ ေဆြးေႏြးႏုိင္ေရး အဖြဲ႔၀င္ ၁၀ ဦးပါသည့္ ညွိႏႈိင္းေရး အဖြဲ႔ကို ဖြဲ႔စည္း ထားၿပီး ထိုအဖြဲ႔မွ အစိုးရႏွင့္ အလြတ္သေဘာေတြ႕ဆံုေဆြးေႏြးသြားရန္ရွိသည္ ဟု ဗိုလ္မႉးႀကီး စိုင္းငင္း က ဆိုသည္။

“အစိုးရအသစ္ မဖြဲ႔စည္းႏိုင္ေသးတဲ့ ၾကားကာလမွာ ၿငိမ္းခ်မ္းေရး ေရွ႕လုပ္ငန္းစဥ္အတြက္ အစိုးရနဲ႔ မိမိတို႔ NCA-S EAO ေတြအၾကား အလြတ္သေဘာ ေဆြးေႏြးညွိႏႈိင္းသြားဖို႔ လမ္းဖြင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ သင့္ ေတာ္တဲ့ အခ်ိန္ကာလမွာ အစိုးရနဲ႔ ေတြ႕ဆံုေဆြးေႏြးႏိုင္ဖို႔ မိမိတို႔ဖက္က ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။”

ဒီဇင္ဘာလ ၁၁ ရက္ေန႔ (ယေန႔) က်င္းပသည့္ NCA-S EAO အဖြဲ႔၏ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ UPDJC အစည္းအေ၀းတြင္ ဖက္ဒရယ္မူဆိုင္ရာ ကိစၥရပ္မ်ား၊ ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္ အစိတ္အပိုင္း ၃ တြင္ သေဘာတူထားသည့္အတိုင္း ႏိုင္ငံေရး ေဆြးေႏြးမႈဆိုင္ရာ မူေဘာင္ျပင္ ဆင္ ျခင္းကိစၥရပ္၊ ဖက္ဒရယ္ တည္ေဆာက္ေရးဆိုင္ရာ ၂၀၂၀ အလြန္ အဆင့္လိုက္ လုပ္ငန္းစဥ္ႏွင့္ အဆင့္ အလိုက္အေကာင္အထည္ေဖာ္မႈ လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးသြားရန္ရွိသည္ ဟု သိရသည္။