ဧရာဝတီမြစ် ရေကာတာတည်ဆောက်ရေး ပြည်သူ့သဘောထားအတိုင်း KSPP က ရပ်တည်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
မြစ်ဆုံရေကာတာ အပါအဝင် ဧရာဝတီမြစ်ဆုံ အထက်ဖက် မြစ်ညာ မြစ်ဝှမ်းများပေါ်တွင် တည်ဆောက် မည့် ရေကာတာ စီမံကိန်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပြည်သူများ၏ သဘောထား အတိုင်းရပ်တည်သွားမည်ဖြစ်ကြောင်း ပြောသည်။
KSPP ဒု – ဥက္ကဋ္ဌ – ၂ ဦးကွမ်ဂေါင်အောင်ခမ်း က “အဓိကက ပြည်သူလူထု ရဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့်မို့လို့ပဲ အခုအ ချိန်မှာ ကျနော်တို့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ နောက်နောင်ကိုလည်း ပြည်သူလူထု မကြိုက်တဲ့ ဟာကို ဘာမှ လုပ်ဖို့လည်း ကျနော်တို့ ပါတီ အနေနဲ့လည်း သဘောထား မရှိဘူးဆိုတဲ့ ဟာမျိုးကိုလည်း ကျနော်ပြောလိုတယ်။ ဒါကြောင့် ပါတီအရရော ကျနော်အနေနဲ့ ရော ပြည်သူလူထုအနေနဲ့ရော ဒီဟာကို လုံးဝဆန့်ကျင်တယ်ဆိုတဲ့ ဟာမျိုးကိုပဲ ကျနော်တင်ပြလိုပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ် ဆမ်ဆွမ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကချင်ပြည်နယ် မြစ်ကြီး နားမြို့တွင် တွေ့ဆုံရာ ဧရာဝတီမြစ်ဆုံအထက်ဖက်ရှိ မြစ်ညာ မြစ်ဝှမ်းများပေါ်တွင် ရေကာတာ တည် ဆောက်မည်ဆိုပါက ဖြစ်နိုင်သည့် အနေအထားများရှိသည်ဟု ပြောဆိုမှုအပေါ် KSPP က ပြောဆို လိုက် ခြင်း ဖြစ်သည်။
“ဘယ်သူပဲ ပြောပြောပေါ့ ကျနော်က ဒီဟာ စိတ်ဆန္ဒရှိတယ်ဆိုရင် ကျနော်တို့က ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းလဲ မရှိပါဘူး။ KBC ပဲ ပြောပြော ဘယ်သူပဲ ပြောပြောပေါ့။ Catholic ပဲ ပြောပြော ဒီစစ်တပ်ပဲ ပြောပြော NLD အစိုးရပဲ ပြောပြော ကျနော်တို့ လက်ခံနိုင်စရာ အကြောင်းလဲ မရှိဘူး။ လက်ခံလည်း လက်ခံ မှာ မဟုတ်ဘူး” ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆက်ပြောသည်။
ဧရာဝတီမြစ်အထက်ဖက်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများမှာ ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ် ဝှမ်း ရေကာတာ စီမံကိန်းများအပြင် ငေါ့်ချမ်းခ ရေအား လျှပ်စစ်စီမံကိန်း တို့ရှိနေပြီး လက်ရှိစာရင်းများ အရ စုစုပေါင်း ရေကာတာစီမံကိန်း ( ၁၁ ) ခု ရှိသည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်းအပြင် မေခနှင့် မလိခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများမှာ ချီဖွေ၊ ဝဆုတ်၊ ဖီဆာ၊ ခေါင်လန်ဖူး၊ ရီနန်နှင့် လာဇာ ရေကာတာ စီမံကိန်းတို့ ဖြစ်ပြီး ငေါ့်ချမ်းခ မြစ်ပေါ်တွင် လောင်း ဒင်၊ ခန်ကန်း၊ ဂေါလန်၊ တုံရှင်းချောင်း စီမံကိန်းတို့ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG ၏ သတင်းအချက်အလက် ထုတ်ပြန်ချက်များ အရ သိရသည်။
လက်ရှိ နိင်ငံရေး အခင်းအကျင်းအောက်တွင် ရေကာတာ စီမံကိန်းများနှင့် အကြီးစား စီမံကိန်းများကို လုပ် ဆောင်ရန် မသင့်ကြောင်းနှင့် ထိုစီမံကိန်းများကို တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒ ရယ် ဒီမိုကရေစီ နိုင်ငံ တော် တည်ဆောက်နိုင်ပြီးနောက်ပိုင်းမှသာ စီမံကိန်းများကို လုပ်ဆောင်သင့် မလုပ် ဆောင်သင့် စဉ်းစားရမည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံဟာ ဖက်ဒရယ်နိုင်ငံ တစ်ခုတည်ဆောက်ဖို့ သွားမယ်ဆိုတဲ့အဆင့်လောက်ပဲ ရှိ တယ်။ ဒါကြောင့်လည်း ဒီဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့လိုတယ်။ နောက်တစ်ချက်က ကိုယ်ပိုင်ပြဌာန်း ခွင့် လိုတယ်။ ဒေသခံတွေနဲ့ အဲဒီအချိန်မျာ ညှိနှိုင်းဆောင်ရွက်ပြီးမှ ကျနော်တို့ ဆောင်သင့်တယ် မဆောင် သင့်ဘူးဆိုတဲ့ ဟာမျိုးကို ပြန်ပြီးမှ စဉ်းစားဖို့လိုတယ်” ဟု ပြောသည်။
မြစ်ဆုံရေကာတာစီမံကိန်းအပြင် မေခမြစ်ပေါ်တွင် ၅ ခု၊ မလိခမြစ်ပေါ်တွင် ၁ ခုနဲ့ ငေါ့ချန်းခမြစ်ပေါ် တွင် ၄ ခု စုစုပေါင်း ရေကာတာ ( ၁၁ ) ခု တည်ဆောက်သွားရန် ယခင် စစ်အစိုးရက CPI ကုမ္ပဏီ၊ တရုတ်အစိုးရ တို့နှင့် သဘောတူ ထားကြပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဆိုင်းငံ့ထားခဲ့ရာမှ ယခု NLD အစိုးရ လက်ထက်တွင် တရုတ်က ပြန်လည် ကမ်းလှမ်းကြိုးပမ်းလာမှုများရှိသည်ဟု သိရသည်။
သမ္မတဦးသိန်းစိန် သက်တမ်းတလျှောက် ယာယီရပ်ဆိုင်းခဲ့သည့် အဆိုပါ ရေကာတာစီမံကိန်းများကို ထာဝရရပ်ဆိုင်းပေးရန် အစိုးရသစ်၊ တက်လာမည့် အစိုးရအဆက်ဆက်ကိုလည်း ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း နိုင်ငံအတစ်ဝှမ်းရှိ ပြည်သူများနှင့် မြစ်ဆုံဒေသခံများက ပြောဆိုထားကြသည်။
*** ZAWGYI ****
ဧရာဝတီျမစ္ ေရကာတာတည္ေဆာက္ေရး ျပည္သူ့သေဘာထားအတိုင္း KSPP က ရပ္တည္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္။
ျမစ္ဆံုေရကာတာ အပါအ၀င္ ဧရာ၀တီျမစ္ဆံု အထက္ဖက္ ျမစ္ညာ ျမစ္၀ွမ္းမ်ားေပၚတြင္ တည္ေဆာက္ မည့္ ေရကာတာ စီမံကိန္းမ်ားႏွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP က ျပည္သူမ်ား၏ သေဘာထား အတိုင္းရပ္တည္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။
KSPP ဒု – ဥကၠ႒ – ၂ ဦးကြမ္ေဂါင္ေအာင္ခမ္း က ဦးကြမ္ေဂါင္ေအာင္ခမ္းက “အဓိကက ျပည္သူလူထု ရဲ႕ အေပၚမွာ မူတည္ပါတယ္။ ဒါေၾကာင့္မို႔လို႔ပဲ အခုအ ခ်ိန္မွာ က်ေနာ္တို႔ ဘယ္လိုမွ လက္ခံႏိုင္စရာ မရွိပါဘူး။ ေနာက္ေနာင္ကိုလည္း ျပည္သူလူထု မႀကိဳက္တဲ့ ဟာကို ဘာမွ လုပ္ဖို႔လည္း က်ေနာ္တို႔ ပါတီ အေနနဲ႔လည္း သေဘာထား မရွိဘူးဆိုတဲ့ ဟာမ်ိဳးကိုလည္း က်ေနာ္ေျပာလိုတယ္။ ဒါေၾကာင့္ ပါတီအရေရာ က်ေနာ္အေနနဲ႔ ေရာ ျပည္သူလူထုအေနနဲ႔ေရာ ဒီဟာကို လံုး၀ဆန္႔က်င္တယ္ဆိုတဲ့ ဟာမ်ိဳးကိုပဲ က်ေနာ္တင္ျပလိုပါတယ္” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁ ရက္ေန႔က ကခ်င္ႏွစ္ျခင္း ခရစ္ယာန္ အဖြဲ႔ခ်ဳပ္ KBC ဥကၠ႒ ေဒါက္တာ ခါလမ္ ဆမ္ဆြမ္ႏွင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္တို႔ ကခ်င္ျပည္နယ္ ျမစ္ႀကီး နားၿမိဳ႕တြင္ ေတြ႕ဆံုရာ ဧရာ၀တီျမစ္ဆံုအထက္ဖက္ရွိ ျမစ္ညာ ျမစ္၀ွမ္းမ်ားေပၚတြင္ ေရကာတာ တည္ ေဆာက္မည္ဆိုပါက ျဖစ္ႏိုင္သည့္ အေနအထားမ်ားရွိသည္ဟု ေျပာဆိုမႈအေပၚ KSPP က ေျပာဆို လိုက္ ျခင္း ျဖစ္သည္။
“ဘယ္သူပဲ ေျပာေျပာေပါ့ က်ေနာ္က ဒီဟာ စိတ္ဆႏၵရွိတယ္ဆိုရင္ က်ေနာ္တို႔က ဘယ္လိုမွ လက္ခံႏိုင္စရာ အေၾကာင္းလဲ မရွိပါဘူး။ KBC ပဲ ေျပာေျပာ ဘယ္သူပဲ ေျပာေျပာေပါ့။ Catholic ပဲ ေျပာေျပာ ဒီစစ္တပ္ပဲ ေျပာေျပာ NLD အစိုးရပဲ ေျပာေျပာ က်ေနာ္တို႔ လက္ခံႏိုင္စရာ အေၾကာင္းလဲ မရွိဘူး။ လက္ခံလည္း လက္ခံ မွာ မဟုတ္ဘူး” ဟု ဦးကြမ္ေဂါင္ေအာင္ခမ္းက ဆက္ေျပာသည္။
ဧရာ၀တီျမစ္အထက္ဖက္တြင္ တည္ေဆာက္မည့္ ေရကာတာ စီမံကိန္းမ်ားမွာ ဧရာဝတီျမစ္ဆုံ ျမစ္ညာ ျမစ္ ဝွမ္း ေရကာတာ စီမံကိန္းမ်ားအျပင္ ေငၚ့ခ်မ္းခ ေရအား လွ်ပ္စစ္စီမံကိန္း တို႔ရွိေနၿပီး လက္ရွိစာရင္းမ်ား အရ စုစုေပါင္း ေရကာတာစီမံကိန္း ( ၁၁ ) ခု ရွိသည္ဟု သိရသည္။
ျမစ္ဆံုစီမံကိန္းအျပင္ ေမခႏွင့္ မလိချမစ္ေပၚတြင္ တည္ေဆာက္မည့္ ေရကာတာ စီမံကိန္းမ်ားမွာ ခ်ီေဖြ၊ ၀ဆုတ္၊ ဖီဆာ၊ ေခါင္လန္ဖူး၊ ရီနန္ႏွင့္ လာဇာ ေရကာတာ စီမံကိန္းတို႔ ျဖစ္ၿပီး ေငၚ့ခ်မ္းခ ျမစ္ေပၚတြင္ ေလာင္း ဒင္၊ ခန္ကန္း၊ ေဂါလန္၊ တံုရွင္းေခ်ာင္း စီမံကိန္းတို႔ျဖစ္သည္ဟု ကခ်င္လူမႈဖြံ႔ၿဖိဳးေရးကြန္ရက္ KDNG ၏ သတင္းအခ်က္အလက္ ထုတ္ျပန္ခ်က္မ်ား အရ သိရသည္။
လက္ရွိ နိင္ငံေရး အခင္းအက်င္းေအာက္တြင္ ေရကာတာ စီမံကိန္းမ်ားႏွင့္ အႀကီးစား စီမံကိန္းမ်ားကို လုပ္ ေဆာင္ရန္ မသင့္ေၾကာင္းႏွင့္ ထိုစီမံကိန္းမ်ားကို တန္းတူအခြင့္အေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္ႏွင့္ ဖက္ဒ ရယ္ ဒီမိုကေရစီ ႏိုင္ငံ ေတာ္ တည္ေဆာက္ႏိုင္ၿပီးေနာက္ပိုင္းမွသာ စီမံကိန္းမ်ားကို လုပ္ေဆာင္သင့္ မလုပ္ ေဆာင္သင့္ စဥ္းစားရမည္ဟု ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာသည္။
၎က “က်ေနာ္တို႔ ႏိုင္ငံဟာ ဖက္ဒရယ္ႏိုင္ငံ တစ္ခုတည္ေဆာက္ဖို႔ သြားမယ္ဆိုတဲ့အဆင့္ေလာက္ပဲ ရွိ တယ္။ ဒါေၾကာင့္လည္း ဒီဖက္ဒရယ္ႏိုင္ငံ တည္ေဆာက္ဖို႔လိုတယ္။ ေနာက္တစ္ခ်က္က ကိုယ္ပိုင္ျပဌာန္း ခြင့္ လိုတယ္။ ေဒသခံေတြနဲ႔ အဲဒီအခ်ိန္မ်ာ ညွိနႈိင္းေဆာင္ရြက္ၿပီးမွ က်ေနာ္တို႔ ေဆာင္သင့္တယ္ မေဆာင္ သင့္ဘူးဆိုတဲ့ ဟာမ်ိဳးကို ျပန္ၿပီးမွ စဥ္းစားဖို႔လိုတယ္” ဟု ေျပာသည္။
ျမစ္ဆုံေရကာတာစီမံကိန္းအျပင္ ေမချမစ္ေပၚတြင္ ၅ ခု၊ မလိချမစ္ေပၚတြင္ ၁ ခုနဲ႔ ေငါ့ခ်န္းချမစ္ေပၚ တြင္ ၄ ခု စုစုေပါင္း ေရကာတာ ( ၁၁ ) ခု တည္ေဆာက္သြားရန္ ယခင္ စစ္အစိုးရက CPI ကုမၸဏီ၊ တ႐ုတ္အစိုးရ တို႔ႏွင့္ သေဘာတူ ထားၾကၿပီး ဦးသိန္းစိန္ အစိုးရ လက္ထက္တြင္ ဆိုင္းငံ့ထားခဲ့ရာမွ ယခု NLD အစိုးရ လက္ထက္တြင္ တ႐ုတ္က ျပန္လည္ ကမ္းလွမ္းႀကိဳးပမ္းလာမႈမ်ားရွိသည္ဟု သိရသည္။
သမၼတဦးသိန္းစိန္ သက္တမ္းတေလွ်ာက္ ယာယီရပ္ဆိုင္းခဲ့သည့္ အဆိုပါ ေရကာတာစီမံကိန္းမ်ားကို ထာဝရရပ္ဆိုင္းေပးရန္ အစိုးရသစ္၊ တက္လာမည့္ အစိုးရအဆက္ဆက္ကိုလည္း ဆက္လက္ေတာင္းဆို သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံအတစ္၀ွမ္းရွိ ျပည္သူမ်ားႏွင့္ ျမစ္ဆံုေဒသခံမ်ားက ေျပာဆိုထားၾကသည္။