အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းရေး လှုပ်ရှားမှု မရှိသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့မည်ဟု ပြောဆိုမှု ရှိနေသော်လည်း တိုင်းရင်းသားပါတီများကို ယနေ့အချိန်အထိ တရားဝင် ပြောဆို ကမ်းလှမ်းလာခြင်း မရှိသေး ဟု တိုင်းရင်းသားပါတီ အချို့ က ပြောသည်။
မွန်ညီညွှတ်ရေးပါတီ MUP အထွေထွေ အတွင်းရေးမှူး (၁) နိုင်လယိတမက “အမျိုးသား ညီညွှတ်ရေးကိစ္စ ဆိုတာက ကျနော်တို့ NLD အနေနဲ့ ကျနော်တို့ ပါတီကို တရားဝင် ပြောလာတာ မရှိသေးပါဘူး။ ကျနော် တို့ဆီ ဘာမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးတဲ့အတွက် အဲဒီကိစ္စကို ကျနော်တို့ အခုအချိန်ထိ တော့ ဘာမှ မစဉ်းစားဖြစ်သေးဘူး” ဟု ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းကလည်း NLD ပါတီဖက်မှ ဆက် သွယ် ကမ်းလှမ်းမှု မရှိသေးသော်လည်း အမျိုးသား ညီညွှတ်ရေး ဖွဲ့စည်းမည်ဟု ပြောဆိုထားသည့် အတိုင်း လက်တွေ့လုပ်ဆောင်ရန် လိုလားသည် ဟု ပြောသည်။
“ဘာမှမရှိဘူးနော်။ စကားအားဖြင့် ပြောတယ်လို့ပဲ ကျနော်က ဒီလိုပဲ မြင်တယ်။ ဘာမှမရှိပါဘူး။ သူတို့နဲ့ သူ တို့ စီစဉ်တယ်။ ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူး။ တကယ်လို့များဖြစ်ရင်လည်း သူတို့ အလိုကျပဲ ဖြစ်လာ မှာပါ။ ဒီညီညွှတ်ရေး အစိုးရဆိုတာက တကယ်ပဲ ညီညီညွှတ်ညွှတ်နဲ့ အနာဂတ်ကို တကယ်လက်တွဲ ဆောင် ရွက်ဖို့ပဲ ကျနော်တို့ လိုလားတာပါ။”
NLD ပါတီက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီကို တရားဝင် ကမ်းလှမ်းလာခြင်း မရှိ သော်လည်း NLD ပါတီနှင့် KySDP ပါတီတို့ အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ အလွတ်သဘော ချိတ်ဆက်ကာ ညှိနှိုင်းမှု ပုံစံမျိုး ရှိသည် ဟု ပါတီ အတွင်းရေးမှူး ဦးသဲရယ် က ပြောသည်။
“ကျနော်တို့ဖက်ကနေပြီးတော့မှ ဦးခင်မောင်ရီပေါ့ ဦးခင်မောင်ရီကနေပြီးတော့မှ တာဝန်ယူပြီး NLD ဖက် တစ်ချို့သော လူတွေကိုနည်းနည်း ချိတ်ဆက်တဲ့ အပိုင်းတွေရှိတယ်။ သို့ပေမယ့် တရားဝင်ရယ် လို့လည်း မဟုတ်ဘူးပေါ့နော်။ အဲလိုပဲ အလွတ်သဘောနဲ့ သူတို့ ချိတ်ဆက်ဆောင်ရွက်တဲ့ အပိုင်းတွေရှိတယ်။ နောက် ပြီးတော့မှ အစိုးရပြောရမှာပေါ့ လက်ရှိ NLD ကလည်း အမျိုးသား ညီညွှတ်ရေး အစိုးရ ဖြစ်လာဖို့ အတွက် ကလည်း ဒါသူတို့ ပြင်ဆင်နေတဲ့ ဆိုတဲ့ဟာမျိုးလောက်ပဲ ကျနော်တို့ကြားမှာ အဲလိုဆွေးနွေးညှိနှိုင်းတယ်။ နောက်ပြီးတော့ သတင်းအချက်အလက်တွေ မျှဝေတာတွေ အဲလောက်ပဲ ရှိပါသေးတယ်။ ကျန်တဲ့ဟာတွေ ကတော့ ကြီးကြီးမားမား ထူးထူးထွေထွေ မရှိသေးပါဘူး။”
ရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် လေးရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့က NLD ပါတီက တိုင်းရင်း သား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD က ဆိုသည်။
ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ် ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
အဆိုပါစာထဲတွင် ပါသည့် အကြောင်းအရာအရ ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ထားသည့် စာမဟုတ် သကဲ့သို့ စဉ်းစားရန် ကမ်းလှမ်းချက် တစ်ခုလည်း မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် တိုင်းရင်းသား ပါတီများအား နှိုးဆော်ထားသည့် စာဖြစ်သည့်အတွက် အကြောင်းမပြန်တော့ပဲ အသိအမှတ်ပြုကြောင်း မှတ်တမ်းတင်ထားသည်ဟု မွန်ပြည်သစ်ပါတီ MUP ထွေထွေအတွင်းအရေးမှူးက ဆိုသည်။
နိုင်လယိတမက “အကယ်၍ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင် ကျနော်တို့က ကမ်းလှမ်းလာတဲ့ အချက်တွေ အပေါ်မှာ ကျနော် တို့က စဉ်းစားဆုံးဖြတ်မယ်။ အဲဒီကမ်းလှမ်းလာတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က တွေ့ဆုံသင့် မတွေ့ဆုံသင့်ဆိုတာ အဲဒီအချိန်မှပဲ ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြော သည်။
ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်မည် ဆို ပါက NLD ပါတီ အနေဖြင့် ၁၉၄၇ ပင်လုံ စာချုပ်ပါ ကတိကဝတ်များအတိုင်း လက်တွေ့ကျကျ အကောင် အထည် ဖော်ရန်လိုကြောင်း KSPP ပါတီ ဒု- ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်းက တိုက်တွန်းသည်။
“လက်တွဲဆောင်ရွက်ဖို့မလိုဘူး အတူတကွ လုပ်ဖို့ မလိုဘူး ဆိုပြီးမှ အခုတော့ လုပ်မယ် ဟိုဟာလုပ်မယ်ဆို တဲ့ဟာမျိုးကျတော့ ကျနော်တို့ ယုံကြည်ဖို့ ခက်ပါတယ်။ ယုံကြည်ဖို့လည်း ကျနော်တို့က ဘယ်လိုမှ လက်ခံ နိုင်စရာလည်း အကြောင်းမရှိပါဘူး။ အဓိက ဒါကြောင့်မို့လည်း လက်တွေ့ဆောင်ရွက်ပြီးမှ အနာဂတ် ညီ ညွှတ်ရေး အစိုးရနဲ့ အနာဂတ်ကို အဓိက တိုင်တိုင် ပင်ပင်နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကတော့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ လိုတယ် ဆိုတဲ့ဟာကို ကျနော်ပြောလိုပါတယ်။”
NLD ပါတီက ဖွဲ့စည်းမည့် အမျိုးသား ညီညွှတ်ရေး အစိုးရအား တိုင်းရင်းသား ပါတီများ ပါဝင်နိုင်ရေးနှင့် ပတ် သက်၍ ယေဘုယျအားဖြင့် လမ်းကြောင်း ၂ ခု စဉ်းစားထားသည်ဟု KySDP က ၎င်းတို့၏ စဉ်းစားထား ချက်များနှင့် ပတ်သက်၍ ယခုကဲ့သို ပြောသည်။
ဦးသဲရယ်က “ကျနော်တို့ရဲ့ စဉ်းစာချက်ကတော့ ပြည်ထောင်စု အစိုးရထဲမှာကလည်း ကျနော်တို့ တိုင်းရင်း သားတွေကို ကိုယ်စားပြုနိုင်တဲ့ ဝန်ကြီးဌာနလိုဟာမျိုးကိုလည်း ဒါ ကျနော်တို့ကို စဉ်းစားပေးမလား။ သို့မ ဟုတ် ကျနော်တို့ တိုင်းရင်းသား ပြည်နယ် ကိုယ်စားပြုတဲ့ပါတီ ငါးပါတီအပြင်ပေါ့နော်။ ရခိုင် အပါအဝင် ဆို ခြောက်ပါတီပေါ့။ အဲဒီပါတီတွေရဲ့ပါဝင်မှုကိုလည်း ဒါ NLD အနေနဲ့ လက်ခံစဉ်းစားပေးမလား ဆိုတဲ့ဟာမျိုး တွေပေါ့နော် ကျနော်တို့ကတော့ လမ်းကြောင်း နှစ်ခုပဲ ကျနော်တို့ စဉ်းစားထားသေးတာပေါ့နော်။ ဒါပေ မယ့် သူတို့ကို အဲလိုမျိုး တရားဝင်ဆွေးနွေးတာတော့ မရှိသေးပါဘူး။ ကျနော်တို့ဖက်က စဉ်းစားထားတဲ့ အပိုင်းတွေပါ” ဟု ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်သည့်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် လွှတ် တော်နေရာများကို အနိုင်ရရှိထားသည်။
NLD ပါတီ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည်ဟု ပြောဆိုမှုများအပေါ် တိုင်းရင်းသားပါတီများ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြသော်လည်း လက်တွေ့ အကောင် အထည် ဖော်ဆောင်မည့် အပိုင်းကို ဆက်လက်စောင့်ကြည့်သွားရမည်ဟု တိုင်းရင်းသား ပါတီများ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဆိုသည်။
*** ZAWGYI ***
အမ်ဳိးသား ညီညြတ္ေရး အစိုးရဖြဲ႔စည္းေရး လႈပ္ရွားမႈ မရွိေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္။
ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီက အမ်ိဳးသား ညီၫႊတ္ေရး အစိုးရဖြဲ႔မည္ဟု ေျပာဆိုမႈ ရွိေနေသာ္လည္း တိုင္းရင္းသားပါတီမ်ားကို ယေန႔အခ်ိန္အထိ တရား၀င္ ေျပာဆို ကမ္းလွမ္းလာျခင္း မရွိေသး ဟု တိုင္းရင္းသားပါတီ အခ်ိဳ႕ က ေျပာသည္။
မြန္ညီၫႊတ္ေရးပါတီ MUP အေထြေထြ အတြင္းေရးမႉး (၁) ႏိုင္လယိတမက “အမ်ိဳးသား ညီၫႊတ္ေရးကိစၥ ဆိုတာက က်ေနာ္တို႔ NLD အေနနဲ႔ က်ေနာ္တို႔ ပါတီကို တရား၀င္ ေျပာလာတာ မရွိေသးပါဘူး။ က်ေနာ္ တို႔ဆီ ဘာမွ တရား၀င္ အေၾကာင္းၾကားလာျခင္း မရွိေသးတဲ့အတြက္ အဲဒီကိစၥကို က်ေနာ္တို႔ အခုအခ်ိန္ထိ ေတာ့ ဘာမွ မစဥ္းစားျဖစ္ေသးဘူး” ဟု ေျပာသည္။
ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္းကလည္း NLD ပါတီဖက္မွ ဆက္ သြယ္ ကမ္းလွမ္းမႈ မရွိေသးေသာ္လည္း အမ်ိဳးသား ညီၫႊတ္ေရး ဖြဲ႔စည္းမည္ဟု ေျပာဆိုထားသည့္ အတိုင္း လက္ေတြ႕လုပ္ေဆာင္ရန္ လိုလားသည္ ဟု ေျပာသည္။
“ဘာမွမရွိဘူးေနာ္။ စကားအားျဖင့္ ေျပာတယ္လို႔ပဲ က်ေနာ္က ဒီလိုပဲ ျမင္တယ္။ ဘာမွမရွိပါဘူး။ သူတို႔နဲ႔ သူ တို႔ စီစဥ္တယ္။ ဘာမွလည္းျဖစ္လာမွာ မဟုတ္ဘူး။ တကယ္လို႔မ်ားျဖစ္ရင္လည္း သူတို႔ အလိုက်ပဲ ျဖစ္လာ မွာပါ။ ဒီညီၫႊတ္ေရး အစိုးရဆိုတာက တကယ္ပဲ ညီညီၫႊတ္ၫႊတ္နဲ႔ အနာဂတ္ကို တကယ္လက္တြဲ ေဆာင္ ရြက္ဖို႔ပဲ က်ေနာ္တို႔ လိုလားတာပါ။”
NLD ပါတီက ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP ပါတီကို တရား၀င္ ကမ္းလွမ္းလာျခင္း မရွိ ေသာ္လည္း NLD ပါတီႏွင့္ KySDP ပါတီတို႔ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရဖြဲ႔စည္းေရးႏွင့္ ပတ္သက္၍ အလြတ္သေဘာ ခ်ိတ္ဆက္ကာ ညွိႏႈိင္းမႈ ပံုစံမ်ိဳး ရွိသည္ ဟု ပါတီ အတြင္းေရးမႉး ဦးသဲရယ္ က ေျပာသည္။
“က်ေနာ္တို႔ဖက္ကေနၿပီးေတာ့မွ ဦးခင္ေမာင္ရီေပါ့ ဦးခင္ေမာင္ရီကေနၿပီးေတာ့မွ တာ၀န္ယူၿပီး NLD ဖက္ တစ္ခ်ိဳ႕ေသာ လူေတြကိုနည္းနည္း ခ်ိတ္ဆက္တဲ့ အပိုင္းေတြရွိတယ္။ သို႔ေပမယ့္ တရား၀င္ရယ္ လို႔လည္း မဟုတ္ဘူးေပါ့ေနာ္။ အဲလိုပဲ အလြတ္သေဘာနဲ႔ သူတို႔ ခ်ိတ္ဆက္ေဆာင္ရြက္တဲ့ အပိုင္းေတြရွိတယ္။ ေနာက္ ၿပီးေတာ့မွ အစိုးရေျပာရမွာေပါ့ လက္ရွိ NLD ကလည္း အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ျဖစ္လာဖို႔ အတြက္ ကလည္း ဒါသူတို႔ ျပင္ဆင္ေနတဲ့ ဆိုတဲ့ဟာမ်ိဳးေလာက္ပဲ က်ေနာ္တို႔ၾကားမွာ အဲလိုေဆြးေႏြးညွိႏႈိင္းတယ္။ ေနာက္ၿပီးေတာ့ သတင္းအခ်က္အလက္ေတြ မွ်ေ၀တာေတြ အဲေလာက္ပဲ ရွိပါေသးတယ္။ က်န္တဲ့ဟာေတြ ကေတာ့ ႀကီးႀကီးမားမား ထူးထူးေထြေထြ မရွိေသးပါဘူး။”
ေရြးေကာက္ပြဲ က်င္းပၿပီးစီးၿပီးေနာက္ ေလးရက္အၾကာ ႏို၀င္ဘာလ ၁၂ ရက္ေန႔က NLD ပါတီက တိုင္းရင္း သား ႏိုင္ငံေရး ပါတီ ၄၈ ခုထံသို႔ စာေပးပို႔ခဲ့ၿပီး အဆိုပါစာထဲတြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ရြက္သြားမည္ဟု NLD က ဆိုသည္။
ထို႔အျပင္ တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္းခ်က္မ်ားသည္ အဖြဲ႔ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီသည္ ျဖစ္ ရာ အဖြဲ႔ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ ရြက္သြားမည္ျဖစ္ၿပီး တိုင္းရင္းသားပါတီမ်ား အေနျဖင့္လည္း အဖြဲ႔ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ျပည္ ေထာင္စု အေရးကို တက္တက္ႂကြႂကြ ပူးေပါင္းပါ၀င္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ပါသည္ဟု ပါတီမ်ားကို ေပးပို႔ ထားသည့္ NLD ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။
အဆိုပါစာထဲတြင္ ပါသည့္ အေၾကာင္းအရာအရ ေဆြးေႏြးပြဲ တက္ေရာက္ရန္ ဖိတ္ေခၚထားသည့္ စာမဟုတ္ သကဲ့သို႔ စဥ္းစားရန္ ကမ္းလွမ္းခ်က္ တစ္ခုလည္း မဟုတ္ေၾကာင္း၊ ပူးေပါင္းေဆာင္ရြက္ရန္ တိုင္းရင္းသား ပါတီမ်ားအား ႏႈိးေဆာ္ထားသည့္ စာျဖစ္သည့္အတြက္ အေၾကာင္းမျပန္ေတာ့ပဲ အသိအမွတ္ျပဳေၾကာင္း မွတ္တမ္းတင္ထားသည္ဟု မြန္ျပည္သစ္ပါတီ MUP ေထြေထြအတြင္းအေရးမႉးက ဆိုသည္။
ႏိုင္လယိတမက “အကယ္၍ ကမ္းလွမ္းလာမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔က ကမ္းလွမ္းလာတ့ဲ အခ်က္ေတြ အေပၚမွာ က်ေနာ္ တို႔က စဥ္းစားဆံုးျဖတ္မယ္။ အဲဒီကမ္းလွမ္းလာတဲ့ အခ်က္ေတြအေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔က ေတြ႕ဆံုသင့္ မေတြ႕ဆံုသင့္ဆိုတာ အဲဒီအခ်ိန္မွပဲ ဆံုးျဖတ္ေပးႏိုင္မွာ ျဖစ္ပါတယ္” ဟု ေျပာ သည္။
ထို႔အတူ တိုင္းရင္းသား စည္းလံုးညီၫႊတ္ေရးႏွင့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို လုပ္ေဆာင္မည္ ဆို ပါက NLD ပါတီ အေနျဖင့္ ၁၉၄၇ ပင္လံု စာခ်ဳပ္ပါ ကတိက၀တ္မ်ားအတိုင္း လက္ေတြ႕က်က် အေကာင္ အထည္ ေဖာ္ရန္လိုေၾကာင္း KSPP ပါတီ ဒု- ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္းက တိုက္တြန္းသည္။
“လက္တြဲေဆာင္ရြက္ဖို႔မလိုဘူး အတူတကြ လုပ္ဖို႔ မလိုဘူး ဆိုၿပီးမွ အခုေတာ့ လုပ္မယ္ ဟိုဟာလုပ္မယ္ဆို တဲ့ဟာမ်ိဳးက်ေတာ့ က်ေနာ္တို႔ ယံုၾကည္ဖို႔ ခက္ပါတယ္။ ယံုၾကည္ဖို႔လည္း က်ေနာ္တို႔က ဘယ္လိုမွ လက္ခံ ႏိုင္စရာလည္း အေၾကာင္းမရွိပါဘူး။ အဓိက ဒါေၾကာင့္မို႔လည္း လက္ေတြ႕ေဆာင္ရြက္ၿပီးမွ အနာဂတ္ ညီ ၫႊတ္ေရး အစိုးရနဲ႔ အနာဂတ္ကို အဓိက တိုင္တိုင္ ပင္ပင္နဲ႔ ေဆာင္ရြက္ဖို႔ လိုပါတယ္။ ဒါကေတာ့ ၁၉၄၇ ခုႏွစ္ ပင္လံုစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ဖို႔ လိုတယ္ ဆိုတဲ့ဟာကို က်ေနာ္ေျပာလိုပါတယ္။”
NLD ပါတီက ဖဲြ႕စည္းမည့္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအား တိုင္းရင္းသား ပါတီမ်ား ပါ၀င္ႏိုင္ေရးႏွင့္ ပတ္ သက္၍ ေယဘုယ်အားျဖင့္ လမ္းေၾကာင္း ၂ ခု စဥ္းစားထားသည္ဟု KySDP က ၎တို႔၏ စဥ္းစားထား ခ်က္မ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို ေျပာသည္။
ဦးသဲရယ္က “က်ေနာ္တို႔ရဲ႕ စဥ္းစာခ်က္ကေတာ့ ျပည္ေထာင္စု အစိုးရထဲမွာကလည္း က်ေနာ္တို႔ တိုင္းရင္း သားေတြကို ကိုယ္စားျပဳႏိုင္တဲ့ ၀န္ႀကီးဌာနလိုဟာမ်ိဳးကိုလည္း ဒါ က်ေနာ္တို႔ကို စဥ္းစားေပးမလား။ သို႔မ ဟုတ္ က်ေနာ္တို႔ တိုင္းရင္းသား ျပည္နယ္ ကိုယ္စားျပဳတဲ့ပါတီ ငါးပါတီအျပင္ေပါ့ေနာ္။ ရခိုင္ အပါအ၀င္ ဆို ေျခာက္ပါတီေပါ့။ အဲဒီပါတီေတြရဲ႕ပါ၀င္မႈကိုလည္း ဒါ NLD အေနနဲ႔ လက္ခံစဥ္းစားေပးမလား ဆိုတဲ့ဟာမ်ိဳး ေတြေပါ့ေနာ္ က်ေနာ္တို႔ကေတာ့ လမ္းေၾကာင္း ႏွစ္ခုပဲ က်ေနာ္တို႔ စဥ္းစားထားေသးတာေပါ့ေနာ္။ ဒါေပ မယ့္ သူတို႔ကို အဲလိုမ်ိဳး တရား၀င္ေဆြးေႏြးတာေတာ့ မရွိေသးပါဘူး။ က်ေနာ္တို႔ဖက္က စဥ္းစားထားတဲ့ အပိုင္းေတြပါ” ဟု ေျပာသည္။
ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးခဲ့သည့္ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီက အစိုးရဖြဲ႕ႏိုင္သည့္အထိ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အားလုံးနီးပါးတြင္ လႊတ္ ေတာ္ေနရာမ်ားကို အႏိုင္ရရွိထားသည္။
NLD ပါတီ၏ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႕စည္းမည္ဟု ေျပာဆိုမႈမ်ားအေပၚ တိုင္းရင္းသားပါတီမ်ား ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက ေထာက္ခံႀကိဳဆိုခဲ့ၾကေသာ္လည္း လက္ေတြ႕ အေကာင္ အထည္ ေဖာ္ေဆာင္မည့္ အပိုင္းကို ဆက္လက္ေစာင့္ၾကည့္သြားရမည္ဟု တိုင္းရင္းသား ပါတီမ်ား ႏွင့္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားက ဆိုသည္။