ရှမ်းမြောက်ဒေသခံများ အခွန်အကောက်ဒဏ်ပိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက ကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ က အခွန် အကောက်များ တိုးမြှင့်ကောက်ခံနေမှုများကြောင့် ဒေသခံများ အခက်အခဲဖြစ်နေရသည်ဟု ပြောသည်။
နိုဝင်ဘာလ လကုန်ပိုင်းမှစတင်၍ ယနေ့အချိန်ထိ လက်နက်ကိုင်အဖွဲ့အချို့ က အခွန်အကောက်များ ကောက်ခံ နေသည်ဟု နမ္မတူမြို့နယ်၊ မန်စံကျေးရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“ဒေသခံတွေက တော်တော်လေးခက်ခဲနေတာ။ ဒီကူးစက်ရောဂါကာလမှာ အရောင်းအဝယ်တွေ အသွား အလာတွေကလည်း အဆင်မပြေဘူး။ ကျနော်တို့ဒေသမှာက SSPP၊ RCSS၊ TNLA ပေါ့ အားလုံးက လှုပ်ရှား နေတဲ့နေရာဆိုတော့ အချိန်မရွေး အကောက်အခွန်တောင်းတာတွေ၊ လုပ်ငန်းလုပ်တဲ့အခါလည်း ကန့်သတ်တာ တွေ၊ အခွန်ဆောင်ရတာတွေက အစိုးရထက်ပိုများနေတယ်။ ကုန်စုံဆိုင် အိမ်ဆိုင်ဆိုရင် ခါတိုင်းနှစ်တွေက တစ် နှစ်လုံးမှ သုံးသောင်းလောက်ပဲ ကျတယ်။ ကုန်ကားတွေဆိုရင် တစ်နှစ်လုံးမှာ ခြောက်သောင်းလောက်ပဲ ကျ တယ်။ ဒီလုပ်ငန်းသုံးတွေပေါ့နော်။ တောလုပ်ငန်းလုပ်တဲ့ မီးသွေးဖုတ်တာတို့ဆိုရင် တစ်ဖိုမှ ခြောက်ထောင် လောက်ပဲတောင်းတာ။ အခုဆိုရင် တစ်ဖိုကို သုံးသောင်း လောက်တောင်းနေပြီ။ တအားလုပ်ကိုင် စားသောက် ရတာ အခက်အခဲဖြစ်လာတယ်။ လူထုကလည်း ငြီးလာပြီ။”
၎င်းတို့၏ ဒေသတွင် ယခင်နှစ်များက ကောက်ခံမှုများထက် အခွန်အကောက်များ ပိုမိုကောက်ခံနေသည်ဟု နားကဲကျေးရွာက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆက်ပြောသည်။
“ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ကစပြီး RCSS ရဲ့ နာမည်နဲ့ RCSS တပ်ဖွဲ့ ဝင်က လူတစ်ယောက်ရဲ့ အမှတ် ၃ မြို့နယ် တိုက်နယ်မှူးပြောရမလား သူက ကျေးရွာအုပ်စု အလိုက် အစည်းအဝေးလုပ်ပြီး တစ်အိမ်ကို ဘယ်လောက်ကျ မယ်၊ ဘယ်လိုလုပ်ငန်းဆိုရင် ဘယ်လောက် ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးနဲ့ ကောက်ခံတာတွေ ရှိတယ်။ ဒါက အမှန်ပါပဲဗျ။ သူက ကျေးရွာအုပ်စု အလိုက်ဗျ၊ ဆန်ဆိုရင် တင်း ၅၀ ဗျ တောင်းတယ်။ လုပ်ငန်းခွန် ဈေး ဆိုင်တွေ၊ ဓါတ်ဆီဆိုင်တို့၊ စပါးလှောင်တာ တို့ဆိုရင် ခါတိုင်းနှစ်တွေထက် သုံးဆလောက် မြင့်လာတယ်ဗျ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း မကန့်ကွက် နိုင်ဘူး။ TNLA၊ SSPP ဆိုတာက အလှမ်းဝေးတယ်။ ရွာတွေရဲ့ အပြင်မှာပဲနေကြတာ။ အခုက TNLA တို့ SSPP တို့က မကောက်သေးဘူး။ နောက်ထပ် အဲ့နှစ်ဖွဲ့ကပါ ကောက် ခံမယ်ဆိုရင် ကျနော်တို့ ဒေသက တော်တော်လေးကို အခက်အခဲနဲ့ ရင်ဆိုင်ရမယ်။”
ထိုသို့ ကောက်ခံနေခြင်းအပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ပြောရေးဆို ခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးစိုင်းအုမ်ခေးက ၎င်းတို့တပ်၏ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“RCSS က စည်းမျဉ်းစည်းကမ်းနဲ့ ပြည်သူလူထုအပေါ်ကို ကျေးရွာတိုင်း အဖွဲ့အစည်းအတွက် ထမ်းဆောင်ရမယ့် တာဝန်၊ ငွေကြေးဘယ်လောက် ဆန်ဘယ်လောက်ဆိုတာမျိုး ရှိတော့ရှိတယ်။ စည်းနဲ့ကမ်းနဲ့ ရှိတယ်။ အလွန် အကျွံတော့မဟုတ်ဘူး။ ပြည်သူလူထုကို တအားနစ်နာစေမယ့် ဘဝပျက်စီးစေနိုင်လောက်တဲ့ အဆင့်မျိုးတော့ မလုပ်ဘူးလေ။ ဌာနချုပ်က ပြည်သူလူထုတွေအပါအဝင် ဥပမာ တစ်နှစ်တစ်ခါ နှစ်ချုပ်အစည်းအဝေးဆိုရင် ပြည်သူလူထုကိုယ်စားလှယ်တွေ အားလုံးတက်ရောက်ပြီးတော့မှ ပြည်သူလူထုရဲ့ ဆန္̔ဒ အဆင်ပြေလောက်တဲ့ ညှိနှိုင်းမှုတွေ၊ သဘောထားရယူမှုတွေ လုပ်ပြီးမှ စည်းကမ်းချက် ချမှတ်တာပေါ့လေ။”
တပ်၏ အမည်နာမကို အသုံးပြုပြီး အောက်ခြေမှ တပ်ဖွဲ့ဝင်များက စည်းမဲ့ကမ်းမဲ့ ကောက်ခံမှုများရှိပါကလည်း အရေးယူခြင်း အပြစ်ပေးခြင်းများရှိသည်ဟု ဒု-ဗိုလ်မှူးကြီးစိုင်းအုမ်ခေးက “အောက်ခြေမှာ စည်းမျဉ်းစည်းကမ်း အတိုင်းမဟုတ်ပဲ အလွန်အကျွံဆောင်ရွက်မယ်ဆိုရင်တော့ ထိရောက်တဲ့ အရေးယူမှုတော့ ရှိတယ်။ ပြည်သူလူ ထုကြားထဲမှာ မလိုလားအပ်တဲ့ ပြဿနာလိုမျိုး မဖြစ်စေချင်ဘူးပေါ့လေ။ ဘယ်တပ်ဖွဲ့မဆို ပြည်သူလူထုက ကြောက်ရွံ့ ပြီ၊ ရွံ့မုန်းသွားပြီးဆိုရင် အဆင်မပြေတော့ဘူးလေနော်” ဟု ဆက်ပြောသည်။
နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် အခွန်ကောက်ခံသည့် ကိစ္စရပ်များကို ဒေသအတွင်းက အာဏာပိုင်များ ကလည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမျိုး မရှိဟု နားကဲကျေးရွာက ဒေသခံက ဆက်ပြောသည်။
“ဖြစ်နိုင်ရင်တော့ ညှိနှိုင်းဆောင်ရွက်စေချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် လိုအပ်တာတွေ တာကို ကျနော်တို့ဒေသခံတွေလည်း နားလည်ပါတယ်။ ဒါပေမယ့် ဒေသခံတွေ အဆင်ပြေအောင်ပေါ့ ကောက်ခံ တာမျိုး အကူအညီတောင်းတာမျိုး၊ တစ်နှစ်ကို တစ်အိမ်ကို တစ်သောင်း နှစ်သောင်းလောက် ကောက်တာမျိုး ဆိုရင် လက်ခံနိုင်ပါတယ်။ အဲ့လိုမျိုးဖြေရှင်းပေးနိုင်မယ့် အဖွဲ့အစည်းတွေလည်း လိုအပ်တယ်ဗျ။ အစိုးရအဖွဲ့ အစည်းကို တိုင်မယ်ဆိုရင်လည်း ကိုယ့်အသက်ကိုယ် ဖက်နဲ့ ထုပ်ထားရမလိုမျိုးဗျ။ ဘယ်သူမှလည်း မတိုင်ရဲ ကြဘူး။”
ယင်းကိစ္စနှင့် ပတ်သက်၍ နမ္မတူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးကို ဆက်သွယ်မေးမြန်းရာ ဒေသခံများအနေဖြင့် တစ်စုံတစ်ရာ တိုင်ကြားလာခြင်း၊ ပြောဆိုလာခြင်းမရှိဟု ဆိုသည်။
လက်နက်ကိုင်များ၏ အခွန်အကောက်များကြောင့် ဒေသခံများ အခက်အခဲများကြုံနေရသည်မှာ မှန်ကန် ကြောင်း၊ ထို့အတူ ယခုဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများချုပ်နိုင်မှသာ ပြဿနာများကို ဖြေရှင်း ပေးနိုင်မှာ ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီးစိုင်းအုမ်ခေး က ဆက်ပြောသည်။
“အခုလောလောဆယ် တိုက်ပွဲက ငြိမ်နေပေမယ့်လည်း ရွာသားတွေ သိပ်မပြန်ရဲကြသေးဘူးဆိုတာ မှန်ပါတယ်။ တချို့ကလည်း ပြန်သွားပြီးမှ ကိုယ့်လုပ်ငန်းတွေကို လုပ်ဆောင်နေပြီဆိုတာလည်း ရှိတယ်နော်။ ဒါပေမယ့် ဘယ် လိုပဲ ဖြစ်နေနေ အခွန်အခတွေ ငွေကြေးတွေ ပေးဆောင်ရတယ်ဆိုတာက တပ်ဖွဲ့ နှစ်ဖွဲ့သုံးဖွဲ့ ရှိနေမယ်ဆိုရင် ပြည်သူလူထုက ဟိုဘက်လည်းကြောက်ရ၊ ဒီဘက်လည်းကြောက်ရ၊ ဟိုဘက်လည်းပေးရ ဒီဘက်လည်းပေးရ ဝန်ထုတ်ဝန်ပိုး ဖြစ်မယ်ဆိုတာကတော့ ကျနော်တို့လည်း နားလည်ပါတယ်။ ဒါပေမယ့် အခုနက ပြောသလိုပဲ နောက်ဆုံး တွေ့ ဆုံကြ၊ ညှိနှိုင်းကြရင် အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်။ အဲ့လိုမျိုးမဖြစ်မချင်းတော့ ပြည်သူ လူထုတော့ တော်တော်နစ်နာနေရအုံးမှာပဲဆိုတာ နားလည်တယ်နော်။”
ယခုကဲ့သို့ RCSS/SSA တပ်ဖွဲ့ဝင်များ အခွန်ကောက်ခံနေသည့် နေရာများသည် နမ္မတူမြို့နယ်တွင်းရှိ မန်စံတိုက် နယ်အတွင်းက ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း အစရှိသည့် ကျေးရွာများတွင် ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
ထိုကျေးရွာများက ဒေသခံများသည် ဒီဇင်ဘာလ လဆန်းပိုင်းမှစတင်၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တပ်မ တော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောက်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြားက တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ကြောင့် တစ်လအတွင်း ၂ ကြိမ်ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေကြသည်။
*** ZAWGYI ***
ရွမ္းေျမာက္ေဒသခံမ်ား အခြန္အေကာက္ဒဏ္ပိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္အတြင္းက ေက်းရြာမ်ားတြင္ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ က အခြန္ အေကာက္မ်ား တိုးျမွင့္ေကာက္ခံေနမႈမ်ားေၾကာင့္ ေဒသခံမ်ား အခက္အခဲျဖစ္ေနရသည္ဟု ေျပာသည္။
ႏိုဝင္ဘာလ လကုန္ပိုင္းမွစတင္၍ ယေန႔အခ်ိန္ထိ လက္နက္ကို္င္အဖြဲ႕အခ်ိဳ႕ က အခြန္အေကာက္မ်ား ေကာက္ခံ ေနသည္ဟု နမၼတူၿမိဳ႕နယ္၊ မန္စံေက်းရြာက အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။
“ေဒသခံေတြက ေတာ္ေတာ္ေလးခက္ခဲေနတာ။ ဒီကူးစက္ေရာဂါကာလမွာ အေရာင္းအဝယ္ေတြ အသြား အလာေတြကလည္း အဆင္မေျပဘူး။ က်ေနာ္တုိ႔ေဒသမွာက SSPP၊ RCSS၊ TNLA ေပါ့ အားလံုးက လႈပ္ရွား ေနတဲ့ေနရာဆိုေတာ့ အခ်ိန္မေရြး အေကာက္အခြန္ေတာင္းတာေတြ၊ လုပ္ငန္းလုပ္တဲ့အခါလည္း ကန္႔သတ္တာ ေတြ၊ အခြန္ေဆာင္ရတာေတြက အစိုးရထက္ပိုမ်ားေနတယ္။ ကုန္စံုဆိုင္ အိမ္ဆိုင္ဆိုရင္ ခါတုိင္းႏွစ္ေတြက တစ္ ႏွစ္လံုးမွ သံုးေသာင္းေလာက္ပဲ က်တယ္။ ကုန္ကားေတြဆုိရင္ တစ္ႏွစ္လံုးမွာ ေျခာက္ေသာင္းေလာက္ပဲ က် တယ္။ ဒီလုပ္ငန္းသံုးေတြေပါ့ေနာ္။ ေတာလုပ္ငန္းလုပ္တဲ့ မီးေသြးဖုတ္တာတို႔ဆုိရင္ တစ္ဖိုမွ ေျခာက္ေထာင္ ေလာက္ပဲေတာင္းတာ။ အခုဆုိရင္ တစ္ဖိုကို သံုးေသာင္း ေလာက္ေတာင္းေနၿပီ။ တအားလုပ္ကိုင္ စားေသာက္ ရတာ အခက္အခဲျဖစ္လာတယ္။ လူထုကလည္း ၿငီးလာၿပီ။”
၎တို႔၏ ေဒသတြင္ ယခင္ႏွစ္မ်ားက ေကာက္ခံမႈမ်ားထက္ အခြန္အေကာက္မ်ား ပိုမိုေကာက္ခံေနသည္ဟု နားကဲေက်းရြာက အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ဆက္ေျပာသည္။
“ၿပီးခဲ့တဲ့လ ၃၀ ရက္ေန႔ကစၿပီး RCSS ရဲ႕ နာမည္နဲ႔ RCSS တပ္ဖြဲ႕ ဝင္က လူတစ္ေယာက္ရဲ႕ အမွတ္ ၃ ၿမိဳ႕နယ္ တုိက္နယ္မွဴးေျပာရမလား သူက ေက်းရြာအုပ္စု အလုိက္ အစည္းအေဝးလုပ္ၿပီး တစ္အိမ္ကုိ ဘယ္ေလာက္က် မယ္၊ ဘယ္လိုလုပ္ငန္းဆုိရင္ ဘယ္ေလာက္ ေပးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳးနဲ႔ ေကာက္ခံတာေတြ ရွိတယ္။ ဒါက အမွန္ပါပဲဗ်။ သူက ေက်းရြာအုပ္စု အလိုက္ဗ်၊ ဆန္ဆုိရင္ တင္း ၅၀ ဗ် ေတာင္းတယ္။ လုပ္ငန္းခြန္ ေစ်း ဆိုင္ေတြ၊ ဓါတ္ဆီဆိုင္တို႔၊ စပါးေလွာင္တာ တို႔ဆိုရင္ ခါတုိင္းႏွစ္ေတြထက္ သံုးဆေလာက္ ျမင့္လာတယ္ဗ်။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြလည္း မကန္႔ကြက္ ႏုိင္ဘူး။ TNLA၊ SSPP ဆိုတာက အလွမ္းေဝးတယ္။ ရြာေတြရဲ႕ အျပင္မွာပဲေနၾကတာ။ အခုက TNLA တို႔ SSPP တုိ႔က မေကာက္ေသးဘူး။ ေနာက္ထပ္ အဲ့ႏွစ္ဖြဲ႕ကပါ ေကာက္ ခံမယ္ဆုိရင္ က်ေနာ္တုိ႔ ေဒသက ေတာ္ေတာ္ေလးကို အခက္အခဲနဲ႔ ရင္ဆုိင္ရမယ္။”
ထိုသို႔ ေကာက္ခံေနျခင္းအေပၚ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA က ေျပာေရးဆို ခြင့္ရွိသူ ဒု-ဗိုလ္မွဴးႀကီးစိုင္းအုမ္ေခးက ၎တို႔တပ္၏ လုပ္ထံုးလုပ္နည္းမ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။
“RCSS က စည္းမ်ဥ္းစည္းကမ္းနဲ႔ ျပည္သူလူထုအေပၚကို ေက်းရြာတုိင္း အဖြဲ႕အစည္းအတြက္ ထမ္းေဆာင္ရမယ့္ တာဝန္၊ ေငြေၾကးဘယ္ေလာက္ ဆန္ဘယ္ေလာက္ဆုိတာမ်ိဳး ရွိေတာ့ရွိတယ္။ စည္းနဲ႔ကမ္းနဲ႔ ရွိတယ္။ အလြန္ အကၽြံေတာ့မဟုတ္ဘူး။ ျပည္သူလူထုကို တအားနစ္နာေစမယ့္ ဘဝပ်က္စီးေစႏုိင္ေလာက္တဲ့ အဆင့္မ်ိဳးေတာ့ မလုပ္ဘူးေလ။ ဌာနခ်ဳပ္က ျပည္သူလူထုေတြအပါအဝင္ ဥပမာ တစ္ႏွစ္တစ္ခါ ႏွစ္ခ်ဳပ္အစည္းအေဝးဆုိရင္ ျပည္သူလူထုကိုယ္စားလွယ္ေတြ အားလံုးတက္ေရာက္ၿပီးေတာ့မွ ျပည္သူလူထုရဲ႕ ဆႏ̔ၵ အဆင္ေျပေလာက္တဲ့ ညွိႏိႈင္းမႈေတြ၊ သေဘာထားရယူမႈေတြ လုပ္ၿပီးမွ စည္းကမ္းခ်က္ ခ်မွတ္တာေပါ့ေလ။”
တပ္၏ အမည္နာမကို အသံုးျပဳၿပီး ေအာက္ေျခမွ တပ္ဖြဲ႕ဝင္မ်ားက စည္းမဲ့ကမ္းမဲ့ ေကာက္ခံမႈမ်ားရွိပါကလည္း အေရးယူျခင္း အျပစ္ေပးျခင္းမ်ားရွိသည္ဟု ဒု-ဗိုလ္မွဴးႀကီးစိုင္းအုမ္ေခးက “ေအာက္ေျခမွာ စည္းမ်ဥ္းစည္းကမ္း အတုိင္းမဟုတ္ပဲ အလြန္အကၽြံေဆာင္ရြက္မယ္ဆိုရင္ေတာ့ ထိေရာက္တဲ့ အေရးယူမႈေတာ့ ရွိတယ္။ ျပည္သူလူ ထုၾကားထဲမွာ မလိုလားအပ္တဲ့ ျပႆနာလိုမ်ိဳး မျဖစ္ေစခ်င္ဘူးေပါ့ေလ။ ဘယ္တပ္ဖြဲ႕မဆို ျပည္သူလူထုက ေၾကာက္ရြံ႕ ၿပီ၊ ရြံ႕မုန္းသြားၿပီးဆိုရင္ အဆင္မေျပေတာ့ဘူးေလေနာ္” ဟု ဆက္ေျပာသည္။
နမၼတူၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ အခြန္ေကာက္ခံသည့္ ကိစၥရပ္မ်ားကို ေဒသအတြင္းက အာဏာပိုင္မ်ား ကလည္း တစ္စံုတစ္ရာ ေျဖရွင္းေပးျခင္းမ်ိဳး မရွိဟု နားကဲေက်းရြာက ေဒသခံက ဆက္ေျပာသည္။
“ျဖစ္ႏုိင္ရင္ေတာ့ ညွိႏိႈင္းေဆာင္ရြက္ေစခ်င္တယ္။ တိုင္းရင္းသားလက္နက္ကိုင္ေတြအတြက္ လိုအပ္တာေတြ တာကို က်ေနာ္တုိ႔ေဒသခံေတြလည္း နားလည္ပါတယ္။ ဒါေပမယ့္ ေဒသခံေတြ အဆင္ေျပေအာင္ေပါ့ ေကာက္ခံ တာမ်ိဳး အကူအညီေတာင္းတာမ်ိဳး၊ တစ္ႏွစ္ကို တစ္အိမ္ကုိ တစ္ေသာင္း ႏွစ္ေသာင္းေလာက္ ေကာက္တာမ်ိဳး ဆုိရင္ လက္ခံႏို္င္ပါတယ္။ အဲ့လိုမ်ိဳးေျဖရွင္းေပးႏုိင္မယ့္ အဖြဲ႕အစည္းေတြလည္း လိုအပ္တယ္ဗ်။ အစိုးရအဖြဲ႕ အစည္းကို တုိင္မယ္ဆုိရင္လည္း ကိုယ့္အသက္ကိုယ္ ဖက္နဲ႔ ထုပ္ထားရမလိုမ်ိဳးဗ်။ ဘယ္သူမွလည္း မတုိင္ရဲ ၾကဘူး။”
ယင္းကိစၥႏွင့္ ပတ္သက္၍ နမၼတူၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခမ္းေအးကို ဆက္သြယ္ေမးျမန္းရာ ေဒသခံမ်ားအေနျဖင့္ တစ္စံုတစ္ရာ တုိင္ၾကားလာျခင္း၊ ေျပာဆုိလာျခင္းမရွိဟု ဆိုသည္။
လက္နက္ကိုင္မ်ား၏ အခြန္အေကာက္မ်ားေၾကာင့္ ေဒသခံမ်ား အခက္အခဲမ်ားႀကံဳေနရသည္မွာ မွန္ကန္ ေၾကာင္း၊ ထို႔အတူ ယခုျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡမ်ားခ်ဳပ္နုိင္မွသာ ျပႆနာမ်ားကို ေျဖရွင္း ေပးႏုိင္မွာ ျဖစ္သည္ဟု ဒု-ဗိုလ္မွဴးႀကီးစိုင္းအုမ္ေခး က ဆက္ေျပာသည္။
“အခုေလာေလာဆယ္ တုိက္ပြဲက ၿငိမ္ေနေပမယ့္လည္း ရြာသားေတြ သိပ္မျပန္ရဲၾကေသးဘူးဆိုတာ မွန္ပါတယ္။ တခ်ိဳ႕ကလည္း ျပန္သြားၿပီးမွ ကိုယ့္လုပ္ငန္းေတြကို လုပ္ေဆာင္ေနၿပီဆုိတာလည္း ရွိတယ္ေနာ္။ ဒါေပမယ့္ ဘယ္ လိုပဲ ျဖစ္ေနေန အခြန္အခေတြ ေငြေၾကးေတြ ေပးေဆာင္ရတယ္ဆုိတာက တပ္ဖြဲ႕ ႏွစ္ဖြဲ႕သံုးဖြဲ႕ ရွိေနမယ္ဆုိရင္ ျပည္သူလူထုက ဟိုဘက္လည္းေၾကာက္ရ၊ ဒီဘက္လည္းေၾကာက္ရ၊ ဟိုဘက္လည္းေပးရ ဒီဘက္လည္းေပးရ ဝန္ထုတ္ဝန္ပိုး ျဖစ္မယ္ဆုိတာကေတာ့ က်ေနာ္တို႔လည္း နားလည္ပါတယ္။ ဒါေပမယ့္ အခုနက ေျပာသလိုပဲ ေနာက္ဆံုး ေတြ႕ ဆံုၾက၊ ညွိႏိႈင္းၾကရင္ အေကာင္းဆံုးနည္းလမ္းျဖစ္လိမ့္မယ္။ အဲ့လိုမ်ိဳးမျဖစ္မခ်င္းေတာ့ ျပည္သူ လူထုေတာ့ ေတာ္ေတာ္နစ္နာေနရအံုးမွာပဲဆုိတာ နားလည္တယ္ေနာ္။”
ယခုကဲ့သို႔ RCSS/SSA တပ္ဖြဲ႕ဝင္မ်ား အခြန္ေကာက္ခံေနသည့္ ေနရာမ်ားသည္ နမၼတူၿမိဳ႕နယ္တြင္းရွိ မန္စံတိုက္ နယ္အတြင္းက ပိန္းလုံ၊ နားက်ဲ၊ နားက်ိဳင္း၊ ကြန္ေက်ာင္း အစရွိသည့္ ေက်းရြာမ်ားတြင္ ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။
ထိုေက်းရြာမ်ားက ေဒသခံမ်ားသည္ ဒီဇင္ဘာလ လဆန္းပိုင္းမွစတင္၍ ယေန႔အခ်ိန္ထိ ျဖစ္ပြားေနသည့္ တပ္မ ေတာ္၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာက္စီ RCSS ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP၊ တအန္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တုိ႔အၾကားက တုိက္ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ား ေၾကာင့္ တစ္လအတြင္း ၂ ႀကိမ္ထက္မနည္း ေနရပ္စြန္႔ခြာထြက္ေျပးေနၾကသည္။