အကြီးစား စီမံကိန်းများကို ဆက်လက်စောင့်ကြည့်မည်ဟု အရပ်ဘက်အဖွဲ့များပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
ကချင်ပြည်နယ်အတွင်း အကြီးစား စီမံကိန်းများအပေါ် အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်စောင့် ကြည့်သွားမည်ဟု ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွက် တက်လာမည့် NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ်အတွင်း စောင့်ကြည့် ရ မည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆယ်ခုထက်မနည်း ရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ က ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦး Lanung Tu က “နံပါတ်တစ်က တရုတ်ရဲ့ BRI ပရောဂျက်ပေါ့နော်။ မြန်မာပြည် မှာကျတော့ Border economics Zone ဆို ပြီးတော့ သုံးနေရာ သူတို့စီမံထားတာရှိတယ်။ နှစ်နေရာကျတော့ ရှမ်းပြည်နယ်ပေါ့နော်။ မူဆယ်ရယ်၊ နောက်ပြီးတော့ ကိုးကန့်ဒေသပေါ့နော်။ နောက်တစ်ခုက ကချင်ပြည်နယ် ပေ့ါနော်။ ဆိုတော့ ဒီကချင်ပြည် နယ်ဆိုတဲ့ နေ ရာမှာ ကန်ပိုင်တီ၊ ကန်ပိုင်တီ Border economics Zone ပေါ့ နော်၊ ဒါပေမယ့် အခုသူတို့ ကန်ပိုင်တီ business park ဆိုပြီးတော့ ၂၂.၄ မီလီယံ ပရောဂျက်ပေါ့နော်၊ ဒါတစ်ခု နောက်တစ်ခုက BRI ပရောဂျက်နဲ့ ဆက်စပ်နေတဲ့ နန်ကျင်စီးပွားရေးဇုံပေါ့၊ ၂၀၁၈ မှာ MOU ထိုးထားတာတွေ ရှိတယ်။ အခုကတော့ အဲ့ ဒီ MOU ကျတော့ သက်တမ်းကုန်သွားပြီပေါ့နော်။ ဒါလည်းပဲ လုပ်လာနိုင်လားဆိုတဲ့ ဟာပေါ့၊ ဒါက ဒေါ်လာ သန်းပေါင်း ၄၀၀ အဲ့လောက်ရှိတဲ့ ပရောဂျက်ကြီးပေါ့နော်။ ဒါလည်းပဲ စောင့်ကြည့်ရမယ့် ဟာပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အထူးစီးပွားရေးစက်မှုဇုန်၊ အကြီးစားရေအားလျပ်စစ်၊ အကြီးစားစိုက်ပျိုးရေးလုပ်ငန်း များ နှင့် မြေဧကပေါင်းများစွာပေါ်တွင် လုပ်မည့် သတ္တုတူးဖော်ခြင်းစသည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများရှိနေသည်ဟု ဆိုသည်။
“နောက် တစ်ခုက ဖော်ကျူနာကုမ္ပဏီက ခေါင်လန်ဖူး၊ ဆော့လော်၊ နောင်မွန်းဘက်မှာ သတ္ထုတူးမယ့် စမ်းသပ် ရေး ပေါ့နော်၊ သူတို့က လိုင်စင်ရထားပြီးပြီဆိုတော့ ဧကပေါင်းက ၅ သိန်းကျော်ပေါ့နော် နေရာလေးခုမှာပေါ့။ ဒါ လည်းပဲ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာကျတော့ ပရောဂျက်ကို ရပ်ပြီလို့တော့ ပြောတယ်။ ဒါပေမယ့် တစ်စုံတစ် ရာ ကုမ္ပဏီတုန့်ပြန်မှုတော့ မရှိသေးဘူးပေါ့နော်။ ဒါလည်း တစ်ခုစောင့်ကြည့်ရမယ်။”
ထိုစီမံကိန်းကြီးများ အပါအဝင် ပြည်နယ်အတွင်း လုပ်ဆောင်မည့် လမ်းဖောက်လုပ်ရေးစီမံကိန်းများနှင့် အခြား သော စီမံကိန်းအချို့ လည်း ရှိနေသေးသည်ဟု ဦးLanung Tu က ဆက်ပြောသည်။
“နောက်တခုက ဒီ ဟိုင်းဝေးလမ်း တရုတ်ပြည်နယ်နဲ့ ဒီဘက်ဆက်စပ်တဲ့လမ်းပေါ့၊ လွယ်ဂျယ် ဆိုတာ ဒီတရုတ် နယ်စပ်ပေါ့ အဲ့ဒါနဲ့ ဒီမိုးမောက်၊ ဗန်းမော်လမ်းပေါ့နော်၊ ဟိုင်းဝေးလမ်း ဒါလည်းပဲ မြန်မာ့ရင်း နှီးမြှုပ်နှံမှုကော်မရှင် ကို တင်ထားတယ်လို့ ကြားရတယ်။ ဆိုတော့ဒါလည်းပဲ မီလီယံ ပရောဂျက်ပေါ့နော်။ ကျနော်ထင်သလောက် တော့ ၆၀ ဝန်းကျင်လောက် ရှိတဲ့ဟာပေါ့နော်။ US ဒေါ်လာမီလီယံပေါ့။ ဒါလည်း စောင့်ကြည့်ရမယ့်ဟာ။ ဘာလို့ လဲဆိုတော့ ဗန်းမော်မှာ ဆိပ်ကမ်းရှိတာကိုး။ ဒီလိုမျိုးပရောဂျက်တွေလည်း ရှိတယ်ဆိုတော့။ နောက်တစ်ခုက မိုးကောင်း-ဖားကန့် လမ်းပေါ့နော်။ ဒါလည်းပဲ မီလီယံပရောဂျက်ပေါ့။ ဒါလည်း နောက်နှစ်ဆိုရင် လုပ်ရတော့ မယ်။ နောက်တစ်ခုက တခြား ၅ မီလီယံပရောဂျက် တွေလည်းရှိတယ်။ ပြည်နယ်ကနေဆုံးဖြတ်ပိုင်ခွင့် ဥပမာ လွယ်ဂျယ် ကားဂိတ်ပေါ့နော်၊ တခြားသေးသေး လေးတွေလည်းရှိတယ်။ နောက်ဆုံးက မြစ်ဆုံစီမံကိန်းပေါ့နော်။ မြစ်ဆုံစီမံကိန်းရပ်သွားရင်တောင်မှ တဘက်မှာရှိတဲ့ သူတို့လျာထားတဲ့ ရေကာတာတွေ အဲ့ဒါတွေက ပြန်ပြီးမှ လုပ်လာနိုင်တယ်ပေါ့။ ဆိုတော့ အကြီးစားက အဲ့လောက်ပေါ့။ ဒါက အစိုးရသစ်သက်တမ်းမှာ စောင့်ကြည့်ရမယ့် အထဲမှာပါတယ်ပေါ့။”
ပြည်နယ်အတွင်း လုပ်ဆောင်မည့် စီမံကိန်းအများစုနှင့် ပတ်သက်၍ ဒေသခံပြည်သူများမှာတစ်စုံတစ်ရာ သိရှိ ခြင်း၊ သဘောထားရယူခြင်းနှင့် စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် ရယူပိုင်ခွင့်များ ဆုံးရှုံးနေရ သည်ဟုလည်း ဒေသခံများက ပြောသည်။
“မြစ်ကြီးနားမှာ လုပ်လာတဲ့ ပရောဂျက်တွေ အကုန်လုံးက များသောအားဖြင့် ဗဟိုကနေပဲ ချတယ်။ ပြောမယ်ဆို ရင်တော့ အောက်ခြေကို အရင်မဆွေးနွေးဘူး။ မဆွေးနွေးပဲနဲ့ ဝန်ကြီးဌာနတွေကနေပဲ ချလေ့ရှိတယ်။ ပြောရ မယ် ဆိုရင်တော့ ကျနော်တို့က လုပ်မယ်ဟေ့ဆိုတဲ့အချိန်ကြမှ သိလာတာ။ ကိုယ့်ဆီမှာ ဘာလုပ်မှန်း ဘာလုပ်ဖို့ စဉ်းစားထားသလဲဆိုတာ ကျနော်တို့က မသိနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်မယ့် နန်ကျင်စက်မှုဇုံကိစ္စတို့ ဘာတို့ဆိုရင် မြစ်ကြီးနားသားတွေက လုပ်မယ့်ဟေ့ ဝန်ကြီး လာသွားတယ် ဒါလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုမှ ထပြီးလေ့လာတာမျိုးပေါ့၊ အကုန်လုံးက ကမန်းက တန်းထပြီး ဘယ်လိုလုပ်မှာလဲဆိုတဲ့ဟာမျိုးပေါ့၊ အမှန်က ဒီကနေ သွားရမှာ။ ဖက်ဒရယ်စနစ်ကိုသွားမယ် ဆိုရင် ဖက်ဒရယ် စနစ်ကို ကြိုတင်ပြင်ဆင်ပြီးတော့ ဖက်ဒရယ်မူအတိုင်းသွားမယ်ဆိုရင် အောက်ခြေကနေ အရင်သွားရမှာ” ဟု လွတ်လက်သော သုတေသီ (Independent Researcher) ဦးခလမ်တူးခေါင် က ပြောသည်။
လာမည့်အစိုးရသက်တမ်းအတွင်း ဖော်ဆောင်နိုင်ချေရှိသည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းများနှင့် ပတ်သက်၍ အချက်အလက်နှင့် အကြောင်းအရာများ ရရှိနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ တာဝန်ရှိသူအချို့အား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
နည်းစနစ်နှင့် စည်းမျဉ်းစည်းများ၊ ဥပဒေနှင်အညီဆောင်ရွက်ခြင်း၊ ဒေသခံများအား ပွင့်လင်းမြင်သာစွာချပြခြင်း၊ သဘောထားကောက်ယူခြင်းမျာ မရှိသည့် ရင်းနှီးမြုပ်နှံမှုနှင့် အကြီးစားသယံဇာတတူးဖော်မှုများကြောင့် ကချင်ပြည်တစ်ရပ်လုံးက ဖွံ့ဖြိုးရေးစီမံကိန်းမှန်သမျှကို ကန့်ကွက်နေကြပြီး အမျိုးသမီးများပေါ်သက်ရောက်မှုနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများလည်း ရှိနေသည်ဟု Htoi Gender and Development Foundation ၏ ဒေါ်နန်ပူ က ပြောသည်။
“မြစ်ဆုံစီမံကိန်းလုပ်ဆောင်ဖို့ရန်အတွက် အတင်း အဓမ္မ ရွှေ့ပြောင်းခံလိုက်ရတဲ့ ရွာတွေက အများကြီးပဲ။ အဲ့ဒီ ရွာသူရွာသားတွေရဲ့ အခက်အခဲက ဒီနေ့အချိန်ထိ သက်ရောက်မှုဆိုးကျိုးတွေက အများကြီးပဲ ဖြစ်နေတယ်။ သူ တို့ ရဲ့ ခြံတွေ၊ နွားတွေကို ပစ်ထားရတော့ ဒီမြစ်ဆုံဘက်က ရွာတွေက အမျိုးသမီးတွေ၊ အထူးသဖြင့် သူတို့ကြုံ တွေ့ရတဲ့ အချက်တွေက ဘာလဲဆိုရင် သူတို့ ရဲ့ ဆုံးရှုံးတဲ့အခြေအနေတွေကို ပြန်ပြီးတော့မှ တောင်းဆိုတဲ့အခါ မှာ အမျိုးသမီးကို အလေးထားမှု သိပ်မရှိဘူးဆိုတာမျိုး အများကြီးတွေ့ရတယ်။ ငှက်ပျောစိုက်ခင်း တွေဘက်မှာ လည်း ခွဲခြားဖိနှိပ်မှုတွေ၊ လုပ်ခတွေ ခွဲခြားပေးတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဓမ္မပြုကျင့်ခံရ တာတွေ၊ ပြောရင် အလုပ်ထုတ်ပစ် မယ်ဆိုတဲ့ဟာမျိုးတွေ ခြိမ်းခြောက်တာ အများကြီး ရှိတယ်။ အမျိုးသမီးတွေ အပေါ် သက်ရောက်မှုတွေက လည်း အများကြီးပါ။ နောက်ဖားကန့်ပေါ့နော် လက်ရှိဖြစ်နေတဲ့ သဘာဝ သယံ ဇာတနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှု ဆိုးကျိူးက အများကြီးပဲ ဖြစ်တယ်။ စားဝတ်နေရေး၊ ကလေး ပညာ ရေး အားလုံးက မျှော်လင့်ချက်မဲ့ကုန်ပြီ။”
အဆိုပါ စီမံကိန်းကြီးများက တစ်ဆင့်ဖြစ်ပေါ်လာမည့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးကောင်းကျိုးများကို ဖြေရှင်းနိုင်ရန်အတွက် လာမယ့် အစိုးရသစ် အနေဖြင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ကို စတင်အကောင်အထည်ဖော်ပြီး ပြည်နယ်နှင့် တိုင်းဒေကြီးများအား လုပ်ပိုင်ခွင့်ပေးရန် လိုအပ်သည်ဟု ဦးခလမ်တူးခေါင် က ဆက်ပြောသည်။
လွတ်လက်သော သုတေသီ (Independent Researcher) ဦးခလမ်တူးခေါင် က “ကချင်ပြည်နယ်အစိုးရကနေ အရင်ဆွေးနွေးပြီးတော့မှ အထက်ကို တင်ရမှာလေ။ ကချင်ပြည်နယ်အစိုးရရဲ့ တင်ပြချက်ပေါ်မူတည်ပြီးတော့ မှ ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ကနေ သဘောတူပြီးမှ လုပ်မယ်ဆိုသည့်တိုင် အောက်ကနေ အရင်တက်လာတဲ့ ပရိုပိုဇယ်မျိုး ဖြစ်စေချင်တာပေါ့။ အဲ့ခါကြမှပဲ ဖက်ဒရယ်ရဲ့ သွားရာလမ်းကြောင်းက အဲ့ဘက်ကိုသွားမှာ။ အခုက အပေါ်ကနေ လုပ်တဲ့စီမံကိန်းတွေကြီးပဲ အဲ့လိုမျိုးဖြစ်နေတဲ့အခါကြတော့ အခုမြစ်ဆုံစီမံကိန်းလည်း ကျနော်တို့ စိုးရိမ်တာက အထက်ပိုင်းပဲ လုပ်လုပ်၊ အောက်ပိုင်းပဲလုပ်လုပ် ကျနော်ကချင်ပြည်သူတစ်ယောက်အနေနဲ့ သဘောမတူပါဘူး။ ဗဟိုကနေလုပ်တဲ့ ပရောဂျက်မှန်သမျှပေါ့နော်” ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဖော် ဆောင်မည့် အမျိုးသား ညီညွှတ်ရေး အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏နိုင်ငံရေး စီးပွားရေး လူမှုဖွံ့ဖြိုးရေး သဘာ၀ သယံဇာတ အရင်းအမြစ်နှင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲခြင်းများတွင် ဖက်ဒရယ် စနစ်ကို ဦးတည်လာနိုင်မည်လားဆိုသည့် စဉ်းစားချက်များလည်းရှိသည်ဟု ကချင်ပြည်နယ်က အရပ်ဘက်အဖွဲ့ အစည်း အချို့က ပြောသည်။
*** ZAWGYI ***
အႀကီးစား စီမံကိန္းမ်ားကို ဆက္လက္ေစာင့္ၾကည့္မည္ဟု အရပ္ဘက္အဖြဲ႔မ်ားေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၃ ရက္။
ကခ်င္ျပည္နယ္အတြင္း အၾကီးစား စီမံကိန္းမ်ားအေပၚ အစိုးရသစ္လက္ထက္တြင္လည္း ဆက္လက္ေစာင့္ ၾကည့္သြားမည္ဟု ေဒသတြင္း အရပ္ဘက္ အဖြဲ႔အစည္းမ်ားက ေျပာသည္။
၂၀၂၀ ေရြးေကာက္ပြဲတြက္ တက္လာမည့္ NLD အစိုးရလက္ထက္တြင္ ကခ်င္ျပည္နယ္အတြင္း ေစာင့္ၾကည့္ ရ မည့္ ရင္းႏွီးျမွဳပ္ႏွံမႈ စီမံကိန္းမ်ား ဆယ္ခုထက္မနည္း ရွိေနသည္ဟု အရပ္ဘက္အဖြဲ႕အစည္းအခ်ိဳ႕ ႏွင့္ ႏုိင္ငံေရး ေလ့လာေစာင့္ၾကည့္သူမ်ား က ေျပာသည္။
ႏို္င္ငံေရးေလ့လာသံုးသပ္သူ ဦး Lanung Tu က “နံပါတ္တစ္က တရုတ္ရဲ႕ BRI ပေရာဂ်က္ေပါ့ေနာ္။ ျမန္မာျပည္ မွာက်ေတာ့ Border economics Zone ဆုိ ၿပီးေတာ့ သံုးေနရာ သူတို႔စီမံထားတာရွိတယ္။ ႏွစ္ေနရာက်ေတာ့ ရွမ္းျပည္နယ္ေပါ့ေနာ္။ မူဆယ္ရယ္၊ ေနာက္ၿပီးေတာ့ ကိုးကန္႔ေဒသေပါ့ေနာ္။ ေနာက္တစ္ခုက ကခ်င္ျပည္နယ္ ေပ့ါေနာ္။ ဆိုေတာ့ ဒီကခ်င္ျပည္ နယ္ဆိုတဲ့ ေန ရာမွာ ကန္ပိုင္တီ၊ ကန္ပိုင္တီ Border economics Zone ေပါ့ ေနာ္၊ ဒါေပမယ့္ အခုသူတို႔ ကန္ပိုင္တီ business park ဆုိၿပီးေတာ့ ၂၂.၄ မီလီယံ ပေရာဂ်က္ေပါ့ေနာ္၊ ဒါတစ္ခု ေနာက္တစ္ခုက BRI ပေရာဂ်က္နဲ႔ ဆက္စပ္ေနတဲ့ နန္က်င္စီးပြားေရးဇံုေပါ့၊ ၂၀၁၈ မွာ MOU ထိုးထားတာေတြ ရွိတယ္။ အခုကေတာ့ အဲ့ ဒီ MOU က်ေတာ့ သက္တမ္းကုန္သြားၿပီေပါ့ေနာ္။ ဒါလည္းပဲ လုပ္လာႏုိင္လားဆိုတဲ့ ဟာေပါ့၊ ဒါက ေဒၚလာ သန္းေပါင္း ၄၀၀ အဲ့ေလာက္ရွိတဲ့ ပေရာဂ်က္ႀကီးေပါ့ေနာ္။ ဒါလည္းပဲ ေစာင့္ၾကည့္ရမယ့္ ဟာေပါ့” ဟု ေျပာသည္။
ကခ်င္ျပည္နယ္အတြင္း အထူးစီးပြားေရးစက္မႈဇုန္၊ အႀကီးစားေရအားလ်ပ္စစ္၊ အႀကီးစားစိုက္ပ်ိဳးေရးလုပ္ငန္း မ်ား ႏွင့္ ေျမဧကေပါင္းမ်ားစြာေပၚတြင္ လုပ္မည့္ သတၱဳတူးေဖာ္ျခင္းစသည့္ ရင္းႏွီးျမဳပ္ႏွံမႈ စီမံကိန္းမ်ားရွိေနသည္ဟု ဆိုသည္။
“ေနာက္ တစ္ခုက ေဖာ္က်ဴနာကုမၸဏီက ေခါင္လန္ဖူး၊ ေဆာ့ေလာ္၊ ေနာင္မြန္းဘက္မွာ သတၳဳတူးမယ့္ စမ္းသပ္ ေရး ေပါ့ေနာ္၊ သူတို႔က လိုင္စင္ရထားၿပီးၿပီဆုိေတာ့ ဧကေပါင္းက ၅ သိန္းေက်ာ္ေပါ့ေနာ္ ေနရာေလးခုမွာေပါ့။ ဒါ လည္းပဲ အဲ့ဒီသတင္းစာရွင္းလင္းပြဲမွာက်ေတာ့ ပေရာဂ်က္ကို ရပ္ၿပီလို႔ေတာ့ ေျပာတယ္။ ဒါေပမယ့္ တစ္စံုတစ္ ရာ ကုမၸဏီတုန္႔ျပန္မႈေတာ့ မရွိေသးဘူးေပါ့ေနာ္။ ဒါလည္း တစ္ခုေစာင့္ၾကည့္ရမယ္။”
ထိုစီမံကိန္းႀကီးမ်ား အပါအဝင္ ျပည္နယ္အတြင္း လုပ္ေဆာင္မည့္ လမ္းေဖာက္လုပ္ေရးစီမံကိန္းမ်ားႏွင့္ အျခား ေသာ စီမံကိန္းအခ်ိဳ႕ လည္း ရွိေနေသးသည္ဟု ဦးLanung Tu က ဆက္ေျပာသည္။
“ေနာက္တခုက ဒီ ဟိုင္းေဝးလမ္း တရုတ္ျပည္နယ္နဲ႔ ဒီဘက္ဆက္စပ္တဲ့လမ္းေပါ့၊ လြယ္ဂ်ယ္ ဆုိတာ ဒီတရုတ္ နယ္စပ္ေပါ့ အဲ့ဒါနဲ႔ ဒီမိုးေမာက္၊ ဗန္းေမာ္လမ္းေပါ့ေနာ္၊ ဟိုင္းေဝးလမ္း ဒါလည္းပဲ ျမန္မာ့ရင္း ႏွီးျမွဳပ္ႏွံမႈေကာ္မရွင္ ကို တင္ထားတယ္လို႔ ၾကားရတယ္။ ဆိုေတာ့ဒါလည္းပဲ မီလီယံ ပေရာဂ်က္ေပါ့ေနာ္။ က်ေနာ္ထင္သေလာက္ ေတာ့ ၆၀ ဝန္းက်င္ေလာက္ ရွိတဲ့ဟာေပါ့ေနာ္။ US ေဒၚလာမီလီယံေပါ့။ ဒါလည္း ေစာင့္ၾကည့္ရမယ့္ဟာ။ ဘာလို႔ လဲဆုိေတာ့ ဗန္းေမာ္မွာ ဆိပ္ကမ္းရွိတာကိုး။ ဒီလိုမ်ိဳးပေရာဂ်က္ေတြလည္း ရွိတယ္ဆုိေတာ့။ ေနာက္တစ္ခုက မိုးေကာင္း-ဖားကန္႔ လမ္းေပါ့ေနာ္။ ဒါလည္းပဲ မီလီယံပေရာဂ်က္ေပါ့။ ဒါလည္း ေနာက္ႏွစ္ဆုိရင္ လုပ္ရေတာ့ မယ္။ ေနာက္တစ္ခုက တျခား ၅ မီလီယံပေရာဂ်က္ ေတြလည္းရွိတယ္။ ျပည္နယ္ကေနဆံုးျဖတ္ပိုင္ခြင့္ ဥပမာ လြယ္ဂ်ယ္ ကားဂိတ္ေပါ့ေနာ္၊ တျခားေသးေသး ေလးေတြလည္းရွိတယ္။ ေနာက္ဆံုးက ျမစ္ဆံုစီမံကိန္းေပါ့ေနာ္။ ျမစ္ဆံုစီမံကိန္းရပ္သြားရင္ေတာင္မွ တဘက္မွာရွိတဲ့ သူတို႔လ်ာထားတဲ့ ေရကာတာေတြ အဲ့ဒါေတြက ျပန္ၿပီးမွ လုပ္လာႏုိင္တယ္ေပါ့။ ဆိုေတာ့ အႀကီးစားက အဲ့ေလာက္ေပါ့။ ဒါက အစိုးရသစ္သက္တမ္းမွာ ေစာင့္ၾကည့္ရမယ့္ အထဲမွာပါတယ္ေပါ့။”
ျပည္နယ္အတြင္း လုပ္ေဆာင္မည့္ စီမံကိန္းအမ်ားစုႏွင့္ ပတ္သက္၍ ေဒသခံျပည္သူမ်ားမွာတစ္စံုတစ္ရာ သိရွိ ျခင္း၊ သေဘာထားရယူျခင္းႏွင့္ စီမံကိန္းႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္ ရယူပိုင္ခြင့္မ်ား ဆံုးရံႈးေနရ သည္ဟုလည္း ေဒသခံမ်ားက ေျပာသည္။
“ျမစ္ႀကီးနားမွာ လုပ္လာတဲ့ ပေရာဂ်က္ေတြ အကုန္လံုးက မ်ားေသာအားျဖင့္ ဗဟိုကေနပဲ ခ်တယ္။ ေျပာမယ္ဆို ရင္ေတာ့ ေအာက္ေျခကို အရင္မေဆြးေႏြးဘူး။ မေဆြးေႏြးပဲနဲ႔ ဝန္ႀကီးဌာနေတြကေနပဲ ခ်ေလ့ရွိတယ္။ ေျပာရ မယ္ ဆုိရင္ေတာ့ က်ေနာ္တုိ႔က လုပ္မယ္ေဟ့ဆိုတဲ့အခ်ိန္ၾကမွ သိလာတာ။ ကိုယ့္ဆီမွာ ဘာလုပ္မွန္း ဘာလုပ္ဖုိ႔ စဥ္းစားထားသလဲဆုိတာ က်ေနာ္တို႔က မသိႏုိင္တဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္။ ေျပာမယ္ဆုိရင္ က်ေနာ္တုိ႔ ျမစ္ႀကီးနားမွာ လုပ္မယ့္ နန္က်င္စက္မႈဇံုကိစၥတုိ႔ ဘာတို႔ဆုိရင္ ျမစ္ႀကီးနားသားေတြက လုပ္မယ့္ေဟ့ ဝန္ႀကီး လာသြားတယ္ ဒါလုပ္ဖုိ႔ အစီအစဥ္ရွိတယ္ဆုိမွ ထၿပီးေလ့လာတာမ်ိဳးေပါ့၊ အကုန္လံုးက ကမန္းက တန္းထၿပီး ဘယ္လိုလုပ္မွာလဲဆိုတဲ့ဟာမ်ိဳးေပါ့၊ အမွန္က ဒီကေန သြားရမွာ။ ဖက္ဒရယ္စနစ္ကိုသြားမယ္ ဆုိရင္ ဖက္ဒရယ္ စနစ္ကို ႀကိဳတင္ျပင္ဆင္ၿပီးေတာ့ ဖက္ဒရယ္မူအတိုင္းသြားမယ္ဆုိရင္ ေအာက္ေျခကေန အရင္သြားရမွာ” ဟု လြတ္လက္ေသာ သုေတသီ (Independent Researcher) ဦးခလမ္တူးေခါင္ က ေျပာသည္။
လာမည့္အစိုးရသက္တမ္းအတြင္း ေဖာ္ေဆာင္ႏုိင္ေခ်ရွိသည့္ ရင္းႏွီးျမဳပ္ႏွံမႈစီမံကိန္းမ်ားနွင့္ ပတ္သက္၍ အခ်က္အလက္ႏွင့္ အေၾကာင္းအရာမ်ား ရရွိႏုိင္ေရး ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ မွ တာဝန္ရွိသူအခ်ိဳ႕အား ဖုန္းျဖင့္ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။
နည္းစနစ္ႏွင့္ စည္းမ်ဥ္းစည္းမ်ား၊ ဥပေဒႏွင္အညီေဆာင္ရြက္ျခင္း၊ ေဒသခံမ်ားအား ပြင့္လင္းျမင္သာစြာခ်ျပျခင္း၊ သေဘာထားေကာက္ယူျခင္းမ်ာ မရွိသည့္ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ အႀကီးစားသယံဇာတတူးေဖာ္မႈမ်ားေၾကာင့္ ကခ်င္ျပည္တစ္ရပ္လံုးက ဖြ႔ံၿဖိဳးေရးစီမံကိန္းမွန္သမ်ွကို ကန္႔ကြက္ေနၾကၿပီး အမ်ိဳးသမီးမ်ားေပၚသက္ေရာက္မႈႏွင့္ လူမႈေရးဆိုင္ရာ ဆိုးက်ိဳးမ်ားလည္း ရွိေနသည္ဟု Htoi Gender and Development Foundation ၏ ေဒၚနန္ပူ က ေျပာသည္။
“ျမစ္ဆံုစီမံကိန္းလုပ္ေဆာင္ဖုိ႔ရန္အတြက္ အတင္း အဓမၼ ေရႊ႕ေျပာင္းခံလိုက္ရတဲ့ ရြာေတြက အမ်ားႀကီးပဲ။ အဲ့ဒီ ရြာသူရြာသားေတြရဲ႕ အခက္အခဲက ဒီေန႔အခ်ိန္ထိ သက္ေရာက္မႈဆိုးက်ိဳးေတြက အမ်ားႀကီးပဲ ျဖစ္ေနတယ္။ သူ တို႔ ရဲ႕ ၿခံေတြ၊ ႏြားေတြကို ပစ္ထားရေတာ့ ဒီျမစ္ဆံုဘက္က ရြာေတြက အမ်ိဳးသမီးေတြ၊ အထူးသျဖင့္ သူတို႔ႀကံဳ ေတြ႔ရတဲ့ အခ်က္ေတြက ဘာလဲဆုိရင္ သူတို႔ ရဲ႕ ဆံုးရံႈးတဲ့အေျခအေနေတြကို ျပန္ၿပီးေတာ့မွ ေတာင္းဆိုတဲ့အခါ မွာ အမ်ိဳးသမီးကို အေလးထားမႈ သိပ္မရွိဘူးဆုိတာမ်ိဳး အမ်ားႀကီးေတြ႕ရတယ္။ ငွက္ေပ်ာစိုက္ခင္း ေတြဘက္မွာ လည္း ခြဲျခားဖိႏွိပ္မႈေတြ၊ လုပ္ခေတြ ခြဲျခားေပးတာေတြ၊ လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္မႈေတြ အဓမၼျပဳက်င့္ခံရ တာေတြ၊ ေျပာရင္ အလုပ္ထုတ္ပစ္ မယ္ဆုိတဲ့ဟာမ်ိဳးေတြ ၿခိမ္းေျခာက္တာ အမ်ားႀကီး ရွိတယ္။ အမ်ိဳးသမီးေတြ အေပၚ သက္ေရာက္မႈေတြက လည္း အမ်ားႀကီးပါ။ ေနာက္ဖားကန္႔ေပါ့ေနာ္ လက္ရွိျဖစ္ေနတဲ့ သဘာဝ သယံ ဇာတနဲ႔ ပတ္သက္ၿပီးေတာ့ သက္ေရာက္မႈ ဆိုးက်ိဴးက အမ်ားႀကီးပဲ ျဖစ္တယ္။ စားဝတ္ေနေရး၊ ကေလး ပညာ ေရး အားလံုးက ေမ်ွာ္လင့္ခ်က္မဲ့ကုန္ၿပီ။”
အဆုိပါ စီမံကိန္းႀကီးမ်ားက တစ္ဆင့္ျဖစ္ေပၚလာမည့္ လူမႈေရး၊ စီးပြားေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ဆိုးက်ိဳးေကာင္းက်ိဳးမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ လာမယ့္ အစိုးရသစ္ အေနျဖင့္ ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ျခင္း ကို စတင္အေကာင္အထည္ေဖာ္ၿပီး ျပည္နယ္ႏွင့္ တုိင္းေဒႀကီးမ်ားအား လုပ္ပိုင္ခြင့္ေပးရန္ လိုအပ္သည္ဟု ဦးခလမ္တူးေခါင္ က ဆက္ေျပာသည္။
လြတ္လက္ေသာ သုေတသီ (Independent Researcher) ဦးခလမ္တူးေခါင္ က “ကခ်င္ျပည္နယ္အစိုးရကေန အရင္ေဆြးေႏြးၿပီးေတာ့မွ အထက္ကို တင္ရမွာေလ။ ကခ်င္ျပည္နယ္အစိုးရရဲ႕ တင္ျပခ်က္ေပၚမူတည္ၿပီးေတာ့ မွ ေပါ့၊ ဘယ္လိုပဲျဖစ္ျဖစ္ အေပၚကေန သေဘာတူၿပီးမွ လုပ္မယ္ဆိုသည့္တုိင္ ေအာက္ကေန အရင္တက္လာတဲ့ ပရိုပိုဇယ္မ်ိဳး ျဖစ္ေစခ်င္တာေပါ့။ အဲ့ခါၾကမွပဲ ဖက္ဒရယ္ရ႕ဲ သြားရာလမ္းေၾကာင္းက အဲ့ဘက္ကိုသြားမွာ။ အခုက အေပၚကေန လုပ္တဲ့စီမံကိန္းေတြႀကီးပဲ အဲ့လိုမ်ိဳးျဖစ္ေနတဲ့အခါၾကေတာ့ အခုျမစ္ဆံုစီမံကိန္းလည္း က်ေနာ္တုိ႔ စိုးရိမ္တာက အထက္ပိုင္းပဲ လုပ္လုပ္၊ ေအာက္ပိုင္းပဲလုပ္လုပ္ က်ေနာ္ကခ်င္ျပည္သူတစ္ေယာက္အေနန႔ဲ သေဘာမတူပါဘူး။ ဗဟိုကေနလုပ္တဲ့ ပေရာဂ်က္မွန္သမ်ွေပါ့ေနာ္” ဟု ေျပာသည္။
၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက ေဖာ္ ေဆာင္မည့္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ လက္ထက္တြင္ ျမန္မာႏိုင္ငံ၏ႏိုင္ငံေရး စီးပြားေရး လူမႈဖြံ႔ၿဖိဳးေရး သဘာ၀ သယံဇာတ အရင္းအျမစ္ႏွင့္ စီးပြားေရး ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာ စီမံခန္႔ခြဲျခင္းမ်ားတြင္ ဖက္ဒရယ္ စနစ္ကို ဦးတည္လာႏိုင္မည္လားဆိုသည့္ စဥ္းစားခ်က္မ်ားလည္းရွိသည္ဟု ကခ်င္ျပည္နယ္က အရပ္ဘက္အဖြဲ႕ အစည္း အခ်ိဳ႕က ေျပာသည္။