ကလေး မုဒိန်းလူသတ်မှု SSPP သေဒဏ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်း၊ လူသတ်မှုကျူးလွန်သူကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်သည်။
ဒီဇင်ဘာလ ၉ ရက်နေ့က သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်ဟု ဝမ်နွတ်ကျေးရွာတွင် တရားခံ အိုက်စော့ သည် အသက် (၆) နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ပြီး ရွာအရှေ့ဘက်ရှိ လျှိုမြောင် ထဲသို့ ပစ်ချခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုတရားရုံ ဥပဒေအရှိ စိုင်းအူဟိန်း က “နောက်ဆုံးအခြေအနေက မနေ့တုန်းက ဥပဒေကြောင်းအရ သေဒဏ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီဗျ။ လုပ်ထုံးလုပ်နည်းအရ သေဒဏ်ပေးဖို့ပဲ ကျန်တော့တယ်။ အခုက သေဒဏ်ပေးဖို့ပဲ ကျန်တယ်ဗျ၊ တရားခံဘက်ကနေ အယူခံတွေ တင်လာတာတွေ မရှိတော့ဘူးဆိုတော့ သေဒဏ်ပေးဖို့ပဲ ကျန်တယ်။”
တရားခံဘက်က အယူခံတက်ရင်တော့ တရားရုံးမှာ ပြန်လည်စစ်ဆေးရန် ရှိသည်ဟု စိုင်းအူဟိန်းက ပြောသည်။ “သေဒဏ်ပုံစံက ကျနော်တို့ဥပဒေရေးရာပဲလေနော်။ ကျန်တာအကျဉ်းဌာနက ဆက်ပြီးစီစဉ် သွားမှာပါ” ဟု ပြောသည်။
“ပြစ်မှုကလည်း ထင်ရှားတယ်။ သက်သေအထောက်အထားတွေလည်း စနစ်တကျပဲ ထင်ရှားတယ်ဗျ။ ကျနော် တို့ တွေ့ရှိရတာက ပထမတစ်ခုက အသက်အရွယ်မပြည့်တဲ့ ၆ နှစ်အရွယ် ကလေးကို ကာမ ဆက်ဆံဖို့ အကြံနဲ့ လိမ်လည်ဖျားယောင်းပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ မုဒိမ်းကျင့်တယ်။ ကာမနှောက်ယှက်မှုပြုတယ်။ ပြီး ရင် အဲ့ကလေးကိုလည်း သတ်တယ်ပေါ့နော်။ အဲ့ကလေးကို လည်ပင်းလည်းညှစ်ထားတယ်။ အဲ့ဒါကြောင့်မို့လို့ လက်ရာတွေဘာတွေလည်းရှိတယ်။ သက်သေအထောက်အထားတွေလည်းရှိတယ်။ မျက်မြင်သက်သေ တချို့ လည်း ရှိတဲ့အတွက်ကြောင့် ပြစ်မှုထင်ရှားတယ်။ ကလေးကကျတော့ အသက်က ၆ နှစ်ပဲ ရှိသေးတယ်ခင်ဗျ။”
ယခုကဲ့သို့သော သက်ငယ်မုဒိမ်းမှုမျိုး ယခင်က SSPP/SSA ၏ ထိန်းချုပ်နယ်မြေအတွင်း မရှိခဲ့ကြောင်း၊ ယခု ပြစ်မှုသည် ဒေသ၏ ဥပဒေစိုးမိုးရေးအပြင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးအား ခြိမ်းခြောက်သည့် ပြစ်မှုတစ်ခု ဖြစ် ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ဗဟိုတရားရုံးအနေဖြင့် သေဒဏ်ချမှတ်ရခြင်းဖြစ်သည်ဟုလည်း စိုင်းအူဟိန်း က ဆက်ပြောသည်။
“ကလေးမုဒိမ်းက ယခင်က မရှိခဲ့ဘူး။ ဒီဟာက ပထမဆုံးအကြိမ်ပါ။ ဒါက သက်ငယ်မုဒိမ်းမှုဖြစ်နေတဲ့ အတွက် ကြောင့် ကျနော်တို့ ဒေသမှာ တော်တော်ဆိုးဆိုးဝါးဝါး ဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်တယ်။ ဒေသတည်ငြိမ် ရေးကိုလည်း ထိခိုက်တယ်။ ပြီးရင် ကျနော်တို့ရဲ့ လူ့အသိုင်းအဝိုင်းကိုလည်း ခြိမ်းခြောက်တဲ့ ပြစ်မှုဖြစ်တဲ့အတွက် ကြောင့် သေဒဏ်ပေးလိုက်တာပါဗျ။”
SSPP/SSA အနေဖြင့် အမှုစစ်ဆေးရာတွင်လည်း “လူထုတွေရှေ့မှာ စီရင်တယ်ခင်ဗျ။ တရားခံဘက်ကလည်း မိဘတွေလည်း တက်ရောက်တယ်။ တရားလိုဘက်က မိဘတွေလည်း တက်ရောက်တယ်။ ပြီးရင် ဒီအမှုကို မြင်တဲ့ ရပ်မိရပ်ဖတွေလည်း တက်ရောက်တယ်။ အဲ့မှာ သက်သေတွေ အကုန်တင်ပြပြီးတော့မှ ဒီလိုမျိုး ဆုံး ဖြတ်တာပါခင်ဗျ။ လူထုရှေ့မှာ ဆုံးဖြတ်တာပါခင်ဗျ” ဟု စိုင်းအူဟိန်း က ဆက်ပြောသည်။
တရားခံ အိုက်စော့သည် အသက်မပြည့်သေးသူအား မုဒိမ်းကျင့်သည့်အတွက် သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းပြု ကျင့် ပြီးနောက် အသက်သေစေသည်အထိ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် လူသတ်မှု စသည့် အမှုနှစ်မှုအား ကျူးလွန် သည့်အတွက် SSPP ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၂၂ ရက်နေ့ က ထုတ် ပြန်ထားသည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က “ဒီလိုမျိုးရက်စက် ကြမ်းကြုတ်ပြီးတော့ အထူးသဖြင့် ကလေးဆိုပိုဆိုးတာပေါ့နော်။ ဒီလိုမုဒိမ်းမှုတွေကို သေဒဏ်ချမှတ်ဖို့ လိုလို လားလားတောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဥပဒေအရ ထောင်ဒဏ်အနှစ် နှစ်ဆယ်တို့ ဘာတို့ညာတို့ချမှတ်ခဲ့တယ်။ တချို့ဆိုလည်း နှစ်နှစ်ဆယ်ကနေ ခုနှစ် နှစ်၊ ရှစ် နှစ်တို့ လျော့သွားတာပေါ့နော်။ တရားမျှတမှုမရှိဘူးပေါ့နော်။ အခု ဒီလိုမျိုး သေဒဏ်ချမှတ်ပေးတာတော့ တော်တော်လေး ကောင်းတဲ့ မူပေါ်လစီတစ်ခု ဥပဒေ တစ်ခုဖြစ် တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်လူတွေ ဒါမျိုးမလုပ်အောင် သင်ခန်းစာပေးသလိုဖြစ်တာပေါ့။ တကယ့် လက်တွေ့မှာ လုပ်ပြနိုင်ရင်တော့ ဒါမျိုးတွေ လျှော့ကျနိုင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ SSPP/SSA ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်ခြင်းသည် မုဒိမ်းမှုများကို လျှော့ကျ စေနိုင်သည် သာမက SSPP/SSA ၏ မူပေါ်လစီနှင့် ဥပဒေသည်လည်း ကောင်းမွန်သည့် ဥပဒေတစ်ခုဖြစ်သည်ဟု နော်ဆဲဆဲ က ပြောသည်။
အစိုးရ၏ တရားစီရင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တရားစီရင်ရေး နည်းစနစ်များကွာခြားပုံကို လည်း နော်ဆဲဆဲက ယခုကဲ့သို့ သုံးသပ်သည်။
“တရားစီရင်ရေးက အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေက အထူးသဖြင့် ကျမနဲ့အနီးစပ်ဆုံး KNU ကိုး တိုင်းရင်း သားလက်နက်ကိုင်တွေက ပိုပြီး တရားမျှတမှုအပိုင်းသွားတယ်။ ဒီလိုမျိုးတရားရေးက ဘက်လိုက်ပြီး မလွတ် လပ်တဲ့ အပိုင်းသိပ်မရှိဘူးပေါ့နော်။ အစိုးရကတော့ ဥပဒေအရကလည်း တရားစီရင်ရေးက ကန့်သတ်ချက်တွေ ရှိသလို၊ တရားစီရင်ရေးဌာနကလည်း စနစ်တကျ မရှိတဲ့အပြင် ဒီလိုမျိုး တရားမျှတပြီးတော့ ဘက်မလိုက်တဲ့ တရားစီရင် ရေးလိုမျိုးသွားတာ သိပ်မရှိဘူးပေါ့နော်။ ကျမတို့ ပြောရဲတယ် တရားစီရင်ရေးအပိုင်းတွေက တော် တော် ကွာတယ်။ တရားစီရင်ရေးမှာ လက်နက်ကို်င်တွေက အစိုးရထက်ကောင်းမွန်တယ်။ အကုန်လုံးကောင်း တယ်လို့ မဆိုလိုဘူးနော်။ ယှဉ်ကြည့်မယ်ဆိုရင်တော့ ပိုသာတယ်။”
SSPP/SSA ၏ ထိန်းချုပ်ဧရိယာအတွင်း ယခုကဲ့သို့ သက်ငယ်မုဒိမ်းမှုအပြင်၊ လူမှုအသိုင်းအဝိုင်းအား ကြီးကြီး မားမားခြိမ်းခြောက်မှုများနှင့် စစ်ဥပဒေအရ ဖောက်ဖျက်သည့် အမှုများအား ယခုကဲ့သို့သော သေဒဏ်ပေးသည့် ပြစ်ဒဏ်များ ချမှတ်သည်ဟု စိုင်းအူဟိန်း က ပြောသည်။
“သာမန်အားဖြင့်ကတော့ ကျနော်တို့ စစ်ဥပဒေအရ ချိုးဖောက်တာတွေဆိုရင် စစ်ဥပဒေအရ ဖောက်ဖျက်တာ တွေဆိုရင်လည်း သေဒဏ်ချမှတ်တာတွေ ရှိတယ်ဗျ။ နောက် အရပ်သားတွေအနေနဲ့ကတော့ လူမှုအသိုင်း အဝိုင်းကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်တဲ့ ကြီးကြီးမားမားအမှုတွေကို သေဒဏ်ချမှတ်တယ်ခင်ဗျ။”
SSPP/SSA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဌာနချုပ်တည်ရှိပြီး ယခု သက်ငယ် မုဒိမ်းမှု ဖြစ်ပွားခဲ့သည့် သီပေါမြို့နယ်အပါအဝင်၊ ကျောက်မဲ၊ မိုင်းရှုး ၊နမ့်ခန်း၊ လန်ခို၊ ကျေးသီး၊ တန့်ယန်း၊ လား ရှိုး စသည့် ဒေသများတွင် သွားလာလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
*** ZAWGYI ***
ကေလး မုဒိန္းလူသတ္မႈ SSPP ေသဒဏ္ေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၃ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ သက္ငယ္မုဒိမ္း၊ လူသတ္မႈက်ဴးလြန္သူကို ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP/SSA) ဗဟိုတရားရံုးမွ ေသဒဏ္ခ်မွတ္လိုက္သည္။
ဒီဇင္ဘာလ ၉ ရက္ေန႔က သီေပါၿမိဳ႕နယ္၊ ဝမ္ေနာင္ေက်းရြာအုပ္ဟု ဝမ္ႏြတ္ေက်းရြာတြင္ တရားခံ အိုက္ေစာ့ သည္ အသက္ (၆) ႏွစ္အရြယ္ အမ်ိဳးသမီးကေလးငယ္တစ္ဦးအား မုဒိမ္းက်င့္ၿပီး ရြာအေရွ႕ဘက္ရွိ လ်ွိဳေျမာင္ ထဲသို႔ ပစ္ခ်ခဲ့ျခင္းျဖစ္သည္။
ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/SSA) ဗဟိုတရားရံု ဥပေဒအရွိ စိုင္းအူဟိန္း က “ေနာက္ဆံုးအေျခအေနက မေန႔တုန္းက ဥပေဒေၾကာင္းအရ ေသဒဏ္ေပးဖို႔ ဆံုးျဖတ္ထားၿပီးၿပီဗ်။ လုပ္ထံုးလုပ္နည္းအရ ေသဒဏ္ေပးဖုိ႔ပဲ က်န္ေတာ့တယ္။ အခုက ေသဒဏ္ေပးဖုိ႔ပဲ က်န္တယ္ဗ်၊ တရားခံဘက္ကေန အယူခံေတြ တင္လာတာေတြ မရွိေတာ့ဘူးဆိုေတာ့ ေသဒဏ္ေပးဖို႔ပဲ က်န္တယ္။”
တရားခံဘက္က အယူခံတက္ရင္ေတာ့ တရားရံုးမွာ ျပန္လည္စစ္ေဆးရန္ ရွိသည္ဟု စိုင္းအူဟိန္းက ေျပာသည္။ “ေသဒဏ္ပံုစံက က်ေနာ္တုိ႔ဥပေဒေရးရာပဲေလေနာ္။ က်န္တာအက်ဥ္းဌာနက ဆက္ၿပီးစီစဥ္ သြားမွာပါ” ဟု ေျပာသည္။
“ျပစ္မႈကလည္း ထင္ရွားတယ္။ သက္ေသအေထာက္အထားေတြလည္း စနစ္တက်ပဲ ထင္ရွားတယ္ဗ်။ က်ေနာ္ တုိ႔ ေတြ႕ရွိရတာက ပထမတစ္ခုက အသက္အရြယ္မျပည့္တဲ့ ၆ ႏွစ္အရြယ္ ကေလးကို ကာမ ဆက္ဆံဖို႔ အႀကံနဲ႔ လိမ္လည္ဖ်ားေယာင္းၿပီး ေခၚသြားတယ္။ ေခၚသြားၿပီးေတာ့ မုဒိမ္းက်င့္တယ္။ ကာမေႏွာက္ယွက္မႈျပဳတယ္။ ၿပီး ရင္ အဲ့ကေလးကိုလည္း သတ္တယ္ေပါ့ေနာ္။ အဲ့ကေလးကို လည္ပင္းလည္းညွစ္ထားတယ္။ အဲ့ဒါေၾကာင့္မုိ႔လို႔ လက္ရာေတြဘာေတြလည္းရွိတယ္။ သက္ေသအေထာက္အထားေတြလည္းရွိတယ္။ မ်က္ျမင္သက္ေသ တခ်ိဳ႕ လည္း ရွိတဲ့အတြက္ေၾကာင့္ ျပစ္မႈထင္ရွားတယ္။ ကေလးကက်ေတာ့ အသက္က ၆ ႏွစ္ပဲ ရွိေသးတယ္ခင္ဗ်။”
ယခုကဲ့သို႔ေသာ သက္ငယ္မုဒိမ္းမႈမ်ိဳး ယခင္က SSPP/SSA ၏ ထိန္းခ်ဳပ္နယ္ေျမအတြင္း မရွိခဲ့ေၾကာင္း၊ ယခု ျပစ္မႈသည္ ေဒသ၏ ဥပေဒစိုးမုိးေရးအျပင္ လူ႔အသိုင္းအဝိုင္းတစ္ခုလံုးအား ၿခိမ္းေျခာက္သည့္ ျပစ္မႈတစ္ခု ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ၎တို႔၏ ဗဟိုတရားရံုးအေနျဖင့္ ေသဒဏ္ခ်မွတ္ရျခင္းျဖစ္သည္ဟုလည္း စိုင္းအူဟိန္း က ဆက္ေျပာသည္။
“ကေလးမုဒိမ္းက ယခင္က မရွိခဲ့ဘူး။ ဒီဟာက ပထမဆံုးအႀကိမ္ပါ။ ဒါက သက္ငယ္မုဒိမ္းမႈျဖစ္ေနတဲ့ အတြက္ ေၾကာင့္ က်ေနာ္တုိ႔ ေဒသမွာ ေတာ္ေတာ္ဆိုးဆိုးဝါးဝါး ဥပေဒစိုးမုိးေရးကိုလည္း ထိခိုက္တယ္။ ေဒသတည္ၿငိမ္ ေရးကိုလည္း ထိခိုက္တယ္။ ၿပီးရင္ က်ေနာ္တုိ႔ရဲ႕ လူ႔အသိုင္းအဝိုင္းကိုလည္း ၿခိမ္းေျခာက္တဲ့ ျပစ္မႈျဖစ္တ့ဲအတြက္ ေၾကာင့္ ေသဒဏ္ေပးလိုက္တာပါဗ်။”
SSPP/SSA အေနျဖင့္ အမႈစစ္ေဆးရာတြင္လည္း “လူထုေတြေရွ႕မွာ စီရင္တယ္ခင္ဗ်။ တရားခံဘက္ကလည္း မိဘေတြလည္း တက္ေရာက္တယ္။ တရားလိုဘက္က မိဘေတြလည္း တက္ေရာက္တယ္။ ၿပီးရင္ ဒီအမႈကို ျမင္တဲ့ ရပ္မိရပ္ဖေတြလည္း တက္ေရာက္တယ္။ အဲ့မွာ သက္ေသေတြ အကုန္တင္ျပၿပီးေတာ့မွ ဒီလိုမ်ိဳး ဆံုး ျဖတ္တာပါခင္ဗ်။ လူထုေရွ႕မွာ ဆံုးျဖတ္တာပါခင္ဗ်” ဟု စိုင္းအူဟိန္း က ဆက္ေျပာသည္။
တရားခံ အုိက္ေစာ့သည္ အသက္မျပည့္ေသးသူအား မုဒိမ္းက်င့္သည့္အတြက္ သက္ငယ္မုဒိမ္းမႈ၊ မုဒိမ္းျပဳ က်င့္ ၿပီးေနာက္ အသက္ေသေစသည္အထိ လုပ္ႀကံသတ္ျဖတ္ခဲ့မႈေၾကာင့္ လူသတ္မႈ စသည့္ အမႈႏွစ္မႈအား က်ဴးလြန္ သည့္အတြက္ SSPP ဗဟိုတရားရံုးမွ ေသဒဏ္ခ်မွတ္လိုက္ျခင္း ျဖစ္သည္ဟု ဒီဇင္ဘာလ ၂၂ ရက္ေန႔ က ထုတ္ ျပန္ထားသည္။
အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ (ျမန္မာႏုိင္ငံ) WLB ၏ အေထြေထြအတြင္းေရးမွဴး ေနာ္ဆဲဆဲ က “ဒီလိုမ်ိဳးရက္စက္ ၾကမ္းၾကဳတ္ၿပီးေတာ့ အထူးသျဖင့္ ကေလးဆိုပိုဆိုးတာေပါ့ေနာ္။ ဒီလိုမုဒိမ္းမႈေတြကို ေသဒဏ္ခ်မွတ္ဖုိ႔ လိုလို လားလားေတာင္းဆိုခဲ့တယ္။ ဒါေပမယ့္ ဥပေဒအရ ေထာင္ဒဏ္အႏွစ္ ႏွစ္ဆယ္တို႔ ဘာတို႔ညာတို႔ခ်မွတ္ခဲ့တယ္။ တခ်ိဳ႕ဆိုလည္း ႏွစ္ႏွစ္ဆယ္ကေန ခုႏွစ္ ႏွစ္၊ ရွစ္ ႏွစ္တို႔ ေလ်ာ့သြားတာေပါ့ေနာ္။ တရားမ်ွတမႈမရွိဘူးေပါ့ေနာ္။ အခု ဒီလိုမ်ဳိး ေသဒဏ္ခ်မွတ္ေပးတာေတာ့ ေတာ္ေတာ္ေလး ေကာင္းတဲ့ မူေပၚလစီတစ္ခု ဥပေဒ တစ္ခုျဖစ္ တယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ ေနာက္လူေတြ ဒါမ်ိဳးမလုပ္ေအာင္ သင္ခန္းစာေပးသလိုျဖစ္တာေပါ့။ တကယ့္ လက္ေတြ႕မွာ လုပ္ျပႏုိင္ရင္ေတာ့ ဒါမ်ိဳးေတြ ေလ်ွာ့က်ႏုိင္မယ္လို႔ ယံုၾကည္တယ္” ဟု ေျပာသည္။
ယခုကဲ့သို႔ SSPP/SSA ဗဟိုတရားရံုးမွ ေသဒဏ္ခ်မွတ္လိုက္ျခင္းသည္ မုဒိမ္းမႈမ်ားကို ေလ်ွာ့က် ေစႏုိင္သည္ သာမက SSPP/SSA ၏ မူေပၚလစီႏွင့္ ဥပေဒသည္လည္း ေကာင္းမြန္သည့္ ဥပေဒတစ္ခုျဖစ္သည္ဟု ေနာ္ဆဲဆဲ က ေျပာသည္။
အစိုးရ၏ တရားစီရင္ေရးႏွင့္ တိုင္းရင္းသားလက္နက္ကို္င္အဖြဲ႕မ်ား၏ တရားစီရင္ေရး နည္းစနစ္မ်ားကြာျခားပံုကို လည္း ေနာ္ဆဲဆဲက ယခုကဲ့သို႔ သံုးသပ္သည္။
“တရားစီရင္ေရးက အစိုးရနဲ႔ လက္နက္ကိုင္အဖြဲ႕ေတြက အထူးသျဖင့္ က်မနဲ႔အနီးစပ္ဆံုး KNU ကိုး တုိင္းရင္း သားလက္နက္ကိုင္ေတြက ပိုၿပီး တရားမ်ွတမႈအပိုင္းသြားတယ္။ ဒီလိုမ်ိဳးတရားေရးက ဘက္လိုက္ၿပီး မလြတ္ လပ္တဲ့ အပိုင္းသိပ္မရွိဘူးေပါ့ေနာ္။ အစိုးရကေတာ့ ဥပေဒအရကလည္း တရားစီရင္ေရးက ကန္႔သတ္ခ်က္ေတြ ရွိသလို၊ တရားစီရင္ေရးဌာနကလည္း စနစ္တက် မရွိတဲ့အျပင္ ဒီလိုမ်ိဳး တရားမ်ွတၿပီးေတာ့ ဘက္မလိုက္တဲ့ တရားစီရင္ ေရးလိုမ်ိဳးသြားတာ သိပ္မရွိဘူးေပါ့ေနာ္။ က်မတို႔ ေျပာရဲတယ္ တရားစီရင္ေရးအပိုင္းေတြက ေတာ္ ေတာ္ ကြာတယ္။ တရားစီရင္ေရးမွာ လက္နက္ကို္္င္ေတြက အစိုးရထက္ေကာင္းမြန္တယ္။ အကုန္လံုးေကာင္း တယ္လို႔ မဆုိလိုဘူးေနာ္။ ယွဥ္ၾကည့္မယ္ဆုိရင္ေတာ့ ပိုသာတယ္။”
SSPP/SSA ၏ ထိန္းခ်ဳပ္ဧရိယာအတြင္း ယခုကဲ့သို႔ သက္ငယ္မုဒိမ္းမႈအျပင္၊ လူမႈအသိုင္းအဝိုင္းအား ႀကီးႀကီး မားမားၿခိမ္းေျခာက္မႈမ်ားႏွင့္ စစ္ဥပေဒအရ ေဖာက္ဖ်က္သည့္ အမႈမ်ားအား ယခုကဲ့သို႔ေသာ ေသဒဏ္ေပးသည့္ ျပစ္ဒဏ္မ်ား ခ်မွတ္သည္ဟု စိုင္းအူဟိန္း က ေျပာသည္။
“သာမန္အားျဖင့္ကေတာ့ က်ေနာ္တုိ႔ စစ္ဥပေဒအရ ခ်ိဳးေဖာက္တာေတြဆိုရင္ စစ္ဥပေဒအရ ေဖာက္ဖ်က္တာ ေတြဆိုရင္လည္း ေသဒဏ္ခ်မွတ္တာေတြ ရွိတယ္ဗ်။ ေနာက္ အရပ္သားေတြအေနနဲ႔ကေတာ့ လူမႈအသိုင္း အဝိုင္းကို ၿခိမ္းေျခာက္မႈ ျဖစ္ေစႏုိင္တဲ့ ႀကီးႀကီးမားမားအမႈေတြကို ေသဒဏ္ခ်မွတ္တယ္ခင္ဗ်။”
SSPP/SSA အဖြဲ႕သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ေက်းသီးၿမိဳ႕နယ္၊ ဝမ္ဟိုင္းဌာနခ်ဳပ္တည္ရွိၿပီး ယခု သက္ငယ္ မုဒိမ္းမႈ ျဖစ္ပြားခဲ့သည့္ သီေပါၿမိဳ႔နယ္အပါအဝင္၊ ေက်ာက္မဲ၊ မိုင္းရႈး ၊နမ့္ခန္း၊ လန္ခို၊ ေက်းသီး၊ တန႔္ယန္း၊ လား ရႈိး စသည့္ ေဒသမ်ားတြင္ သြားလာလႈပ္ရွားေနသည့္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ ျဖစ္သည္။