ကိုးနှစ်ကျော်ကြာမှ နေရပ်တွင် ခရစ္စမတ်ပွဲကျင်းပနိုင်သည့် ကချင် စစ်ရှောင်များ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်။

စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေကြသည့် ဝိုင်းမော်မြို့နယ် ဒဘတ်ယာန် ကျေးရွာမှ ပြည်သူများ အနေဖြင့် ၎င်းတို့၏ ကျေးရွာထဲတွင် ကျေးဇူးတော်ချီး မွမ်းခြင်းနှင့် ခရစ်စမတ်ပွဲကို ကိုးနှစ်ကျော် အကြာ တွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခဲ့ကြသည်။

ခရစ်စမတ်နှင့် ကျေးဇူးတော်ချီးမွမ်းပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့ကြပြီး အချိန်အတန်ကြာမှ ကျေးရွာထဲတွင် ခရစ်စမတ်ပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲကို ပြန်လည်လုပ် ဆောင်ရသည့်အတွက် ဝမ်းနည်းဝမ်းသာဖြစ်ရသည်ဟု ဒဘတ်ယာန်ကျေးရွာတွင် ပြန်လည်နေထိုင်မည့် စစ်ဘေးရှောင် ပြည်သူ များက ပြောသည်။

ဝိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်းမှ မကော့နန်က “၉ နှစ်တိတိ ဒဘတ်ယာန်ဘုရားကျောင်းမှာ ဒီရွာမှာ ဝတ်ပြုခွင့်မရတဲ့အတွက် ကျမတို့လည်း အရမ်းဝမ်းနည်းသွားတာပေါ့။ အရမ်းလည်း စိတ်မကောင်း စရာဖြစ်တယ်။ အခုလိုမျိုး ဒီဇင်ဘာ ခရစ်စမတ်ပွဲနေ့မှာ ဆရာတို့နဲ့အတူ အကုန်လုံးပေါ့နော တစ်ရွာလုံးအား လုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုတောင်းဝတ်ပြုခွင့်ရတဲ့အတွက်ကြောင့်မို့လည်း အရမ်းဝမ်းသာပါတယ်” ဟုပြော သည်။

လူငယ်အမှုတော်ဆောင် ဆရာလရှီဆမ်အောင်ကလည်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည့် ကာလ အတွင်း ခရစ်စမတ်ကို နှစ်တိုင်း ကျင်းပခဲ့ကြသော်လည်း ယခုနှစ် ခရစ်စမတ်သည် ယခင်ခရစ်စမတ် များ ထက် ထူးခြားမှုကို ဖြစ်စေသည်ဟု ပြောသည်။

“ကျနော်တို့က နှစ်တိုင်းလည်း ကျင်းပပါတယ် ခရစ်စမတ်က ဒီနေ့တမူထူးခြားဖြစ်တာပေါ့ ကိုယ့်ရဲ့ မွေးရပ် မြေမှာ ပထမဆုံးလုပ်ခွင့်ရတယ်ဆိုတော့ ကျနော် အနေနဲ့ ဝမ်းသာပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ ဒီနှစ် တော့ မဆုံဖြစ်ဘူးထင်ပါတယ်။ ဒီက လူငယ်တွေ ဒီက လူကြီးတွေ အကုန်လုံးနဲ့ ပထမဦးဆုံး လုပ်ခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်”

စစ်ဘေးရှောင်စခန်းတွင် ပြုလုပ်ရသည့် ခရစ်စမတ် နှင့် ကျေးရွာထဲတွင် လုပ်ဆောင်ရသည့် ခရစ်စမတ် တို့၏ ခြားနားချက်နှင့် ပတ်သက်၍ ဆရာ လရှီဆမ်အောင်က ယခုကဲ့သို့ဆက်ပြောသည်။

“ကမ့်မှာ လုပ်တုန်းက ကိုယ်က ကိုယ့်ရဲ့ မွေးရပ်မြေမဟုတ်တော့ ကိုယ့်ရဲ့ ပြောရမယ်ဆိုရင် ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ဘူးပေါ့ ကိုယ့်ရဲ့ မွေးရပ်မှာ လုပ်တဲ့ အခါတော့ ကိုယ်လုပ်ချင်တာတွေ ကိုယ်ပြောချင်တာတွေ အကုန်လုံးလုပ်လို့ရတာပေါ့အဲဒါပြောချင်တယ်”

မိုင်းနား KBC စစ်ရှောင်စခန်းမှ ဦးဂမ်မိုင်လကလည်း “စစ်ရှောင်မှာ လုပ်ခွင့်ရတဲ့ ခရစ်စမတ်က ခရစ်စမတ် မဟုတ်သလိုပဲ ခံစားရတယ်။ ဒီကိုယ့်ရွာမှာ လာလုပ် တော့ ခရစ်စမတ် အစစ်လို ခံစားရတယ်။ ကိုယ့်နယ် မြေ မဟုတ်ဘူးဆိုတော့ အဲသ လိုခံစားရတယ်။ စစ်ရှောင် ထဲမှာပဲ ဆိုတော့ နော အဲလိုပဲခံစားရတယ်။ စစ် ရှောင်လုပ်တဲ့ အချိန်ကျတော့ ငါတို့ လူကြီးတွေဆိုရင်တော့ တအားဆူညံတယ်လေ အခုဒီမှာကျတော့ အေး အေး ဆေးဆေး အဲသလိုလုပ် ရသလိုပဲ ခံစားရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ၎င်းတို့နေထိုင်ရာ ကျေးရွာထဲတွင် ပြန်လည်ဝတ်ပြုခွင့်နှင့်အတူ ခရစ်စမတ်ပွဲနှင့် ကျေးဇူး တော် ချီးမွမ်းပွဲကိုပါ လုပ်ဆောင်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်းနှင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေ ကြသည့် သူငယ်ချင်းများ၊ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ပြန်လည်ဆုံစည်းခွင့်ရသည့်အတွက်လည်း ပျော်ရွှင် မှုကို ခံစားရသည်ဟု ဒဘတ်ယာန် ကျေးရွာမှ ဒေသခံများက ဆိုသည်။

ယခုလအစောပိုင်းက ဒေသအသီးသီးသို့ ရောက်ရှိနေသည့် ဒဘတ်ယာန်ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စု စာရင်းကောက်ယူခြင်း၊ မြေနေရာ စီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတော်မှလည်း အဆိုပါကျေးရွာအား မိုင်းရှင်း လင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။

တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပြီးနောက် ဒေသခံများအနေဖြင့် ကျေးရွာထဲတွင် ဝတ်ပြုကိုး ကွယ်ခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ခရစ်စမတ်ပွဲတို့ကို သွားရောက်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့် မြို့နယ်များမှ စစ်ဘေးရှောင်များ လာမည့်နှစ်အတွင်း နေရပ်ပြန်နိုင်အောင် KHCC ၊ အစိုးရ၊ တပ်မတော် နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ အတူတကွညှိနှိုင်းကာ လုပ်ဆောင်လျက် ရှိသည်ဟုသိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ နေထိုင်နိုင်ရန်အတွက် အိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့်နှစ် ဆန်းပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးမြောက်ပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု KHCC က ဆိုသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့သည့် တပ်မ တော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲ များကြောင့် မြို့နယ်အသီးသီးမှ ပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေး ရှောင်စခန်းတွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်နေရသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။

*** ZAWGYI ***
ကိုးႏွစ္ေက်ာ္ၾကာမွ ေနရပ္တြင္ ခရစၥမတ္ပြဲက်င္းပနိုင္သည့္ ကခ်င္ စစ္ေရွာင္မ်ား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၂၆ ရက္။

စစ္ေဘးေရွာင္စခန္းမ်ားသို႔ ေရာက္ရွိေနၾကသည့္ ဝိုင္းေမာ္ၿမိဳ႕နယ္ ဒဘတ္ယာန္ ေက်းရြာမွ ျပည္သူမ်ား အေနျဖင့္ ၎တို႔၏ ေက်းရြာထဲတြင္ ေက်းဇူးေတာ္ခ်ီး မြမ္းျခင္းႏွင့္ ခရစ္စမတ္ပြဲကို ကိုးႏွစ္ေက်ာ္ အၾကာ တြင္ ပထမဆံုးအႀကိမ္ ျပန္လည္ က်င္းပခဲ့ၾကသည္။

ခရစ္စမတ္ႏွင့္ ေက်းဇူးေတာ္ခ်ီးမြမ္းပြဲကို ဒီဇင္ဘာလ ၁၉ ရက္ေန႔က က်င္းပခဲ့ၾကၿပီး အခ်ိန္အတန္ၾကာမွ ေက်းရြာထဲတြင္ ခရစ္စမတ္ပြဲႏွင့္ ေက်းဇူးေတာ္ခ်ီးမြမ္းပြဲကို ျပန္လည္လုပ္ ေဆာင္ရသည့္အတြက္ ၀မ္းနည္း၀မ္းသာျဖစ္ရသည္ဟု ဒဘတ္ယာန္ေက်းရြာတြင္ ျပန္လည္ေနထိုင္မည့္ စစ္ေဘးေရွာင္ ျပည္သူ မ်ားက ေျပာသည္။

ဝိုင္းေမာ္ၿမိဳ႕နယ္ မိုင္းနား KBC စစ္ေရွာင္စခန္းမွ မေကာ့နန္က “၉ ႏွစ္တိတိ ဒဘတ္ယာန္ဘုရားေက်ာင္းမွာ ဒီရြာမွာ ၀တ္ျပဳခြင့္မရတဲ့အတြက္ က်မတို႔လည္း အရမ္း၀မ္းနည္းသြားတာေပါ့။ အရမ္းလည္း စိတ္မေကာင္း စရာျဖစ္တယ္။ အခုလိုမ်ိဳး ဒီဇင္ဘာ ခရစ္စမတ္ပြဲေန႔မွာ ဆရာတို႔နဲ႔အတူ အကုန္လံုးေပါ့ေနာ တစ္ရြာလံုးအား လံုးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဆုေတာင္း၀တ္ျပဳခြင့္ရတဲ့အတြက္ေၾကာင့္မို႔လည္း အရမ္း၀မ္းသာပါတယ္” ဟုေျပာ သည္။

လူငယ္အမႈေတာ္ေဆာင္ ဆရာလရွီဆမ္ေအာင္ကလည္း စစ္ေဘးေရွာင္စခန္းတြင္ ေနထိုင္ရသည့္ ကာလ အတြင္း ခရစ္စမတ္ကို ႏွစ္တိုင္း က်င္းပခဲ့ၾကေသာ္လည္း ယခုႏွစ္ ခရစ္စမတ္သည္ ယခင္ခရစ္စမတ္ မ်ား ထက္ ထူးျခားမႈကို ျဖစ္ေစသည္ဟု ေျပာသည္။

“က်ေနာ္တို႔က ႏွစ္တိုင္းလည္း က်င္းပပါတယ္ ခရစ္စမတ္က ဒီေန႔တမူထူးျခားျဖစ္တာေပါ့ ကိုယ့္ရဲ႕ ေမြးရပ္ ေျမမွာ ပထမဆံုးလုပ္ခြင့္ရတယ္ဆိုေတာ့ က်ေနာ္ အေနနဲ႔ ၀မ္းသာပါတယ္။ ဒါေပမယ့္ အကုန္လံုးေတာ့ ဒီႏွစ္ ေတာ့ မဆံုျဖစ္ဘူးထင္ပါတယ္။ ဒီက လူငယ္ေတြ ဒီက လူႀကီးေတြ အကုန္လံုးနဲ႔ ပထမဦးဆံုး လုပ္ခြင့္ ရတဲ့ အတြက္ ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္”

စစ္ေဘးေရွာင္စခန္းတြင္ ျပဳလုပ္ရသည့္ ခရစ္စမတ္ ႏွင့္ ေက်းရြာထဲတြင္ လုပ္ေဆာင္ရသည့္ ခရစ္စမတ္ တို႔၏ ျခားနားခ်က္ႏွင့္ ပတ္သက္၍ ဆရာ လရွီဆမ္ေအာင္က ယခုကဲ့သို႔ဆက္ေျပာသည္။

“ကမ့္မွာ လုပ္တုန္းက ကိုယ္က ကိုယ့္ရဲ႕ ေမြးရပ္ေျမမဟုတ္ေတာ့ ကိုယ့္ရဲ႕ ေျပာရမယ္ဆိုရင္ ပိုင္ပိုင္ႏိုင္ႏိုင္ မလုပ္ႏိုင္ဘူးေပါ့ ကိုယ့္ရဲ႕ ေမြးရပ္မွာ လုပ္တဲ့ အခါေတာ့ ကိုယ္လုပ္ခ်င္တာေတြ ကိုယ္ေျပာခ်င္တာေတြ အကုန္လံုးလုပ္လို႔ရတာေပါ့အဲဒါေျပာခ်င္တယ္”

မိုင္းနား KBC စစ္ေရွာင္စခန္းမွ ဦးဂမ္မိုင္လကလည္း “စစ္ေရွာင္မွာ လုပ္ခြင့္ရတဲ့ ခရစ္စမတ္က ခရစ္စမတ္ မဟုတ္သလိုပဲ ခံစားရတယ္။ ဒီကိုယ့္ရြာမွာ လာလုပ္ ေတာ့ ခရစ္စမတ္ အစစ္လို ခံစားရတယ္။ ကိုယ့္နယ္ ေျမ မဟုတ္ဘူးဆိုေတာ့ အဲသ လိုခံစားရတယ္။ စစ္ေရွာင္ ထဲမွာပဲ ဆိုေတာ့ ေနာ အဲလိုပဲခံစားရတယ္။ စစ္ ေရွာင္လုပ္တဲ့ အခ်ိန္က်ေတာ့ ငါတို႔ လူႀကီးေတြဆိုရင္ေတာ့ တအားဆူညံတယ္ေလ အခုဒီမွာက်ေတာ့ ေအး ေအး ေဆးေဆး အဲသလိုလုပ္ ရသလိုပဲ ခံစားရတယ္” ဟု ေျပာသည္။

ယခုကဲ့သို႔ ၎တို႔ေနထိုင္ရာ ေက်းရြာထဲတြင္ ျပန္လည္၀တ္ျပဳခြင့္ႏွင့္အတူ ခရစ္စမတ္ပြဲႏွင့္ ေက်းဇူး ေတာ္ ခ်ီးမြမ္းပြဲကိုပါ လုပ္ေဆာင္ခြင့္ရသည့္အတြက္ ၀မ္းသာေၾကာင္းႏွင့္ စစ္ေဘးေရွာင္စခန္းမ်ားသို႔ ေရာက္ရွိေန ၾကသည့္ သူငယ္ခ်င္းမ်ား၊ မိတ္ေဆြမ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ ျပန္လည္ဆံုစည္းခြင့္ရသည့္အတြက္လည္း ေပ်ာ္ရႊင္ မႈကို ခံစားရသည္ဟု ဒဘတ္ယာန္ ေက်းရြာမွ ေဒသခံမ်ားက ဆိုသည္။

ယခုလအေစာပိုင္းက ေဒသအသီးသီးသို႔ ေရာက္ရွိေနသည့္ ဒဘတ္ယာန္ေက်းရြာမွ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ အာဏာပိုင္မ်ားက အိမ္ေထာင္စု စာရင္းေကာက္ယူျခင္း၊ ေျမေနရာ စီစစ္ျခင္းမ်ား လုပ္ေဆာင္ထားသကဲ့သို႔ တပ္မေတာ္မွလည္း အဆိုပါေက်းရြာအား မိုင္းရွင္း လင္းေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးထားသည္ဟု သိရသည္။

တပ္မေတာ္မွ မိုင္းရွင္းလင္းေရး လုပ္ေဆာင္ၿပီးေနာက္ ေဒသခံမ်ားအေနျဖင့္ ေက်းရြာထဲတြင္ ၀တ္ျပဳကိုး ကြယ္ျခင္း၊ ေက်းဇူးေတာ္ ခ်ီးမြမ္းျခင္းႏွင့္ ခရစ္စမတ္ပြဲတို႔ကို သြားေရာက္က်င္းပခဲ့ၾကျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္ရွိ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ဗန္းေမာ္၊ မိုးေမာက္ စသည့္ ၿမိဳ႕နယ္မ်ားမွ စစ္ေဘးေရွာင္မ်ား လာမည့္ႏွစ္အတြင္း ေနရပ္ျပန္ႏိုင္ေအာင္ KHCC ၊ အစိုးရ၊ တပ္မေတာ္ ႏွင့္ ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO တို႔ အတူတကြညွိႏႈိင္းကာ လုပ္ေဆာင္လ်က္ ရွိသည္ဟုသိရသည္။

ထို႔ေၾကာင့္ စစ္ေဘးေရွာင္မ်ား ေနထိုင္ႏိုင္ရန္အတြက္ အိမ္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို လာမည့္ႏွစ္ ဆန္းပိုင္းတြင္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေဆာက္လုပ္ေရး လုပ္ငန္းမ်ား ၿပီးေျမာက္ပါက မတ္လအတြင္း စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္မည္ဟု KHCC က ဆိုသည္။

ကခ်င္ျပည္နယ္ရွိ စစ္ေဘးေရွာင္မ်ားမွာ ၿပီးခဲ့သည့္ ၂၀၁၁ ခုႏွစ္မွ စတင္ကာ ျပန္လည္ျဖစ္ပြားခဲ့သည့္ တပ္မ ေတာ္ ႏွင့္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ တစ္ေက်ာ့ျပန္ ျပန္လည္ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲ မ်ားေၾကာင့္ ၿမိဳ႕နယ္အသီးသီးမွ ျပည္သူမ်ားမွာ နီးစပ္ရာ ေဒသမ်ားသို႔ ထြက္ေျပးတိမ္းေရွာင္ကာ စစ္ေဘး ေရွာင္စခန္းတြင္ စစ္ေဘးေရွာင္မ်ားအျဖစ္ ေနထိုင္ေနရသည္မွာ ယေန႔ အခ်ိန္အထိျဖစ္သည္။