ကျောက်မဲ ဒေသခံ ၇၀၀ ကျော်စစ်ဘေးရှောင်နေရပြီး စောင်၊ အိပ်ယာလိပ်များ အရေးပေါ်လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၇၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရပြီး စောင်နှင့် အနွေးထည်များ အရေးတကြီး လိုအပ်နေသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံများ စစ်ရှောင်နေရခြင်းဖြစ်သည်။
ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး ဖြစ်ပွားနေသည့် နှစ်ဖက်ကြားက တိုက်ပွဲများနှင့် စစ်ရေး တင်းမာမှုများကြောင့် အနီးအနားကျေးရွာများမှ ရွာသားများသည် ယခုအခါ ကျောက်မဲမြို့ပေါ်ရှိ ဘုန်း တော်ကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။
စစ်ရှောင်အမျိုးသမီးတစ်ဦး က “ဖြစ်တာက နီးနေတာ။ အခုလည်း တအားဖြစ်နေတာ။ မိနစ် ၂၀ လောက်ပဲ ကွာ တဲ့နေရာမှာ ဖြစ်နေတာ။ ကျမတို့ ကောင်းခါးရွာမှာ။ ပန်မခံနဲ့ပန်လော့ကြားမှာလည်း ဖြစ်တယ်။ ကိုယ်ကလည်း နီးလာတော့ စိတ်မချတော့ဘူး။ ကြောက်လို့ ထွက်ပြေးလာတာ။ အိုမ်တမာဝ်အဖွဲ့ က လာကြိုပေးတာ။ ကျေးရွာ ဥက္ကဋ္ဌတွေကလည်း ပစ္စည်းတွေပြင်ထားပေါ့၊ လာကြိုပေးကြမယ်ပေါ့၊ အဲ့ဒါနဲ့ ထွက်ပြေးလာတာ။ အစ်မတို့က ဈေးရောင်းတော့ ပစ္စည်းတွေကလည်း အများကြီးလေ။ လက်နက်ကြီးတွေလည်း တအားပဲ။ အခုလည်း မနေရဲ တော့ဘူးလေ။ RC တွေက ရွာထဲမှာ ရှိတယ်။ အများကြီးပဲ၊ ကားနဲ့လာတာ။ လက်နက်တွေဘာတွေတင်လာ တာ” ဟု ပြောသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့(ယနေ့)တွင်လည်း ထပ်မံရောက်ရှိလာမည့်သူများ ရှိနေသေးသည်ဟု ကျောက်မဲမြို့နယ် အိုမ်တမာဝ် လူမှုကူညီရေးအသင်းက မိုင်းဆမဲင်ရိူန်းက ပြောသည်။
“ဒီနေ့လည်း ထပ်ရောက်မယ့်လူတွေရှိတယ်။ အခုလက်ရှိက ၇၀၀ ကျော်တယ်ပေါ့။ ရွာအားလုံးပေါင်း ၇ ရွာရှိ တယ်။ အားလုံးနီးပါးထွက်ပြေးလာတာ။ တိုက်ပွဲအခြေအနေကတော့ ဒီနေ့ ထပ်ရောက်မယ့် ရွာသားတွေကို မေးမှပဲ သိမယ်” ဟု မိုင်းဆမဲင်ရိူန်း က ပြောသည်။
ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြသည့် စစ်ရှောင်များအတွက် အစားအသောက်များ လှူဒါန်းပေး မည့်သူများရှိနေသော်လည်း ယခုအခါ စောင်နှင့် အိပ်ယာခင်းများ အရေးပေါ်လိုအပ်နေသည်ဟု အကူအညီပေးနေ သူများက ပြောသည်။
“အခုရောက်နေတဲ့လူတွေအတွက်က နေရာထိုင်ခင်း၊ စောင်၊ အိပ်ယာလိပ်တွေ လိုအပ်တယ်။ အဓိကတော့ အိပ်ယာလိပ်နဲ့စောင်ပေါ့။ အခင်းတွေပေါ့။ အစားအစာကတော့ လှူမယ့်လူတွေရှိတယ်။ ဒါပေမယ့် ရက်ရှည်သွားရင် တော့ မလွယ်ဘူး။ ပြေးလာတဲ့လူတွေက အဝတ်တစ် ထည်ကိုယ်တစ်ခုနဲ့လာတယ်ဆိုတော့ အဝတ်အစားတွေ၊ စောင်တွေလိုနေတာပေါ့” ဟု မိုင်းဆမဲင်ရိူန်း က ဆက်ပြောသည်။
ကျောက်မဲမြို့ ရှိ ပိန္နဲကုန်းကျေးရွာ ဝါဆိုကျောင်းတွင် တစ်နေရာ၊ ပိန္နဲကုန်းကျေးရွာ မန်းကောင်းမူးစာသင်ကျောင်း တွင် တစ်နေရာ၊ သန္တိသုခဓမ္မာရုံတွင် တစ်နေရာ၊ အောင်မင်္ဂလာကျောင်းတွင် တစ်နေရာ စစ်ရှောင်များအတွက် နေရာထိုင်ခင်းများ ပြင်ဆင်ပေးထားရသည်ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်းက မိုင်းဆမဲင်ရိူန်း က ပြော သည်။
“ကလေးတွေနဲ့ အသက်ကြီးရွယ်အိုတွေက များတယ်။ ယောက်ကျားလေးတွေကတော့ သုံးချိုးတစ်ချိုးလောက် ပဲ ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်စောင့်ကျန်ခဲ့တဲ့လူက စောင့်ခဲ့တယ်။ ရွာစောင့်တဲ့လူစောင့်ပေါ့။ တစ်အိမ်မှာ တစ်ယောက်လောက်တော့ စောင့်တယ်။ ကျန်တဲ့ဟာတွေက ကလေးအမေတွ၊ ကလေးတွေနဲ့ အဘိုးအဘွား တွေပေါ့။ မန်စပ်ရွာ၊ ပန်လော့ရွာ၊ ပန်မခမ်းရွာ၊ ကုန်းသာရွာ၊ ကောင်းခါးရွာ၊ ခုံငင်း၊ လွယ်အံရွာပေါ့၊ အဲ့ကလေး တွေပေါ့၊ ၇ ရွာလုံးကလူတွေပါ၊ အားလုံးက တအာင်းလူမျိုးတွေပါ။”
နှစ်ဖက်တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက် ကျော် က “ဒီနေ့နဲ့ မနေ့ကတော့ မရှိဘူး။ တိုက်ပွဲက ၂၅၊ ၂၆၊ ၂၇ သုံးရက်ပေါ့ ဖြစ်တာ။ ရွာသားတွေအဓိက ထွက်ပြေးတာက ရွာထဲမှာ RCSS က ရောက်လာ တယ်။ ကတုတ်ကျင်းတွေတူးတယ်၊ ခြိမ်းခြောက်တာ တွေ ရှိတယ်လို့ပြောတယ်။ ရွာထဲမှာတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ရတာက ကျနော်တို့ ရှိတဲ့တော တွင်းစခန်းထဲကို စစ်ကြောင်း နှစ်ကြောင်း သုံးကြောင်းလောက် ထိုးစစ်တက်လာတယ်။ အဲ့ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်နိုင်ရန်အတွက် နှစ်ဖက်တပ်များက တွေ့ ဆုံဆွေးနွေးရန် လမ်း ဖွင့်ထားသကဲ့သို့ တွေ့ဆုံဆွေးနွေးရန်လည်း အသင့်ရှိသည်ဟု နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုထား ကြသည်။
သို့သော် ယနေ့အချိန်ထိ ထိုတွေ့ဆုံဆွေးနွေးမှုများမှာ ဖြစ်ပေါ်လာခြင်း မရှိသေးပဲ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ ကျောက်မဲမြို့နယ်များအတွင်း ယခုလထဲတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
“TNLA ကနေပြီး တော့ စပြီးတော့ လာလာ တိုက်နေရင်တော့ မလွဲသာ မရှောင်သာ ပြန်ခုခံရတယ်။ အဲလိုမျိုး ပြီးတော့ TNLA က တော့ သူတို့ အဆင်ပြေရင် ပြေသလို အားရင်အားသလို RCSS တပ်ဖွဲ့ရှိတဲ့နေရာ သူတို့ သတင်းရတိုင်း အလစ်ဝင်တိုက်တယ် အဲလိုမျိုးဖြစ်နေတော့ တိုက်ပွဲက ဆက်ဖြစ်မလား ငြိမ်သွားမလား ဆိုတာ ကတော့ TNLA ဖက်ပဲ မူတည်တယ်နော်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေး က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း (၁၀) ဖွဲ့ နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှာ အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များထဲက တစ်ဖွဲ့ ဖြစ်သည်။
PSLF/TNLA အပါအဝင် ULA/AA၊ KIO/KIA၊ MNTJP/MNDAA (ကိုးကန့်) စသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဝင် ၄ ဖွဲ့မှာ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် အတွက် အစိုးရ၊ တပ်မတော်နှင့် ညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့အစည်းများဖြစ်သည်။
*** ZAWGYI ***
ေက်ာက္မဲ ေဒသခံ ၇၀၀ ေက်ာ္စစ္ေဘးေရွာင္ေနရၿပီး ေစာင္၊ အိပ္ယာလိပ္မ်ား အေရးေပၚလိုအပ္ေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္။
ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႔နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ ေဒသခံ ၇၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ ေနရၿပီး ေစာင္ႏွင့္ အေႏြးထည္မ်ား အေရးတႀကီး လိုအပ္ေနသည္။
ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA) ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA) တို႔အၾကားက တုိက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား စစ္ေရွာင္ေနရျခင္းျဖစ္သည္။
ခရစၥမတ္ေန႔ ဒီဇင္ဘာလ ၂၅ ရက္ေန႔က စတင္ၿပီး ျဖစ္ပြားေနသည့္ ႏွစ္ဖက္ၾကားက တုိက္ပြဲမ်ားႏွင့္ စစ္ေရး တင္းမာမႈမ်ားေၾကာင့္ အနီးအနားေက်းရြာမ်ားမွ ရြာသားမ်ားသည္ ယခုအခါ ေက်ာက္မဲၿမိဳ႕ေပၚရွိ ဘုန္း ေတာ္ႀကီးေက်ာင္းမ်ားတြင္ ခိုလႈံေနၾကရသည္ဟု ေဒသခံမ်ားႏွင့္ အကူအညီေပးေနသူမ်ားက ေျပာသည္။
စစ္ေရွာင္အမ်ိဳးသမီးတစ္ဦး က “ျဖစ္တာက နီးေနတာ။ အခုလည္း တအားျဖစ္ေနတာ။ မိနစ္ ၂၀ ေလာက္ပဲ ကြာ တဲ့ေနရာမွာ ျဖစ္ေနတာ။ က်မတုိ႔ ေကာင္းခါးရြာမွာ။ ပန္မခံနဲ႔ပန္ေလာ့ၾကားမွာလည္း ျဖစ္တယ္။ ကိုယ္ကလည္း နီးလာေတာ့ စိတ္မခ်ေတာ့ဘူး။ ေၾကာက္လို႔ ထြက္ေျပးလာတာ။ အိုမ္တမာဝ္အဖြဲ႕ က လာႀကိဳေပးတာ။ ေက်းရြာ ဥကၠ႒ေတြကလည္း ပစၥည္းေတြျပင္ထားေပါ့၊ လာႀကိဳေပးၾကမယ္ေပါ့၊ အဲ့ဒါနဲ႔ ထြက္ေျပးလာတာ။ အစ္မတုိ႔က ေစ်းေရာင္းေတာ့ ပစၥည္းေတြကလည္း အမ်ားႀကီးေလ။ လက္နက္ႀကီးေတြလည္း တအားပဲ။ အခုလည္း မေနရဲ ေတာ့ဘူးေလ။ RC ေတြက ရြာထဲမွာ ရွိတယ္။ အမ်ားႀကီးပဲ၊ ကားနဲ႔လာတာ။ လက္နက္ေတြဘာေတြတင္လာ တာ” ဟု ေျပာသည္။
ဒီဇင္ဘာလ ၃၀ ရက္ေန႔(ယေန႔)တြင္လည္း ထပ္မံေရာက္ရွိလာမည့္သူမ်ား ရွိေနေသးသည္ဟု ေက်ာက္မဲၿမိဳ႕နယ္ အိုမ္တမာဝ္ လူမႈကူညီေရးအသင္းက မိုင္းဆမဲင္႐ိူန္းက ေျပာသည္။
“ဒီေန႔လည္း ထပ္ေရာက္မယ့္လူေတြရွိတယ္။ အခုလက္ရွိက ၇၀၀ ေက်ာ္တယ္ေပါ့။ ရြာအားလံုးေပါင္း ၇ ရြာရွိ တယ္။ အားလံုးနီးပါးထြက္ေျပးလာတာ။ တို္က္ပြဲအေျခအေနကေတာ့ ဒီေန႔ ထပ္ေရာက္မယ့္ ရြာသားေတြကို ေမးမွပဲ သိမယ္” ဟု မုိင္းဆမဲင္ရူိန္း က ေျပာသည္။
ေက်ာက္မဲၿမိဳ႕ေပၚသို႔ စစ္ေဘးတိမ္းေရွာင္လာၾကသည့္ စစ္ေရွာင္မ်ားအတြက္ အစားအေသာက္မ်ား လွဴဒါန္းေပး မည့္သူမ်ားရွိေနေသာ္လည္း ယခုအခါ ေစာင္ႏွင့္ အိပ္ယာခင္းမ်ား အေရးေပၚလိုအပ္ေနသည္ဟု အကူအညီေပးေန သူမ်ားက ေျပာသည္။
“အခုေရာက္ေနတဲ့လူေတြအတြက္က ေနရာထုိင္ခင္း၊ ေစာင္၊ အိပ္ယာလိပ္ေတြ လိုအပ္တယ္။ အဓိကေတာ့ အိပ္ယာလိပ္နဲ႔ေစာင္ေပါ့။ အခင္းေတြေပါ့။ အစားအစာကေတာ့ လွဴမယ့္လူေတြရွိတယ္။ ဒါေပမယ့္ ရက္ရွည္သြားရင္ ေတာ့ မလြယ္ဘူး။ ေျပးလာတဲ့လူေတြက အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔လာတယ္ဆုိေတာ့ အဝတ္အစားေတြ၊ ေစာင္ေတြလိုေနတာေပါ့” ဟု မုိင္းဆမဲင္ရူိန္း က ဆက္ေျပာသည္။
ေက်ာက္မဲၿမိဳ႕ ရွိ ပိႏၷဲကုန္းေက်းရြာ ဝါဆိုေက်ာင္းတြင္ တစ္ေနရာ၊ ပိႏၷဲကုန္းေက်းရြာ မန္းေကာင္းမူးစာသင္ေက်ာင္း တြင္ တစ္ေနရာ၊ သႏၱိသုခဓမၼာရံုတြင္ တစ္ေနရာ၊ ေအာင္မဂၤလာေက်ာင္းတြင္ တစ္ေနရာ စစ္ေရွာင္မ်ားအတြက္ ေနရာထုိင္ခင္းမ်ား ျပင္ဆင္ေပးထားရသည္ဟု အိုမ္တမာဝ္ လူမႈကူညီေရးအသင္းက မုိင္းဆမဲင္ရူိန္း က ေျပာ သည္။
“ကေလးေတြနဲ႔ အသက္ႀကီးရြယ္အိုေတြက မ်ားတယ္။ ေယာက္က်ားေလးေတြကေတာ့ သံုးခ်ိဳးတစ္ခ်ိဳးေလာက္ ပဲ ပါတယ္။ ဘာလို႔လဲဆုိေတာ့ အိမ္ေစာင့္က်န္ခဲ့တဲ့လူက ေစာင့္ခဲ့တယ္။ ရြာေစာင့္တဲ့လူေစာင့္ေပါ့။ တစ္အိမ္မွာ တစ္ေယာက္ေလာက္ေတာ့ ေစာင့္တယ္။ က်န္တဲ့ဟာေတြက ကေလးအေမတြ၊ ကေလးေတြနဲ႔ အဘိုးအဘြား ေတြေပါ့။ မန္စပ္ရြာ၊ ပန္ေလာ့ရြာ၊ ပန္မခမ္းရြာ၊ ကုန္းသာရြာ၊ ေကာင္းခါးရြာ၊ ခံုငင္း၊ လြယ္အံရြာေပါ့၊ အဲ့ကေလး ေတြေပါ့၊ ၇ ရြာလံုးကလူေတြပါ၊ အားလံုးက တအာင္းလူမ်ိဳးေတြပါ။”
ႏွစ္ဖက္တုိက္ပဲြဲအေျခအေနႏွင့္ ပတ္သက္၍ PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴး မိုင္းအိုက္ ေက်ာ္ က “ဒီေန႔နဲ႔ မေန႔ကေတာ့ မရွိဘူး။ တိုက္ပြဲက ၂၅၊ ၂၆၊ ၂၇ သံုးရက္ေပါ့ ျဖစ္တာ။ ရြာသားေတြအဓိက ထြက္ေျပးတာက ရြာထဲမွာ RCSS က ေရာက္လာ တယ္။ ကတုတ္က်င္းေတြတူးတယ္၊ ၿခိမ္းေျခာက္တာ ေတြ ရွိတယ္လို႔ေျပာတယ္။ ရြာထဲမွာေတာ့ တိုက္ပြဲျဖစ္တာမဟုတ္ဘူး။ တိုက္ပြဲျဖစ္ရတာက က်ေနာ္တို႔ ရွိတဲ့ေတာ တြင္းစခန္းထဲကို စစ္ေၾကာင္း ႏွစ္ေၾကာင္း သံုးေၾကာင္းေလာက္ ထိုးစစ္တက္လာတယ္။ အဲ့ဒါေၾကာင့္ တုိက္ပြဲ ျဖစ္ပြားတာျဖစ္တယ္” ဟု ေျပာသည္။
လက္ရွိ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို ရပ္တန႔္ႏိုင္ရန္အတြက္ ႏွွစ္ဖက္တပ္မ်ားက ေတြ႕ ဆုံေဆြးေႏြးရန္ လမ္း ဖြင့္ထားသကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးရန္လည္း အသင့္ရွိသည္ဟု ႏွစ္ဖက္ ေျပာေရးဆိုခြင့္ရွိသူမ်ားက ေျပာဆိုထား ၾကသည္။
သို႔ေသာ္ ယေန႔အခ်ိန္ထိ ထိုေတြ႕ဆုံေဆြးေႏြးမႈမ်ားမွာ ျဖစ္ေပၚလာျခင္း မရွိေသးပဲ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နမၼတူ၊ ေက်ာက္မဲၿမိဳ႕နယ္မ်ားအတြင္း ယခုလထဲတြင္ တိုက္ပြဲမ်ား ဆက္တုိက္ျဖစ္ပြားခဲ့သည္။
“TNLA ကေနၿပီး ေတာ့ စၿပီးေတာ့ လာလာ တိုက္ေနရင္ေတာ့ မလြဲသာ မေရွာင္သာ ျပန္ခုခံရတယ္။ အဲလိုမ်ိဳး ၿပီးေတာ့ TNLA က ေတာ့ သူတို႔ အဆင္ေျပရင္ ေျပသလို အားရင္အားသလို RCSS တပ္ဖြဲ႕ရွိတဲ့ေနရာ သူတို႔ သတင္းရတိုင္း အလစ္ဝင္တိုက္တယ္ အဲလိုမ်ိဳးျဖစ္ေနေတာ့ တိုက္ပြဲက ဆက္ျဖစ္မလား ၿငိမ္သြားမလား ဆိုတာ ကေတာ့ TNLA ဖက္ပဲ မူတည္တယ္ေနာ္” ဟု RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒု-ဗိုလ္မႉးႀကီး စိုင္းအုပ္ေခး က သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ဒီဇင္ဘာလ ၂၅ ရက္ေန႔ ေျပာသည္။
ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA သည္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အ စည္း (၁၀) ဖြဲ႕ ႏွင့္ အတူ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရး ထိုးထားသည့္ အဖြဲ႕ျဖစ္ၿပီး တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA မွာ အပစ္ရပ္စာ ခ်ဳပ္ လက္မွတ္ေရးထိုးထားျခင္း မရွိေသးသည့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ဝင္မ်ားထဲက တစ္ဖြဲ႔ ျဖစ္သည္။
PSLF/TNLA အပါအဝင္ ULA/AA၊ KIO/KIA၊ MNTJP/MNDAA (ကိုးကန႔္) စသည့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ဝင္ ၄ ဖြဲ႕မွာ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးႏိုင္ရန္ အတြက္ အစိုးရ၊ တပ္မေတာ္ႏွင့္ ညႇိႏႈိင္းေနဆဲျဖစ္သည့္ အဖြဲ႕အစည္းမ်ားျဖစ္သည္။