နေရပ်ပြန်မည့် စစ်ရှောင်များ တိုက်ပွဲ ပြန်ဖြစ်မည်ကို စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
နေရပ်ပြန်မည့် ကချင်ပြည်နယ် ဒဘတ်ယန် ကျေးရွာမှ ဒေသခံများက တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ဝိုင်းဝန်းလုပ်ဆောင်ပေးရန် တောင်းဆိုလိုက်သည်။
တိုက်ပွဲများကြောင့် အသက် ၁၁ အရွယ်တွင် စစ်ဘေးရှောင်ခဲ့ရသည့် ဒဘတ်ယန်ကျေးရွာမှ လူငယ် မယော် နန်က “စစ်တွေဘာတွေ အဲလိုမျိုး ကြောက်စရာမလိုအောင်ပေါ့နော လူငယ်တွေကို ဘေးကင်း လုံခြုံအောင် နေထိုင်အောင် အဲလိုမျိုး တောင်းဆိုချင်တယ်” ဟု ပြောသည်။
ထို့အပြင် ဘေးကင်း လုံခြုံစွာ နေထိုင်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာအစိုးရမှ တာဝန်ယူပေးရန် လိုအပ်သည် ဟု စစ်ရှောင်များက ပြောသည်။
နေရပ်ရင်းတွင် ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရန်အတွက် ဦးဂမ်မိုင်လကလည်း “ကျနော်တို့ ဒီကို စစ်ရှောင်တွေ ပြန်လာနေရတဲ့ အချိန်မှာ နှစ်ဖက်စလုံး အစိုးရ ငြိမ်းချမ်းစေချင်တယ်” ဟု ပြောသည်။
ကျေးရွာသို့ ပြန်လည်နေထိုင်သည့်အချိန်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားလာပါက ထပ်မံထွက်ပြေးတိမ်း ရှောင်ရမည်ကို စိုးရိမ်ကြောင်းနှင့် အဖက်ဖက်မှ ခက်ခဲမှုကို ဖြစ်ပေါ်လာနိုင်သည့်အတွက် ငြိမ်းချမ်းရေး ရ အောင် လုပ်ဆောင်ပေးရန် အစိုးရသစ်နှင့် သက်ဆိုင် ရာ အဖွဲ့အစည်းများကို တောင်းဆိုရခြင်းဖြစ်သည်ဟု ဆိုသည်။
ဒဘတ်ယန် ဒေသခံများ အနေဖြင့် ၎င်းတို့၏ မွေးရပ်မြေ မူလနေရပ်ရင်းသို့ ပြန်လည်နေထိုင်ရမည့်အပေါ် ပျော်ရွှင်နေသော်လည်း ကျေးရွာအတွင်း နေထိုင်ရင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည် ဟု ဆိုသည်။
မယော်နန်က “နေ့မှာဆိုရင်တော့ မြင်ရတယ် သွားမယ်ဆိုရင် လွယ်တယ်။ ညမှာဆိုရင် မိုးချုပ်တယ်။ အခု က ဒီမှာက လိုင်းမီးတွေ မရှိဘူးပေါ့။ မနေ့ညက ဆို မီးစက်နိုးတယ်။ အဲလိုမျိုး နည်းနည်းမြင်ရတယ်ပေါ့။ ဒါ ပေမယ့် အဲလိုမျိုး ညမှာ သေနတ်သံတွေ ဘာတွေ ပြန်ကြားရမှာ အဲလိုမျိုးထိတ်လန့်နေတယ်လို့။ ကြောက် နေတယ်လို့ အဲလိုမျိုး” ဟုပြောသည်။
တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သည့်အပြင် ဒေသအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အန္တ ရာယ်များကိုလည်း စိုးရိမ်မှု ရှိသည်ဟု မဒေါင်နော က ပြောသည်။
၎င်းက “တိုက်ပွဲတွေ ဖြစ်မှာကိုလည်း စိုးတော့စိုးရိမ်တယ်။ ဒါပေမယ့် အခုကတော့ ကိုယ်တို့ရွာမှာ လာနေနေ တယ် ဆို တော့ စစ်တပ်တွေက ဘာလုပ်လာမလဲ ဘယ်လူကြီးတွေက ဘာလုပ်လာမလဲ ဆိုတာကိုတော့ စိတ်ထဲမှာတော့ အဲလိုမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။
လူငယ်အမှုတော်ဆောင် ဆရာလရှီဆမ်အောင်ကလည်း “ကျနော်တို့ လူငယ်တွေလည်း စိုးရိမ်တာတော့ ရှိပါတယ်။ ကျနော်တို့က ဒီရွာဆိုတော့ အစိုးရတွေလည်း ရှိတယ်လေ။ အစိုးရတွေ ရှိတဲ့အချိန်ကျတော့ တချို့လူငယ်တွေက စိုးရိမ်တာပေါ့ ဘယ်အချိန်မှာ လာခေါ် သွားမလဲပေါ့။ ကျနော်တို့ လူငယ်တွေကို ဥက္ကဋ္ဌ တွေ အတွင်းရေးမှူးတွေက ပြောထားတာတော့မလိုဘူး အဲလိုမျိုး မရှိဘူးပေါ့။ ဒါပေမယ့် နောက်နှစ်ပြန် လာမယ့် နှစ်ပေါ့ အဲဒီအချိန်မှာတော့ ဘယ်လိုဖြစ်လာမလဲပေါ့” ဟု ပြောသည်။
ထို့ကြောင့် နေရပ်ရင်းသို့ ပြန်ရောက်လာသည့်အချိန်တွင် ငြိမ်းချမ်းလွတ်လပ်စွာနှင့် ကောင်းမွန်စွာ နေထိုင် ခွင့်ပေးရန် ဒေသတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ဒေသခံများက တောင်းဆိုသည်။
မဒေါင်နောက “လူငယ်တစ်ယောက်အနေနဲ့တောင်းဆိုချင်တာကတော့ ကျမတို့ ဒီရွာမှာ လာနေရင် စစ် တပ်လည်း ဒုက္ခမပေး ဘယ်ဖက်ကမဆို အဖက်ဖက်ကပေါ့ ဒုက္ခမပေးပဲနဲ့ လာနေရမယ်ဆိုရင် ကျတော့ ကျမတို့က ဝမ်းသာမိမှာပါ” ဟုပြောသည်။
ဒဘတ်ယန်ကျေးရွာသာမက ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များ နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော်၊ ကချင်လွတ် လပ်ရေးအဖွဲ့ KIO နှင့် ကချင် ဒေသ စစ် ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC တို့က ညှိနှိုင်းးလုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ဒေသအသီးသီးသို့ ရောက်ရှိနေသည့် ဒဘတ်ယန်ကျေးရွာမှ စစ် ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက အိမ်ထောင်စု စာရင်း ကောက် ယူခြင်း၊ မြေနေရာ စီစစ်ခြင်းများ လုပ်ဆောင်ထားသကဲ့သို့ တပ်မတော်မှလည်း အဆိုပါကျေးရွာအား မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးထားသည်ဟု သိရသည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင်လျက် ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးပါက မတ်လအတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ KHCC က ပြောသည်။
ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) တို့ ၏ Video Conferencing ဆွေးနွေးမှုတွင် ကချင်စစ်ရှောင် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်နိုင်ရေး သဘောထားရရှိခဲ့သည်ဟု KHCC က ပြောသည်။
ဒဘတ်ယန်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်တွင်တည်ရှိသည့် ကျေး ရွာ ဖြစ်ပြီး အဆိုပါဒေသမှ ဒေသခံများမှာ တိုက်ပွဲများကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားရှိ စစ်ဘေးရှောင် စခန်း များတွင် နေထိုင်နေရသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိလာပြီ ဖြစ်သည်။
ဒဘတ်ယန်ကျေးရွာ ဝန်းကျင် တဝိုက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင် ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားရာ၊ တပ်မတော်၏ ထုတ်ပြန်ချက် အရ ဒဘတ်ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ စာသင် ကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁ ခု နှင့် ကျေးရွာ အဝင် အထွက်လမ်းများကို ရှင်းလင်းခဲ့ရာ တိုက်မိုင်းကိုယ်ထည် ၁၀ လုံး ဖော်ထုတ်ခဲ့သည်ဟု သိရသည်။
မိုင်း ရှင်းလင်းမှုမှာ ရွာပတ်ဝန်းကျင်ကိုသာ ရှင်းလင်းထားပြီး စစ်ရှောင်များ၏ တောင်ယာနှင့် လမ်း စသည့် နေရာများကိုတော့ မရှင်းလင်းရသေးဘူးဟု သိရသည်။
*** ZAWGYI ***
ေနရပ္ျပန္မည့္ စစ္ေရွာင္မ်ား တိုက္ပြဲ ျပန္ျဖစ္မည္ကို စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္။
ေနရပ္ျပန္မည့္ ကခ်င္ျပည္နယ္ ဒဘတ္ယန္ ေက်းရြာမွ ေဒသခံမ်ားက တိုက္ပြဲမ်ား ထပ္မံမျဖစ္ပြားေစေရး သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားက ဝိုင္းဝန္းလုပ္ေဆာင္ေပးရန္ ေတာင္းဆိုလိုက္သည္။
တိုက္ပြဲမ်ားေၾကာင့္ အသက္ ၁၁ အရြယ္တြင္ စစ္ေဘးေရွာင္ခဲ့ရသည့္ ဒဘတ္ယန္ေက်းရြာမွ လူငယ္ မေယာ္ နန္က “စစ္ေတြဘာေတြ အဲလိုမ်ိဳး ေၾကာက္စရာမလိုေအာင္ေပါ့ေနာ လူငယ္ေတြကို ေဘးကင္း လံုၿခံဳေအာင္ ေနထိုင္ေအာင္ အဲလိုမ်ိဳး ေတာင္းဆိုခ်င္တယ္” ဟု ေျပာသည္။
ထို႔အျပင္ ေဘးကင္း လံုၿခံဳစြာ ေနထိုင္ႏိုင္ရန္အတြက္လည္း သက္ဆုိင္ရာအစိုးရမွ တာဝန္ယူေပးရန္ လိုအပ္သည္ ဟု စစ္ေရွာင္မ်ားက ေျပာသည္။
ေနရပ္ရင္းတြင္ ေဘးကင္းလံုၿခံဳစြာ ျပန္လည္ေနထိုင္ႏိုင္ရန္အတြက္ ဦးဂမ္မိုင္လကလည္း “က်ေနာ္တို႔ ဒီကို စစ္ေရွာင္ေတြ ျပန္လာေနရတဲ့ အခ်ိန္မွာ ႏွစ္ဖက္စလံုး အစိုးရ ၿငိမ္းခ်မ္းေစခ်င္တယ္” ဟု ေျပာသည္။
ေက်းရြာသို႔ ျပန္လည္ေနထိုင္သည့္အခ်ိန္တြင္ တိုက္ပြဲျပန္လည္ ျဖစ္ပြားလာပါက ထပ္မံထြက္ေျပးတိမ္း ေရွာင္ရမည္ကို စိုးရိမ္ေၾကာင္းႏွင့္ အဖက္ဖက္မွ ခက္ခဲမႈကို ျဖစ္ေပၚလာႏိုင္သည့္အတြက္ ၿငိမ္းခ်မ္းေရး ရ ေအာင္ လုပ္ေဆာင္ေပးရန္ အစိုးရသစ္ႏွင့္ သက္ဆိုင္ ရာ အဖြဲ႔အစည္းမ်ားကို ေတာင္းဆိုရျခင္းျဖစ္သည္ဟု ဆိုသည္။
ဒဘတ္ယန္ ေဒသခံမ်ား အေနျဖင့္ ၎တို႔၏ ေမြးရပ္ေျမ မူလေနရပ္ရင္းသို႔ ျပန္လည္ေနထိုင္ရမည့္အေပၚ ေပ်ာ္ရႊင္ေနေသာ္လည္း ေက်းရြာအတြင္း ေနထိုင္ရင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားမည္ကို စိုးရိမ္သည္ ဟု ဆိုသည္။
မေယာ္နန္က “ေန႔မွာဆိုရင္ေတာ့ ျမင္ရတယ္ သြားမယ္ဆိုရင္ လြယ္တယ္။ ညမွာဆိုရင္ မိုးခ်ဳပ္တယ္။ အခု က ဒီမွာက လိုင္းမီးေတြ မရွိဘူးေပါ့။ မေန႔ညက ဆို မီးစက္ႏိုးတယ္။ အဲလိုမ်ိဳး နည္းနည္းျမင္ရတယ္ေပါ့။ ဒါ ေပမယ့္ အဲလိုမ်ိဳး ညမွာ ေသနတ္သံေတြ ဘာေတြ ျပန္ၾကားရမွာ အဲလိုမ်ိဳးထိတ္လန္႔ေနတယ္လို႔။ ေၾကာက္ ေနတယ္လို႔ အဲလိုမ်ိဳး” ဟုေျပာသည္။
တိုက္ပြဲ ျပန္လည္ျဖစ္ပြားမည္ကို စိုးရိမ္သည့္အျပင္ ေဒသအတြင္းရွိ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ား၏ အႏၲ ရာယ္မ်ားကိုလည္း စိုးရိမ္မႈ ရွိသည္ဟု မေဒါင္ေနာ က ေျပာသည္။
၎က “တိုက္ပြဲေတြ ျဖစ္မွာကိုလည္း စိုးေတာ့စိုးရိမ္တယ္။ ဒါေပမယ့္ အခုကေတာ့ ကိုယ္တို႔ရြာမွာ လာေနေန တယ္ ဆို ေတာ့ စစ္တပ္ေတြက ဘာလုပ္လာမလဲ ဘယ္လူႀကီးေတြက ဘာလုပ္လာမလဲ ဆိုတာကိုေတာ့ စိတ္ထဲမွာေတာ့ အဲလိုမ်ိဳးေတာ့ ရွိပါတယ္” ဟု ေျပာသည္။
လူငယ္အမႈေတာ္ေဆာင္ ဆရာလရွီဆမ္ေအာင္ကလည္း “က်ေနာ္တို႔ လူငယ္ေတြလည္း စိုးရိမ္တာေတာ့ ရွိပါတယ္။ က်ေနာ္တို႔က ဒီရြာဆိုေတာ့ အစိုးရေတြလည္း ရွိတယ္ေလ။ အစိုးရေတြ ရွိတဲ့အခ်ိန္က်ေတာ့ တခ်ိဳ႕လူငယ္ေတြက စိုးရိမ္တာေပါ့ ဘယ္အခ်ိန္မွာ လာေခၚ သြားမလဲေပါ့။ က်ေနာ္တို႔ လူငယ္ေတြကို ဥကၠ႒ ေတြ အတြင္းေရးမႉးေတြက ေျပာထားတာေတာ့မလိုဘူး အဲလိုမ်ိဳး မရွိဘူးေပါ့။ ဒါေပမယ့္ ေနာက္ႏွစ္ျပန္ လာမယ့္ ႏွစ္ေပါ့ အဲဒီအခ်ိန္မွာေတာ့ ဘယ္လိုျဖစ္လာမလဲေပါ့” ဟု ေျပာသည္။
ထို႔ေၾကာင့္ ေနရပ္ရင္းသို႔ ျပန္ေရာက္လာသည့္အခ်ိန္တြင္ ၿငိမ္းခ်မ္းလြတ္လပ္စြာႏွင့္ ေကာင္းမြန္စြာ ေနထိုင္ ခြင့္ေပးရန္ ေဒသတြင္းရွိ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားကို ေဒသခံမ်ားက ေတာင္းဆိုသည္။
မေဒါင္ေနာက “လူငယ္တစ္ေယာက္အေနနဲ႔ေတာင္းဆိုခ်င္တာကေတာ့ က်မတို႔ ဒီရြာမွာ လာေနရင္ စစ္ တပ္လည္း ဒုကၡမေပး ဘယ္ဖက္ကမဆို အဖက္ဖက္ကေပါ့ ဒုကၡမေပးပဲနဲ႔ လာေနရမယ္ဆိုရင္ က်ေတာ့ က်မတို႔က ၀မ္းသာမိမွာပါ” ဟုေျပာသည္။
ဒဘတ္ယန္ေက်းရြာသာမက ကခ်င္ျပည္နယ္ရွိ စစ္ေဘးေရွာင္စခန္းမ်ားမွ စစ္ေဘးေရွာင္မ်ား ေနရပ္ရင္းသို႔ ျပန္လည္ေနထိုင္ႏိုင္ရန္အတြက္ အစိုးရ၊ တပ္မေတာ္၊ ကခ်င္လြတ္ လပ္ေရးအဖြဲ႔ KIO ႏွင့္ ကခ်င္ ေဒသ စစ္ ေဘးေရွာင္မ်ားအား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ KHCC တို႔က ညွိႏိႈင္းးလုပ္ေဆာင္လ်က္ ရွိသည္ဟု သိရသည္။
ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၁၂ ရက္ေန႔က ေဒသအသီးသီးသို႔ ေရာက္ရွိေနသည့္ ဒဘတ္ယန္ေက်းရြာမွ စစ္ ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ အာဏာပိုင္မ်ားက အိမ္ေထာင္စု စာရင္း ေကာက္ ယူျခင္း၊ ေျမေနရာ စီစစ္ျခင္းမ်ား လုပ္ေဆာင္ထားသကဲ့သို႔ တပ္မေတာ္မွလည္း အဆိုပါေက်းရြာအား မိုင္း ရွင္းလင္းေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးထားသည္ဟု သိရသည္။
ထို႔အျပင္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားကိုလည္း ႏို၀င္ဘာလ ၂၅ ရက္ေန႔မွ စတင္ကာ လုပ္ေဆာင္လ်က္ ရွိၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ၿပီးစီးပါက မတ္လအတြင္း စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္မည္ဟု ကခ်င္ေဒသ စစ္ေဘးေရွာင္ ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ KHCC က ေျပာသည္။
ဒီဇင္ဘာ ၁၆ ရက္က ျပဳလုပ္ခဲ့သည့္ ကခ်င္စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ အစိုးရႏွင့္ ကခ်င္ေဒသ စစ္ေဘးေရွာင္ျပည္သူမ်ားအား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ (KHCC) တို႔ ၏ Video Conferencing ေဆြးေႏြးမႈတြင္ ကခ်င္စစ္ေရွာင္ အိမ္ေထာင္စုေပါင္း ၁၀၀၀ ေက်ာ္ ေနရပ္ျပန္ႏုိင္ေရး သေဘာထားရရွိခဲ့သည္ဟု KHCC က ေျပာသည္။
ဒဘတ္ယန္ေက်းရြာသည္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ျမစ္ႀကီးနား-ဗန္းေမာ္ လမ္းမႀကီးေပၚတြင္တည္ရွိသည့္ ေက်း ရြာ ျဖစ္ၿပီး အဆိုပါေဒသမွ ေဒသခံမ်ားမွာ တိုက္ပြဲမ်ားေၾကာင့္ ဝိုင္းေမာ္ႏွင့္ ျမစ္ႀကီးနားရွိ စစ္ေဘးေရွာင္ စခန္း မ်ားတြင္ ေနထိုင္ေနရသည္မွာ ဆယ္ႏွစ္နီးပါးခန္႔ရွိလာၿပီ ျဖစ္သည္။
ဒဘတ္ယန္ေက်း႐ြာ ဝန္းက်င္ တဝိုက္တြင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ၿပီးစီးၿပီျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဒီဇင္ ဘာလ ၂၁ ရက္ေန႔က ထုတ္ျပန္ထားရာ၊ တပ္မေတာ္၏ ထုတ္ျပန္ခ်က္ အရ ဒဘတ္ေက်း႐ြာအတြင္းရွိ လူေနအိမ္ ၂၆၈ လုံး၊ ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း ၂ ေက်ာင္း၊ စာသင္ ေက်ာင္း ၁ ေက်ာင္း၊ အုပ္ခ်ဳပ္ေရးမႉး႐ုံး ၁ ႐ုံး၊ ေက်းလက္က်န္းမာေရး ဌာနခြဲ ၁ ခု ႏွင့္ ေက်း႐ြာ အဝင္ အထြက္လမ္းမ်ားကို ရွင္းလင္းခဲ့ရာ တိုက္မိုင္းကိုယ္ထည္ ၁၀ လုံး ေဖာ္ထုတ္ခဲ့သည္ဟု သိရသည္။
မိုင္း ရွင္းလင္းမႈမွာ ႐ြာပတ္ဝန္းက်င္ကိုသာ ရွင္းလင္းထားၿပီး စစ္ေရွာင္မ်ား၏ ေတာင္ယာႏွင့္ လမ္း စသည့္ ေနရာမ်ားကိုေတာ့ မရွင္းလင္းရေသးဘူးဟု သိရသည္။