NLD နှင့် တွေ့ဆုံရာတွင် KSPP က ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် တင်ပြမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
NLD ပါတီ ကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပင်လုံ စာချုုပ်ကို လက်တွေ့အကောင်အထည်ဖော်ရန် တင်ပြမည်ဟု ပြောသည်။
တင်ပြဆွေးနွေးမည့် အချက်များကို KSPP ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အ တည်ပြုချက် ရယူသွားမည် ဆိုသော်လည်း အဓိက တင်ပြဆွေးနွေးနိုင်သည့် အချက် ၂ ချက် ရှိသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
၎င်းက “ဒါပေမယ့် ကျနော်တို့ ပြောနိုင်တာ ၂ ချက်တော့ရှိပါတယ်။ ဒါကတော့ အမြဲတမ်းပြောဆိုရမယ့် ကိစ္စ ကတော့ ပထမ အချက်အနေနဲ့ ၁၉၄၇ ပင်လုံစာချုပ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ဒါဖြစ်ပါတယ်။ ဒါကိုတင်ပြ သွားဖို့ဖြစ်ပါတယ်။ ဒုတိယ အချက်အနေနဲ့တော့ ကျနော်တို့ ပူးပေါင်း ၆ ပြည်နယ်ပါတီ အနေနဲ့ပဲ နောင်ကို တွေ့ဖို့ဆန္ဒရှိတယ်ဆိုတဲ့ဟာ တင်ပြဖို့ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ဒီနေ့ ပြောနိုင်တဲ့ အချက် ပေါ့နော်။ ကျနော်တို့ နှစ်ဆန်း ၁ ရက်နေ့မှာမှ ကျနော်တို့ တွေ့ဆုံတဲ့ အချိန်မှာမှ ကျနော်တို့ ဘာတွေ ပြော တယ်ဆိုတဲ့ဟာကို အတိအကျ အဲဒီမှာမှ ထုတ်ဖော်လို့ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်” ဟု ပြောသည်။
KSPP က နှောင်တွင် တွေ့ဆုံမည့် ၆ ပြည်နယ် ပါတီထဲတွင် ကချင်ပြည်ပြည်နယ် ပြည်သူ့ပါတီ KSPP ၊ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ၊ ချင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ၊ မွန်ညီညွှတ်ရေးပါတီ MUP နှင့် ရခိုင်အမျိုးသား ပါတီ ANP ပါတီတို့ဖြစ်သည် ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
NLD ကိုယ်စားလှယ်များနှင့် နှစ်ဆန်း ၁ ရက်နေ့တွင် တွေ့ဆုံမည်ဟု KSPP ဒု-ဥက္ကဋ္ဌ – ၂ ဦးကွမ်ဂေါင် အောင်ခမ်းကလည်း အတည်ပြုပြောဆိုပြီး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမည့် အကြောင်းအရာများကို ဒီဇင် ဘာလ ၃၁ ရက်နေ့ တွင် ပြုလုပ်မည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အတည်ပြုချက် ရယူသွားမည်ဟု KSPP က ဆိုသည်။
ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော်တို့က မနက်ဖြန် CEC အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာပါ။ ဒီ DRAFT (မူကြမ်း) တော့ရှိတာပေါ့ အဲဒီ CEC က နေ ကျနော်တို့ တင်သွင်းမယ့်ဟာ ဒီကနေ Pass (ခွင့်ပြုချက်) လုပ်မယ့်ဟာတွေကို ပြော သွားဖို့ရှိပါတယ်” ဟုပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စားလှယ်တို့ နှစ်ဆန်း ၁ ရက်နေ့တွင် တွေ့ဆုံမည်ဟု ကချင်တိုင်းရင်းသား ပါတီအချို့က ပြောသည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက “သူတို့ဖိတ်တော့ ဖိတ်ထားတယ်။ လဆန်း တစ်ရက်နေ့ ဟုတ်တယ်။ နှစ်သစ်တစ်ရက်နေ့ ဟုတ်တယ်။ နှစ်သစ်မှာ ကျနော်တို့ NLD ပြည်နယ်ရုံးမှာ မနက်ကိုးနာရီ အဲလိုတွေ့ဖို့ ချိန်းထားတယ်။ သူက ကချင်တိုင်းရင်းသားပါတီ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ ဖြစ်လိမ့်မယ်။ စုပေါင်းဖြစ်လိမ့်မယ် ထင်တယ်။ ၃ ပါတီလောက်ဖြစ်မယ်လို့ ခန့်မှန်းတာပေါ့ဗျား။ သူ တို့က ဘယ်လိုရယ်လို့ မပြောဘူး အဲမှာ တွေ့ဆုံဖို့ပဲ ပြောတယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့် တိုင်းရင်းသားပါတီများမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နှင့် ဒီမိုကရေစီ ပါတီ သစ် (ကချင်) NDP-K တို့ပါဝင်သည်ဟု သိရကြောင်း ဦးရွှေမင်းက ဆိုသည်။
ဦးရွှေမင်းကလည်း “အဓိက သူတို့ ဘာတွေ ပြောမလဲပေါ့ဗျာ။ အဓိက သူတို့က တွေ့ဆုံရတဲ့ ခေါင်းစဉ်က ကျနော်တို့က မသိရတဲ့ အခါကျတော့ ကျနော်တို့က ဘာမှ ပြင်ဆင်ထားတာ မရှိဘူး။ သူတို့ပြောတာကို နား ထောင်မယ် ဒါပေမယ့် လိုအပ်လာရင် ကျနော်တို့ရဲ့ CEC မှာ တင်ပြဆွေးနွေးမယ်။ အဲလိုလေးပဲ ကျနော်တို့ အကြမ်းဖျင်း ပြီးရင် သူတို့ကပါတီကို ဖိတ်တဲ့ သဘောရယ်လို့ တိုက်ရိုက်မဟုတ်ဘူးဗျာ။ အနိုင်ရ ကိုယ်စား လှယ်ကို ဖိတ်တဲ့ သဘောပဲ ကျနော်နားလည်တယ်” ဟု ပြောသည်။
NLD က တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် ကိုယ်စားလှယ်များကို ပြီးခဲ့သည့် ဒီဇင် ဘာလ ၁၂ ရက်နေ့က ရွေးကောက်ပွဲပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပါတီ၏ ဗဟိုအလုပ် အမှု ဆောင် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဒေါက်တာ အောင်မိုးညိုက ဦးဆောင်မည်ဖြစ်ပြီး ဒေါ်နန်းခင်ထွေးမြင့် နှင့် ဦးအင်ထုံးခမ်းနော်ဆန်တို့ ပါဝင်သည်ဟု သိရသည်။
ရွေးကောက်ပွဲ ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့ ယမန်နေ့က ပြုလုပ်သည့် NLD ပါတီ၏ ဒုတိယအကြိမ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ်များအနေဖြင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ် သို့ သွားရောက်ပြီး တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အစည်းအဝေး အပြီး တွင် NLD ဒု-ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က မီဒီယာများကို ပြောဆိုခဲ့သည်။
ဒေါက်တာ ဇော်မြင့်မောင်က “ကချင်ပြည်နယ်ကို သူတို့ မနက်ဖြန်သွားပါမယ်။ အပြန်မှာ မွန်ပြည်နယ်ကို သွားပါမယ်။ အဲနှစ်ခုပြီးမှပဲ သူ တို့ Report ပြန်တင်ပါမယ်။ အဲဒါပြီးတော့မှ ကျန်တဲ့ဟာတွေကို ဆက်သွားဖို့ ကျနော်တို့ CEC ကနေ ဘယ် သွားပါဆိုတာ ပြန်ပြီး ညွှန်ကြားမှာပေါ့။ ကချင်နဲ့ မွန်ရွေးတယ်ဆိုတာက ဒါက တော့ အချင်းချင်းအကုန် ပြန် တိုင်ပင်ပြီး ဘယ်ကိုသွားသင့်သလည်းဆို တဲ့ဟာကို ဆုံးဖြတ်ကြတာပေါ့။” ဟုပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိပြီးနောက် လေးရက်အကြာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က တိုင်းရင်းသား နိုင်ငံရေး ပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် တိုင်းရင်းသား လူမျိုးစု များ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD က ဆိုသည်။
ထို့အပြင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များနှင့် တူညီသည် ဖြစ် ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ အနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ပြည် ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်ဟု ပါတီများ ကို ပေးပို့ ထားသည့် NLD ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
အဆိုပါ စာပေးပို့ထားပြီး တစ်လအကြာတွင် NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် ၃ ဦးပါသည့် တွေ့ဆုံဆွေးနွေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့ အနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ ယနေ့တွင် ကချင်ပြည်နယ် ခရီးစဉ်ကို စတင်ခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
*** ZAWGYI ***
NLD ႏွင့္ ေတြ႔ဆံုရာတြင္ KSPP က ပင္လံုစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ရန္ တင္ျပမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ ရက္။
NLD ပါတီ ကုိယ္စားလွယ္ႏွင့္ ေတြ႔ဆံုရာတြင္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP က ပင္လံု စာခ်ုဳပ္ကို လက္ေတြ႔အေကာင္အထည္ေဖာ္ရန္ တင္ျပမည္ဟု ေျပာသည္။
တင္ျပေဆြးေႏြးမည့္ အခ်က္မ်ားကို KSPP ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ CEC အစည္းအေ၀းတြင္ အ တည္ျပဳခ်က္ ရယူသြားမည္ ဆိုေသာ္လည္း အဓိက တင္ျပေဆြးေႏြးႏိုင္သည့္ အခ်က္ ၂ ခ်က္ ရွိသည္ဟု ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာသည္။
၎က “ဒါေပမယ့္ က်ေနာ္တို႔ ေျပာႏိုင္တာ ၂ ခ်က္ေတာ့ရွိပါတယ္။ ဒါကေတာ့ အၿမဲတမ္းေျပာဆိုရမယ့္ ကိစၥ ကေတာ့ ပထမ အခ်က္အေနနဲ႔ ၁၉၄၇ ပင္လံုစာခ်ဳပ္ကို လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ ဒါျဖစ္ပါတယ္။ ဒါကိုတင္ျပ သြားဖို႔ျဖစ္ပါတယ္။ ဒုတိယ အခ်က္အေနနဲ႔ေတာ့ က်ေနာ္တို႔ ပူးေပါင္း ၆ ျပည္နယ္ပါတီ အေနနဲ႔ပဲ ေနာင္ကို ေတြ႕ဖို႔ဆႏၵရွိတယ္ဆိုတဲ့ဟာ တင္ျပဖို႔ရွိပါတယ္။ ဒါကေတာ့ က်ေနာ္တို႔ ဒီေန႔ ေျပာႏိုင္တဲ့ အခ်က္ ေပါ့ေနာ္။ က်ေနာ္တို႔ ႏွစ္ဆန္း ၁ ရက္ေန႔မွာမွ က်ေနာ္တို႔ ေတြ႕ဆံုတဲ့ အခ်ိန္မွာမွ က်ေနာ္တို႔ ဘာေတြ ေျပာ တယ္ဆိုတဲ့ဟာကို အတိအက် အဲဒီမွာမွ ထုတ္ေဖာ္လို႔ရမယ့္ အေျခအေနမ်ိဳးျဖစ္ပါတယ္” ဟု ေျပာသည္။
KSPP က ေႏွာင္တြင္ ေတြ႕ဆံုမည့္ ၆ ျပည္နယ္ ပါတီထဲတြင္ ကခ်င္ျပည္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ၊ ကရင္ အမ်ိဳးသားဒီမိုကရက္တစ္ပါတီ KNDP၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ KySDP ၊ ခ်င္အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD ၊ မြန္ညီၫႊတ္ေရးပါတီ MUP ႏွင့္ ရခိုင္အမ်ိဳးသား ပါတီ ANP ပါတီတို႔ျဖစ္သည္ ဟု ဦးကြမ္ေဂါင္ေအာင္ခမ္းက ဆိုသည္။
NLD ကိုယ္စားလွယ္မ်ားႏွင့္ ႏွစ္ဆန္း ၁ ရက္ေန႔တြင္ ေတြ႕ဆံုမည္ဟု KSPP ဒု-ဥကၠ႒ – ၂ ဦးကြမ္ေဂါင္ ေအာင္ခမ္းကလည္း အတည္ျပဳေျပာဆိုၿပီး ေဆြးေႏြးပြဲတြင္ တင္ျပေဆြးေႏြးမည့္ အေၾကာင္းအရာမ်ားကို ဒီဇင္ ဘာလ ၃၁ ရက္ေန႔ တြင္ ျပဳလုပ္မည့္ ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ CEC အစည္းအေ၀းတြင္ အတည္ျပဳခ်က္ ရယူသြားမည္ဟု KSPP က ဆိုသည္။
ဦးကြမ္ေဂါင္ေအာင္ခမ္းက “က်ေနာ္တို႔က မနက္ျဖန္ CEC အစည္းအေ၀းမွာ ဆံုးျဖတ္ၾကမွာပါ။ ဒီ DRAFT (မူၾကမ္း) ေတာ့ရွိတာေပါ့ အဲဒီ CEC က ေန က်ေနာ္တို႔ တင္သြင္းမယ့္ဟာ ဒီကေန Pass (ခြင့္ျပဳခ်က္) လုပ္မယ့္ဟာေတြကို ေျပာ သြားဖို႔ရွိပါတယ္” ဟုေျပာသည္။
ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသား ပါတီမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ ေဒါက္တာ ေအာင္မိုးညိဳ ဦးေဆာင္သည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီမွ ကိုယ္စားလွယ္တို႔ ႏွစ္ဆန္း ၁ ရက္ေန႔တြင္ ေတြ႕ဆံုမည္ဟု ကခ်င္တိုင္းရင္းသား ပါတီအခ်ိဳ႕က ေျပာသည္။
လီဆူအမ်ိဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးေရႊမင္းက “သူတို႔ဖိတ္ေတာ့ ဖိတ္ထားတယ္။ လဆန္း တစ္ရက္ေန႔ ဟုတ္တယ္။ ႏွစ္သစ္တစ္ရက္ေန႔ ဟုတ္တယ္။ ႏွစ္သစ္မွာ က်ေနာ္တို႔ NLD ျပည္နယ္ရံုးမွာ မနက္ကိုးနာရီ အဲလိုေတြ႕ဖို႔ ခ်ိန္းထားတယ္။ သူက ကခ်င္တိုင္းရင္းသားပါတီ အႏိုင္ရ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဖို႔ ျဖစ္လိမ့္မယ္။ စုေပါင္းျဖစ္လိမ့္မယ္ ထင္တယ္။ ၃ ပါတီေလာက္ျဖစ္မယ္လို႔ ခန္႔မွန္းတာေပါ့ဗ်ား။ သူ တို႔က ဘယ္လိုရယ္လို႔ မေျပာဘူး အဲမွာ ေတြ႕ဆံုဖို႔ပဲ ေျပာတယ္” ဟု ေျပာသည္။
အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံုမည့္ တိုင္းရင္းသားပါတီမ်ားမွာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ လီဆူအမ်ိဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ LNDP ႏွင့္ ဒီမိုကေရစီ ပါတီ သစ္ (ကခ်င္) NDP-K တို႔ပါ၀င္သည္ဟု သိရေၾကာင္း ဦးေရႊမင္းက ဆိုသည္။
ဦးေရႊမင္းကလည္း “အဓိက သူတို႔ ဘာေတြ ေျပာမလဲေပါ့ဗ်ာ။ အဓိက သူတို႔က ေတြ႕ဆံုရတဲ့ ေခါင္းစဥ္က က်ေနာ္တို႔က မသိရတဲ့ အခါက်ေတာ့ က်ေနာ္တို႔က ဘာမွ ျပင္ဆင္ထားတာ မရွိဘူး။ သူတို႔ေျပာတာကို နား ေထာင္မယ္ ဒါေပမယ့္ လိုအပ္လာရင္ က်ေနာ္တို႔ရဲ႕ CEC မွာ တင္ျပေဆြးေႏြးမယ္။ အဲလိုေလးပဲ က်ေနာ္တို႔ အၾကမ္းဖ်င္း ၿပီးရင္ သူတို႔ကပါတီကို ဖိတ္တဲ့ သေဘာရယ္လို႔ တိုက္႐ိုက္မဟုတ္ဘူးဗ်ာ။ အႏိုင္ရ ကိုယ္စား လွယ္ကို ဖိတ္တဲ့ သေဘာပဲ က်ေနာ္နားလည္တယ္” ဟု ေျပာသည္။
NLD က တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမည့္ ကိုယ္စားလွယ္မ်ားကို ၿပီးခဲ့သည့္ ဒီဇင္ ဘာလ ၁၂ ရက္ေန႔က ေရြးေကာက္ပြဲၿပီးေနာက္ ပထမဆံုးအႀကိမ္ ျပဳလုပ္သည့္ ပါတီ၏ ဗဟိုအလုပ္ အမႈ ေဆာင္ အစည္းအေ၀းတြင္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေတြ႕ဆံုေဆြးေႏြးေရး အဖြဲ႔ကို ေဒါက္တာ ေအာင္မိုးညိဳက ဦးေဆာင္မည္ျဖစ္ၿပီး ေဒၚနန္းခင္ေထြးျမင့္ ႏွင့္ ဦးအင္ထံုးခမ္းေနာ္ဆန္တို႔ ပါ၀င္သည္ဟု သိရသည္။
ေရြးေကာက္ပြဲ ၿပီးေနာက္ ဒီဇင္ဘာလ ၂၉ ရက္ေန႔ ယမန္ေန႔က ျပဳလုပ္သည့္ NLD ပါတီ၏ ဒုတိယအႀကိမ္ ဗဟို အလုပ္အမႈေဆာင္ အစည္းအေ၀းတြင္ ကိုယ္စားလွယ္မ်ားအေနျဖင့္ ကခ်င္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ သို႔ သြားေရာက္ၿပီး တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆံုသြားရန္ ဆံုးျဖတ္ခဲ့ၾကသည္ဟု အစည္းအေ၀း အၿပီး တြင္ NLD ဒု-ဥကၠ႒ ေဒါက္တာ ေဇာ္ျမင့္ေမာင္က မီဒီယာမ်ားကို ေျပာဆိုခဲ့သည္။
ေဒါက္တာ ေဇာ္ျမင့္ေမာင္က “ကခ်င္ျပည္နယ္ကို သူတို႔ မနက္ျဖန္သြားပါမယ္။ အျပန္မွာ မြန္ျပည္နယ္ကို သြားပါမယ္။ အဲႏွစ္ခုၿပီးမွပဲ သူ တို႔ Report ျပန္တင္ပါမယ္။ အဲဒါၿပီးေတာ့မွ က်န္တဲ့ဟာေတြကို ဆက္သြားဖို႔ က်ေနာ္တို႔ CEC ကေန ဘယ္ သြားပါဆိုတာ ျပန္ၿပီး ၫႊန္ၾကားမွာေပါ့။ ကခ်င္နဲ႔ မြန္ေ႐ြးတယ္ဆိုတာက ဒါက ေတာ့ အခ်င္းခ်င္းအကုန္ ျပန္ တိုင္ပင္ၿပီး ဘယ္ကိုသြားသင့္သလည္းဆို တဲ့ဟာကို ဆုံးျဖတ္ၾကတာေပါ့။” ဟုေျပာသည္။
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီ အေနျဖင့္ ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲႀကီးတြင္ အႏိုင္ရရွိၿပီးေနာက္ ေလးရက္အၾကာတြင္ ၿပီးခဲ့သည့္ ႏို၀င္ဘာလ ၁၂ ရက္ေန႔က တိုင္းရင္းသား ႏိုင္ငံေရး ပါတီ ၄၈ ခုထံသို႔ စာေပးပို႔ခဲ့ၿပီး အဆိုပါစာထဲတြင္ တိုင္းရင္းသား လူမ်ိဳးစု မ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ရြက္သြားမည္ဟု NLD က ဆိုသည္။
ထို႔အျပင္ တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္းခ်က္မ်ားသည္ အဖြဲ႔ခ်ဳပ္၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီသည္ ျဖစ္ ရာ အဖြဲ႔ခ်ဳပ္အေနျဖင့္ ေနာင္အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္ ရြက္သြားမည္ျဖစ္ၿပီး တိုင္းရင္းသားပါတီမ်ား အေနျဖင့္လည္း အဖြဲ႔ခ်ဳပ္က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ျပည္ ေထာင္စု အေရးကို တက္တက္ႂကြႂကြ ပူးေပါင္းပါ၀င္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ပါသည္ဟု ပါတီမ်ား ကို ေပးပို႔ ထားသည့္ NLD ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။
အဆိုပါ စာေပးပို႔ထားၿပီး တစ္လအၾကာတြင္ NLD ပါတီက တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးရန္ အဖြဲ႔၀င္ ၃ ဦးပါသည့္ ေတြ႕ဆံုေဆြးေႏြးေရး အဖြဲ႔ကို ဖြဲ႔စည္းခဲ့သည္။ အဆိုပါ အဖြဲ႔ အေနျဖင့္ ဒီဇင္ဘာလ ၃၀ ရက္ေန႔ ယေန႔တြင္ ကခ်င္ျပည္နယ္ ခရီးစဥ္ကို စတင္ခဲ့ၿပီး ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆံုသြားမည္ဟု သိရသည္။