NLD နှင့် တွေ့ဆုံရန် MUP အသင့်ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နှင့် အပြုသဘောဖြင့် တွေ့ဆုံ ဆွေးနွေးသွားရန် အသင့်ပြင်ဆင်ထားသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က ပြောသည်။
NLD ပါတီအနေနှင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားရန် အဖွဲ့ဝင် ၃ ဦးပါသည့်အဖွဲ့ ဖွဲ့စည်းထား ပြီး ပထမဦးဆုံးအနေဖြင့် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံသွားမည်ဟု ပါတီခေါင်းဆောင်များ က ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ဖော်ပြောဆိုထားသည်။
မွန်ညီညွတ်ရေးပါတီကတော့ NLD ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အပေါ် ကြိုဆိုကြောင်းနှင့် ၎င်းတို့ပါတီအနေဖြင့်လည်း အပြုသဘော လက်ခံတွေ့ဆုံသွားမည် ဟု ပြောသည်။
“သူတို့ (NLD) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ပါတီဘက်ကလည်း အပြု သဘောနဲ့ လက်ခံတွေ့ဆုံဖို့ အသင့်ရှိပါတယ်၊ သူတို့ဘက်က ဘာကိစ္စရပ်ဆွေးနွေးမလဲဆိုတာ လောလော ဆယ် အကြောင်းကြားထားခြင်းမရှိတဲ့အခါကျတော့ သူတို့ဆွေးနွေးလာတဲ့ ကိစ္စရပ်အပေါ်မှာ ကျနော်တို့က ပြန်လည် ဆွေးနွေးဖို့ ရှိတာပေါ့” ဟု နိုင်လယိတမက ပြောသည်။
သို့သော်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးရန်ကိစ္စနှင့် ပတ်သက်၍ NLD ဘက်က တရားဝင် ဆက်သွယ် အကြောင်းကြားလာခြင်း မရှိသေးဘူးဟုလည်း နိုင်လယိတမ က ဆက်ပြောသည်။
“သူတို့ (NLD) က ကချင်ပြည်နယ်ကို သွားပြီးရင် မွန်ပြည်နယ်ကို လာဖို့တော့ မီဒီယာမှာပြောထားချက်အရပဲ သိထားတယ်။ အဲတော့ ကျနော်တို့နဲ့ တွေ့မလား ဘယ်နေ့တွေ့မလဲ ဘယ်အချိန် ဘယ်နေရာတွေ့မလဲက အစ ဘာဆွေးနွေးမလဲဆိုတာကအစ ကျနော်တို့ကို ဒီကနေ့အထိ (ဒီဇင်ဘာ ၃၁ ရက်နေ့) တော့ တရားဝင် ဆက် သွယ်လာခြင်းမရှိသေးဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောသည်။
NLD ပါတီဘက်က နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒကို အလေးထားဆောင်ရွက်သွား မည် ဖြစ်ကြောင်း တိုင်းရင်းသားပါတီများအနေနှင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စု အရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း တိုင်းရင်းသားပါတီများထံ စာပေးပို့ထားသည်လည်း ရှိသည်။
မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူး ပေါင်း ဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး မွန်အမျိုးသားကိုယ်စားပြု တစ်ခုတည်းပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၁ နေရာနှင့် ကရင်ပြည်နယ်တွင် ၁ နေရာ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားခဲ့သည်။
မွန်ပြည်နယ်တွင် မဲဆန္ဒနယ် ၄၅ နေရာရှိသည့်အနက် မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ၊ NLD ပါတီက ၃၄ နေရာတို့ဖြင့် မွန်ညီညွတ်ရေးပါတီနှင့် NLD ပါတီတို့ကသာ အနိုင်ရရှိထားသည်။
*** ZAWGYI ***
NLD နွင့္ ေတြ႔ဆံုရန္ MUP အသင့္ရွိေန
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္။
မြန္ညီၫြတ္ေရးပါတီ MUP အေနျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ႏွင့္ အျပဳသေဘာျဖင့္ ေတြ႕ဆုံ ေဆြးေႏြးသြားရန္ အသင့္ျပင္ဆင္ထားသည္ဟု ပါတီေျပာေရးဆိုခြင့္ရွိသူ ႏိုင္လယိတမ က ေျပာသည္။
NLD ပါတီအေနႏွင့္ တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးသြားရန္ အဖြဲ႕ဝင္ ၃ ဦးပါသည့္အဖြဲ႕ ဖြဲ႕စည္းထား ၿပီး ပထမဦးဆုံးအေနျဖင့္ ကခ်င္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ရွိ တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆုံသြားမည္ဟု ပါတီေခါင္းေဆာင္မ်ား က ဒီဇင္ဘာ ၂၉ ရက္ေန႔က ထုတ္ေဖာ္ေျပာဆိုထားသည္။
မြန္ညီၫြတ္ေရးပါတီကေတာ့ NLD ၏ တိုင္းရင္းသားပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမည့္အေပၚ ႀကိဳဆိုေၾကာင္းႏွင့္ ၎တို႔ပါတီအေနျဖင့္လည္း အျပဳသေဘာ လက္ခံေတြ႕ဆုံသြားမည္ ဟု ေျပာသည္။
“သူတို႔ (NLD) က ေတြ႕ဆုံေဆြးေႏြးဖို႔ ကမ္းလွမ္းလာမယ္ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ပါတီဘက္ကလည္း အျပဳ သေဘာနဲ႔ လက္ခံေတြ႕ဆုံဖို႔ အသင့္ရွိပါတယ္၊ သူတို႔ဘက္က ဘာကိစၥရပ္ေဆြးေႏြးမလဲဆိုတာ ေလာေလာ ဆယ္ အေၾကာင္းၾကားထားျခင္းမရွိတဲ့အခါက်ေတာ့ သူတို႔ေဆြးေႏြးလာတဲ့ ကိစၥရပ္အေပၚမွာ က်ေနာ္တို႔က ျပန္လည္ ေဆြးေႏြးဖို႔ ရွိတာေပါ့” ဟု ႏိုင္လယိတမက ေျပာသည္။
သို႔ေသာ္လည္း ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ ေတြ႕ဆုံေဆြးေႏြးရန္ကိစၥႏွင့္ ပတ္သက္၍ NLD ဘက္က တရားဝင္ ဆက္သြယ္ အေၾကာင္းၾကားလာျခင္း မရွိေသးဘူးဟုလည္း ႏုိင္လယိတမ က ဆက္ေျပာသည္။
“သူတို႔ (NLD) က ကခ်င္ျပည္နယ္ကို သြားၿပီးရင္ မြန္ျပည္နယ္ကို လာဖို႔ေတာ့ မီဒီယာမွာေျပာထားခ်က္အရပဲ သိထားတယ္။ အဲေတာ့ က်ေနာ္တို႔နဲ႔ ေတြ႕မလား ဘယ္ေန႔ေတြ႕မလဲ ဘယ္အခ်ိန္ ဘယ္ေနရာေတြ႕မလဲက အစ ဘာေဆြးေႏြးမလဲဆိုတာကအစ က်ေနာ္တို႔ကို ဒီကေန႔အထိ (ဒီဇင္ဘာ ၃၁ ရက္ေန႔) ေတာ့ တရားဝင္ ဆက္ သြယ္လာျခင္းမရွိေသးဘူး” ဟု ပါတီေျပာေရးဆိုခြင့္ရွိသူ ႏိုင္လယိတမက ေျပာသည္။
NLD ပါတီဘက္က ေနာင္အနာဂတ္တြင္ တိုင္းရင္းသားလူမ်ိဳးမ်ား၏ ဆႏၵကို အေလးထားေဆာင္႐ြက္သြား မည္ ျဖစ္ေၾကာင္း တိုင္းရင္းသားပါတီမ်ားအေနႏွင့္လည္း NLD က ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ ေထာင္စု အေရးတြင္ တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ေ႐ြးေကာက္ပြဲအၿပီး ရက္ပိုင္းအတြင္း တိုင္းရင္းသားပါတီမ်ားထံ စာေပးပို႔ထားသည္လည္း ရွိသည္။
မြန္ညီၫြတ္ေရးပါတီသည္ မြန္ေဒသလုံးဆိုင္ရာဒီမိုကေရစီပါတီ၊ မြန္အမ်ိဳးသားပါတီႏွင့္ မြန္အင္အားစုတို႔ ပူး ေပါင္း ဖြဲ႕စည္းထားသည့္ ပါတီျဖစ္ၿပီး မြန္အမ်ိဳးသားကိုယ္စားျပဳ တစ္ခုတည္းပါတီအေနျဖင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။
ေ႐ြးေကာက္ပြဲတြင္ မြန္ျပည္နယ္အတြင္း မဲဆႏၵနယ္ ၁၁ ေနရာႏွင့္ ကရင္ျပည္နယ္တြင္ ၁ ေနရာ စုစုေပါင္း ၁၂ ေနရာ အႏိုင္ရရွိထားခဲ့သည္။
မြန္ျပည္နယ္တြင္ မဲဆႏၵနယ္ ၄၅ ေနရာရွိသည့္အနက္ မြန္ညီၫြတ္ေရးပါတီက ၁၁ ေနရာ၊ NLD ပါတီက ၃၄ ေနရာတို႔ျဖင့္ မြန္ညီၫြတ္ေရးပါတီႏွင့္ NLD ပါတီတို႔ကသာ အႏိုင္ရရွိထားသည္။