ကချင်ပါတီများနှင့်တွေ့ဆုံရာ အောင်မြင်မှုရဟု NLD ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်။

လာမည့် အစိုးရသက်တမ်းတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများကို နေရာပေးရန် အပါအဝင် တန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရပ်များကို တိုင်းရင်းသား ပါတီ များဖက်မှ တင်ပြဆွေးနွေးခဲ့သည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ အောင်မိုးညို က ပြောသည်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ (ယနေ့) တွင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သော NLD ပါတီမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်များ ကချင်ပြည်နယ် မြစ်ကြီးနားတွင် တွေ့ဆုံစဉ်တွင် တိုင်းရင်းသား နိုင်ငံရေး ပါတီ များဖက်မှ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ အောင်မိုးညိုက “အောင်မြင်ပါတယ်။ အကုန်လုံး ညီအစ်ကို မောင်နှမတွေလိုပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာပါ။ သူတို့ တိုင်းရင်းသားတွေက ကိုယ်ပိုင် အုပ်ချုပ်ရေးတို့ ဖက်ဒရယ်ကိစ္စတို့ တန်းတူညီမျှရေး တို့ အဲဒါတွေပြောတယ်။ နောက်တစ်ခါ အစိုးရတို့ လွှတ်တော်တို့မှာ Check and Balance သေချာအောင် ကောင်းအောင်လို့မို့လို့ တိုင်းရင်းသား ပါတီတွေကိုလည်း နေရာပေးစေချင်တယ်။ အဲဒါတွေပြောတာပါ” ဟုပြောသည်။

တိုင်းရင်းသား ပါတီများဖက်မှ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန်နှင့် လက်ရှိ NLD က ကြွေးကြော်ထားသည့် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့ရာတွင် NLD အနေဖြင့် အဓိက ထည့်သွင်းစဉ်းစား ရမည့် အချက်များကို တင်ပြဆွေး နွေးခဲ့သည်ဟု ဆွေးနွေးပွဲတွင်ပါဝင် သူ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ဒေါက်တာ မနမ်တူးဂျာက “NLD အစိုးရ အနေနဲ့ သဘောထားကြီးကြီးထားပြီးမှ ဒီအစိုးရကောင်းတွေ ဖွဲ့ စည်းနိုင် ရေးကို တိုင်းရင်းသား ညီညွှတ်ရေးအစိုးရ ဆိုတဲ့ ပေါ်လစီအောက်မှာပေါ့လေ လုပ်ဆောင်သွား လို့ရှိရင်တော့ အများကြီး အကျိုးရှိ နိုင်တယ်ပေါ့။ အဲဒါတင်ပြတာ။ နောက်ပြီးတော့မှ ဒီ အာဏာ ၃ ရပ်ကို ဥပဒေပြုအာဏာ အုပ်ချုပ်မှုအာဏာ တရားစီရင်ရေး အာဏာဆိုတာ ရှိတယ်။ ဖက်ဒရယ်မူမှာလည်း ရှိ တယ် အဲဒီမှာ အဓိကကတော့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှှုအာဏာက လက်တွေ့မှာ အင်မတန် အရေး ကြီးပါတယ်လို့ ဒီ ၂ ခုက ဘာလဲ ဆိုလို့ရှိရင်တော့ အာဏာချိန်ခွင့်လျှာ ညှိတာ Check and Balance လုပ် နိုင်တယ် ဒီဟာ ၂ ခုဟာ ဒါကြောင့် ဒီဟာကို တာဝန်ယူသွားတဲ့အပိုင်းမှာကျတော့ သီးခြားပါတီ ပါတီခွဲ အဖြစ်တာဝန်ယူသွား တာ ကောင်းတယ်။ ပါတီတစ်ခုတည်း တာဝန်ယူသွားတာမျိုး မဟုတ်ပဲနဲ့ ဝန်ကြီးချုပ် လွှတ်တော် ဥက္ကဋ္ဌ တွေဟာ ပါတီခွဲပြီးမှ တာဝန်ယူူတာ ကောင်းတာဆိုတာ အမြင်တင်ပြတာပါ” ဟုပြော သည်။

NLD ပါတီ၏ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည့် မူပေါ်လစီအသစ်သည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြီးမားသည့် ခြေလှမ်းသစ်ကို စတင်လိုက်သည့်အတွက် သေချာပုံဖော်ရန်လို အပ်ကြောင်းနှင့် NLD အနေဖြင့် ပါတီစွဲမထားပဲ ဗဟိုမှာရော ပြည်နယ်တွေမှာပါ ကောင်းမွန်သည့် အစိုးရတစ်ရပ် ဖြစ်လာ စေရန် တိုင်းရင်းသား ပါတီများနှင့် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု KSPP ဥက္ကဋ္ဌ က ဆို သည်။

တိုင်းရင်းသား အခွင့်အရေးများကို အာမခံချက်ပေးထားသည့် ၁၉၄၇ ပင်လုံကတိကဝတ်များအား အကောင် အ ထည် ဖော်ပေးရေးနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာ မနမ်တူးဂျာ က ဆက်ပြောသည်။

“အဲဒါက ဘယ်အပေါ်မှီတင်လည်းဆိုရင် ၄၇ ပင်လုံညီလာခံနော အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တယ် ကတိကဝတ်စကားတွေထဲမှာ ဒါတည်မှီ်တာ ဖြစ်ပါတယ်။ အဲဒီမှာ ၄၇ ပင်လုံညီလာခံရဲ့ သဘောတူညီချက် သူက အချက်တွေဟာ ၉ ချက်၊ ၉ ချက်ထဲမှာ နံပါတ် ၅ နဲ့ နံပါတ် ၇ က အဓိကကျပါ တယ်။ ဒါပဲ ကျနော် တို့က ရည်ညွှန်းတာဖြစ်တယ်။ အဲဒါမှာ နံပါတ် ၅ ကတော့ ပြည်နယ် တွေမှာကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝရဖို့ပေါ့။ နံပါတ် ၇ ကတော့ ဒီမိုကရေစီ အခွင့်အရေး အားလုံး တန်းတူအခွင့်အရေး ရရှိဖို့ ဒါတွေ ကို ကျနော်တို့က အဓိက ရည်ညွှန်းတာ ဖြစ်တယ်ဆိုတာ ရှင်းပြလိုက်ပါ တယ်”

ယနေ့တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ NLD ပါတီ ရုံးချုပ်တွင်ကျင်းပပြုလုပ်ခဲ့ကြပြီး တိုင်းရင်း သား ပါတီ ၃ ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီ ပါတီသစ် (ကချင်) NDP – K မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ တက် ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၃ ပါတီလုံး၏ တင်ပြချက်များမှာ တူညီမှုရှိသည်ဟု ဒေါက်တာ မနမ်တူးဂျာက ဆိုသည်။

တွေ့ဆုံပွဲသို့ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၊ ဦးဆမ်အောင်၊ ဦးလမာနော်အောင်၊ LUDP မှ ဦးရွှေမင်း၊ ဦးရွှေ လေး၊ ဒီမိုကရေစီပါတီသစ်(ကချင်) NDP- K မှ ဦးခေါတိန့် တို့တက်ရောက်လာကြပြီး NLD ဖက်မှ ဒေါက် တာ အောင်မိုးညို ၊ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံခမ်းနော်ဆမ်၊ တို့ ၃ ဦးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များကို NLD ပါတီ ကိုယ်စားလှယ်များက NLD ဗဟိုသို့ ဆက်လက်တင်ပြဆွေးနွေးကာ ညှိနှိုင်းမှု ရယူသွားမည် ဖြစ်ပြီး ထို မှတစ်ဆင့် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု KSPP ဥက္ကဋ္ဌ က ဆိုသည်။

*** ZAWGYI ***
ကခ်င္ပါတီမ်ားႏွင့္ေတြ႔ဆံုရာ ေအာင္ျမင္မႈရဟု NLD ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁ ရက္။

လာမည့္ အစိုးရသက္တမ္းတြင္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားကို ေနရာေပးရန္ အပါအ၀င္ တန္းတူေရး ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ႏွင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးကိစၥရပ္မ်ားကို တိုင္းရင္းသား ပါတီ မ်ားဖက္မွ တင္ျပေဆြးေႏြးခဲ့သည္ဟု NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမႉး အဖြဲ႔၀င္ ေဒါက္တာ ေအာင္မိုးညိဳ က ေျပာသည္။

၂၀၂၁ ခုႏွစ္ ဇႏၷဝါရီလ ၁ ရက္ေန႔ (ယေန႔) တြင္ ေဒါက္တာ ေအာင္မိုးညိဳ ဦးေဆာင္ေသာ NLD ပါတီမွ ကိုယ္စားလွယ္မ်ားႏွင့္ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသား ႏိုင္ငံေရး ပါတီ မ်ားမွ ကိုယ္စားလွယ္မ်ား ကခ်င္ျပည္နယ္ ျမစ္ၾကီးနားတြင္ ေတြ႕ဆံုစဥ္တြင္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီ မ်ားဖက္မွ တင္ျပေဆြးေႏြးခဲ့ျခင္း ျဖစ္သည္။

ေဒါက္တာ ေအာင္မိုးညိဳက “ေအာင္ျမင္ပါတယ္။ အကုန္လံုး ညီအစ္ကို ေမာင္ႏွမေတြလိုပဲ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတာပါ။ သူတို႔ တိုင္းရင္းသားေတြက ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရးတို႔ ဖက္ဒရယ္ကိစၥတို႔ တန္းတူညီမွ်ေရး တို႔ အဲဒါေတြေျပာတယ္။ ေနာက္တစ္ခါ အစိုးရတို႔ လႊတ္ေတာ္တို႔မွာ Check and Balance ေသခ်ာေအာင္ ေကာင္းေအာင္လို႔မို႔လို႔ တိုင္းရင္းသား ပါတီေတြကိုလည္း ေနရာေပးေစခ်င္တယ္။ အဲဒါေတြေျပာတာပါ” ဟုေျပာသည္။

တိုင္းရင္းသား ပါတီမ်ားဖက္မွ ၁၉၄၇ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တိုင္းရင္းသား ေခါင္းေဆာင္မ်ား ခ်ဳပ္ဆိုခဲ့သည့္ ပင္လံုစာခ်ဳပ္ပါ ကတိက၀တ္မ်ားကို အေကာင္အထည္ေဖာ္ေပးရန္ႏွင့္ လက္ရွိ NLD က ေႂကြးေၾကာ္ထားသည့္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔ရာတြင္ NLD အေနျဖင့္ အဓိက ထည့္သြင္းစဥ္းစား ရမည့္ အခ်က္မ်ားကို တင္ျပေဆြး ေႏြးခဲ့သည္ဟု ေဆြးေႏြးပြဲတြင္ပါ၀င္ သူ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီမွ ဥကၠ႒ ေဒါက္တာမနမ္တူးဂ်ာက ေျပာသည္။

ေဒါက္တာ မနမ္တူးဂ်ာက “NLD အစိုးရ အေနနဲ႔ သေဘာထားႀကီးႀကီးထားၿပီးမွ ဒီအစိုးရေကာင္းေတြ ဖြဲ႔ စည္းႏိုင္ ေရးကို တိုင္းရင္းသား ညီၫႊတ္ေရးအစိုးရ ဆိုတဲ့ ေပၚလစီေအာက္မွာေပါ့ေလ လုပ္ေဆာင္သြား လို႔ရွိရင္ေတာ့ အမ်ားႀကီး အက်ိဳးရွိ ႏိုင္တယ္ေပါ့။ အဲဒါတင္ျပတာ။ ေနာက္ၿပီးေတာ့မွ ဒီ အာဏာ ၃ ရပ္ကို ဥပေဒျပဳအာဏာ အုပ္ခ်ဳပ္မႈအာဏာ တရားစီရင္ေရး အာဏာဆိုတာ ရွိတယ္။ ဖက္ဒရယ္မူမွာလည္း ရွိ တယ္ အဲဒီမွာ အဓိကကေတာ့ ဥပေဒျပဳအာဏာနဲ႔ အုပ္ခ်ဳပ္မွႈအာဏာက လက္ေတြ႕မွာ အင္မတန္ အေရး ႀကီးပါတယ္လို႔ ဒီ ၂ ခုက ဘာလဲ ဆိုလို႔ရွိရင္ေတာ့ အာဏာခ်ိန္ခြင့္လွ်ာ ညွိတာ Check and Balance လုပ္ ႏိုင္တယ္ ဒီဟာ ၂ ခုဟာ ဒါေၾကာင့္ ဒီဟာကို တာ၀န္ယူသြားတဲ့အပိုင္းမွာက်ေတာ့ သီးျခားပါတီ ပါတီခြဲ အျဖစ္တာ၀န္ယူသြား တာ ေကာင္းတယ္။ ပါတီတစ္ခုတည္း တာ၀န္ယူသြားတာမ်ိဳး မဟုတ္ပဲနဲ႔ ၀န္ႀကီးခ်ဳပ္ လႊတ္ေတာ္ ဥကၠ႒ ေတြဟာ ပါတီခြဲၿပီးမွ တာ၀န္ယူူတာ ေကာင္းတာဆိုတာ အျမင္တင္ျပတာပါ” ဟုေျပာ သည္။

NLD ပါတီ၏ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔စည္းမည့္ မူေပၚလစီအသစ္သည္ ျပည္တြင္း ၿငိမ္းခ်မ္းေရး အတြက္ ႀကီးမားသည့္ ေျခလွမ္းသစ္ကို စတင္လိုက္သည့္အတြက္ ေသခ်ာပံုေဖာ္ရန္လို အပ္ေၾကာင္းႏွင့္ NLD အေနျဖင့္ ပါတီစြဲမထားပဲ ဗဟိုမွာေရာ ျပည္နယ္ေတြမွာပါ ေကာင္းမြန္သည့္ အစိုးရတစ္ရပ္ ျဖစ္လာ ေစရန္ တိုင္းရင္းသား ပါတီမ်ားႏွင့္ ပူးေပါင္းညွိႏႈိင္းလုပ္ေဆာင္ရန္ လိုအပ္သည္ဟု KSPP ဥကၠ႒ က ဆို သည္။

တိုင္းရင္းသား အခြင့္အေရးမ်ားကို အာမခံခ်က္ေပးထားသည့္ ၁၉၄၇ ပင္လံုကတိက၀တ္မ်ားအား အေကာင္ အ ထည္ ေဖာ္ေပးေရးႏွင့္ ပတ္သက္၍လည္း ယခုကဲ့သို႔ တင္ျပေဆြးေႏြးခဲ့သည္ဟု ေဒါက္တာ မနမ္တူးဂ်ာ က ဆက္ေျပာသည္။

“အဲဒါက ဘယ္အေပၚမွီတင္လည္းဆိုရင္ ၄၇ ပင္လံုညီလာခံေနာ အဲဒီမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာခဲ့တယ္ ကတိက၀တ္စကားေတြထဲမွာ ဒါတည္မွီ္တာ ျဖစ္ပါတယ္။ အဲဒီမွာ ၄၇ ပင္လံုညီလာခံရဲ႕ သေဘာတူညီခ်က္ သူက အခ်က္ေတြဟာ ၉ ခ်က္၊ ၉ ခ်က္ထဲမွာ နံပါတ္ ၅ နဲ႔ နံပါတ္ ၇ က အဓိကက်ပါ တယ္။ ဒါပဲ က်ေနာ္ တို႔က ရည္ၫႊန္းတာျဖစ္တယ္။ အဲဒါမွာ နံပါတ္ ၅ ကေတာ့ ျပည္နယ္ ေတြမွာကိုယ္ပိုင္ အုပ္ခ်ဳပ္ေရး အျပည့္အ၀ရဖို႔ေပါ့။ နံပါတ္ ၇ ကေတာ့ ဒီမိုကေရစီ အခြင့္အေရး အားလံုး တန္းတူအခြင့္အေရး ရရွိဖို႔ ဒါေတြ ကို က်ေနာ္တို႔က အဓိက ရည္ၫႊန္းတာ ျဖစ္တယ္ဆိုတာ ရွင္းျပလိုက္ပါ တယ္”

ယေန႔ေတြ႕ဆံုပြဲကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ NLD ပါတီ ရံုးခ်ဳပ္တြင္က်င္းပျပဳလုပ္ခဲ့ၾကၿပီး တိုင္းရင္း သား ပါတီ ၃ ခုျဖစ္သည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ လီဆူ အမ်ိဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ LNDP ၊ ဒီမိုကေရစီ ပါတီသစ္ (ကခ်င္) NDP – K မွ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ကိုယ္စားလွယ္မ်ား တက္ ေရာက္ေဆြးေႏြးခဲ့ၾကသည္။

ေဆြးေႏြးပြဲတြင္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီ ၃ ပါတီလံုး၏ တင္ျပခ်က္မ်ားမွာ တူညီမႈရွိသည္ဟု ေဒါက္တာ မနမ္တူးဂ်ာက ဆိုသည္။

ေတြ႕ဆုံပြဲသို႔ KSPP ဥကၠ႒ ေဒါက္တာတူးဂ်ာ၊ ဦးဆမ္ေအာင္၊ ဦးလမာေနာ္ေအာင္၊ LUDP မွ ဦးေ႐ႊမင္း၊ ဦးေ႐ႊ ေလး၊ ဒီမိုကေရစီပါတီသစ္(ကခ်င္) NDP- K မွ ဦးေခါတိန႔္ တို႔တက္ေရာက္လာၾကၿပီး NLD ဖက္မွ ေဒါက္ တာ ေအာင္မိုးညိဳ၊ ေဒၚနန္းခင္ေထြးျမင့္၊ ဦးအင္ထုံခမ္းေနာ္ဆမ္၊ တို႔ ၃ ဦးႏွင့္အတူ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ တို႔ တက္ေရာက္ခဲ့ၾကသည္။

ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသားႏိုင္ငံေရး ပါတီမ်ားမွ ကိုယ္စားလွယ္မ်ား၏ တင္ျပေဆြးေႏြးခ်က္မ်ားကို NLD ပါတီ ကိုယ္စားလွယ္မ်ားက NLD ဗဟိုသို႔ ဆက္လက္တင္ျပေဆြးေႏြးကာ ညွိႏႈိင္းမႈ ရယူသြားမည္ ျဖစ္ၿပီး ထို မွတစ္ဆင့္ ေဆြးေႏြးမႈမ်ား ဆက္လက္ျဖစ္ေပၚလာႏိုင္သည္ဟု KSPP ဥကၠ႒ က ဆိုသည္။