NLD နှင့် တွေ့ဆုံမှုသည် ပါတီ ကိုယ်စားပြုတွေ့ဆုံမှု မဖြစ်၍ ပါတီသဘောထားမဟုတ်ကြောင်း KSPP ပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် KSPP ကိုယ်စားလှယ်များမှ NLD ကိုယ်စားလှယ်များအား သွား ရောက် တွေ့ဆုံမှုသည် ပါတီ၏ သဘောထား မဟုတ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “သွားတွေ့တဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေလည်း ကျနော်တို့ ဒီကနေ့ ကိုယ် စား မပြုပါဘူး။ KSPP ရဲ့ ကိုယ်စားပြုပြီးမှ သွားရောက်ခဲ့ခြင်း မဟုတ်ပါဘူး။ ကျနော်အနေနဲ့ ပါတီ CEC အနေနဲ့ ဒီဟာကို ကိုယ်စားပြုခြင်း မဟုတ်ဘူးဆိုတာကို ကျနော်တို့ တင်ပြလိုခြင်းဖြစ်ပါတယ်” ဟု ပြော သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ ယမန်နေ့က ပြုလုပ်သည့် ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စား လှယ်များကို ပါတီကိုယ်စားပြု အနေဖြင့်သာ တွေ့ ဆုံဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် “ကျနော်တို့ UEC ကနေ ကျနော်တို့ ဆုံးဖြတ်ထားတာက ပါတီအနေနဲ့ ပါတီကနေ ကိုယ်စားပြုတဲ့ အနေနဲ့ တွေ့ဖို့ပဲကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့်လဲ ကျနော်တို့ ပြန်အကြောင်းကြားပါတယ်။ ဦးအင်ထုံနော်ခမ်းကို အကြောင်းကြားပြီးမှ ဒါပေမယ့် သူတို့ အနေနဲ့တော့ လွှတ်တော် ကိုယ်စားလှယ် တွေ နဲ့ပဲ တွေ့ပြီးမှ တွေ့မယ်ဆိုတဲ့ဟာမျိုးဆုံးဖြတ်ပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်း ဟု ဆက် ပြောသည်။

ယခုတွေ့ဆုံမှုတွေ KSPP ပါတီအနေဖြင့် ၎င်းတို့ ပါတီ၏ ကိုယ်စားလှယ်များ NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်ကိစ္စကို ပါတီကိုယ်စားပြုအနေဖြင့် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သော်လည်း NLD ဘက်က ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များနှင့်သာ တွေ့ဆုံရန်ဖြစ်ကြောင်း ပြောဆိုလာ သည်ဟု ပြောသည်။

အဆိုပါ သဘောထားမှာ KSPP ပါတီ၏ သဘောထားမဟုတ်ဟု KSPP ဒု-ဥက္ကဋ္ဌ (၂) ဦးကွမ်ဂေါင် အောင်ခမ်း က ပြောသည်။

ထို့ကြောင့် NLD ပါတီမှ ကိုယ်စားလှယ်များနှင့် KSPP ပါတီမှ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ၊ ဦးဆမ် အောင်၊ ဦးလမာနော်အောင်တို့၏ တွေ့ဆုံမှုသည် ပါတီကို ကိုယ်စားပြုမှု မဟုတ်ကြောင်း ဦးကွမ်ဂေါင်အောင် ခမ်း က ဆက်ပြောသည်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ (ယနေ့) တွင် NLD ပါတီမှ ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် အဖွဲ့နှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့ ကချင်ပြည်နယ် မြစ်ကြီးမြို့ NLD ပါတီ ဗဟိုရုံးချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် NLD ပါတီက အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့သည့်အခါတွင် တိုင်းရင်းသား ပါတီများ ကို နေရာပေးရန် အပါအဝင် အမျိုးသား တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင်၊ ဖက်ဒရယ် ဒီမိုကရေစီ တည် ဆောက်ရေးနှင့် ၁၉၄၇ ပင်လုံကတိကဝတ်တို့ကို အကောင်အထည်ဖော်ပေးရန် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့သည်ဟု ဒေါက်တာ အောင်မိုးညိုက ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ရှိ တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ၏ တင်ပြ ဆွေးနွေးချက်များကို NLD ပါတီ ကိုယ်စားလှယ်များက NLD ဗဟိုသို့ ဆက်လက်တင်ပြဆွေးနွေးကာ ညှိနှိုင်းမှု ရယူသွားမည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကလည်း ပြောသည်။

NLD နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များမှာ ပါတီ ၃ ခုမှ ဖြစ်ပြီး ယင်းပါတီများမှာ ကချင်ပြည် နယ် ပြည်သူ့ ပါတီ KSPP၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ၊ ဒီမိုကရေစီ ပါတီသစ် (ကချင်) NDP – K မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ တက် ရောက်ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ၊ ဦးဆမ်အောင်၊ ဦးလမာနော်အောင်၊ LUDP မှ ဦးရွှေမင်း၊ ဦးရွှေလေး၊ ဒီမိုကရေစီပါတီသစ်(ကချင်) NDP- K မှ ဦးခေါတိန့် တို့တက်ရောက်လာကြပြီး NLD ဖက်မှ ဒေါက်တာ အောင်မိုးညို ၊ဒေါ်နန်းခင်ထွေးမြင့်၊ ဦးအင်ထုံခမ်းနော်ဆမ်၊ တို့ ၃ ဦးနှင့်အတူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့ တက်ရောက်ခဲ့ကြသည်။

*** ZAWGYI ***
NLD နွင့္ ေတြ႔ဆံုမႈသည္ ပါတီ ကိုယ္စားျပဳေတြ႔ဆံုမႈ မျဖစ္၍ ပါတီသေဘာထားမဟုတ္ေၾကာင္း KSPP ေျပာ

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁ ရက္။

ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ KSPP ကိုယ္စားလွယ္မ်ားမွ NLD ကိုယ္စားလွယ္မ်ားအား သြား ေရာက္ ေတြ႕ဆံုမႈသည္ ပါတီ၏ သေဘာထား မဟုတ္ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ေအာင္ခမ္း က ေျပာသည္။

ဦးကြမ္ေဂါင္ေအာင္ခမ္းက “သြားေတြ႕တဲ့ က်ေနာ္တို႔ ကိုယ္စားလွယ္ေတြလည္း က်ေနာ္တို႔ ဒီကေန႔ ကိုယ္ စား မျပဳပါဘူး။ KSPP ရဲ႕ ကိုယ္စားျပဳၿပီးမွ သြားေရာက္ခဲ့ျခင္း မဟုတ္ပါဘူး။ က်ေနာ္အေနနဲ႔ ပါတီ CEC အေနနဲ႔ ဒီဟာကို ကိုယ္စားျပဳျခင္း မဟုတ္ဘူးဆိုတာကို က်ေနာ္တို႔ တင္ျပလိုျခင္းျဖစ္ပါတယ္” ဟု ေျပာ သည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ပါတီ၏ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ယမန္ေန႔က ျပဳလုပ္သည့္ ပါတီ ဗဟို အလုပ္အမႈေဆာင္အဖြဲ႔ CEC အစည္းအေ၀းတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီမွ ကိုယ္စား လွယ္မ်ားကို ပါတီကိုယ္စားျပဳ အေနျဖင့္သာ ေတြ႕ ဆံုေဆြးေႏြးသြားရန္ ဆံုးျဖတ္ခဲ့သည္။

သို႔ေသာ္ “က်ေနာ္တို႔ UEC ကေန က်ေနာ္တို႔ ဆံုးျဖတ္ထားတာက ပါတီအေနနဲ႔ ပါတီကေန ကိုယ္စားျပဳတဲ့ အေနနဲ႔ ေတြ႕ဖို႔ပဲက်ေနာ္တို႔ ဆံုးျဖတ္ထားပါတယ္။ ဒါေၾကာင့္လဲ က်ေနာ္တို႔ ျပန္အေၾကာင္းၾကားပါတယ္။ ဦးအင္ထံုေနာ္ခမ္းကို အေၾကာင္းၾကားၿပီးမွ ဒါေပမယ့္ သူတို႔ အေနနဲ႔ေတာ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ေတြ နဲ႔ပဲ ေတြ႕ၿပီးမွ ေတြ႕မယ္ဆိုတဲ့ဟာမ်ိဳးဆံုးျဖတ္ပါတယ္။ ဆိုေတာ့ ဒီဆံုးျဖတ္ခ်က္ဟာ သူတို႔ရဲ႕ ဆံုးျဖတ္ခ်က္ပဲ ျဖစ္တယ္” ဟု ဦးကြမ္ေဂါင္ေအာင္ခမ္း ဟု ဆက္ ေျပာသည္။

ယခုေတြ႕ဆံုမႈေတြ KSPP ပါတီအေနျဖင့္ ၎တို႔ ပါတီ၏ ကိုယ္စားလွယ္မ်ား NLD ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံုမည့္ကိစၥကို ပါတီကိုယ္စားျပဳအေနျဖင့္ သြားေရာက္ေတြ႕ဆံုရန္ ဆံုးျဖတ္ခဲ့ေသာ္လည္း NLD ဘက္က ၂၀၂၀ ေရြးေကာက္ပြဲတြင္ အႏုိင္ရရွိခဲ့သည့္ ကိုယ္စားလွယ္မ်ားႏွင့္သာ ေတြ႕ဆံုရန္ျဖစ္ေၾကာင္း ေျပာဆိုလာ သည္ဟု ေျပာသည္။

အဆုိပါ သေဘာထားမွာ KSPP ပါတီ၏ သေဘာထားမဟုတ္ဟု KSPP ဒု-ဥကၠ႒ (၂) ဦးကြမ္ေဂါင္ ေအာင္ခမ္း က ေျပာသည္။

ထုိ႔ေၾကာင့္ NLD ပါတီမွ ကိုယ္စားလွယ္မ်ားႏွင့္ KSPP ပါတီမွ ပါတီ ဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာ၊ ဦးဆမ္ ေအာင္၊ ဦးလမာေနာ္ေအာင္တို႔၏ ေတြ႕ဆံုမႈသည္ ပါတီကို ကိုယ္စားျပဳမႈ မဟုတ္ေၾကာင္း ဦးကြမ္ေဂါင္ေအာင္ ခမ္း က ဆက္ေျပာသည္။

၂၀၂၁ ခုႏွစ္ ဇႏၷဝါရီလ ၁ ရက္ေန႔ (ယေန႔) တြင္ NLD ပါတီမွ ေဒါက္တာ ေအာင္မိုးညိဳ ဦးေဆာင္သည့္ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမည့္ အဖြဲ႔ႏွင့္ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္မ်ားတို႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးၿမိဳ႕ NLD ပါတီ ဗဟိုရံုးခ်ဳပ္တြင္ ေတြ႕ဆံုခဲ့ၾကသည္။

ထိုေဆြးေႏြးပြဲတြင္ NLD ပါတီက အမ်ိဳးသား ညီၫႊတ္ေရး အစိုးရဖြဲ႔သည့္အခါတြင္ တိုင္းရင္းသား ပါတီမ်ား ကို ေနရာေပးရန္ အပါအ၀င္ အမ်ိဳးသား တန္းတူေရး ကိုယ္ပိုင္ျပဌာန္းခြင္၊ ဖက္ဒရယ္ ဒီမိုကေရစီ တည္ ေဆာက္ေရးႏွင့္ ၁၉၄၇ ပင္လံုကတိက၀တ္တို႔ကို အေကာင္အထည္ေဖာ္ေပးရန္ ေရြးေကာက္ပြဲတြင္ အႏိုင္ ရရွိခဲ့သည့္ တိုင္းရင္းသားႏိုင္ငံေရး ပါတီမ်ားမွ ကိုယ္စားလွယ္မ်ားက တင္ျပေဆြးေႏြးခဲ့သည္ဟု ေဒါက္တာ ေအာင္မိုးညိဳက ေဆြးေႏြးပြဲအၿပီးတြင္ သတင္းမီဒီယာမ်ားအား ေျပာၾကားခဲ့သည္။

ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသားႏိုင္ငံေရး ပါတီမ်ားမွ ေရြးေကာက္ပြဲ အႏိုင္ရ ကိုယ္စားလွယ္မ်ား၏ တင္ျပ ေဆြးေႏြးခ်က္မ်ားကို NLD ပါတီ ကိုယ္စားလွယ္မ်ားက NLD ဗဟိုသို႔ ဆက္လက္တင္ျပေဆြးေႏြးကာ ညွိႏႈိင္းမႈ ရယူသြားမည္ ျဖစ္ၿပီး ထိုမွတစ္ဆင့္ ေဆြးေႏြးမႈမ်ား ဆက္လက္ျဖစ္ေပၚလာႏိုင္သည္ဟု KSPP ဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာကလည္း ေျပာသည္။

NLD ႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့သည့္ ေရြးေကာက္ပြဲ အနိုင္ရ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားမွာ ပါတီ ၃ ခုမွ ျဖစ္ၿပီး ယင္း ပါတီမ်ားမွာ ကခ်င္ျပည္ နယ္ ျပည္သူ႔ ပါတီ KSPP၊ လီဆူ အမ်ိဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ LNDP ၊ ဒီမိုကေရစီ ပါတီသစ္ (ကခ်င္) NDP – K မွ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ကိုယ္စားလွယ္မ်ား တက္ ေရာက္ေဆြးေႏြးခဲ့ၾကသည္။

ထိုေတြ႕ဆုံေဆြးေႏြးပြဲသို႔ KSPP ဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာ၊ ဦးဆမ္ေအာင္၊ ဦးလမာေနာ္ေအာင္၊ LUDP မွ ဦးေ႐ႊမင္း၊ ဦးေ႐ႊေလး၊ ဒီမိုကေရစီပါတီသစ္(ကခ်င္) NDP- K မွ ဦးေခါတိန႔္ တို႔တက္ေရာက္လာၾကၿပီး NLD ဖက္မွ ေဒါက္တာ ေအာင္မိုးညိဳ ၊ေဒၚနန္ခခင္းေထြးျမင့္၊ ဦးအင္ထုံခမ္းေနာ္ဆမ္၊ တို႔ ၃ ဦးႏွင့္အတူ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္တို႔ တက္ေရာက္ခဲ့ၾကသည္။