ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၀)

ဖားကန့် ဒေသအတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု၊ နွံကန်ပေါက်ကျမှုများ လျော့နည်းပြီး လူအသေ အပျောက် လျော့နည်းအောင် ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရက ဘာတွေလုပ်နေလဲ၊ ဖားကန့်ဖြစ်စဉ်တွေနဲ့ ပတ် သက်ပြီး အစိုးရက ဘာလို့ ကိုင်တွယ်မရှင်းနိုင်ရတာလဲ၊ ချမှတ်ထားတဲ့ ဥပဒေတွေကို ကျောက်စိမ်းတူး ဖော်ရေး ကုမ္ပဏီတွေက ဘယ်လောက်အထိ လိုက်နာမှုရှိပါသလဲ၊ လိုက်နာမှု မရှိတဲ့ ကုမ္ပဏီတွေကိုရော အစိုးရက ဘယ်လို အရေးယူမှုတွေ လုပ်ဆောင်နေသလဲ…

ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူမှုတွေ မလုပ်ဆောင်နိုင်တာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ဘာပြောထားပါသလဲ။ ဒေသခံတွေနဲ့ ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေက အဲ့ဒီအပေါ် ဘယ်လိုထောက်ပြသုံးသပ်ထားကြပါသလဲ…ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ပြီး လုပ်ဆောင်မယ်ဆိုရင်ရော ဘယ်လိုမျိုးပြောင်းလဲလာနိုင်လဲ…စတာတွေကို စုစည်းတင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈း၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂း၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

*** ZAWGYI ***


