ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၁)
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရန်အတွက် တိုင်းရင်းသား မိတ် ဖက်ပါတီ ၅ ခုမှ လူငယ်တွေက ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေးမှာ မျှတတဲ့ ကိုယ်စားပြုမှုရှိဖို့ ရည်ရွယ်ပြီး မဟာမိတ်ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့လည်း တိုင်းရင်း သားလူငယ်တွေက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း အနေအထားအရ ဒီမိုက ရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် တိုင်းရင်းသားပါတီတွေအနေနဲ့ အတူတကွ မဟာမိတ်ဖွဲ့ကာ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ပါတီလူငယ်ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ဘာတွေကိုဆွေးနွေးခဲ့ကြပါသလဲ၊ လူငယ်တွေကရော ဘာ့ကြောင့် တိုင်းရင်းသားပါတီတွေကို ပိုမိုဝန်းရံလာကြတာလဲ…. စုစည်းတင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
*** ZAWGYI ***