ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၂)

အစိုးရအဆက်ဆက်မှာလည်း လူငယ်တွေကို နိုင်ငံရေးကဏ္ဍစိတ်မဝင်စားအောင် ခြိမ်းခြောက်မှုတွေ ရှိခဲ့တဲ့ အပြင် လူငယ်တွေကိုလည်း နေရာမပေးခဲ့ကြဘူးလို့ ဆိုကြပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် စတဲ့ တိုင်းရင်းသားပါတီက လူငယ်တွေကတော့ နိုင်ငံရေးမှာ မျှတတဲ့ ကိုယ် စားပြုမှုရှိဖို့ ရည်ရွယ်ပြီး မဟာမိတ် ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေကြတယ်လို့ ပြောကြပါတယ်။ အစိုးရ အာဏာပိုင်တွေက လူငယ်တွေရဲ့ ပါဝင်ပတ်သက်မှုကို စိတ်ဝင်စားတယ်လို့ ဆိုပေမယ့် အရေးကြီးတယ် လို့ အကြိမ်ကြိမ်ပြောနေကြပေမယ့် လူငယ်တွေ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ပြုပြင်ပြောင်းလဲမှု၊ ပညာရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး ပါဝင်လာ နိုင်အောင် ဆောင်ရွက်သူ၊ လက်တွဲခေါ်သူကတော့ နည်းနေဆဲပဲ လို့ ဆိုကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့အစိုးရလက်ထက်မှာတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍဘယ်လိုရှိနေလဲ…. လူငယ်တွေက ဖက်ဒရယ်ဆိုတာကို ဘယ်လိုနားလည်ထားကြသလဲ… စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

*** ZAWGYI ***


