ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၃)

၂၁ ရာစုပင်လုံညီလာခံ စတုတ္တအစည်းအဝေးကို သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက် တာ ကျင်းပ ခဲ့ကြပြီး ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ကိုလည်း လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ ဒီညီလာခံမှာ ခေါင်းဆောင်ကြီးတွေရဲ့ မိန့်ခွန်းတွေက ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကို ပြောဆိုနေပေမယ့် တဖက်မှာလည်း ဝေါဟာရအသုံးအနှုန်းတွေအပေါ်မှာ မတူညီတဲ့ အမြင် တွေက ရှိနေကြတယ်ဆိုတာ သူတို့ရဲ့ မိန့်ခွန်းတွေကို နားထောင်ရင် သိနိုင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေထဲ ဘာတွေ ပြောဆိုခဲ့ပြီး ဘယ်အချက်တွေမှာ အမြင်မတူကြ တာလဲ၊ ဒီအနေအထားမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေ ရှိနေပါသလဲ…စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။

*** ZAWGYI ***


