အစိုးရသစ်တွင် ဖိတ်ခေါ်ပါက ပါဝင်မည်ဟု ကချင်ပါတီဥက္ကဌ ဒေါက်တာ မနမ်တူးဂျာပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ဖွဲ့စည်းမည့် အစိုးရ သစ်တွင် ပါဝင်ရန် ပြောဆိုလာပါက ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

ဒေါက်တာမနမ်တူးဂျာက “ပါတီထောင်တယ်ဆိုတာလည်း ပြည်သူလူထုအကျိုးကို သယ်ပိုးဖို့ဖြစ်တာကိုး သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသားနဲ့ ဒါကျနော်တို့က တက်တက်ကြွကြွနဲ့ လုပ်ဆောင်သွားမှာပဲ။ ဘာတာဝန်ပဲ ပေးပေး ကျနော်လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

ထို့အပြင် ပြည်သူ့အကျိုး သယ်ပိုးရန် စိတ်ဆုံးဖြတ်ထားသည့်အတွက် ပေးလာသည့် တာဝန်များကို ကျေ ပွန်စွာ ထမ်းဆောင်သွားမည်ဟု ဆိုသည်။

ဒေါက်တာမနမ်တူးဂျာက “ကျနော်တို့က စိတ်ပိုင်းဖြတ်ထားတာပဲ ပြည်သူလူထုအကျိုးကို ဘယ်ထောင့် ဘယ်နေရာကပဲ ဖြစ်ဖြစ် ကျနော်တို့ ကြိုးစားပြီး လုပ်ဆောင်မယ်။ ကျနော်တို့ ပေးတဲ့ တာဝန်ကျေပြွန်အောင် တော့ ကျနော်ကြိုး စားမှာပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁ ရက်နေ့က ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား နိုင်ငံရေးပါတီ ၃ ခုမှ ရွေး ကောက်ပွဲတွင် အနိုင်ရရှိထားသည့် ကိုယ်စားလှယ်များက NLD ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

သို့သော် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီ၏ ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြုလုပ်သည့် ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စား လှယ်များကို ပါတီကိုယ်စား ပြုအနေ ဖြင့်သာ တွေ့ ဆုံဆွေးနွေးသွားရန် ဆုံးဖြတ် ခဲ့သည့်အတွက် အဆိုပါ တွေ့ဆုံမှုသည် ပါတီကို ကိုယ်စားပြုမှု မဟုတ်ကြောင်း KSPP ပါတီ ဒု-ဥက္ကဋ္ဌ- ၂ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

ထိုဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာနှင့်အတူ ဦးဆမ်အောင်၊ ဦးလမာနော်အောင်တို့ တက်ရောက်ခဲ့ကြပြီး NLD မှ ၎င်းတို့ ကြွေးကြော်ထားသည့် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းမည်ဆိုပါက အာဏာကြီး ၃ ရပ်တွင် တိုင်းရင်း သား ပါတီများကိုလည်း နေရာပေးရန် တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲ တွင်ပါဝင်သူ ကချင် ပြည်နယ် ပြည်သူ့ပါ တီမှ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

ဒေါက်တာ မနမ်တူးဂျာက “ဒီအစိုးရကောင်းတွေ ဖွဲ့ စည်းနိုင် ရေးကို တိုင်းရင်းသား ညီညွှတ်ရေးအစိုးရ ဆို တဲ့ ပေါ်လစီအောက်မှာပေါ့လေ လုပ်ဆောင်သွား လို့ရှိရင်တော့ အများကြီး အကျိုးရှိ နိုင်တယ်ပေါ့။ အဲဒါတင် ပြတာ။ နောက်ပြီးတော့မှ ဒီအာဏာ ၃ ရပ်ကို ဥပဒေပြု အာဏာ အုပ်ချုပ်မှုအာဏာ တရားစီရင်ရေး အာ ဏာ ဆိုတာ ရှိတယ်။ ဖက်ဒရယ်မူမှာလည်း ရှိတယ်။ အဲဒီမှာ အဓိကကတော့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှှု အာဏာက လက်တွေ့မှာ အင်မတန် အရေးကြီးပါတယ်လို့ ဒီ ၂ ခုက ဘာလဲ ဆိုလို့ရှိရင်တော့ အာဏာ ချိန် ခွင် လျှာညှိတာ Check and Balance လုပ်နိုင်တယ် ဒီဟာ ၂ ခုဟာ။ ဒါကြောင့် ဒီဟာကို တာဝန်ယူ သွား တဲ့ အပိုင်းမှာကျတော့ သီးခြားပါတီ ပါတီခွဲ အဖြစ်တာဝန်ယူသွားတာ ကောင်းတယ်။ ပါတီတစ်ခုတည်း တာ ဝန်ယူသွားတာမျိုး မဟုတ်ပဲနဲ့ ဝန်ကြီးချုပ် လွှတ်တော် ဥက္ကဋ္ဌတွေဟာ ပါတီခွဲပြီးမှ တာဝန်ယူူတာ ကောင်း တာဆိုတာ အမြင်တင်ပြတာပါ” ဟု ပြောသည်။

ထို့အပြင် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံ စာချုပ်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန်လည်း တင်ပြခဲ့ပြီး ပင်လုံစာချုပ်ထဲမှ ပါဝင်သည့် အချက် ကိုးချက်အနက် အချက် ၅ တွင် ပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ ရရှိရေး နှင့် အချက် ၇ တွင် ပါဝင်သည့် ဒီမိုကရေစီ အခွင့်အရေး၊ တန်းတူအခွင့်အရေး ရရှိရေးတို့ကို အဓိကထားရှင်းပြခဲ့သည်ဟု ဆိုသည်။

ဇန္နဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် NLD နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပါတီများမှ ရွေးကောက်ပွဲ တွင် အနိုင်ရ ရှိခဲ့သည့် ကိုယ်စားလှယ်များဆွေးနွေပွဲသို့ KSPP ကိုယ်စားလှယ်များအပါအဝင် လီဆူအမျိုး သား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ LNDP နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) NDP- K မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

*** ZAWGYI ***
အစိုးရသစ္တြင္ ဖိတ္ေခၚပါက ပါဝင္မည္ဟု ကခ်င္ပါတီဥကၠဌ ေဒါက္တာ မနမ္တူးဂ်ာေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၇ ရက္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီမွ ဖြဲ႔စည္းမည့္ အစိုးရ သစ္တြင္ ပါ၀င္ရန္ ေျပာဆိုလာပါက ပူးေပါင္းလုပ္ေဆာင္သြားမည္ဟု ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာက ေျပာသည္။

ေဒါက္တာမနမ္တူးဂ်ာက “ပါတီေထာင္တယ္ဆိုတာလည္း ျပည္သူလူထုအက်ိဳးကို သယ္ပိုးဖို႔ျဖစ္တာကိုး သတၱိရွိရွိနဲ႔ ျပတ္ျပတ္သားသားနဲ႔ ဒါက်ေနာ္တို႔က တက္တက္ႂကြႂကြနဲ႔ လုပ္ေဆာင္သြားမွာပဲ။ ဘာတာ၀န္ပဲ ေပးေပး က်ေနာ္လုပ္ေဆာင္သြားမယ္” ဟု ေျပာသည္။

ထို႔အျပင္ ျပည္သူ႔အက်ိဳး သယ္ပိုးရန္ စိတ္ဆံုးျဖတ္ထားသည့္အတြက္ ေပးလာသည့္ တာ၀န္မ်ားကို ေက် ပြန္စြာ ထမ္းေဆာင္သြားမည္ဟု ဆိုသည္။

ေဒါက္တာမနမ္တူးဂ်ာက “က်ေနာ္တို႔က စိတ္ပိုင္းျဖတ္ထားတာပဲ ျပည္သူလူထုအက်ိဳးကို ဘယ္ေထာင့္ ဘယ္ေနရာကပဲ ျဖစ္ျဖစ္ က်ေနာ္တို႔ ႀကိဳးစားၿပီး လုပ္ေဆာင္မယ္။ က်ေနာ္တို႔ ေပးတဲ့ တာ၀န္ေက်ျပြန္ေအာင္ ေတာ့ က်ေနာ္ႀကိဳး စားမွာပဲ” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ဇႏၷဝါရီလ ၁ ရက္ေန႔က ကခ်င္ျပည္နယ္အတြင္းရွိ တိုင္းရင္းသား ႏိုင္ငံေရးပါတီ ၃ ခုမွ ေရြး ေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ ကိုယ္စားလွယ္မ်ားက NLD ပါတီမွ ကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆံု ေဆြးေႏြးခဲ့ၾကသည္။

သို႔ေသာ္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ပါတီ၏ ဒီဇင္ဘာလ ၃၁ ရက္ေန႔က ျပဳလုပ္သည့္ ပါတီ ဗဟို အလုပ္အမႈေဆာင္အဖြဲ႔ CEC အစည္းအေ၀းတြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီမွ ကိုယ္စား လွယ္မ်ားကို ပါတီကိုယ္စား ျပဳအေန ျဖင့္သာ ေတြ႕ ဆံုေဆြးေႏြးသြားရန္ ဆံုးျဖတ္ ခဲ့သည့္အတြက္ အဆိုပါ ေတြ႕ဆံုမႈသည္ ပါတီကို ကိုယ္စားျပဳမႈ မဟုတ္ေၾကာင္း KSPP ပါတီ ဒု-ဥကၠ႒- ၂ ဦးကြမ္ေဂါင္ေအာင္ခမ္း က ေျပာသည္။

ထိုေဆြးေႏြးပြဲသို႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP မွ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ KSPP ဥကၠ႒ ေဒါက္တာမနမ္တူးဂ်ာႏွင့္အတူ ဦးဆမ္ေအာင္၊ ဦးလမာေနာ္ေအာင္တို႔ တက္ေရာက္ခဲ့ၾကၿပီး NLD မွ ၎တို႔ ေႂကြးေၾကာ္ထားသည့္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔စည္းမည္ဆိုပါက အာဏာႀကီး ၃ ရပ္တြင္ တိုင္းရင္း သား ပါတီမ်ားကိုလည္း ေနရာေပးရန္ တင္ျပခဲ့ေၾကာင္း ေဆြးေႏြးပြဲ တြင္ပါ၀င္သူ ကခ်င္ ျပည္နယ္ ျပည္သူ႔ပါ တီမွ ဥကၠ႒ ေဒါက္တာမနမ္တူးဂ်ာက ေျပာသည္။

ေဒါက္တာ မနမ္တူးဂ်ာက “ဒီအစိုးရေကာင္းေတြ ဖြဲ႔ စည္းႏိုင္ ေရးကို တိုင္းရင္းသား ညီၫႊတ္ေရးအစိုးရ ဆို တဲ့ ေပၚလစီေအာက္မွာေပါ့ေလ လုပ္ေဆာင္သြား လို႔ရွိရင္ေတာ့ အမ်ားႀကီး အက်ိဳးရွိ ႏိုင္တယ္ေပါ့။ အဲဒါတင္ ျပတာ။ ေနာက္ၿပီးေတာ့မွ ဒီအာဏာ ၃ ရပ္ကို ဥပေဒျပဳ အာဏာ အုပ္ခ်ဳပ္မႈအာဏာ တရားစီရင္ေရး အာ ဏာ ဆိုတာ ရွိတယ္။ ဖက္ဒရယ္မူမွာလည္း ရွိတယ္။ အဲဒီမွာ အဓိကကေတာ့ ဥပေဒျပဳအာဏာနဲ႔ အုပ္ခ်ဳပ္မွႈ အာဏာက လက္ေတြ႕မွာ အင္မတန္ အေရးႀကီးပါတယ္လို႔ ဒီ ၂ ခုက ဘာလဲ ဆိုလို႔ရွိရင္ေတာ့ အာဏာ ခ်ိန္ ခြင္ လွ်ာညွိတာ Check and Balance လုပ္ႏိုင္တယ္ ဒီဟာ ၂ ခုဟာ။ ဒါေၾကာင့္ ဒီဟာကို တာ၀န္ယူ သြား တဲ့ အပိုင္းမွာက်ေတာ့ သီးျခားပါတီ ပါတီခြဲ အျဖစ္တာ၀န္ယူသြားတာ ေကာင္းတယ္။ ပါတီတစ္ခုတည္း တာ ၀န္ယူသြားတာမ်ိဳး မဟုတ္ပဲနဲ႔ ၀န္ႀကီးခ်ဳပ္ လႊတ္ေတာ္ ဥကၠ႒ေတြဟာ ပါတီခြဲၿပီးမွ တာ၀န္ယူူတာ ေကာင္း တာဆိုတာ အျမင္တင္ျပတာပါ” ဟု ေျပာသည္။

ထို႔အျပင္ ၁၉၄၇ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ တိုင္းရင္းသား ေခါင္းေဆာင္မ်ား ခ်ဳပ္ဆိုခဲ့သည့္ ပင္လံု စာခ်ဳပ္ပါ ကတိက၀တ္မ်ားကို အေကာင္အထည္ေဖာ္ေပးရန္လည္း တင္ျပခဲ့ၿပီး ပင္လံုစာခ်ဳပ္ထဲမွ ပါ၀င္သည့္ အခ်က္ ကိုးခ်က္အနက္ အခ်က္ ၅ တြင္ ပါ၀င္သည့္ ကိုုယ္ပိုင္အုပ္ခ်ဳပ္ေရး အျပည့္အ၀ ရရွိေရး ႏွင့္ အခ်က္ ၇ တြင္ ပါ၀င္သည့္ ဒီမိုကေရစီ အခြင့္အေရး၊ တန္းတူအခြင့္အေရး ရရွိေရးတို႔ကို အဓိကထားရွင္းျပခဲ့သည္ဟု ဆိုသည္။

ဇႏၷဝါရီလ ၁ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ NLD ႏွင့္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသား ပါတီမ်ားမွ ေရြးေကာက္ပြဲ တြင္ အႏိုင္ရ ရွိခဲ့သည့္ ကိုယ္စားလွယ္မ်ားေဆြးေႏြပြဲသို႔ KSPP ကိုယ္စားလွယ္မ်ားအပါအ၀င္ လီဆူအမ်ိဳး သား ဖြံ႔ၿဖိဳးတိုးတက္ေရး ပါတီ LNDP ႏွင့္ ဒီမိုကေရစီပါတီသစ္(ကခ်င္) NDP- K မွ ကိုယ္စားလွယ္မ်ားလည္း တက္ေရာက္ ေဆြးေႏြးခဲ့ၾကသည္။