အပစ်ရပ် ထိပ်သီးညီလာခံ ကျင်းပရန် မဖြစ်နိုင်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းကို COVID-19 ကပ် ရောဂါအခြေအနေကောင်းမှသာ ကျင်းပနိုင်မည့် အနေအထားတွင် ရှိနေသည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သား များ ဒီမိုကရက်တစ် တပ်ဦး ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
“ဘယ်တော့ ဖြစ်နိုင်မလဲဆိုတော့ ရောဂါ အခြေအနေက အခုက မြန်မာပြည်ဖက်မှာ အခြေအ နေကောင်းလာရင် ထိုင်းဖက်ဖြစ် ထိုင်းဖက် အခြေအနေ ကောင်းလာရင် မြန်မာပြည်ဖြစ် နှစ်နိုင်ငံ အဲလို အပြန်အလှန်ဖြစ်နေတာကိုး ကြည့်နေရ တာပေါ့ ရောဂါ အခြေအနေနော်”
NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ) ပိုင်းကို ပြီးခဲ့ သည့်နှစ် အောက်တိုဘာလကတည်း ပြုလုပ်ရန် စီစဉ်ထားကြသော်လည်း ကပ်ရောဂါ အခြေ အနေများ ကြောင့် တစ်လပြီးတစ်လ ပြောင်းလဲသတ်မှတ်လာသည်မှာ ယခုအချိန်အထိဖြစ်သည်ဟု ဦးမျိုးဝင်း က ဆက် ပြောသည်။
“Date သတ်မှတ်ထားတာ ကြာပြီ အဲဒါတွေ ပြောနေမယ်ဆိုရင်တော့ ဟိုး အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာကတည်းက သတ်မှတ်ထားတာ အခုက လက်တွေ့က လုပ်လို့မှ မရတာကိုး။ လုပ်ချင်တာတော့ အခု ချက်ချင်း လုပ်ချင်တာပေါ့။ လုပ်လို့မှ မရတာပဲ ဘယ်တတ်နိုင်မလဲ။ ဒါက ကိုယ်ဖန်တီးလို့ ရတဲ့ ကိစ္စမျိုး မှ မဟုတ်တာ။”
အပစ်ရပ်အဖွဲ့များ အနေဖြင့် မြန်မာ နှင့် ထိုင်းနိုင်ငံ နယ်စပ်တို့တွင် အခြေပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သည့်အလျောက် နှစ်နိုင်ငံ၏ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် သက်ဆိုင်သည့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာရသည့်အတွက် ပွဲပြုလုပ်မည်ဆိုပါက ခက်ခဲမှု များစွာ ရှိသည်ဟု NCA အပစ်ရပ် ဆယ်ဖွဲ့ထဲတွင် တစ်ဖွဲ့ဖြစ်သည့် ABSDF အဖွဲ့က ဆိုသည်။
ဦးမျိုးဝင်းက “လုပ်မယ်ဆိုတာ သတ်မှတ်ထားတာ ကျော်နေပြီ ဒါပေမယ့် ပြည်တွင်းမှာလည်း လုပ်လို့မရ ဒီထိုင်းဖက်မှာလည်း လုပ်လို့ မရတဲ့ အခြေအနေဖြစ်နေတာကိုး။ အဓိကက ရောဂါ အခြေအနေပါပဲ။ အဲဒီ ရောဂါ အခြေအနေက ဘယ်လောက် အတိုင်းအတာအထိ ခွင့်ပြုနိုင်မလဲပေါ့ EAOs အနေအထားကျတော့ နှစ်နိုင်ငံအပေါ်မှာ နယ်ခြား အခြေခံထားတာကိုး။ နှစ်နိုင်ငံစည်းမျဉ်းစည်းကမ်းနဲ့ သွားသက်ဆိုင်နေတော့ စီစဉ်ရတာလည်း နည်းနည်း အခက်အခဲက ဖြစ်နေတာပေါ့နော်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်အဖွဲ့များ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ပထမ) ပိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြု လုပ်ခဲ့ကြသည်။
အဆိုပါ ညီလာခံတွင် အပစ်ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှုကိစ္စများ၊ PPST မှ ကရင်အမျိုးသား အစည်းအရုံး KNU နုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များ အစရှိသည်များကို ဆွေးနွေးရာတွင် မပြီးပြတ်ခဲ့သည့်အတွက် ညီလာခံ (ဒုတိယ) ပိုင်းကို ဆက်လက်ပြုလုပ်ရန် မေလ ၁၈ ရက် နေ့ အစည်းအဝေးတွင် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။
ညီလာခံကို တစ်လအတွင်း ထပ်မံကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း များ မှာ ဆွေးနွေးပွဲများကြောင့် အားလပ်မှုမရှိခြင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခြင်းများ ကြောင့် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်နိုင် ခြင်းမရှိပဲ ကြန့်ကြာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။
*** ZAWGYI ***
အပစ္ရပ္ ထိပ္သီးညီလာခံ က်င္းပရန္ မျဖစ္ႏိုင္ေသး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၈ ရက္။
NCA အပစ္ရပ္ အဖြဲ႔မ်ား၏ စတုတၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ (ဒုတိယ) ပိုင္းကို COVID-19 ကပ္ ေရာဂါအေျခအေနေကာင္းမွသာ က်င္းပႏိုင္မည့္ အေနအထားတြင္ ရွိေနသည္ဟု ျမန္မာႏိုင္ငံလံုး ဆိုင္ရာ ေက်ာင္း သား မ်ား ဒီမိုကရက္တစ္ တပ္ဦး ABSDF ဒု-ဥကၠ႒ ဦးမ်ိဳး၀င္းက ေျပာသည္။
“ဘယ္ေတာ့ ျဖစ္ႏိုင္မလဲဆိုေတာ့ ေရာဂါ အေျခအေနက အခုက ျမန္မာျပည္ဖက္မွာ အေျခအ ေနေကာင္းလာရင္ ထိုင္းဖက္ျဖစ္ ထိုင္းဖက္ အေျခအေန ေကာင္းလာရင္ ျမန္မာျပည္ျဖစ္ ႏွစ္ႏိုင္ငံ အဲလို အျပန္အလွန္ျဖစ္ေနတာကိုး ၾကည့္ေနရ တာေပါ့ ေရာဂါ အေျခအေနေနာ္”
NCA အပစ္ရပ္ အဖြဲ႔မ်ား၏ စတုတၳအႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား ညီလာခံ (ဒုတိယ) ပိုင္းကို ၿပီးခဲ့ သည့္ႏွစ္ ေအာက္တိုဘာလကတည္း ျပဳလုပ္ရန္ စီစဥ္ထားၾကေသာ္လည္း ကပ္ေရာဂါ အေျခ အေနမ်ား ေၾကာင့္ တစ္လၿပီးတစ္လ ေျပာင္းလဲသတ္မွတ္လာသည္မွာ ယခုအခ်ိန္အထိျဖစ္သည္ဟု ဦးမ်ိဳး၀င္း က ဆက္ ေျပာသည္။
“Date သတ္မွတ္ထားတာ ၾကာၿပီ အဲဒါေတြ ေျပာေနမယ္ဆိုရင္ေတာ့ ဟိုး ေအာက္တိုဘာ ႏို၀င္ဘာ ဒီဇင္ဘာကတည္းက သတ္မွတ္ထားတာ အခုက လက္ေတြ႕က လုပ္လို႔မွ မရတာကိုး။ လုပ္ခ်င္တာေတာ့ အခု ခ်က္ခ်င္း လုပ္ခ်င္တာေပါ့။ လုပ္လို႔မွ မရတာပဲ ဘယ္တတ္ႏိုင္မလဲ။ ဒါက ကိုယ္ဖန္တီးလို႔ ရတဲ့ ကိစၥမ်ိဳး မွ မဟုတ္တာ။”
အပစ္ရပ္အဖြဲ႔မ်ား အေနျဖင့္ ျမန္မာ ႏွင့္ ထိုင္းႏိုင္ငံ နယ္စပ္တို႔တြင္ အေျချပဳထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားျဖစ္သည့္အေလ်ာက္ ႏွစ္ႏိုင္ငံ၏ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ သက္ဆိုင္သည့္ စည္းကမ္း သတ္မွတ္ခ်က္မ်ားကို လိုက္နာရသည့္အတြက္ ပြဲျပဳလုပ္မည္ဆိုပါက ခက္ခဲမႈ မ်ားစြာ ရွိသည္ဟု NCA အပစ္ရပ္ ဆယ္ဖြဲ႔ထဲတြင္ တစ္ဖြဲ႔ျဖစ္သည့္ ABSDF အဖြဲ႔က ဆိုသည္။
ဦးမ်ိဳး၀င္းက “လုပ္မယ္ဆိုတာ သတ္မွတ္ထားတာ ေက်ာ္ေနၿပီ ဒါေပမယ့္ ျပည္တြင္းမွာလည္း လုပ္လို႔မရ ဒီထိုင္းဖက္မွာလည္း လုပ္လို႔ မရတဲ့ အေျခအေနျဖစ္ေနတာကိုး။ အဓိကက ေရာဂါ အေျခအေနပါပဲ။ အဲဒီ ေရာဂါ အေျခအေနက ဘယ္ေလာက္ အတိုင္းအတာအထိ ခြင့္ျပဳႏိုင္မလဲေပါ့ EAOs အေနအထားက်ေတာ့ ႏွစ္ႏိုင္ငံအေပၚမွာ နယ္ျခား အေျခခံထားတာကိုး။ ႏွစ္ႏိုင္ငံစည္းမ်ဥ္းစည္းကမ္းနဲ႔ သြားသက္ဆိုင္ေနေတာ့ စီစဥ္ရတာလည္း နည္းနည္း အခက္အခဲက ျဖစ္ေနတာေပါ့ေနာ္” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ေမလ ၁၄ ရက္ကေန ၁၈ ရက္ေန႔အထိ အပစ္ရပ္အဖြဲ႔မ်ား၏ စတုတၳ အႀကိမ္ေျမာက္ ထိပ္သီးေခါင္းေဆာင္မ်ား၏ ညီလာခံ (ပထမ) ပိုင္း အစည္းအေ၀းကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ က်င္းပျပဳ လုပ္ခဲ့ၾကသည္။
အဆိုပါ ညီလာခံတြင္ အပစ္ရပ္ အဖြဲ႔မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST စုဖြဲ႔မႈကိစၥမ်ား၊ PPST မွ ကရင္အမ်ိဳးသား အစည္းအရံုး KNU ႏုတ္ထြက္စာတင္ထားသည့္ ကိစၥရပ္မ်ား အစရွိသည္မ်ားကို ေဆြးေႏြးရာတြင္ မၿပီးျပတ္ခဲ့သည့္အတြက္ ညီလာခံ (ဒုတိယ) ပိုင္းကို ဆက္လက္ျပဳလုပ္ရန္ ေမလ ၁၈ ရက္ ေန႔ အစည္းအေ၀းတြင္ သေဘာတူထားခဲ့ၾကျခင္း ျဖစ္သည္။
ညီလာခံကို တစ္လအတြင္း ထပ္မံက်င္းပျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း သက္ဆိုင္ရာ အဖြဲ႕အစည္း မ်ား မွာ ေဆြးေႏြးပြဲမ်ားေၾကာင့္ အားလပ္မႈမရွိျခင္း၊ ထုိ႔အျပင္ COVID-19 ကပ္ေရာဂါ ျဖစ္ပြားလာျခင္းမ်ား ေၾကာင့္ ေဆြးေႏြးပြဲမ်ား က်င္းပ ျပဳလုပ္ႏိုင္ ျခင္းမရွိပဲ ၾကန႔္ၾကာေနသည္မွာ ယေန႔အခ်ိန္အထိျဖစ္သည္။
တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားမွာ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္ တစ္တပ္ဦး ABSDF ၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNLA/PC ၊ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO၊ ရခိုင္ ျပည္လြတ္ေျမာက္ေရးပါတီ ALP ၊ ရွမ္းျပည္ျပန္ လည္ထူေထာင္ေရး ေကာင္စီ RCSS ၊ ကရင္အမ်ိဳးသား ဒီမို ေရစီအက်ိဳးျပဳတပ္မေတာ္ DKBA ၊ မြန္ျပည္သစ္ ပါတီ NMSP ႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး LDU တို႔ ျဖစ္သည္။