မွန်ပြည်နယ်တွင် မူးယစ်ဆေး ဖမ်းဆီးရမှု နှစ်ဆတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ဇန္နဝါရီလ ၈ ရက်။

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ယခင်နှစ်ကထက် နှစ်ဆနီးပါး များ သည် ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုစာရင်းများ အရ သိရသည်။

၂၀၁၉ ခုနှစ်က ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၄၆၀ မှုရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ လအထိ ဖမ်းဆီးရမိမှုသည် ၇၇၁ မှုရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မူးယစ်ဆေးဝါးကတော့ အမြတ်အစွန်းကြီးမားတဲ့ကိစ္စဆိုတဲ့အခါကျတော့ ဒီမူးယစ်ဆေးဝါးက ထောင် ၁၀ နှစ် တို့ ၁၅ နှစ်တို့ ဘယ်လောက်ပဲပြောပြော ငွေရလွယ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာက ဘယ်လိုမှ တားမရ ထိန်းမနိုင်အောင် ကြီးထွားလာတာပေါ့နော်။ နောက်ပြီးတော့ ဒီလူတွေ ထောင်ထဲရောက်သွားလို့ အပြစ်ကျပြီး ပြန်ထွက်လာရင်လည်း ဒီအလုပ်ကိုပဲ ထပ်လုပ်တဲ့အတွက်ကြောင့် ဒီမူးယစ်ဆေးဝါးက ပိုပြီး ကြီး ထွားလာတာ” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများတွင် WY ဆေးပြားအမှု အများဆုံးပါဝင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှု အခြေအနေသည် တားဆီး၍ မရနိုင်လောက်အောင် ကြီးထွားလာနေသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် အတူ လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိသည့်ဖြစ်စဉ်များလည်း ရှိလာသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) က ဆက်ပြောသည်။

မွန်ပြည်သူလူထုများအကြား အထူးသဖြင့် လူငယ်များအကြား ကျယ်ပြန့်စွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ပြဿ နာများ ကို မွန်ပြည်သစ်ပါတီကလည်း အရှိန်မြှင့် ကိုယ်တွယ်လာခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ရောင်းဝယ်ဖောက် ကားသူများကို ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေသည်။

မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေသူအချို့သည် လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် ဆက်နွယ်မှုရှိနေပြီး အဆိုပါ ဖြစ်စဉ်မျိုးကြောင့် ကိုင်တွယ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ က ပြောသည်။

“လုပ်ငန်းအကြီးလုပ်တဲ့သူကျတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာရှိတယ်၊ ကျနော် တို့ ဖမ်းမိ ထားတာလည်းရှိတယ်” ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် ဥက္ကဋ္ဌ နိုင်ဧက က ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ဖမ်းဆီးရမိလျှင် ရောင်းဝယ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ငွေ ဒဏ်ကိုလည်းကောင်း သုံးစွဲသူများကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လနှင့် ငွေဒဏ်ကိုလည်းကောင်း အရေး ယူနေသည်။

ထို့အပြင် မူးယစ်ဆေးစွဲနေသူများကို ပါတီခရိုင်ဌာနချုပ်တို့တွင် ထိန်းသိမ်းထားပြီး ပညာပေးနေသည့်အပြင် မူးယစ်ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခု ဖွင့်လှစ်သွားရန်လည်း မွန်ပြည်သစ်ပါတီက စီစဉ် လျက်ရှိသည်။

မူးယစ်ဆေးဝါး ဆိုးရွားစွာ ကျယ်ပြန့်လာနေသည့် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ် ရန်အတွက် မွန်ပြည်သစ်ပါတီက ၂၀၁၂ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေး အစီအစဉ်ကို စတင်ခဲ့ကာ သက် ဆိုင်ရာရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များ နှင့် ပူးပေါင်းပြီး ပညာပေးခြင်း၊ မိဘများမှတဆင့် မူးယစ်သုံးစွဲ နေသူများအား ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

*** ZAWGYI ***
မြန္ျပည္နယ္တြင္ မူးယစ္ေဆး ဖမ္းဆီးရမႈ ႏွစ္ဆတိုး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ဇႏၷဝါရီလ ၈ ရက္။

မြန္ျပည္နယ္တြင္ ၂၀၂၀ ခုႏွစ္အတြင္း မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈသည္ ယခင္ႏွစ္ကထက္ ႏွစ္ဆနီးပါး မ်ား သည္ ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႕၏ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈစာရင္းမ်ား အရ သိရသည္။

၂၀၁၉ ခုႏွစ္က ျပည္နယ္အတြင္း မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈ ၄၆၀ မႈရွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွ ႏိုဝင္ဘာ လအထိ ဖမ္းဆီးရမိမႈသည္ ၇၇၁ မႈရွိခဲ့သည္ဟု ျပည္နယ္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“မူးယစ္ေဆးဝါးကေတာ့ အျမတ္အစြန္းႀကီးမားတဲ့ကိစၥဆိုတဲ့အခါက်ေတာ့ ဒီမူးယစ္ေဆးဝါးက ေထာင္ ၁၀ ႏွစ္ တို႔ ၁၅ ႏွစ္တို႔ ဘယ္ေလာက္ပဲေျပာေျပာ ေငြရလြယ္တဲ့လုပ္ငန္းျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီဟာက ဘယ္လိုမွ တားမရ ထိန္းမႏိုင္ေအာင္ ႀကီးထြားလာတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ဒီလူေတြ ေထာင္ထဲေရာက္သြားလို႔ အျပစ္က်ၿပီး ျပန္ထြက္လာရင္လည္း ဒီအလုပ္ကိုပဲ ထပ္လုပ္တဲ့အတြက္ေၾကာင့္ ဒီမူးယစ္ေဆးဝါးက ပိုၿပီး ႀကီး ထြားလာတာ” ဟု မြန္ျပည္နယ္ ရဲတပ္ဖြဲ႔မွ ရဲမႉး (ဦးစီး) ထြန္းထြန္း က ေျပာသည္။

ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးအမႈမ်ားတြင္ WY ေဆးျပားအမႈ အမ်ားဆုံးပါဝင္ၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္ သုံးစြဲမႈ အေျခအေနသည္ တားဆီး၍ မရႏိုင္ေလာက္ေအာင္ ႀကီးထြားလာေနသည္ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲမႉး (ဦးစီး) ထြန္းထြန္းက ေျပာသည္။

မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈႏွင့္ အတူ လက္နက္ခဲယမ္းမ်ားပါ ဖမ္းဆီးရမိသည့္ျဖစ္စဥ္မ်ားလည္း ရွိလာသည္ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲမႉး (ဦးစီး) က ဆက္ေျပာသည္။

မြန္ျပည္သူလူထုမ်ားအၾကား အထူးသျဖင့္ လူငယ္မ်ားအၾကား က်ယ္ျပန႔္စြာ ပ်ံ႕ႏွံ႔ေနသည့္ မူးယစ္ေဆးဝါး ျပႆ နာမ်ား ကို မြန္ျပည္သစ္ပါတီကလည္း အရွိန္ျမႇင့္ ကိုယ္တြယ္လာခဲ့ၿပီး မူးယစ္ေဆးဝါးသုံးစြဲသူ ေရာင္းဝယ္ေဖာက္ ကားသူမ်ားကို ဖမ္းဆီးမႈ ဆက္တိုက္လုပ္ေဆာင္ေနသည္။

မူးယစ္ေဆးဝါး အေရာင္းအဝယ္ျပဳလုပ္ေနသူအခ်ိဳ႕သည္ လက္နက္ကိုင္တပ္ဖြဲ႕တို႔ႏွင့္ ဆက္ႏြယ္မႈရွိေနၿပီး အဆိုပါ ျဖစ္စဥ္မ်ိဳးေၾကာင့္ ကိုင္တြယ္ရန္ ခက္ခဲသည္ဟု မြန္ျပည္သစ္ပါတီ တာဝန္ရွိသူမ်ား က ေျပာသည္။

“လုပ္ငန္းအႀကီးလုပ္တဲ့သူက်ေတာ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပတ္သက္တာရွိတယ္၊ က်ေနာ္ တို႔ ဖမ္းမိ ထားတာလည္းရွိတယ္” ဟု မြန္ျပည္သစ္ပါတီ သထုံခ႐ိုင္ ဥကၠ႒ ႏိုင္ဧက က ေျပာသည္။

မြန္ျပည္သစ္ပါတီအေနျဖင့္ ဖမ္းဆီးရမိလွ်င္ ေရာင္းဝယ္သူမ်ားကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္ႏွင့္ ေငြ ဒဏ္ကိုလည္းေကာင္း သုံးစြဲသူမ်ားကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ လႏွင့္ ေငြဒဏ္ကိုလည္းေကာင္း အေရး ယူေနသည္။

ထို႔အျပင္ မူးယစ္ေဆးစြဲေနသူမ်ားကို ပါတီခ႐ိုင္ဌာနခ်ဳပ္တို႔တြင္ ထိန္းသိမ္းထားၿပီး ပညာေပးေနသည့္အျပင္ မူးယစ္ေဆးကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးစခန္းတစ္ခု ဖြင့္လွစ္သြားရန္လည္း မြန္ျပည္သစ္ပါတီက စီစဥ္ လ်က္ရွိသည္။

မူးယစ္ေဆးဝါး ဆိုးရြားစြာ က်ယ္ျပန႔္လာေနသည့္ မြန္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးအႏၲရာယ္ကို ကာကြယ္ ရန္အတြက္ မြန္ျပည္သစ္ပါတီက ၂၀၁၂ ခုႏွစ္မွစၿပီး မူးယစ္ေဆးဝါးႏွိမ္နင္းေရး အစီအစဥ္ကို စတင္ခဲ့ကာ သက္ ဆိုင္ရာရဲ၊ မူးယစ္ေဆးဝါးႏွိမ္နင္းေရးအဖြဲ႕မ်ား ႏွင့္ ပူးေပါင္းၿပီး ပညာေပးျခင္း၊ မိဘမ်ားမွတဆင့္ မူးယစ္သုံးစြဲ ေနသူမ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ေပးျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိသည္။