တတိယနေရာတွင် တန်းတူတွေ့မည်ဆိုပါက မည်သည့်အဖွဲ့နှင့်မဆိုတွေ့မည်ဟု MUP က ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ပြည်ထောင်စုအတွက် အကျိုးရှိမည်ဆိုပါက မည်သည့် အဖွဲ့အစည်းနှင့်မဆို တတိယနေရာတစ်ခုတွင် လက်ခံ တွေ့ဆုံဆွေးနွေးသွားရန် အဆင်သင့်ရှိနေသည်ဟု မွန်ညီညွတ်ရေးပါတီ(MUP) တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။
မွန်ညီညွတ်ရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နှင့် ဇန်နဝါရီ ၄ ရက်နေ့က မော်လမြိုင် မြို့တွင် တွေ့ဆုံကြရန်ရှိခဲ့သော်လည်း တွေ့ဆုံကြမည့်နေရာ ညိုနှိုင်း၍ အဆင်မပြေခြင်းကြောင့် နှစ်ဖက်တွေ့ဆုံမှု ပျက်သွားခဲ့သည်။
အဖွဲ့အစည်းအချင်းချင်းအကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန် တန်းတူထားရှိမှု ရှိစေရေးအတွက် လက်ခံတွေ့ဆုံဆွေးနွေးမည့်နေရာကို တတိယနေရာဖြစ်သည့် မည်သည့်နေရာတွင်မဆို လက်ခံတွေ့ဆုံ ဆွေး နွေးသွားရန် မွန်ညီညွတ်ရေးပါတီ(MUP) က အဆင်သင့်ပြင်ဆင်ထားသည်ဟု ပြောသည်။
“နိုင်ငံအရေးကိစ္စ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် ကျနော် တို့က ဘယ်အဖွဲ့အစည်းနဲ့မဆို လက်ခံဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်။ ဘယ်အဖွဲ့အစည်းက ဖြစ်စေ ကမ်း လှမ်းလာခဲ့မယ်ဆိုရင် ကျနော်တို့က ပြည်ထောင်စုအကျိုးကို ရှေးရှု ပြီးတော့ လက်ခံဆွေးနွေးသွားဖို့ ဆန္ဒရှိပါ တယ်။ သို့သော် လက်ခံတွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန်လေးစားမှု အပြန် အလှန် တန်းတူထားရှိမယ်ဆိုရင် တတိယနေရာ ဘယ်နေရာမဆို ကျနော်တို့က လက်ခံဆွေးနွေးသွားဖို့ အသင့် ပါ” ဟု MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။
NLD နှင့် တွေ့ဆုံသည့်အခါတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံရမည့် အခြေခံမူ သဘောထားများကို ဆွေးနွေးရန် ပြင်ဆင်ထားခဲ့သည်ဟု လည်း မွန်ညီညွတ်ရေးပါတီခေါင်းဆောင်က ပြော သည်။
“အဓိက နိုင်ငံရေးပိုင်းဆိုင်ရာကို ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ အထူးသဖြင့်တော့ အနာဂတ် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ၁၉၄၇ ခုနှစ် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ် ပင်လုံကတိကဝတ်နဲ့ ၁၉၄၇ မှာ ဖဆပလ ပဏာမ ညီလာခံက ချမှတ်သဘောတူထားတဲ့ အခြေခံမူ ၁၄ ချက် နောက် ၁၉၄၇ မှာပဲ တိုင်းပြု ပြည် ပြုလွှတ်တော်က ချမှတ်ထားတဲ့ အခြေခံလမ်းညွှန်မူ ၇ ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ အဲဒါကိုပဲ ဆွေးနွေးသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု နိုင်လယိတမ က ပြောသည်။
မွန်ညီညွတ်ရေးပါတီ MUP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့ နောက်ထပ်တွေ့ဆုံနိုင်မည့် အခြေ အနေသည် NLD ပါတီ ၏ သဘောထားဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု မွန်ညီညွတ်ရေးပါတီက ပြော သည်။
NLD ပါတီ ဘက်ကလည်း မွန်ညီညွတ်ရေးပါတီနှင့် နောက်ထပ်တွေ့ဆုံရန်ကိစ္စသည် ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုက ဇန်နဝါရီ ၄ ရက်နေ့က ပြောဆိုခဲ့သည်။
“ဒါကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာပဲ မူတည်ပါတယ် ဗဟိုအလုပ်အမှုဆောင်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ကျနော်တို့က သွားရမှာ” ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။
NLD ပါတီသည် တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေး မြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ ဦးဆောင်သည့်အဖွဲ့ ကို ဖွဲ့စည်းထားပြီး ပထမဦးဆုံးအနေဖြင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများ၏ အနိုင်ရကိုယ်စားလှယ်များနှင့် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဒုတိယအနေနှင့် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံဆွေးနွေးကြရန် ဖြစ်သည်။ သို့သော်တွေ့ဆုံမှုမှာ ပျက်ပြားခဲ့ သည်။
မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။
*** ZAWGYI ***
တတိယေနရာတြင္ တန္းတူေတြ႔မည္ဆိုပါက မည္သည့္အဖြဲ႔ႏွင့္မဆိုေတြ႔မည္ဟု MUP က ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၈ ရက္။
ျပည္ေထာင္စုအတြက္ အက်ိဳးရွိမည္ဆိုပါက မည္သည့္ အဖြဲ႕အစည္းႏွင့္မဆို တတိယေနရာတစ္ခုတြင္ လက္ခံ ေတြ႕ဆုံေဆြးေႏြးသြားရန္ အဆင္သင့္ရွိေနသည္ဟု မြန္ညီၫြတ္ေရးပါတီ(MUP) တြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာသည္။
မြန္ညီၫြတ္ေရးပါတီသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD ႏွင့္ ဇန္နဝါရီ ၄ ရက္ေန႔က ေမာ္လၿမိဳင္ ၿမိဳ႕တြင္ ေတြ႕ဆုံၾကရန္ရွိခဲ့ေသာ္လည္း ေတြ႕ဆုံၾကမည့္ေနရာ ညိဳႏႈိင္း၍ အဆင္မေျပျခင္းေၾကာင့္ ႏွစ္ဖက္ေတြ႕ဆုံမႈ ပ်က္သြားခဲ့သည္။
အဖြဲ႕အစည္းအခ်င္းခ်င္းအၾကား အျပန္အလွန္ေလးစားမႈ၊ အျပန္အလွန္ တန္းတူထားရွိမႈ ရွိေစေရးအတြက္ လက္ခံေတြ႕ဆုံေဆြးေႏြးမည့္ေနရာကို တတိယေနရာျဖစ္သည့္ မည္သည့္ေနရာတြင္မဆို လက္ခံေတြ႕ဆုံ ေဆြး ေႏြးသြားရန္ မြန္ညီၫြတ္ေရးပါတီ(MUP) က အဆင္သင့္ျပင္ဆင္ထားသည္ဟု ေျပာသည္။
“ႏိုင္ငံအေရးကိစၥ ျပည္ေထာင္စုတစ္ခုလုံးနဲ႔ ဆိုင္တဲ့ကိစၥျပည္ေထာင္စုအတြက္ အက်ိဳးရွိမယ္ဆိုလို႔ရွိရင္ က်ေနာ္ တို႔က ဘယ္အဖြဲ႕အစည္းနဲ႔မဆို လက္ခံေဆြးေႏြးဖို႔ အဆင္သင့္ရွိပါတယ္။ ဘယ္အဖြဲ႕အစည္းက ျဖစ္ေစ ကမ္း လွမ္းလာခဲ့မယ္ဆိုရင္ က်ေနာ္တို႔က ျပည္ေထာင္စုအက်ိဳးကို ေရွးရႈ ၿပီးေတာ့ လက္ခံေဆြးေႏြးသြားဖို႔ ဆႏၵရွိပါ တယ္။ သို႔ေသာ္ လက္ခံေတြ႕ဆုံေဆြးေႏြးတဲ့ေနရာမွာ အဖြဲ႕အစည္းအခ်င္းခ်င္း အျပန္အလွန္ေလးစားမႈ အျပန္ အလွန္ တန္းတူထားရွိမယ္ဆိုရင္ တတိယေနရာ ဘယ္ေနရာမဆို က်ေနာ္တို႔က လက္ခံေဆြးေႏြးသြားဖို႔ အသင့္ ပါ” ဟု MUP တြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာသည္။
NLD ႏွင့္ ေတြ႕ဆုံသည့္အခါတြင္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အေျခခံရမည့္ အေျခခံမူ သေဘာထားမ်ားကို ေဆြးေႏြးရန္ ျပင္ဆင္ထားခဲ့သည္ဟု လည္း မြန္ညီၫြတ္ေရးပါတီေခါင္းေဆာင္က ေျပာ သည္။
“အဓိက ႏိုင္ငံေရးပိုင္းဆိုင္ရာကို ေဆြးေႏြးဖို႔ ျပင္ဆင္ထားပါတယ္။ အထူးသျဖင့္ေတာ့ အနာဂတ္ ဖက္ဒရယ္ႏိုင္ငံ တည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ၁၉၄၇ ခုႏွစ္ ခ်ဳပ္ဆိုခဲ့တဲ့ ပင္လုံစာခ်ဳပ္ ပင္လုံကတိကဝတ္နဲ႔ ၁၉၄၇ မွာ ဖဆပလ ပဏာမ ညီလာခံက ခ်မွတ္သေဘာတူထားတဲ့ အေျခခံမူ ၁၄ ခ်က္ ေနာက္ ၁၉၄၇ မွာပဲ တိုင္းျပဳ ျပည္ ျပဳလႊတ္ေတာ္က ခ်မွတ္ထားတဲ့ အေျခခံလမ္းၫႊန္မူ ၇ ခ်က္အေပၚမွာ အေျခခံၿပီးေတာ့ က်ေနာ္တို႔ အဲဒါကိုပဲ ေဆြးေႏြးသြားဖို႔ ဆုံးျဖတ္ထားပါတယ္” ဟု ႏိုင္လယိတမ က ေျပာသည္။
မြန္ညီၫြတ္ေရးပါတီ MUP ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီတို႔ ေနာက္ထပ္ေတြ႕ဆုံႏိုင္မည့္ အေျခ အေနသည္ NLD ပါတီ ၏ သေဘာထားဆုံးျဖတ္ခ်က္အေပၚတြင္သာ မူတည္သည္ဟု မြန္ညီၫြတ္ေရးပါတီက ေျပာ သည္။
NLD ပါတီ ဘက္ကလည္း မြန္ညီၫြတ္ေရးပါတီႏွင့္ ေနာက္ထပ္ေတြ႕ဆုံရန္ကိစၥသည္ ပါတီ ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕၏ ဆုံးျဖတ္ခ်က္အေပၚတြင္သာ မူတည္သည္ဟု NLD ဗဟိုအလုပ္အမႈေဆာင္ အတြင္းေရးမႉးအဖြဲ႕ဝင္ ေဒါက္တာေအာင္မိုးညိဳက ဇန္နဝါရီ ၄ ရက္ေန႔က ေျပာဆိုခဲ့သည္။
“ဒါကေတာ့ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕မွာပဲ မူတည္ပါတယ္ ဗဟိုအလုပ္အမႈေဆာင္ဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပဲ က်ေနာ္တို႔က သြားရမွာ” ဟု ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။
NLD ပါတီသည္ တိုင္းရင္းသားပါတီမ်ား ႏွင့္ ေတြ႕ဆုံေဆြးေႏြးသြားရန္ ေဒါက္တာေအာင္မိုးညိဳ၊ ေဒၚနန္းခင္ေထြး ျမင့္ႏွင့္ ဦးအင္ထုံးခါးေနာ္ဆန္တို႔ ဦးေဆာင္သည့္အဖြဲ႕ ကို ဖြဲ႕စည္းထားၿပီး ပထမဦးဆုံးအေနျဖင့္ ကခ်င္ျပည္နယ္ရွိ တိုင္းရင္းသားပါတီမ်ား၏ အႏိုင္ရကိုယ္စားလွယ္မ်ားႏွင့္ ဇန္နဝါရီလ ၁ ရက္ေန႔က ေတြ႕ဆံုေဆြးေႏြးခဲ့ၾကသည္။
ဒုတိယအေနႏွင့္ မြန္ညီၫြတ္ေရးပါတီႏွင့္ ေတြ႕ဆုံေဆြးေႏြးၾကရန္ ျဖစ္သည္။ သို႔ေသာ္ေတြ႕ဆံုမႈမွာ ပ်က္ျပားခဲ့ သည္။
မြန္ညီၫြတ္ေရးပါတီသည္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္ မြန္ျပည္နယ္ အတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁ ေနရာ အႏိုင္ရရွိထားသည့္ပါတီျဖစ္သည္။