ပင်လုံ ကတိကဝတ်များ ဖော်ဆောင်ရန် ကချင်လူငယ်များ တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ၊ ဇန္နဝါရီလ ၁၂ ရက်။
ပင်လုံစာချုပ်ပါ ကတိကဝတ်များအရ ဒီမိုကရေစီ၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ကချင်ပြည်နယ်ရှိ လူငယ်အဖွဲ့ များက သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိုက်တွန်းတောင်းဆိုလိုက်သည်။
ဇန္နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့တွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူ ငယ်အဖွဲ့ ၆ ဖွဲ့က ထုတ်ပြန်သည့် သဘောထား ထုတ်ပြန်ချက်ထဲတွင် အဆိုပါ အချက်ကို ထည့်သွင်းတောင်း ဆိုထားခြင်းဖြစ်သည်။
ကချင်လူငယ် ၆ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် NDEN Debate Society အဖွဲ့မှ အလုပ်အဖွဲ့ အဖွဲ့ဝင် ကိုဖန်းဂျာဘရန်က “ကျနော်တို့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့တဲ့အချိန် တန်းတူရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်ပေါ့ ဒီမိုကရေစီနဲ့ ဒါကို ကျနော်တို့ အခုထက်ထိ အပြည့်အ၀ အကောင်အထည် မဖော်နိုင်သေး လို့ပေါ့။ ကျနော်တို့က အခုက ကျနော်တို့က ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံနေတဲ့ ပြည်ထောင်စုကို သွားနေတဲ့အတွက် ကျနော်တို့အတွက် ပြည်နယ် ဖွဲ့စည်းပုံက ကျနော်တို့အတွက် အဓိကအရေးကြီးတဲ့ ဟာပေါ့” ဟု ပြောသည်။
ပင်လုံကတိကဝတ်ကို အကောင်အထည် မဖော်ခဲ့သည့်အတွက် လွတ်လပ်ရေးနှင့်တကွ ပေါက်ဖွား လာ သော နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြီးနှင့် စစ်အာဏာရှင် စနစ်တို့ကြောင့် ယနေ့တိုင် ကချင်ပြည် နယ်သူ/သား များသာမက နိုင်ငံတော် တဝန်းလုံးရှိ ပြည်သူအားလုံး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာ ရေးနှင့် ကျန်းမာရေး စသည့် အခန်းကဏ္ဍ အသီးသီးတွင် ပြဿနာ မျိုးစုံဖြင့် ရင်ဆိုင်ခံစား လျက်ရှိသည် ဟု လူငယ်များက ဆိုသည်။
ထို့ကြောင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းနိုင်မှသာ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ပြ ဿနာကို ဖြေရှင်းနိုင်မည်ဟု ခံစားရသည့်အတွက် ထုတ်ပြန်ချက်ထဲတွင် ထို့သို့ ထည့်သွင်း တောင်းဆို ရ ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။
“ဒီအာဏာ ခွဲဝေတဲ့ နေရာမှာ ကျနော်တို့ ကောင်းကောင်းလေး ပြည်နယ်နှင့် တိုင်းဒေသကြီး ဗဟိုပေါ့။ ဒီလို မျိုး သီးသန့် သီးသီးခြားခြား နဲ့ ဒီလိုမျိုးအာဏာကို ထားရှိစေချင်တယ်။ ပြီးတော့ ဒီ ပြည်နယ်ဖွဲ့ စည်းပုံလိုချင် တာက ကျနော်တို့ ကိုယ်ပိုင် ကျနော်တို့ရဲ့ ပြည်ကို ကျနော်တို့ ကိုယ်တိုင် စီမံခန့်ခွဲမယ်ပေါ့ ဆိုတော့ ကျနော် တို့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံသွားတဲ့နေရာမှာ ဒါက မရှိမဖြစ် အရေးကြီးတဲ့အရာ ပေါ့ ကျနော်တို့ ဒီပြဿနာ ဖြေရှင်းတယ်။ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ ဒီပြဿနာ ဖြေရှင်းဖို့ရန် အတွက် အဓိက တစ်ခုဖြစ်တယ်ဆိုပြီးမှ ခံစားပြီးမှ ကျနော်တို့ ထည့်သွင်းပြီးမှ တောင်း ဆိုထားတဲ့ဟာပေါ့” ဟု ကိုဖန်းဂျာဘရန် က ပြောသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့က ကချင်လူငယ် ၆ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်ထဲတွင် ကျွန်ုပ်တို့ ခံစား နေရ သော ဤနိုင်ငံရေး ပြဿနာ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်ဖို့ရန်နှင့် စစ်မှန်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေဖို့ရန် ပင်လုံစာချုပ်အရ ကျွန်ုပ်တို့၏ ဘိုးဘေးများ ကတိကဝတ်ပြုခဲ့သော ဒီမိုကရေစီ၊ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့် ပြည်နယ် ဖွဲ့စည်းပုံ ရေး ဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို အလေးအနက်တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။
ထို့အပြင် ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင့်တော်ကို ၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ်အားဖြင့် တည် ထောင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ် ဇန္နဝါရီလ ၄ ရက်တွင် ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြကြောင်း၊ လွတ်လပ်ရေး ရယူပြီး ၆ ရက်အကြာ ဇန္နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့ အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြကြောင်း၊ ဤကဲ့သို့ ကချင်ပြည်နယ်နေ့ ဟူ၍ သမိုင်းကြောင်းများ မရှိခဲ့လျှင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဟူ၍လည်း ဖြစ်လာမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြ ထားသည်။
ထို့ကြောင့် သမိုင်းကြောင်းအရ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့သော ကချင်ပြည်နယ်ကြီး၏ နေ့ထူးနေ့ မြတ်ဖြစ်သော ကချင်ပြည်နယ်နေ့ကို ကချင်ပြည်နယ်အတွင်း အများပြည်သူဆိုင်ရာ အားလပ်ရက်(သို့) ရုံး ပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်လည်း လူငယ်များက တိုက်တွန်းထားသည်။
ကိုဖန်းဂျာဘရန်က “ဒါကတော့ ၁၉၄၈ မှာတော့ ကျနော်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ပထမဆုံးသမ္မတ ကိုယ်တိုင်ကနေ ပြီးမှ ဒီကချင်ပြည်နယ်ကိုပေါ့ ကချင်ပြည်နယ်နေ့အဖြစ် သူတို့က တရားဝင် သတ်မှတ် ပေးခဲ့တာပေါ့။ သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် ဆိုတော့ ကျနော်တို့အတွက်တော့ ကချင်ပြည်နယ် လာဖြစ်တဲ့ အချိန်လည်း ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးအတွက်တော့ ဒါဟာ ရက်ကြီး အခါ ကြီးရက်ပေါ့။ ဆိုတော့ ဒီအတွက် ကျနော်တို့အတွက် ဒီကချင်ပြည်နယ်မှာ အားလပ်ရက် ရုံးပိတ်ရက်ပေါ့ အဖြစ်မှ ပြဌာန်းပေးဖို့ပေါ့ တောင်းဆိုထားတာ ဖြစ်တယ်ပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်တွင် ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းရေးတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ပေး ရန် နှင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် လူငယ်များကို ကန့်သတ်ချုပ်ချယ်မှု မရှိစေ ဘဲ နေရာပေးလုပ်ဆောင်စေခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် ဆွေးနွေးပူးပေါင်း ပါဝင်စေခြင်းအပြင် ဆုံး ဖြတ်ချက် ချမှတ်ရာနေရာများတွင်လည်း အခွင့်အရေးနှင့် အခွင့်အလမ်းများကို ပို၍ ထိရောက်စွာ ဖန်တီး လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည့် အချက်များ အပါအဝင် အစရှိသည့် အချက် ၉ ချက်ကို ကချင်လူ ငယ် ၆ ဖွဲ့၏ ထုတ်ပြန် ချက်ထဲတွင် တွေ့ရသည်။
ထို ကချင်လူငယ် ၆ ဖွဲ့မှာ ကချင်ပြည်နယ် လူငယ်ရေးရာ ကော်မတီ (KSYC)၊ ကချင်အမျိုးသား လူငယ်များ အဖွဲ့ကွန်ရက်( KNYN) ၊ All Kachin Youth Union ၊ Ram Hkye (Youth Rescue)၊ တက္ကသိုလ်များ ကချင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ချုပ်( JLH-Federation)၊ NDEN Debate Society တို့ ဖြစ်သည်။
*** ZAWGYI ***
ပင္လံု ကတိကဝတ္မ်ား ေဖာ္ေဆာင္ရန္ ကခ်င္လူငယ္မ်ား တိုက္တြန္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ၊ ဇႏၷဝါရီလ ၁၂ ရက္။
ပင္လံုစာခ်ဳပ္ပါ ကတိက၀တ္မ်ားအရ ဒီမိုကေရစီ၊ တန္းတူေရး ႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ျဖစ္သည့္ ျပည္နယ္ ဖြဲ႔စည္းပံု ေရးဆြဲျပဌာန္းေရးတို႔ကို အျမန္ဆံုး အေကာင္အထည္ေဖာ္ေပးရန္ ကခ်င္ျပည္နယ္ရွိ လူငယ္အဖြဲ႔ မ်ားက သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားကို တိုက္တြန္းေတာင္းဆိုလိုက္သည္။
ဇႏၷဝါရီလ ၁၀ ရက္ေန႔တြင္ က်ေရာက္သည့္ ကခ်င္ျပည္နယ္ေန႔တြင္ ကခ်င္ျပည္နယ္အတြင္းရွိ ကခ်င္လူ ငယ္အဖြဲ႔ ၆ ဖြဲ႔က ထုတ္ျပန္သည့္ သေဘာထား ထုတ္ျပန္ခ်က္ထဲတြင္ အဆိုပါ အခ်က္ကို ထည့္သြင္းေတာင္း ဆိုထားျခင္းျဖစ္သည္။
ကခ်င္လူငယ္ ၆ ဖြဲ႔ထဲမွ တစ္ဖြဲ႔ျဖစ္သည့္ NDEN Debate Society အဖြဲ႔မွ အလုပ္အဖြဲ႔ အဖြဲ႔ဝင္ ကိုဖန္းဂ်ာဘရန္က “က်ေနာ္တို႔ ပင္လံုစာခ်ဳပ္မွာ လက္မွတ္ေရးထိုး ခဲ့တဲ့အခ်ိန္ တန္းတူေရး၊ ကိုယ္ပိုင္ျပ ဌာန္းခြင့္ေပါ့ ဒီမိုကေရစီနဲ႔ ဒါကို က်ေနာ္တို႔ အခုထက္ထိ အျပည့္အ၀ အေကာင္အထည္ မေဖာ္ႏိုင္ေသး လို႔ေပါ့။ က်ေနာ္တို႔က အခုက က်ေနာ္တို႔က ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကို အေျခခံေနတဲ့ ျပည္ေထာင္စုကို သြားေနတဲ့အတြက္ က်ေနာ္တို႔အတြက္ ျပည္နယ္ ဖြဲ႔စည္းပံုက က်ေနာ္တို႔အတြက္ အဓိကအေရးႀကီးတဲ့ ဟာေပါ့” ဟု ေျပာသည္။
ပင္လံုကတိက၀တ္ကို အေကာင္အထည္ မေဖာ္ခဲ့သည့္အတြက္ လြတ္လပ္ေရးႏွင့္တကြ ေပါက္ဖြား လာ ေသာ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာ ျပည္တြင္းစစ္ႀကီးႏွင့္ စစ္အာဏာရွင္ စနစ္တို႔ေၾကာင့္ ယေန႔တိုင္ ကခ်င္ျပည္ နယ္သူ/သား မ်ားသာမက ႏိုင္ငံေတာ္ တ၀န္းလံုးရွိ ျပည္သူအားလံုး ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ ပညာ ေရးႏွင့္ က်န္းမာေရး စသည့္ အခန္းက႑ အသီးသီးတြင္ ျပႆနာ မ်ိဳးစံုျဖင့္ ရင္ဆိုင္ခံစား လ်က္ရွိသည္ ဟု လူငယ္မ်ားက ဆိုသည္။
ထို႔ေၾကာင့္ ျပည္နယ္ဖြဲ႔စည္းပံု ေရးဆြဲျပဌာန္းႏိုင္မွသာ ႏွစ္ေပါင္း ၇၀ ေက်ာ္ျဖစ္ပြားေနသည့္ ျပည္တြင္းစစ္ ျပ ႆနာကို ေျဖရွင္းႏိုင္မည္ဟု ခံစားရသည့္အတြက္ ထုတ္ျပန္ခ်က္ထဲတြင္ ထို႔သို႔ ထည့္သြင္း ေတာင္းဆို ရ ျခင္း ျဖစ္သည္ဟု ဆက္ေျပာသည္။
“ဒီအာဏာ ခြဲေ၀တဲ့ ေနရာမွာ က်ေနာ္တို႔ ေကာင္းေကာင္းေလး ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ဗဟိုေပါ့။ ဒီလို မ်ိဳး သီးသန္႔ သီးသီးျခားျခား နဲ႔ ဒီလိုမ်ိဳးအာဏာကို ထားရွိေစခ်င္တယ္။ ၿပီးေတာ့ ဒီ ျပည္နယ္ဖြဲ႔ စည္းပံုလိုခ်င္ တာက က်ေနာ္တို႔ ကိုယ္ပိုင္ က်ေနာ္တို႔ရဲ႕ ျပည္ကို က်ေနာ္တို႔ ကိုယ္တိုင္ စီမံခန္႔ခြဲမယ္ေပါ့ ဆိုေတာ့ က်ေနာ္ တို႔ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စုကို အေျခခံသြားတဲ့ေနရာမွာ ဒါက မရွိမျဖစ္ အေရးႀကီးတဲ့အရာ ေပါ့ က်ေနာ္တို႔ ဒီျပႆနာ ေျဖရွင္းတယ္။ က်ေနာ္တို႔ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာတဲ့ ဒီျပႆနာ ေျဖရွင္းဖို႔ရန္ အတြက္ အဓိက တစ္ခုျဖစ္တယ္ဆိုၿပီးမွ ခံစားၿပီးမွ က်ေနာ္တို႔ ထည့္သြင္းၿပီးမွ ေတာင္း ဆိုထားတဲ့ဟာေပါ့” ဟု ကိုဖန္းဂ်ာဘရန္ က ေျပာသည္။
ဇႏၷဝါရီလ ၁၀ ရက္ေန႔က ကခ်င္လူငယ္ ၆ ဖဲြ႕၏ သေဘာထား ထုတ္ျပန္ခ်က္ထဲတြင္ ကြ်ႏ္ုပ္တို႔ ခံစား ေနရ ေသာ ဤႏိုင္ငံေရး ျပႆနာ ျပည္တြင္းစစ္ႀကီး ခ်ဳပ္ၿငိမ္းႏိုင္ဖို႔ရန္ႏွင့္ စစ္မွန္ေသာ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီ စနစ္တို႔ကို အေျခခံေသာ ျပည္ေထာင္စုႀကီး ျဖစ္ေပၚလာေစဖို႔ရန္ ပင္လံုစာခ်ဳပ္အရ ကြ်ႏ္ုပ္တို႔၏ ဘိုးေဘးမ်ား ကတိက၀တ္ျပဳခဲ့ေသာ ဒီမိုကေရစီ၊ တန္းတူေရး ႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ျဖစ္သည့္ ျပည္နယ္ ဖြဲ႔စည္းပံု ေရး ဆြဲျပဌာန္းေရးတို႔ကို အျမန္ဆံုး အေကာင္အထည္ေဖာ္ေပးႏိုင္ရန္ သက္ဆိုင္ရာ အဖြဲ႔အစည္းအသီးသီးကို အေလးအနက္တိုက္တြန္းလိုပါသည္ဟု ပါရွိသည္။
ထို႔အျပင္ ယေန႔ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင့္ေတာ္ကို ၁၉၄၇ ခုႏွစ္တြင္ ပင္လံုစာခ်ဳပ္အားျဖင့္ တည္ ေထာင္ခဲ့ၾကၿပီး ၁၉၄၈ ခုႏွစ္ ဇႏၷဝါရီလ ၄ ရက္တြင္ ကိုလိုနီ လက္ေအာက္မွ လြတ္လပ္ေရးကို အတူတကြ ရယူခဲ့ၾကေၾကာင္း၊ လြတ္လပ္ေရး ရယူၿပီး ၆ ရက္အၾကာ ဇႏၷဝါရီ ၁၀ ရက္ေန႔ကို ကခ်င္ျပည္နယ္ေန႔ အျဖစ္ တရား၀င္ အသိအမွတ္ျပဳခဲ့ၾကေၾကာင္း၊ ဤကဲ့သို႔ ကခ်င္ျပည္နယ္ေန႔ ဟူ၍ သမိုင္းေၾကာင္းမ်ား မရွိခဲ့လွ်င္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ ဟူ၍လည္း ျဖစ္လာမည္ မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပ ထားသည္။
ထို႔ေၾကာင့္ သမိုင္းေၾကာင္းအရ လြတ္လပ္ေရးကို အတူတကြ ရယူခဲ့ေသာ ကခ်င္ျပည္နယ္ႀကီး၏ ေန႔ထူးေန႔ ျမတ္ျဖစ္ေသာ ကခ်င္ျပည္နယ္ေန႔ကို ကခ်င္ျပည္နယ္အတြင္း အမ်ားျပည္သူဆိုင္ရာ အားလပ္ရက္(သို႔) ရံုး ပိတ္ရက္အျဖစ္ သတ္မွတ္ေပးရန္လည္း လူငယ္မ်ားက တိုက္တြန္းထားသည္။
ကိုဖန္းဂ်ာဘရန္က “ဒါကေတာ့ ၁၉၄၈ မွာေတာ့ က်ေနာ္တို႔ လြတ္လပ္ေရး ရတဲ့အခါမွာ ပထမဆံုးသမၼတ ကိုယ္တိုင္ကေန ၿပီးမွ ဒီကခ်င္ျပည္နယ္ကိုေပါ့ ကခ်င္ျပည္နယ္ေန႔အျဖစ္ သူတို႔က တရား၀င္ သတ္မွတ္ ေပးခဲ့တာေပါ့။ သမိုင္းေၾကာင္းအရ ၾကည့္မယ္ဆိုရင္ ဆိုေတာ့ က်ေနာ္တို႔အတြက္ေတာ့ ကခ်င္ျပည္နယ္ လာျဖစ္တဲ့ အခ်ိန္လည္း ကခ်င္ျပည္နယ္သူ ျပည္နယ္သား အားလံုးအတြက္ေတာ့ ဒါဟာ ရက္ႀကီး အခါ ႀကီးရက္ေပါ့။ ဆိုေတာ့ ဒီအတြက္ က်ေနာ္တို႔အတြက္ ဒီကခ်င္ျပည္နယ္မွာ အားလပ္ရက္ ရံုးပိတ္ရက္ေပါ့ အျဖစ္မွ ျပဌာန္းေပးဖို႔ေပါ့ ေတာင္းဆိုထားတာ ျဖစ္တယ္ေပါ့” ဟု ေျပာသည္။
ကခ်င္ျပည္နယ္တြင္ ျပည္နယ္ ဖြဲ႔စည္းပံု ေရးဆြဲျပဌာန္းေရးတို႔ကို အျမန္ဆံုး အေကာင္အထည္ေဖာ္ေပး ရန္ ႏွင့္ ပညာေရး၊ စီးပြားေရး၊ လူမႈေရး စသည့္ က႑အသီးသီးတြင္ လူငယ္မ်ားကို ကန္႔သတ္ခ်ဳပ္ခ်ယ္မႈ မရွိေစ ဘဲ ေနရာေပးလုပ္ေဆာင္ေစျခင္း၊ စြမ္းရည္ႁမွင့္တင္ေပးျခင္းႏွင့္ ေဆြးေႏြးပူးေပါင္း ပါ၀င္ေစျခင္းအျပင္ ဆံုး ျဖတ္ခ်က္ ခ်မွတ္ရာေနရာမ်ားတြင္လည္း အခြင့္အေရးႏွင့္ အခြင့္အလမ္းမ်ားကို ပို၍ ထိေရာက္စြာ ဖန္တီး လုပ္ေဆာင္ေပးရန္ တိုက္တြန္းထားသည့္ အခ်က္မ်ား အပါအ၀င္ အစရွိသည့္ အခ်က္ ၉ ခ်က္ကို ကခ်င္လူ ငယ္ ၆ ဖြဲ႔၏ ထုတ္ျပန္ ခ်က္ထဲတြင္ ေတြ႕ရသည္။
ထို ကခ်င္လူငယ္ ၆ ဖြဲ႔မွာ ကခ်င္ျပည္နယ္ လူငယ္ေရးရာ ေကာ္မတီ (KSYC)၊ ကခ်င္အမ်ိဳးသား လူငယ္မ်ား အဖြဲ႔ကြန္ရက္( KNYN) ၊ All Kachin Youth Union ၊ Ram Hkye (Youth Rescue)၊ တကၠသိုလ္မ်ား ကခ်င္ စာေပႏွင့္ ယဥ္ေက်းမႈ အဖြဲ႔ခ်ဳပ္( JLH-Federation)၊ NDEN Debate Society တို႔ ျဖစ္သည္။