အမျိုးသား ညီညွတ်ရေး အစိုးရကို ပါတီ အများ၏ မူအပေါ် အခြေခံရမည်ဟု MUP ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

အမျိုးသား ညီညွတ်ရေး အစိုးရကို ပါတီ အများ၏ မူပေါ်လစီအပေါ် အခြေခံ၍ ဖွဲ့စည်းမှသာ အောင်မြင်နိုင် မည်ဟု မွန်ညီညွတ်ရေး ပါတီ MUP က ပြောသည်။

အမျိုးသား ညီညွှတ်ရေး အစိုးရကို ပါတီတစ်ခုတည်း၏ မူပေါ်လစီကိုပဲ အကောင်အထည် ဖော်၍ မဖြစ်နိုင် ကြောင်း မွန်ညီညွှတ်ရေး ပါတီ MUP အထွေထွေအတွင်းရေးမှူး – ၁ နိုင်လယိတမ က ပြောသည်။

နိုင်လယိတမ က “အကယ်၍ အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့တဲ့အခါမှာ တစ်ပါတီရဲ့ ပေါ်လစီပဲ အကောင် အထည်ဖော်မယ် ဆိုလို့ရှိရင် အဲဒီ အစိုးရကတော့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ အမျိုးသား ညီညွှတ်ရေး အစိုးရလို့ မဆိုနိုင်ဘူးပေါ့ အဲတော့ ကျနော်တို့ နားလည်တာက အမျိုးသား ညီညွှတ်ရေး အစိုးရ ဆိုတာက အမျိုးသား ညီညွှတ်ရေး အစိုးရမှာ ပါဝင်ဖွဲ့စည်းမယ့် ပါတီအားလုံးရဲ့ သဘောတူညီချက်နဲ့ ချမှတ်ထားတဲ့ ပေါ်လစီတွေ ကို အကောင်အထည်ဖော်မယ့် အစိုးရလို့ ကျနော်တို့က အဲသလို နားလည်ထားပါတယ်” ဟု ပြောသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကြပ်အတည်းများနှင့် အမျိုးသား ပြန် လည်သင့်မြတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး စသည့် ပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသား ညီညွှတ်ရေး အစိုးရတစ်ရပ်သည် အထူး လိုအပ်လျက်ရှိသော်လည်း ညီညွှတ်ရေး အစိုးရ ဖွဲ့ရာတွင် ထည့် သွင်းစဉ်းစားရမည့် အချက်များနှင့် ပတ်သက်၍ နိုင်လယိတမ က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “အမျိုးသား ညီညွှတ်ရေးအစိုးရ ဖွဲ့စည်းဖို့ စဉ်းစားတဲ့အခါမှာ အမျိုးသား ညီညွှတ်ရေး အစိုးရ မဖွဲ့ စည်းခင်မှာ အဲဒီအမျိုးသား ညီညွှတ်ရေး အစိုးရမှာ ပါဝင်ကြမယ့် နိုင်ငံရေး ပါတီတွေ အားလုံးကြားမှာ အမျိုး သား ညီညွှတ်ရေး အစိုးရရဲ့ မူဝါဒပေါ်လစီတွေကို အရင်ဦးဆုံး သဘောတူညီချက်ရအောင် ညှိနှိုင်းဖို့လို တယ်။ အဲဒီ ပါဝင်တဲ့ ပေါ်လစီ သဘောတူညီချက် ရရှိမှသာလျှင် ဒါက နောင်လာမယ့် အမျိုးသား ညီညွှတ် ရေး အစိုးရဲ့ ပေါ်လစီ အဲဒီပေါ်လစီအတိုင်းကို အမျိုးသားညီညွှတ်ရေး အစိုးရက တာဝန်ခံပြီးတော့ လုပ် ဆောင်ဖို့ လိုတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်လောက်သည့်အထိ အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တိုင်းရင်းသား ပါတီများ ပါဝင်သည့် အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းမည်ဟု ပြောဆိုမှု အပေါ် တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ထောက်ခံကြိုဆိုခဲ့ကြ သည်။

သို့သော် အနိုင်ရပါတီက ပြောဆိုထားသည့်အတိုင်း အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းရေးကို အ ကောင်အထည်ဖော်ရန် တိုင်းရင်းသား ပါတီများက လိုလားနေကြသော်လည်း ပါတီတစ်ခုတည်း၏ မူဝါဒ ပေါ်လစီကို အကောင်အထည်ဖော်ခြင်းမျိုးမဟုတ်ပဲ ပါတီပေါင်းစုံ၏ သဘောထား ပါဝင်သော မူဝါဒ ပေါ်လစီ ကိုသာ လိုလားသည်ဟု ဆိုသည်။

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် တိုင်းရင်းသား ပါတီများကြားတွင် စုပေါင်းသဘော တူ ညီချက် ရှာဖွေရန်လိုအပ်ပြီး စုပေါင်း သဘောတူ ညီချက် မရှာဖွေနိုင်သေးသရွေ့ တိုင်းရင်းသားများ အားလုံး လိုလားကြသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း အလှမ်းဝေးနေအုံးမည်ဟု မွန်ညီ ညွှတ်ရေး ပါတီ MUP က ဆိုသည်။

နိုင်လယိတမက “ဒီလိုအားလုံးက လက်ခံနိုင်တဲ့ ဖက်ဒရယ် မူတစ်ခု ကို ရရှိဖို့အတွက်က ညှိနှိုင်းဆွေးနွေး မှုနဲ့က ကျနော်တို့က ရရှိနိုင်မှာ ဖြစ်တယ်။ အဲဒီတော့ အနာဂတ်သွားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်တဲ့နေရာမှာ NLD နဲ့ တိုင်းရင်းသား ပါတီကြားမှာ စုစုစည်းစည်းနဲ့ စုပေါင်းပြီးတော့ သဘောတူညီ ချက် မရှာနိုင်သမျှကတော့ ကျနော်တို့ ဖက်ဒရယ်ခရီးက ဆက်ပြီးတော့ ဝေးနေအုံမယ်လို့ ကျနော်ထင်ပါ တယ်” ဟု ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD ပါတီက အမျိုးသား ညီညွှတ်ရေး အစိုးရနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် NLD ၏ ကိုယ်စားလှယ်များက ပြည်နယ်များရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ အနိုင်ရကိုယ်စားလှယ်များအား တွေ့ဆုံမှု များကို လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁ ရက်နေ့က ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီ ၃ ခုမှ အနိုင်ရကိုယ် စား လှယ်များနှင့် NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့ NLD ပါတီ ရုံးတွင် တွေ့ဆုံခဲ့ကြသည်။

ထို့အတူ မွန်ပြည်နယ်တွင် မွန်ညီညွှတ်ရေးပါတီ MUP နှင့် NLD ပါတီမှ ကိုယ်စားလှယ်တို့ တွေ့ဆုံရန် နှစ် ဖက် သဘောတူထားကြသော်လည်း နေရာညှိနှိုင်းရာ အဆင်မပြေသည့်အတွက် ဆွေးနွေးပွဲမှာ ပျက်သွား ခဲ့ရသည်။

တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့် NLD ပါတီမှ ကိုယ်စားလှယ် အဖွဲ့သည် လက်ရှိ တွင် ကယားပြည်နယ်သို့ ရောက်ရှိနေပြီး ကယားပြည်နယ်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီး နောက် ထိုမှတစ်ဆင့် ရှမ်းပြည်နယ်သို့ ဆက်သွားမည်ဟု သိရသည်။

*** ZAWGYI ***
အမ်ဳိးသား ညီညြတ္ေရး အစိုးရကို ပါတီ အမ်ား၏ မူအေပၚ အေျခခံရမည္ဟု MUP ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၂ ရက္။

အမ်ဳိးသား ညီညြတ္ေရး အစိုးရကို ပါတီ အမ်ား၏ မူေပၚလစီအေပၚ အေျခခံ၍ ဖြဲ႔စည္းမွသာ ေအာင္ျမင္နိုင္ မည္ဟု မြန္ညီညြတ္ေရး ပါတီ MUP က ေျပာသည္။

အမ်ိဳးသား ညီၫႊတ္ေရး အစိုးရကို ပါတီတစ္ခုတည္း၏ မူေပၚလစီကိုပဲ အေကာင္အထည္ ေဖာ္၍ မျဖစ္ႏိုင္ ေၾကာင္း မြန္ညီၫႊတ္ေရး ပါတီ MUP အေထြေထြအတြင္းေရးမႉး – ၁ ႏိုင္လယိတမ က ေျပာသည္။

ႏိုင္လယိတမ က “အကယ္၍ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔တဲ့အခါမွာ တစ္ပါတီရဲ႕ ေပၚလစီပဲ အေကာင္ အထည္ေဖာ္မယ္ ဆိုလို႔ရွိရင္ အဲဒီ အစိုးရကေတာ့ အဂၤါရပ္နဲ႔ ျပည့္စံုတဲ့ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရလို႔ မဆိုႏိုင္ဘူးေပါ့ အဲေတာ့ က်ေနာ္တို႔ နားလည္တာက အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဆိုတာက အမ်ိဳးသား ညီၫႊတ္ေရး အစိုးရမွာ ပါ၀င္ဖြဲ႔စည္းမယ့္ ပါတီအားလံုးရဲ႕ သေဘာတူညီခ်က္နဲ႔ ခ်မွတ္ထားတဲ့ ေပၚလစီေတြ ကို အေကာင္အထည္ေဖာ္မယ့္ အစိုးရလို႔ က်ေနာ္တို႔က အဲသလို နားလည္ထားပါတယ္” ဟု ေျပာသည္။

ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာျဖစ္ပြားေနသည့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အၾကပ္အတည္းမ်ားႏွင့္ အမ်ိဳးသား ျပန္ လည္သင့္ျမတ္ေရး၊ အမ်ိဳးသား ျပန္လည္ေပါင္းစည္းေရး စသည့္ ျပႆနာမ်ားကို ေျဖရွင္းရာတြင္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရတစ္ရပ္သည္ အထူး လိုအပ္လ်က္ရွိေသာ္လည္း ညီၫႊတ္ေရး အစိုးရ ဖြဲ႔ရာတြင္ ထည့္ သြင္းစဥ္းစားရမည့္ အခ်က္မ်ားႏွင့္ ပတ္သက္၍ ႏိုင္လယိတမ က ယခုကဲ့သို႔ ဆက္ေျပာသည္။

၎က “အမ်ိဳးသား ညီၫႊတ္ေရးအစိုးရ ဖြဲ႔စည္းဖို႔ စဥ္းစားတဲ့အခါမွာ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ မဖြဲ႔ စည္းခင္မွာ အဲဒီအမ်ိဳးသား ညီၫႊတ္ေရး အစိုးရမွာ ပါ၀င္ၾကမယ့္ ႏိုင္ငံေရး ပါတီေတြ အားလံုးၾကားမွာ အမ်ိဳး သား ညီၫႊတ္ေရး အစိုးရရဲ႕ မူဝါဒေပၚလစီေတြကို အရင္ဦးဆံုး သေဘာတူညီခ်က္ရေအာင္ ညွိႏႈိင္းဖို႔လို တယ္။ အဲဒီ ပါ၀င္တဲ့ ေပၚလစီ သေဘာတူညီခ်က္ ရရွိမွသာလွ်င္ ဒါက ေနာင္လာမယ့္ အမ်ိဳးသား ညီၫႊတ္ ေရး အစိုးရဲ႕ ေပၚလစီ အဲဒီေပၚလစီအတိုင္းကို အမ်ိဳးသားညီၫႊတ္ေရး အစိုးရက တာ၀န္ခံၿပီးေတာ့ လုပ္ ေဆာင္ဖို႔ လိုတယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ေရြးေကာက္ပြဲတြင္ အစိုးရဖြဲ႔ႏိုင္ေလာက္သည့္အထိ အႏိုင္ရရွိထားသည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက တိုင္းရင္းသား ပါတီမ်ား ပါ၀င္သည့္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရဖြဲ႔စည္းမည္ဟု ေျပာဆိုမႈ အေပၚ တိုင္းရင္းသား ပါတီမ်ားႏွင့္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားက ေထာက္ခံႀကိဳဆိုခဲ့ၾက သည္။

သို႔ေသာ္ အႏိုင္ရပါတီက ေျပာဆိုထားသည့္အတိုင္း အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႔စည္းေရးကို အ ေကာင္အထည္ေဖာ္ရန္ တိုင္းရင္းသား ပါတီမ်ားက လိုလားေနၾကေသာ္လည္း ပါတီတစ္ခုတည္း၏ မူဝါဒ ေပၚလစီကို အေကာင္အထည္ေဖာ္ျခင္းမ်ိဳးမဟုတ္ပဲ ပါတီေပါင္းစံု၏ သေဘာထား ပါ၀င္ေသာ မူဝါဒ ေပၚလစီ ကိုသာ လိုလားသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ႏွင့္ တိုင္းရင္းသား ပါတီမ်ားၾကားတြင္ စုေပါင္းသေဘာ တူ ညီခ်က္ ရွာေဖြရန္လိုအပ္ၿပီး စုေပါင္း သေဘာတူ ညီခ်က္ မရွာေဖြႏိုင္ေသးသေရြ႕ တိုင္းရင္းသားမ်ား အားလံုး လိုလားၾကသည့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးမွာလည္း အလွမ္းေ၀းေနအံုးမည္ဟု မြန္ညီ ၫႊတ္ေရး ပါတီ MUP က ဆိုသည္။

ႏိုင္လယိတမက “ဒီလိုအားလံုးက လက္ခံႏိုင္တဲ့ ဖက္ဒရယ္ မူတစ္ခု ကို ရရွိဖို႔အတြက္က ညွိႏႈိင္းေဆြးေႏြး မႈနဲ႔က က်ေနာ္တို႔က ရရွိႏိုင္မွာ ျဖစ္တယ္။ အဲဒီေတာ့ အနာဂတ္သြားတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ ေဆာက္တဲ့ေနရာမွာ NLD နဲ႔ တိုင္းရင္းသား ပါတီၾကားမွာ စုစုစည္းစည္းနဲ႔ စုေပါင္းၿပီးေတာ့ သေဘာတူညီ ခ်က္ မရွာႏိုင္သမွ်ကေတာ့ က်ေနာ္တို႔ ဖက္ဒရယ္ခရီးက ဆက္ၿပီးေတာ့ ေ၀းေနအံုမယ္လို႔ က်ေနာ္ထင္ပါ တယ္” ဟု ေျပာသည္။

လက္ရွိတြင္ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ NLD ပါတီက အမ်ိဳးသား ညီၫႊတ္ေရး အစိုးရႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ရန္အတြက္ NLD ၏ ကိုယ္စားလွယ္မ်ားက ျပည္နယ္မ်ားရွိ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားမွ အႏိုင္ရကိုယ္စားလွယ္မ်ားအား ေတြ႕ဆံုမႈ မ်ားကို လုပ္ေဆာင္လ်က္ရွိသည္။

ၿပီးခဲ့သည့္ ဇႏၷဝါရီလ ၁ ရက္ေန႔က ကခ်င္ျပည္နယ္ အေျခစိုက္ ႏိုင္ငံေရးပါတီ ၃ ခုမွ အႏိုင္ရကိုယ္ စား လွယ္မ်ားႏွင့္ NLD ပါတီမွ ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႔တို႔ ျမစ္ႀကီးနားၿမိဳ႕ NLD ပါတီ ရံုးတြင္ ေတြ႕ဆံုခဲ့ၾကသည္။

ထို႔အတူ မြန္ျပည္နယ္တြင္ မြန္ညီၫႊတ္ေရးပါတီ MUP ႏွင့္ NLD ပါတီမွ ကိုယ္စားလွယ္တို႔ ေတြ႕ဆံုရန္ ႏွစ္ ဖက္ သေဘာတူထားၾကေသာ္လည္း ေနရာညွိႏႈိင္းရာ အဆင္မေျပသည့္အတြက္ ေဆြးေႏြးပြဲမွာ ပ်က္သြား ခဲ့ရသည္။

တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြးမည့္ NLD ပါတီမွ ကိုယ္စားလွယ္ အဖြဲ႔သည္ လက္ရွိ တြင္ ကယားျပည္နယ္သို႔ ေရာက္ရွိေနၿပီး ကယားျပည္နယ္ရွိ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆံုၿပီး ေနာက္ ထိုမွတစ္ဆင့္ ရွမ္းျပည္နယ္သို႔ ဆက္သြားမည္ဟု သိရသည္။