မွန်ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် ခေါ်ယူရန် လျာထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ကျင်းပ သွားရန်ရှိသည်ဟု လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။
မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဌာန်းချက်အရ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမ အစည်း အဝေးကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးစခေါ်သည်နေ့မှ ၁၅ ရက်အတွင်း ကျင်းပနိုင်သည်ဆိုပြီး ပြဌာန်းထားသည်။
“တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် က ၁ ရက်နေ့ဆိုတော့ အန်တီတို့က ၈ ရက်နေ့လောက် ကျင်းပဖို့ ခန့်မှန်းထားတယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်က ၁ ရက်နေ့ ဆိုတော့ အန်တီတို့ကို ဘာတွေပြန်လာအုံးမလဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သူတို့ ဘယ်လိုစီမံ စီစဉ်အုံးမလဲမသိဘူး။ အန်တီကတော့ ပုံမှန်ဆိုရင် ၈ ရက်နေ့ ခေါ်ဖို့ စိတ်ကူးရှိတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ဒုတိယအကြိမ် လွှတ်တော် ဥက္ကဋ္ဌ က တာဝန် ယူကာ ခေါ်ယူကျင်းပပေးရမည်ဖြစ်ပြီး အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ၊ ဒု- ဥက္ကဋ္ဌ ရွေးချယ်ခြင်း၊ လွှတ် တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်း အစီအစဉ်များ ပြုလုပ်သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့အစည်းအဝေးတွင် ပေါ်ပေါက်လာသည့် လွှတ်တော်ဥက္ကဌထံ ဒုတိယအကြိမ်လွှတ်တော် ဥက္ကဌက လွှတ်တော်ဆိုင်ရာ အလွှဲအပြောင်းပြုလုပ်သွားမည်ဟုလည်း လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းသွားရမည်ဖြစ်သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရကနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ရလဒ်အရ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD တို့ကသာ အနိုင်ရရှိထားခဲ့သည်။
ထိုကြောင့် လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် မွန်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၆ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနှင့် တပ်မတော် သား ကိုယ်စားလှယ် ၈ ဦးတို့က ပါဝင်သွားရမည် ဖြစ်သည်။
*** ZAWGYI ***
မြန္ျပည္နယ္လႊတ္ေတာ္ကို ေဖေဖာ္ဝါရီ ဒုတိယပတ္တြင္ ေခၚယူရန္ လ်ာထား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၂ ရက္။
တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ စတင္ က်င္းပ သြားရန္ရွိသည္ဟု လက္ရွိ မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ က ေျပာသည္။
မြန္ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ ဥပေဒျပဌာန္းခ်က္အရ တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ပထမ အစည္း အေဝးကို ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးစေခၚသည္ေန႔မွ ၁၅ ရက္အတြင္း က်င္းပႏိုင္သည္ဆိုၿပီး ျပဌာန္းထားသည္။
“တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ပထမအစည္းအေဝးကို ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ က ၁ ရက္ေန႔ဆိုေတာ့ အန္တီတို႔က ၈ ရက္ေန႔ေလာက္ က်င္းပဖို႔ ခန႔္မွန္းထားတယ္၊ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳး သားလႊတ္ေတာ္က ၁ ရက္ေန႔ ဆိုေတာ့ အန္တီတို႔ကို ဘာေတြျပန္လာအုံးမလဲ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကို သူတို႔ ဘယ္လိုစီမံ စီစဥ္အုံးမလဲမသိဘူး။ အန္တီကေတာ့ ပုံမွန္ဆိုရင္ ၈ ရက္ေန႔ ေခၚဖို႔ စိတ္ကူးရွိတယ္” ဟု မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိက ေျပာသည္။
တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ကိုေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ စတင္ က်င္းပသြားမည္ဟု ထုတ္ျပန္ေၾကညာထားသည္။
တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ပထမအစည္းအေဝးကို ဒုတိယအႀကိမ္ လႊတ္ေတာ္ ဥကၠ႒ က တာဝန္ ယူကာ ေခၚယူက်င္းပေပးရမည္ျဖစ္ၿပီး အစည္းအေဝးတြင္ လႊတ္ေတာ္ ဥကၠ႒၊ ဒု- ဥကၠ႒ ေ႐ြးခ်ယ္ျခင္း၊ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား က်မ္းသစၥာက်ိန္ဆိုျခင္း အစီအစဥ္မ်ား ျပဳလုပ္သြားမည္ဟု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထံမွ သိရသည္။
တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ပထမေန႔အစည္းအေဝးတြင္ ေပၚေပါက္လာသည့္ လႊတ္ေတာ္ဥကၠဌထံ ဒုတိယအႀကိမ္လႊတ္ေတာ္ ဥကၠဌက လႊတ္ေတာ္ဆိုင္ရာ အလႊဲအေျပာင္းျပဳလုပ္သြားမည္ဟုလည္း လက္ရွိ လႊတ္ေတာ္ ဥကၠ႒ က ေျပာသည္။
တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ကို ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၃ ဦးႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္ ၈ ဦး စုစုေပါင္း ကိုယ္စားလွယ္ ၃၁ ဦးတို႔ျဖင့္ ဖြဲ႕စည္းသြားရမည္ျဖစ္သည္။
၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာ ၈ ရကေန႔က က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲ ရလဒ္အရ မြန္ျပည္နယ္တြင္ မြန္ညီၫြတ္ေရး ပါတီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD တို႔ကသာ အႏိုင္ရရွိထားခဲ့သည္။
ထိုေၾကာင့္ လာမည့္ တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္သက္တမ္းတြင္ မြန္အမ်ိဳးသားပါတီမွ လႊတ္ေတာ္ ကိုယ္စားလွယ္ ၆ ဦး၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၇ ဦးႏွင့္ တပ္မေတာ္ သား ကိုယ္စားလွယ္ ၈ ဦးတို႔က ပါဝင္သြားရမည္ ျဖစ္သည္။