မွန်လွှတ်တော် ဆုံးဖြတ်ချက်ထက်ဝက်မျှပင် ပြည်နယ်အစိုးရ အကောင်အထည်မဖော်နိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
လွန်ခဲ့သည့် လွှတ်တော် သက်တမ်းအတွင်း မွန်ပြည်နယ်လွှတ်တော် အတွင်း ကတိပြုချက်များကို အစိုးရ အနေဖြင့် ထက်ဝက်ပင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က ပြောသည်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယသက်တမ်းတွင် စုစုပေါင်းအဆို ၄၈ ခု တင်သွင်းခဲ့ပြီး အတည်ပြုထားသည့်အဆို ၄၃ ခုနှင့် ဆုံးဖြတ်ချက်ရယူသည့် အဆင့်မှာ ၁၀ ဂဏန်းခန့်သာ ရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်၏ မှတ်တမ်း များအရ သိရသည်။
“အဆိုတွေကတော့ အဲအနေအထားမျိုးပဲရှိတယ် အစိုးရအဖွဲ့နဲ့ အခြေအတင် အငြင်းအခုံဖြစ်ပြီးတော့ ဆုံးဖြတ် ချက် ရယူရတဲ့အဆင့်မျိုးကတော့ ၁၀ ဂဏာန်းလောက်ပဲရှိမယ်။ အဲဒါတွေလဲ ပြောရရင်တော့ အခြေအတင် ဖြစ် ခဲ့တဲ့ အဆိုတွေပေါ့နော် အတည်မပြုနိုင်တဲ့အဆင့်မျိုးလည်း တခါတလေ ဖြစ်တယ် ဒီအဆိုတွေအပေါ်မှာ အတည်ပြုခဲ့သော်ငြားလဲ ဆောင်ရွက်မှုအပိုင်းပြန်ကြည့်တဲ့အခါကျတော့ ရာနှုန်းပြည့်တော့ ဘယ်ဟာလဲ အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူး။ ကျနော်တို့ ဒီဘက် လွှတ်တော်က လွှတ်တော် ဥက္ကဋ္ဌ ရေး ရာကော်မတီတွေ အကုန်လုံးဆွေးနွေးသုံးသပ်ပြီးတော့ အကောင်အထည်ဖော်နိုင်မှုက ကျနော်တို့ ခန့်မှန်းတာ က တော့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ထက်ဝက်တော့မကျိုးဘူး” ဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာ အောင် နိုင်ဦးက ပြောပါတယ်။
တင်သွင်းခဲ့သည့်အဆို ၄၈ ခုတွင် မူဝါဒနှင့် ဆိုင်သည့်အဆို၊ တရားဥပဒေစိုးမိုးရေးနှင့်ဆိုင်သည့်အဆို၊ မူးယစ် ဆေးဝါးကာကွယ်တားဆီးရေးကိစ္စ၊ လောင်းကစားကိစ္စနှင့်ဆိုင်သည့်အဆိုများ၊ အကျင့်ပျက်ချစားမှုများဖြစ်နေ သည့်ကိစ္စရပ်များကို ထိန်းကျောင်းပေးရန်အဆိုနှင့် ဂုဏ်ပြုသည့်အဆို တို့ ပါဝင်သည်ဟု ပြည်နယ်လွှတ်တော် တာဝန်ရှိသူများက ပြောသည်။
လွှတ်တော်တွင်း မေးမြန်းဆွေးနွေးခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍လည်း ကတိဝင်ခဲ့သည့် မေးခွန်းများ အနက်မှ ထက်ဝက်ပင် အကောင်အထည်ဖော်ပေးနိုင်စွမ်းမရှိခဲ့ဟု လည်း လွှတ်တော် ဒု-ဥက္ကဋ္ဌ က ဆက်ပြော သည်။
“ကျနော်တို့ဘက်က သုံးသပ်တဲ့ သုံးသပ်ချက်အရဆိုရင် ယေဘုယျပေါ့နော် အားလုံးရဲ့ ကတိဝင်မေးခွန်းရဲ့ ထက် ဝက်ကိုလည်း အကောင်အထည်ဖော်ပေးနိုင်စွမ်းမရှိဘူး သုံးသပ်ရရှိတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြော သည်။
လွှတ်တော် ဒုတိယသက်တမ်းအတွင်း၌ မေးခွန်း စုစုပေါင်း ၆၀၉ ခု မေးမြန်းခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၅၉၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၆ ခုရှိသည်ဟု လွှတ်တော်မှတ်တမ်းများအရ သိရသည်။
၎င်းအပြင် လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း ပြဌာန်းခဲ့သည့် ဥပဒေများအပေါ်တွင်လည်း အစိုးရ၏ အကောင် အထည်ဖော်မှုသည် အားမလို အားမရဖြစ်ရသည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
“ဥပဒေပြဌာန်းပြီးတော့ ဥပဒေကို အကောင်အထည်ဖော်ပေးမယ့် အစိုးရဘက်က အုပ်ချုပ်ရေးဘက်က ဆောင် ရွက်ချက်က ကျမတို့ သိပ်အားမလို အားမရဖြစ်တာပေါ့နော်။ အစိုးရဘက်က သူ့အခက်အခဲနဲ့သူ ရှိနေမလား ပေါ့။ ဥပဒေပြဌာန်းတာက လွှတ်တော်က လက်လွတ်စပယ်မလုပ်ပါဘူး။ ရှိရင်း ဥပဒေကို ကြည့်တယ် ခေတ် စနစ်နဲ့ မညီဘူး ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုရင် ကျမတို့က ပြင်ဆင်ဖို့ ဖြည့်စွတ်ဖို့ အသစ်ရေးဆွဲဖို့ ကျမတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ အစိုးရဘက်က ဥပမာ အများသိတဲ့အတိုင်းပဲ ၂၀၁၇ ခုနှစ်ကတည်းက စည်ပင် ဥပဒေကို ရေးဆွဲခဲ့တယ်။ အစိုးရဘက်က နည်းဥပဒေ မထုတ်ပြန်ဘူး နည်းဥပဒေမထုတ်ပြန်တော့ ကျမတို့က ခနခနတိုက်တွန်းတယ်။ ခနခန မေးခွန်တွေလည်းတင်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အဲတော့ အစိုးရဘက်က ယနေ့တိုင် နည်းဥပဒေမဆွဲသေးပါဘူး အစိုးရသက်တမ်းလည်း ပြီးဆုံးတော့မှာ” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် စည်သာယာရေးဥပဒေ ၊ စည်ပင်သာယာ အခွန်အခ ကောက်ဥပဒေ ၊ လျှပ်စစ်ဥပဒေ ၊ စာကြည့်တိုက်ဥပဒေ ၊ ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နှစ်စဉ်တင်သွင်းရသည့် ဘတ်ဂျတ်ဥပဒေ၊ ဒေသန္တရစီမံကိန်းဥပဒေတို့ကို အသစ်ရေးဆွဲ ပြင်ဆင် ဖြည့်စွက်မှု များ ဆောင်ရွက်ခဲ့သည်ဟု ပြည်နယ်လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီမှ သိရသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး ဩဂုတ်လက ကျင်းပခဲ့တဲ့ (၁၇) ကြိမ်မြောက် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ် အရေးပေါ်အစည်းအဝေး ၁ ကြိမ်နှင့် အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင် ဖွဲ့စည်းထားသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပါဝင်ခဲ့ကြသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး တွင် အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်ပါတီမှ ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ၁ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးတို့ဖြစ်သည်။
*** ZAWGYI ***
မြန္လႊတ္ေတာ္ ဆုံးျဖတ္ခ်က္ထက္ဝက္မွ်ပင္ ျပည္နယ္အစိုးရ အေကာင္အထည္မေဖာ္ႏိုင္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၂ ရက္။
လြန္ခဲ့သည့္ လႊတ္ေတာ္ သက္တမ္းအတြင္း မြန္ျပည္နယ္လႊတ္ေတာ္ အတြင္း ကတိျပဳခ်က္မ်ားကို အစိုးရ အေနျဖင့္ ထက္ဝက္ပင္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္းမရွိေၾကာင္း မြန္ျပည္နယ္လႊတ္ေတာ္ ဒု- ဥကၠ႒ ေဒါက္တာ ေအာင္ႏိုင္ဦး က ေျပာသည္။
မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယသက္တမ္းတြင္ စုစုေပါင္းအဆို ၄၈ ခု တင္သြင္းခဲ့ၿပီး အတည္ျပဳထားသည့္အဆို ၄၃ ခုႏွင့္ ဆုံးျဖတ္ခ်က္ရယူသည့္ အဆင့္မွာ ၁၀ ဂဏန္းခန႔္သာ ရွိသည္ဟု မြန္ျပည္နယ္လႊတ္ေတာ္၏ မွတ္တမ္း မ်ားအရ သိရသည္။
“အဆိုေတြကေတာ့ အဲအေနအထားမ်ိဳးပဲရွိတယ္ အစိုးရအဖြဲ႕နဲ႔ အေျခအတင္ အျငင္းအခုံျဖစ္ၿပီးေတာ့ ဆုံးျဖတ္ ခ်က္ ရယူရတဲ့အဆင့္မ်ိဳးကေတာ့ ၁၀ ဂဏာန္းေလာက္ပဲရွိမယ္။ အဲဒါေတြလဲ ေျပာရရင္ေတာ့ အေျခအတင္ ျဖစ္ ခဲ့တဲ့ အဆိုေတြေပါ့ေနာ္ အတည္မျပဳႏိုင္တဲ့အဆင့္မ်ိဳးလည္း တခါတေလ ျဖစ္တယ္ ဒီအဆိုေတြအေပၚမွာ အတည္ျပဳခဲ့ေသာ္ျငားလဲ ေဆာင္႐ြက္မႈအပိုင္းျပန္ၾကည့္တဲ့အခါက်ေတာ့ ရာႏႈန္းျပည့္ေတာ့ ဘယ္ဟာလဲ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေပးႏိုင္ျခင္းမရွိဘူး။ က်ေနာ္တို႔ ဒီဘက္ လႊတ္ေတာ္က လႊတ္ေတာ္ ဥကၠ႒ ေရး ရာေကာ္မတီေတြ အကုန္လုံးေဆြးေႏြးသုံးသပ္ၿပီးေတာ့ အေကာင္အထည္ေဖာ္ႏိုင္မႈက က်ေနာ္တို႔ ခန႔္မွန္းတာ က ေတာ့ ၄၀ ရာခိုင္ႏႈန္းေလာက္ပဲရွိမယ္။ ထက္ဝက္ေတာ့မက်ိဳးဘူး” ဟု လႊတ္ေတာ္ ဒု-ဥကၠ႒ ေဒါက္တာ ေအာင္ ႏိုင္ဦးက ေျပာပါတယ္။
တင္သြင္းခဲ့သည့္အဆို ၄၈ ခုတြင္ မူဝါဒႏွင့္ ဆိုင္သည့္အဆို၊ တရားဥပေဒစိုးမိုးေရးႏွင့္ဆိုင္သည့္အဆို၊ မူးယစ္ ေဆးဝါးကာကြယ္တားဆီးေရးကိစၥ၊ ေလာင္းကစားကိစၥႏွင့္ဆိုင္သည့္အဆိုမ်ား၊ အက်င့္ပ်က္ခ်စားမႈမ်ားျဖစ္ေန သည့္ကိစၥရပ္မ်ားကို ထိန္းေက်ာင္းေပးရန္အဆိုႏွင့္ ဂုဏ္ျပဳသည့္အဆို တို႔ ပါဝင္သည္ဟု ျပည္နယ္လႊတ္ေတာ္ တာဝန္ရွိသူမ်ားက ေျပာသည္။
လႊတ္ေတာ္တြင္း ေမးျမန္းေဆြးေႏြးခဲ့သည့္ ေမးခြန္းမ်ားႏွင့္ ပတ္သက္၍လည္း ကတိဝင္ခဲ့သည့္ ေမးခြန္းမ်ား အနက္မွ ထက္ဝက္ပင္ အေကာင္အထည္ေဖာ္ေပးႏိုင္စြမ္းမရွိခဲ့ဟု လည္း လႊတ္ေတာ္ ဒု-ဥကၠ႒ က ဆက္ေျပာ သည္။
“က်ေနာ္တို႔ဘက္က သုံးသပ္တဲ့ သုံးသပ္ခ်က္အရဆိုရင္ ေယဘုယ်ေပါ့ေနာ္ အားလုံးရဲ႕ ကတိဝင္ေမးခြန္းရဲ႕ ထက္ ဝက္ကိုလည္း အေကာင္အထည္ေဖာ္ေပးႏိုင္စြမ္းမရွိဘူး သုံးသပ္ရရွိတယ္” ဟု ေဒါက္တာေအာင္ႏိုင္ဦးက ေျပာ သည္။
လႊတ္ေတာ္ ဒုတိယသက္တမ္းအတြင္း၌ ေမးခြန္း စုစုေပါင္း ၆၀၉ ခု ေမးျမန္းခဲ့ၿပီး ၾကယ္ပြင့္ျပေမးခြန္း ၅၉၃ ခုႏွင့္ ၾကယ္ပြင့္မျပေမးခြန္း ၁၆ ခုရွိသည္ဟု လႊတ္ေတာ္မွတ္တမ္းမ်ားအရ သိရသည္။
၎အျပင္ လႊတ္ေတာ္သက္တမ္း ၅ ႏွစ္အတြင္း ျပဌာန္းခဲ့သည့္ ဥပေဒမ်ားအေပၚတြင္လည္း အစိုးရ၏ အေကာင္ အထည္ေဖာ္မႈသည္ အားမလို အားမရျဖစ္ရသည္ဟု မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိက ေျပာသည္။
“ဥပေဒျပဌာန္းၿပီးေတာ့ ဥပေဒကို အေကာင္အထည္ေဖာ္ေပးမယ့္ အစိုးရဘက္က အုပ္ခ်ဳပ္ေရးဘက္က ေဆာင္ ႐ြက္ခ်က္က က်မတို႔ သိပ္အားမလို အားမရျဖစ္တာေပါ့ေနာ္။ အစိုးရဘက္က သူ႔အခက္အခဲနဲ႔သူ ရွိေနမလား ေပါ့။ ဥပေဒျပဌာန္းတာက လႊတ္ေတာ္က လက္လြတ္စပယ္မလုပ္ပါဘူး။ ရွိရင္း ဥပေဒကို ၾကည့္တယ္ ေခတ္ စနစ္နဲ႔ မညီဘူး ျပည္သူေတြအတြက္ အက်ိဳးမရွိဘူးဆိုရင္ က်မတို႔က ျပင္ဆင္ဖို႔ ျဖည့္စြတ္ဖို႔ အသစ္ေရးဆြဲဖို႔ က်မတို႔မွာ လုပ္ပိုင္ခြင့္ရွိတယ္။ အစိုးရဘက္က ဥပမာ အမ်ားသိတဲ့အတိုင္းပဲ ၂၀၁၇ ခုႏွစ္ကတည္းက စည္ပင္ ဥပေဒကို ေရးဆြဲခဲ့တယ္။ အစိုးရဘက္က နည္းဥပေဒ မထုတ္ျပန္ဘူး နည္းဥပေဒမထုတ္ျပန္ေတာ့ က်မတို႔က ခနခနတိုက္တြန္းတယ္။ ခနခန ေမးခြန္ေတြလည္းတင္ပါတယ္။ အားလုံးသိတဲ့အတိုင္းပဲ အဲေတာ့ အစိုးရဘက္က ယေန႔တိုင္ နည္းဥပေဒမဆြဲေသးပါဘူး အစိုးရသက္တမ္းလည္း ၿပီးဆုံးေတာ့မွာ” ဟု မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိက ေျပာသည္။
ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္သက္တမ္းတြင္ စည္သာယာေရးဥပေဒ ၊ စည္ပင္သာယာ အခြန္အခ ေကာက္ဥပေဒ ၊ လွ်ပ္စစ္ဥပေဒ ၊ စာၾကည့္တိုက္ဥပေဒ ၊ ငါးလုပ္ငန္းဥပေဒကို ျပင္ဆင္သည့္ဥပေဒႏွင့္ ႏွစ္စဥ္တင္သြင္းရသည့္ ဘတ္ဂ်တ္ဥပေဒ၊ ေဒသႏၲရစီမံကိန္းဥပေဒတို႔ကို အသစ္ေရးဆြဲ ျပင္ဆင္ ျဖည့္စြက္မႈ မ်ား ေဆာင္႐ြက္ခဲ့သည္ဟု ျပည္နယ္လႊတ္ေတာ္ ဥပေဒျပဳေရး ဆိုင္ရာေကာ္မတီမွ သိရသည္။
ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ကို ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလကစတင္ခဲ့ၿပီး ဩဂုတ္လက က်င္းပခဲ့တဲ့ (၁၇) ႀကိမ္ေျမာက္ အစည္းအေဝးအထိ ပုံမွန္အစည္းအေဝး ၁၇ ႀကိမ္ အေရးေပၚအစည္းအေဝး ၁ ႀကိမ္ႏွင့္ အထူးအစည္းအေဝး ၂ ႀကိမ္ က်င္းပခဲ့သည္။
မြန္ျပည္နယ္လႊတ္ေတာ္ကို ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၃ ဦးႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္ ၈ ဦး စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၃၁ ဦးတို႔ျဖင္ ဖြဲ႕စည္းထားသည္။
ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္တြင္ ပါဝင္ခဲ့ၾကသည့္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၃ ဦး တြင္ အမ်ိဳးသားဒီမိုကေရးအဖြဲ႕ခ်ဳပ္ပါတီမွ ၁၉ ဦး၊ မြန္အမ်ိဳးသားပါတီမွ ၂ ဦး၊ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီ ပါတီမွ ၁ ဦးႏွင့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ၁ ဦးတို႔ျဖစ္သည္။