ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသားအားလုံး ပါဝင်ရန် နှစ်သစ်ကူးသဝဏ်လွှာတွင် KNU ဥက္ကဋ္ဌတိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် အတွက် ကရင်အမျိုးသားတိုင်းက ကျရာအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ကြရန် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းပြောဆိုလိုက်သည်။

KNU ထိန်းချုပ်ထားသော တပ်မဟာ ၁ နှင့် တပ်မဟာ ၅ နယ်မြေများတွင် မြန်မာ့တပ်မတော်နှင့် စစ်ရေး တင်းမှာမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

၂၇၆၀ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့ ဇန္နဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ် ကူးနေ့သို့ ပေးပို့သည့် KNU ဥက္ကဋ္ဌ ၏ သဝဏ်လွှာထဲတွင် အောက်ပါအတိုင်း ထည့်သွင်းထားသည်။

“လက်ရှိ အချိန်တွင် ရွေးကောက်ခံ အစိုးရ၏ အုပ်ချုပ်ရေး မဖွဲ့စည်းနိုင် သည့်ကာလတွင် တိုင်းရင်းသားများနှင့် အစိုးရအကြား တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အတွက် KNU-ကရင်အမျိုးသား အစည်းအရုံးမှ ရည်ရွယ်ချက်အတိုင်း ဦး တည်လုပ်ဆောင်လျှက်ရှိပါသည်။ ထိုကဲ့သို့ အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက် နိုင် ရန် မိမိတို့ ကရင်အမျိုးသားတိုင်းသည်လည်း ကျရာ အခန်းကဏ္ဍတွင် ပါဝင် လုပ်ဆောင်ကြရန် လိုအပ် ပါ သည်” ဟု တွေ့ရသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်အတူ အခြားတိုင်းရင်းသား လက်နက်ကိုင် ခုခံတော် လှန်ရေး အဖွဲ့အစည်းအချို့မှ လက်နက်ဖြင့် တိုက်ပွဲဝင်ကြသည့် နည်းလမ်းများကို ရပ်ဆိုင်းထားပြီး အပစ်အ ခတ်ရပ်စဲကာ လူမျိုးတစ်မျိုးအနေဖြင့် ရသင့်ရထိုက်သည့် အခွင့်အရေးများအတွက် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနေပါသည်ဟု ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး က ပြောသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး“အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးကို ဧကန် အမှန် ရရှိထားခြင်း မဟုတ်ပေ။ စစ်မှန်သော ငြိမ်းချမ်း ရေးသည် မိမိတို့ ကရင်အမျိုးထုကြီးအပြင် မိမိတို့၏ ပြည်ထောင်စု အတွင်း နေထိုင်လျှက်ရှိ နေကြသော တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ် ပြုပြီး လွတ် လပ်မှု၊ တန်းတူညီမျှမှုအပြင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အ၀ ရရှိပြီးသည့် အချိန်မှသာ လျှင် ဖြစ်နိုင်ပါသည်။ ထိုအခွင့်အရေးများကိုလည်း နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းထားရှိရန် လိုအပ်ပါသည်” ဟု ၎င်း၏ သဝဏ်လွှာထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် မိမိတို့ ကရင်လူမျိုးများ၏ သမိုင်းတစ်လျှောက်တွင် အခြားလူမျိုးများနည်းတူ ရှင်သန်ရပ်တည်ပြီး ခေတ်နှင့်အညီ ရှင်သန်တိုးတက်နိုင်ရန် ဥပဒေဖြင့် အကာအကွယ်ပေးခြင်း၊ အခွင့်အရေးပေးထားခြင်းနှင့် အားပေးအားမြှောက်မှုများကို မရရှိခဲ့ကြောင်း၊ လွတ်လပ်မှု၊ တန်းတူမှုနှင့် အမျိုးသားရေးအရ တရားမျှတမှု များအပြင် လူသားများဖြစ်သည့်အလျှောက် လူမျိုးတစ်မျိုး၏ ရပိုင်ခွင့်များဖြစ်သော နိုင်ငံရေး၊ စီးပွားရေး နှင့် လူ့အခွင့်အရေးများကို ရရှိခဲ့ခြင်း မရှိဟု ၂၇၆၀ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ ပေးပို့သည့် ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုး ၏ သဝဏ်လွှာထဲတွင်ပါ ရှိသည်။

ထို့ကြောင့် မိမိတို့ ကရင်အမျိုးသားများမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားအား ထုတ်ခဲ့ကြရပြီး ထိုအခွင့်အရေး များကို ရရှိနိုင်ရန် နောက်ဆုံးတွင် မဖြစ်မနေ လက်နက်ကိုင် ခုခံတော်လှန်ခဲ့ ကြရသည့် အဆင့်သို့ ရောက်ရှိ ခဲ့ကြသည့်အတွက် ကရင့်အမျိုးသားခေါင်းဆောင်များမှ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကရင်အမျိုးသားများ၏ တာဝန်ပေးအပ်မှုအရ KNU-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် လက်နက်ကိုင် ခုခံတိုက်ပွဲ ဝင်ခဲ့ကြ သည်မှာ နှစ်ပေါင်း ၇၀ ကျော်အထိရှိခဲ့ပါသည်ဟု KUN ဥက္ကဋ္ဌ က ဆိုသည်။

သို့သော် လက်ရှိအချိန်တွင် အခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့်အတူ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနေသည့်အချိန်တွင် ကရင်တိုင်းရင်းသားတိုင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန်လိုအပ်သည်ဟု ၂၇၆၀ ခုနှစ် ကရင်အမျိုးသား နှစ်သစ် ကူးနေ့သို့ ပေးပို့သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာထဲတွင် တိုက်တွန်းထားသည်။

*** ZAWGYI ***
ၿငိမ္းခ်မ္းေရးအတြက္ ကရင္အမ်ဳိးသားအားလံုး ပါဝင္ရန္ ႏွစ္သစ္ကူးသဝဏ္လႊာတြင္ KNU ဥကၠ႒တိုက္တြန္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၂ ရက္။

တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ေအာင္ျမင္စြာ အေကာင္အထည္ ေဖာ္ႏိုင္ရန္ အတြက္ ကရင္အမ်ိဳးသားတိုင္းက က်ရာအခန္းက႑မွ ပါ၀င္လုပ္ေဆာင္ၾကရန္ ကရင္အမ်ိဳးသား အစည္းအရံုး KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုးက တိုက္တြန္းေျပာဆိုလိုက္သည္။

KNU ထိန္းခ်ဳပ္ထားေသာ တပ္မဟာ ၁ နွင့္ တပ္မဟာ ၅ နယ္ေျမမ်ားတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ စစ္ေရး တင္းမွာမႈမ်ား ရွိေနခ်ိန္တြင္ ယခုကဲ့သို႔ ေျပာလိုက္ျခင္းျဖစ္သည္။

၂၇၆၀ ခုႏွစ္ ျပာသိုလဆန္း ၁ ရက္ေန႔ ဇႏၷဝါရီလ ၁၃ ရက္ေန႔တြင္ က်ေရာက္မည့္ ကရင္အမ်ိဳးသား ႏွစ္သစ္ ကူးေန႔သို႔ ေပးပို႔သည့္ KNU ဥကၠ႒ ၏ သ၀ဏ္လႊာထဲတြင္ ေအာက္ပါအတိုင္း ထည့္သြင္းထားသည္။

“လက္ရွိ အခ်ိန္တြင္ ေရြးေကာက္ခံ အစိုးရ၏ အုပ္ခ်ဳပ္ေရး မဖြဲ႔စည္းႏိုင္ သည့္ကာလတြင္ တိုင္းရင္းသားမ်ားႏွင့္ အစိုးရအၾကား တစ္ႏိုင္ငံလံုး ၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ႀကိဳးပမ္း ေဆာင္ရြက္ရမည္ျဖစ္သည္။ ထို႔အတြက္ KNU-ကရင္အမ်ိဳးသား အစည္းအရံုးမွ ရည္ရြယ္ခ်က္အတိုင္း ဦး တည္လုပ္ေဆာင္လွ်က္ရွိပါသည္။ ထိုကဲ့သို႔ ေအာင္ေအာင္ျမင္ျမင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ႏိုင္ ရန္ မိမိတို႔ ကရင္အမ်ိဳးသားတိုင္းသည္လည္း က်ရာ အခန္းက႑တြင္ ပါ၀င္ လုပ္ေဆာင္ၾကရန္ လိုအပ္ ပါ သည္” ဟု ေတြ႕ရသည္။

လက္ရွိတြင္ ကရင္အမ်ိဳးသား အစည္းအရံုး KNU ႏွင့္အတူ အျခားတိုင္းရင္းသား လက္နက္ကိုင္ ခုခံေတာ္ လွန္ေရး အဖြဲ႔အစည္းအခ်ိဳ႕မွ လက္နက္ျဖင့္ တိုက္ပြဲ၀င္ၾကသည့္ နည္းလမ္းမ်ားကို ရပ္ဆိုင္းထားၿပီး အပစ္အ ခတ္ရပ္စဲကာ လူမ်ိဳးတစ္မ်ိဳးအေနျဖင့္ ရသင့္ရထိုက္သည့္ အခြင့္အေရးမ်ားအတြက္ အစိုးရႏွင့္ ႏိုင္ငံေရးအရ ေဆြးေႏြး အေျဖရွာေနပါသည္ဟု ဗိုလ္ခ်ဳပ္ႀကီး ေစာမူးတူးေစးဖိုး က ေျပာသည္။

ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး“အပစ္အခတ္ရပ္စဲျခင္းသည္ ၿငိမ္းခ်မ္းေရးကို ဧကန္ အမွန္ ရရွိထားျခင္း မဟုတ္ေပ။ စစ္မွန္ေသာ ၿငိမ္းခ်မ္း ေရးသည္ မိမိတို႔ ကရင္အမ်ိဳးထုႀကီးအျပင္ မိမိတို႔၏ ျပည္ေထာင္စု အတြင္း ေနထိုင္လွ်က္ရွိ ေနၾကေသာ တိုင္းရင္းသား လူမ်ိဳးတစ္မ်ိဳးအျဖစ္ ေလးစားအသိအမွတ္ ျပဳၿပီး လြတ္ လပ္မႈ၊ တန္းတူညီမွ်မႈအျပင္ ကိုယ္ပိုင္ျပဌာန္းခြင့္ အခြင့္အေရးမ်ားကို အျပည့္အ၀ ရရွိၿပီးသည့္ အခ်ိန္မွသာ လွ်င္ ျဖစ္ႏိုင္ပါသည္။ ထိုအခြင့္အေရးမ်ားကိုလည္း ႏိုင္ငံေတာ္၏ ဖြဲ႔စည္းပံု အေျခခံဥပေဒတြင္ အတိအလင္း ျပဌာန္းထားရွိရန္ လိုအပ္ပါသည္” ဟု ၎၏ သ၀ဏ္လႊာထဲတြင္ ထည့္သြင္းထားသည္။

ထို႔အျပင္ မိမိတို႔ ကရင္လူမ်ိဳးမ်ား၏ သမိုင္းတစ္ေလွ်ာက္တြင္ အျခားလူမ်ိဳးမ်ားနည္းတူ ရွင္သန္ရပ္တည္ၿပီး ေခတ္ႏွင့္အညီ ရွင္သန္တိုးတက္ႏိုင္ရန္ ဥပေဒျဖင့္ အကာအကြယ္ေပးျခင္း၊ အခြင့္အေရးေပးထားျခင္းႏွင့္ အားေပးအားေျမွာက္မႈမ်ားကို မရရွိခဲ့ေၾကာင္း၊ လြတ္လပ္မႈ၊ တန္းတူမႈႏွင့္ အမ်ိဳးသားေရးအရ တရားမွ်တမႈ မ်ားအျပင္ လူသားမ်ားျဖစ္သည့္အေလွ်ာက္ လူမ်ိဳးတစ္မ်ိဳး၏ ရပိုင္ခြင့္မ်ားျဖစ္ေသာ ႏိုင္ငံေရး၊ စီးပြားေရး ႏွင့္ လူ႔အခြင့္အေရးမ်ားကို ရရွိခဲ့ျခင္း မရွိဟု ၂၇၆၀ ခုႏွစ္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔သို႔ ေပးပို႔သည့္ ဗိုလ္ ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး ၏ သ၀ဏ္လႊာထဲတြင္ပါ ရွိသည္။

ထို႔ေၾကာင့္ မိမိတို႔ ကရင္အမ်ိဳးသားမ်ားမွ နည္းလမ္းေပါင္းစံုျဖင့္ ႀကိဳးစားအား ထုတ္ခဲ့ၾကရၿပီး ထိုအခြင့္အေရး မ်ားကို ရရွိႏိုင္ရန္ ေနာက္ဆံုးတြင္ မျဖစ္မေန လက္နက္ကိုင္ ခုခံေတာ္လွန္ခဲ့ ၾကရသည့္ အဆင့္သို႔ ေရာက္ရွိ ခဲ့ၾကသည့္အတြက္ ကရင့္အမ်ိဳးသားေခါင္းေဆာင္မ်ားမွ ဖြဲ႔စည္းတည္ေထာင္ခဲ့ၿပီး ကရင္အမ်ိဳးသားမ်ား၏ တာ၀န္ေပးအပ္မႈအရ KNU-ကရင္အမ်ိဳးသားအစည္းအရံုး အေနျဖင့္ လက္နက္ကိုင္ ခုခံတိုက္ပြဲ ၀င္ခဲ့ၾက သည္မွာ ႏွစ္ေပါင္း ၇၀ ေက်ာ္အထိရွိခဲ့ပါသည္ဟု KUN ဥကၠ႒ က ဆိုသည္။

သို႔ေသာ္ လက္ရွိအခ်ိန္တြင္ အျခား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားႏွင့္အတူ အပစ္အခတ္ရပ္စဲကာ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားတန္းတူေရး၊ ကိုယ့္ၾကမၼာ၊ ကိုယ္ဖန္တီးခြင့္၊ ကိုယ္ပိုင္ျပဌာန္းခြင့္မ်ားကို အစိုးရႏွင့္ ႏိုင္ငံေရးအရ ေဆြးေႏြးအေျဖရွာေနသည့္အခ်ိန္တြင္ ကရင္တိုင္းရင္းသားတိုင္းက ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မ်ားတြင္ က်ရာအခန္းက႑မွ ပါ၀င္လုပ္ေဆာင္ရန္လိုအပ္သည္ဟု ၂၇၆၀ ခုႏွစ္ ကရင္အမ်ိဳးသား ႏွစ္သစ္ ကူးေန႔သို႔ ေပးပို႔သည့္ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး၏ သ၀ဏ္လႊာထဲတြင္ တိုက္တြန္းထားသည္။