COVID-19 ကူးစက်မှုကြောင့် ပိတ်လိုက်ရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။

COVID-19 ကူးစက်မှုကြောင့် ဝင်ထွက်ခွင့် ပိတ်ထားလိုက်ရသည့်အတွက် မြစ်ကြီးနားမြို့ရှိ ကချင်စစ် ရှောင်စခန်းတစ်ခုတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသည်ဟု စခန်းတာဝန်ခံက ပြောသည်။

မြစ်ကြီးနားမြို့၊ ပလနနယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးထံမှ ဇန္နဝါရီလ ၁၀ ရက်နေ့က COVID-19 ပိုးတွေ့ရှိပြီးနောက် စခန်းအား LOCK DOWN ချထားလိုက်ရခြင်းဖြစ်သည်။

စခန်းတာဝန်ခံ ဦးခွန်အောင် က “အခုနက ပြောသလိုပါပဲ၊ အဓိကတော့ စားဝတ်နေရေးပေါ့နော်။ ဒါက ခက်ခဲတာပေါ့။ အခုဆို Camp အတွင်း မှ တချို့ ပြည်သူတွေက အစားအသောက်အခက်အခဲ ရှိကြောင်း ကျနော့်ဆီမှာ တင်ပြလာတာတွေ ရှိလာပြီ။ ကျနော်တို့ကတော့ လူမှုကူညီရေးအသင်းအဖွဲ့ပေါ့ မြစ်ကြီးနား ကရုဏာက ကြည့်ရှုတဲ့ဟာ ဖြစ်တဲ့အတွက် သူတို့ ကိုတော့ တောက်လျှောက် သတင်းအချက်အလက်တွေ ပို့နေပါတယ်။ ကျနော်တို့ကတော့ ခက်ခဲနေတယ်ဆို တော့ အစိုးရကို တင်ပြချင်ပေမယ့် ဘယ်လိုတင်ပြရမလဲဆိုတဲ့အပိုင်းပေါ့ အဲ့ဒါ အခက်အခဲဖြစ်တာပေါ့။ လတ် တလောကတော့ ကရုဏာအဖွဲ့ကိုပဲ တင်ပြထားတယ်” ဟု ပြောသည်။

စစ်ရှောင်များမှာ COVID-19 ကပ်ရောဂါကာလအတွင်း ကန့်သတ်ချက်များနှင့်အညီ နေထိုင်သွားလာရခြင်း၊ အပြင်သို့ အလုပ်ထွက်လုပ်ရ အခက်အခဲများရှိနေခြင်းတို့အပြင် ယခုကဲ့သို့ စစ်ရှောင်စခန်းအား LOCK DOWN ချထားလိုက်သည့်အတွက် ပိုမိုခက်ခဲလာခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

လက်ရှိအခြေအနေတွင် စခန်းတစ်ခုလုံး ဝင်ထွက်ခွင့်ပိတ်ထားသည်ဟု ဦးခွန်အောင်က ပြောသည်။

“ထိတွေ့တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ထုတ်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြီ။ ၄၄ ဦး စစ်ဆေးပြီးပြီ၊ အကုန်လုံးရဲ့ အဖြေကတော့ Negative ဖြစ်ပါတယ်။ လောလောဆယ်ကတော့ Lock Down ချထားတဲ့အနေအထားပါပဲ။ နောက်ထပ်တစ်ခေါက် ထပ်စစ်ရအုံးမှာဆိုတော့ အဲ့ဒီအပေါ်မှာလည်း စိုးရိမ်နေရတယ်။”

ကူးစက်ခံရသူ လူငယ်နှင့် ပတ်သက်၍ ကူးစက်မှု ရာဇဝင်ကို မသိရသေးပဲ ရှိနေသည်။

“အခု သူ့ရဲ့ ရာဇဝင်ကို ကြည့်မယ်ဆိုရင် အင်ဂျန်းယန် တောင်ပေါ်ဒေသက လရှီယန် ဆိုတဲ့ နေရာ မှာ ရွှေကျင်တယ်။ နောက်ပြီး ကလေးတွေဆိုတော့ တစ်ခါခါ အပြင်သွားတာမျိုးလည်းရှိတယ်ဆိုတော့လေ ပြောဖို့တော့ခက်နေတယ်” ဟု ပြောသည်။

စခန်းတွင်း နေထိုင်သူများမှာ စခန်း စည်းကမ်းများနှင့် အညီနေထိုင်ရသော်လည်း စားဝတ်နေရေး အခက်အခဲများကြောင့် အပြင်ထွက် အလုပ်လုပ်ခွင့်ပြုရခြင်းများ ရှိသည်ဟု ဦးခွန်အောင်က ဆက်ပြောသည်။

အစိုးရတာဝန်ရှိသူများနှင့် ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity – KMSS) တို့က COVID-19 ကာကွယ်ရေးပစ္စည်းများ၊ စစ်ဆေးမှုများနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဆေးဝါး ပစ္စည်းများကို လာရောက်ပံ့ပိုးပေးခဲ့သော်လည်း အစားအသောက် စားနပ်ရိက္ခာ လိုအပ်ချက်များအတွက် ပံ့ပိုး ထောက်ပံ့ပေးခြင်းများ မရှိသေး ဟု ဦးခွန်အောင် က ပြောသည်။

“စားနပ်ရိက္ခာကျတော့ အစိုးရဘက်ကတော့ ဘာသံမှတော့ မကြားရသေးဘူး။ ဟိုတလော စစချင်းဖြစ်တဲ့ အခါ ကြတော့ နိုင်ငံတော်အစိုး ရ ကျန်းမာရေးဌာနတို့၊ အုပ်ချုပ်ရေးတို့ လတ်တလော ဆေးဝါးကုသမှု ထိတွေ့တဲ့ ပုဂ္ဂိုလ်တွေကို စစ်ဆေးမှုတွေ လုပ်တယ်။ ဆေးဝါးပစ္စည်း၊ Mask တို့၊ Hand gel တို့ လိုအပ်တဲ့ပစ္စည်းလေးတွေ ပံ့ပိုးသွားတာတော့ ရခဲ့ပါ တယ်။ ကရုဏာကလည်း ဖြစ်တဲ့နေ့ရောက်လာပြီး ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်စပ်ပြီး လိုအပ်တဲ့ ဆေးဝါး ကာကွယ်ရေး ပစ္စည်းတွေ လာပေးခဲ့တယ်။ စစ်ဆေးတာတွေလုပ်ပေးတယ်။ အခုလတ် တလောမှာတော့ ဘယ်သူမှ ဝမ်းစာရေးအတွက် တစ်စုံတစ်ရာ ကူညီတာမျိုးမရှိသေးဘူး။ ဖြစ်နိုင်ရင်တော့ ဒီကြားထဲမှာ အစားအသောက်တွေ ရောက်လာဖို့ မျှော်လင့်တယ်။ မကြာခင်ရောက်လာဖို့ မျှော်လင့်ပါတယ်။”

COVID-19 ရောဂါ ကူးစက်ခြင်းခံထားရသည့် စစ်ရှောင်အမျိုးသားမှာ လက်ရှိတွင် မြစ်ကြီးနားပြည်သူ့ ဆေး ရုံတွင် ဆေးကုသမှုခံနေရပြီး ၎င်း၏ မိသားစု ၄ဦးကို Quarantine Center တွင် ထားထားသည်ဟု သိရသည်။

ထို့အပြင် ရောဂါ ကူးစက်ခံထားရသူနှင့် ဆက်စပ်ခဲ့သူ ၄၄ ဦးအားလည်း စစ်ရှောင်စခန်းအတွင်း သီးခြားခွဲ ထား ပြီး၊ အာခေါင်တို့ဖတ် နမူနာ စစ်ဆေးမှုများ ပထမအကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အားလုံးမှာ Negative အဖြေထွက်ထားသည်ဟု ဦးခွန်အောင် က ပြောသည်။

ပလနနယ်မြေအတွင်းရှိ စိန့်ဂျိုးဇက် (St. Joseph) တွင် စစ်ရှောင် အိမ်ထောင်မိသားစု ၃၀၀ ကျော်၊ လူဦးအားဖြင့် ၂၀၀၀ ကျော် ရှိသည်။

*** ZAWGYI ***
COVID-19 ကူးစက္မႈေၾကာင့္ ပိတ္လိုက္ရေသာ စစ္ေရွာင္စခန္းတြင္ စားနပ္ရိကၡာ အခက္ႀကဳံ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၃ ရက္။

COVID-19 ကူးစက္မႈေၾကာင့္ ဝင္ထြက္ခြင့္ ပိတ္ထားလိုက္ရသည့္အတြက္ ျမစ္ႀကီးနားၿမိဳ႕ရွိ ကခ်င္စစ္ ေရွာင္စခန္းတစ္ခုတြင္ စားနပ္ရိကၡာ အခက္အခဲျဖစ္ေနသည္ဟု စခန္းတာဝန္ခံက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕၊ ပလနနယ္ေျမအတြင္းရွိ စိန႔္ဂ်ိဳးဇက္ (St. Joseph) စစ္ေရွာင္စခန္းမွ အသက္ ၁၅ ႏွစ္အ႐ြယ္ရွိ လူငယ္အမ်ိဳးသားတစ္ဦးထံမွ ဇႏၷဝါရီလ ၁၀ ရက္ေန႔က COVID-19 ပိုးေတြ႕ရွိၿပီးေနာက္ စခန္းအား LOCK DOWN ခ်ထားလိုက္ရျခင္းျဖစ္သည္။

စခန္းတာဝန္ခံ ဦးခြန္ေအာင္ က “အခုနက ေျပာသလိုပါပဲ၊ အဓိကေတာ့ စားဝတ္ေနေရးေပါ့ေနာ္။ ဒါက ခက္ခဲတာေပါ့။ အခုဆို Camp အတြင္း မွ တခ်ိဳ႕ ျပည္သူေတြက အစားအေသာက္အခက္အခဲ ရွိေၾကာင္း က်ေနာ့္ဆီမွာ တင္ျပလာတာေတြ ရွိလာၿပီ။ က်ေနာ္တို႔ကေတာ့ လူမႈကူညီေရးအသင္းအဖြဲ႕ေပါ့ ျမစ္ႀကီးနား က႐ုဏာက ၾကည့္ရႈတဲ့ဟာ ျဖစ္တဲ့အတြက္ သူတို႔ ကိုေတာ့ ေတာက္ေလွ်ာက္ သတင္းအခ်က္အလက္ေတြ ပို႔ေနပါတယ္။ က်ေနာ္တို႔ကေတာ့ ခက္ခဲေနတယ္ဆို ေတာ့ အစိုးရကို တင္ျပခ်င္ေပမယ့္ ဘယ္လိုတင္ျပရမလဲဆိုတဲ့အပိုင္းေပါ့ အဲ့ဒါ အခက္အခဲျဖစ္တာေပါ့။ လတ္ တေလာကေတာ့ က႐ုဏာအဖြဲ႕ကိုပဲ တင္ျပထားတယ္” ဟု ေျပာသည္။

စစ္ေရွာင္မ်ားမွာ COVID-19 ကပ္ေရာဂါကာလအတြင္း ကန႔္သတ္ခ်က္မ်ားႏွင့္အညီ ေနထိုင္သြားလာရျခင္း၊ အျပင္သို႔ အလုပ္ထြက္လုပ္ရ အခက္အခဲမ်ားရွိေနျခင္းတို႔အျပင္ ယခုကဲ့သို႔ စစ္ေရွာင္စခန္းအား LOCK DOWN ခ်ထားလိုက္သည့္အတြက္ ပိုမိုခက္ခဲလာျခင္းျဖစ္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

လက္ရွိအေျခအေနတြင္ စခန္းတစ္ခုလုံး ဝင္ထြက္ခြင့္ပိတ္ထားသည္ဟု ဦးခြန္ေအာင္က ေျပာသည္။

“ထိေတြ႕တဲ့ ပုဂၢိဳလ္ေတြကို ေခၚထုတ္ၿပီးေတာ့ စစ္ေဆးမႈေတြ ျပဳလုပ္ၿပီး ၿပီ။ ၄၄ ဦး စစ္ေဆးၿပီးၿပီ၊ အကုန္လုံးရဲ႕ အေျဖကေတာ့ Negative ျဖစ္ပါတယ္။ ေလာေလာဆယ္ကေတာ့ Lock Down ခ်ထားတဲ့အေနအထားပါပဲ။ ေနာက္ထပ္တစ္ေခါက္ ထပ္စစ္ရအုံးမွာဆိုေတာ့ အဲ့ဒီအေပၚမွာလည္း စိုးရိမ္ေနရတယ္။”

ကူးစက္ခံရသူ လူငယ္ႏွင့္ ပတ္သက္၍ ကူးစက္မႈ ရာဇဝင္ကို မသိရေသးပဲ ရွိေနသည္။

“အခု သူ႔ရဲ႕ ရာဇဝင္ကို ၾကည့္မယ္ဆိုရင္ အင္ဂ်န္းယန္ ေတာင္ေပၚေဒသက လရွီယန္ ဆိုတဲ့ ေနရာ မွာ ေ႐ႊက်င္တယ္။ ေနာက္ၿပီး ကေလးေတြဆိုေတာ့ တစ္ခါခါ အျပင္သြားတာမ်ိဳးလည္းရွိတယ္ဆိုေတာ့ေလ ေျပာဖို႔ေတာ့ခက္ေနတယ္” ဟု ေျပာသည္။

စခန္းတြင္း ေနထိုင္သူမ်ားမွာ စခန္း စည္းကမ္းမ်ားႏွင့္ အညီေနထိုင္ရေသာ္လည္း စားဝတ္ေနေရး အခက္အခဲမ်ားေၾကာင့္ အျပင္ထြက္ အလုပ္လုပ္ခြင့္ျပဳရျခင္းမ်ား ရွိသည္ဟု ဦးခြန္ေအာင္က ဆက္ေျပာသည္။

အစိုးရတာဝန္ရွိသူမ်ားႏွင့္ က႐ုဏာ လူမႈစည္းလုံးညီၫြတ္ေရးအသင္း (Karuna Mission Social Solidarity – KMSS) တို႔က COVID-19 ကာကြယ္ေရးပစၥည္းမ်ား၊ စစ္ေဆးမႈမ်ားႏွင့္ က်န္းမာေရးႏွင့္ သက္ဆိုင္သည့္ ေဆးဝါး ပစၥည္းမ်ားကို လာေရာက္ပံ့ပိုးေပးခဲ့ေသာ္လည္း အစားအေသာက္ စားနပ္ရိကၡာ လိုအပ္ခ်က္မ်ားအတြက္ ပံ့ပိုး ေထာက္ပံ့ေပးျခင္းမ်ား မရွိေသး ဟု ဦးခြန္ေအာင္ က ေျပာသည္။

“စားနပ္ရိကၡာက်ေတာ့ အစိုးရဘက္ကေတာ့ ဘာသံမွေတာ့ မၾကားရေသးဘူး။ ဟိုတေလာ စစခ်င္းျဖစ္တဲ့ အခါ ၾကေတာ့ ႏိုင္ငံေတာ္အစိုး ရ က်န္းမာေရးဌာနတို႔၊ အုပ္ခ်ဳပ္ေရးတို႔ လတ္တေလာ ေဆးဝါးကုသမႈ ထိေတြ႕တဲ့ ပုဂၢိဳလ္ေတြကို စစ္ေဆးမႈေတြ လုပ္တယ္။ ေဆးဝါးပစၥည္း၊ Mask တို႔၊ Hand gel တို႔ လိုအပ္တဲ့ပစၥည္းေလးေတြ ပံ့ပိုးသြားတာေတာ့ ရခဲ့ပါ တယ္။ က႐ုဏာကလည္း ျဖစ္တဲ့ေန႔ေရာက္လာၿပီး က်န္တဲ့အဖြဲ႕ေတြနဲ႔ ဆက္စပ္ၿပီး လိုအပ္တဲ့ ေဆးဝါး ကာကြယ္ေရး ပစၥည္းေတြ လာေပးခဲ့တယ္။ စစ္ေဆးတာေတြလုပ္ေပးတယ္။ အခုလတ္ တေလာမွာေတာ့ ဘယ္သူမွ ဝမ္းစာေရးအတြက္ တစ္စုံတစ္ရာ ကူညီတာမ်ိဳးမရွိေသးဘူး။ ျဖစ္ႏိုင္ရင္ေတာ့ ဒီၾကားထဲမွာ အစားအေသာက္ေတြ ေရာက္လာဖို႔ ေမွ်ာ္လင့္တယ္။ မၾကာခင္ေရာက္လာဖို႔ ေမွ်ာ္လင့္ပါတယ္။”

COVID-19 ေရာဂါ ကူးစက္ျခင္းခံထားရသည့္ စစ္ေရွာင္အမ်ိဳးသားမွာ လက္ရွိတြင္ ျမစ္ႀကီးနားျပည္သူ႔ ေဆး ႐ုံတြင္ ေဆးကုသမႈခံေနရၿပီး ၎၏ မိသားစု ၄ဦးကို Quarantine Center တြင္ ထားထားသည္ဟု သိရသည္။

ထို႔အျပင္ ေရာဂါ ကူးစက္ခံထားရသူႏွင့္ ဆက္စပ္ခဲ့သူ ၄၄ ဦးအားလည္း စစ္ေရွာင္စခန္းအတြင္း သီးျခားခြဲ ထား ၿပီး၊ အာေခါင္တို႔ဖတ္ နမူနာ စစ္ေဆးမႈမ်ား ပထမအႀကိမ္ျပဳလုပ္ခဲ့ၿပီးျဖစ္ရာ အားလုံးမွာ Negative အေျဖထြက္ထားသည္ဟု ဦးခြန္ေအာင္ က ေျပာသည္။

ပလနနယ္ေျမအတြင္းရွိ စိန႔္ဂ်ိဳးဇက္ (St. Joseph) တြင္ စစ္ေရွာင္ အိမ္ေထာင္မိသားစု ၃၀၀ ေက်ာ္၊ လူဦးအားျဖင့္ ၂၀၀၀ ေက်ာ္ ရွိသည္။