ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များတွင် ပံ့ပိုးရန် ကရင်လူထုကို KNLA ပန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
ကရင်မိဘပြည်သူများနှင့် ကရင်လူငယ်များက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များ လုပ်ဆောင်ရာတွင် ပံ့ပိုးကူညီရန် KNLA က ပန်ကြား လိုက်သည်။
၂၇၆၀ ခုနှစ် ပြာသလိုလဆန်း ၁ ရက်နေ့ ဇန္နဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ် ကူးနေ့ တွင် ကရင်အမျိုးသား မိဘပြည်သူများနှင့် ကရင်လူငယ်မောင်မယ် အားလုံးထံသို့ ပေးပို့သည့် KNLA ၏ အိတ်ဖွင့်ပေး စာထဲတွင် ထိုကဲ့သို့ ထည့်သွင်းတောင်းဆို ထားခြင်းဖြစ်သည်။
“ကရင့်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA အနေနဲ့ အားသစ်လောင်းပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ကို အစွမ်း ကုန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားဖို့ သံန္ဓိဌာန်ချထားကြောင်း ကရင်မိဘပြည်သူများနဲ့ ကရင် လူငယ်မောင် မယ်များကို အသိပေးလိုပါတယ်။ တစ်ပြိုင်တည်းမှာပဲ မိဘပြည်သူများနဲ့ လူငယ်မောင် မယ်များရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ နားလည် ပံ့ပိုးခြင်းကို ယုံကြည်မျှော်လင့်ကြောင်း ပြောကြားလိုပါတယ်။ မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်ကနေ မိမိကျရာ အမျိုးသား တာဝန်ကို ဝိုင်းဝန်းထမ်းဆောင်ကြဖို့ ကိုလည်း လှိုက်လှိုက်လှဲလှဲ တိုက်တွန်းပန်ကြားလိုပါတယ်” ဟု ပါရှိ သည်။
KNU/KNLA တပ်မဟာ ၁ သထုံခရိုင် ၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင် နှင့် တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင် တို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် တပ်မတော်တို့ နယ်မြေပြဿနာ များကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲ များပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည့် အချိန် တွင် KNLA က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။
NCA အပစ်ရပ်စဲပြီးသည့် နောက်ပိုင်းတွင် KNU/KNLA ထိန်းချုပ်ရာ ဒေသများသို့ တပ်မတော်မှ တပ်စခန်း သစ်များ တည်ဆောက်ခြင်းနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ စဉ်ဆက်မပြတ် ဝင်ရောက် လာမှုများ သည် ဖက်ဒရယ် ပြည်ထောင်စု၏ အနှစ်သာရကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က သုံးသပ်သည်။
“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး စတဲ့ နိုင်ငံရေး အရွေ့ကို ဖန်တီးနိုင်ဖို့ KNU ဘက်ကနေ သည်းခံနှိမ့်ချခြင်းများစွာနဲ့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မိမိတို့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်အနေနဲ့ သဘောတူညီချက်များကို ထိန်းသိမ်းရေး စစ်ပွဲများ ပြန်မ ဖြစ်ရေးစသည်တို့ကို ထောက်ရှုပြီး နယ်မြေအသီးသီးမှာ အလျှော့ပေးခဲ့ရာ ယနေ့ NCA လက်မှတ်ရေး ထိုး ပြီး ၆ နှစ်တာအတွင်း မူတြော်(ဖာပွန်) ခရိုင်ထဲ မြန်မာ့တပ်မတော်စခန်း ၇၂ ခုကနေပြီး ၈၀ ကျော် အထိ ရှိ လာခဲ့ပြီး နည်းမျိုးစုံနဲ့ တပ်အင်အားကို တိုးချဲ့ခဲ့ကြတာဖြစ်ပါတယ်။ ကရင်ပြည်နယ် တစ်ခုလုံးထဲမှာတော့ အလျဉ်းပြောစရာ အကြောင်းမရှိတော့ပါ” ဟု ကရင်မိဘပြည်သူများနှင့် လူငယ်မောင်မယ် အားလုံးသို့ ပေးပို့သည့် KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် တွေ့ရသည်။
ထို့အပြင် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများက ၎င်းတို့ အုပ်ချုပ်ရာ နေရာများသို့ ဝင်ရောက်နေရာယူခြင်း များနှင့် ပတ်သက်၍ KNLA က ယခုလို ရှု့မြင်သည်။
KNLA က “တစ်ဖက်မှာတော့ ကရင်ဒေသတွေမှာ KNU အုပ်ချုပ်ရေး ဒေသတွေမှာ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာတွေကို အကြောင်းပြုပြီး မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားများက တရစပ် ထိုးဖောက်ဝင်ရောက်လာတာတွေရှိ နေပြန်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ဖက်ဒရယ်ပြည်ထောင်စု မတည် ဆောက်နိုင်ခင်မှာ ကရင်ဒေသတွေကို လွှမ်းမိုးဖို့ ကြိုးစားလာတဲ့ ပြည်ထောင်စု အနှစ်သာရကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုလို့ ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော်အနေနဲ့ ရှု့မြင်သုံးသပ်ပါတယ်” ဟုပြောသည်။
အပစ်အခတ်ရပ်စဲရေး ကာလဖြစ်သည့်အတွက် အင်အား အလုံးအရင်းနဲ့ ကရင်ပြည်နယ်ထဲတွင် မြန်မာ့တပ် မတော် အနေဖြင့် တပ်စွဲထားဖို့ မလိုအပ်တာကတစ်ကြောင်း၊ ရှိနေတဲ့ တပ်စခန်းအရေအတွက် အများအ ပြားဟာ ပြည်တွင်းစစ်ဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလဲ ခံလာခဲ့ကြသည့် ဒေသခံ ပြည်သူလူထုအတွက် အမှန်တကယ် ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ပြည်သူလူထုအတွက် အချက်အခြာကျမယ့် နေရာတွေထဲက တပ်စခန်းအချို့ကို လျှော့ချပေးဖို့ KNU ဖက် က ညှိနှိုင်းမှုတွေ ကြိုးစား လုပ်ဆောင်ခဲ့သည်ဟု KNLA က ဆိုသည်။
သို့သော် နှစ်ဖက်သဘောတူ စာချုပ်နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တပ်မတော်က ကရင်ဒေ သအတွင်းသို့ ဆက်လက်ကျူး ကျော်ဝင်ရောက်နေခြင်းကြောင့် လက်တွေ့မှာ ကရင်ပြည်သူလူထုရဲ့ အ သက်အိုးအိမ် စည်းစိမ်ကို အကာအကွယ် မပေးနိုင်ခဲ့သည့်အပြင် သဘောတူညီချက်များကိုလည်း အ ကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ အရပ်သား ပြည်သူလူထုရဲ့ အကျိုးစီးပွားနှင့် ငြိမ်းချမ်း ရေး ဆွေးနွေးနိုင်ရေးအတွက် အလွန် အရေးကြီးတဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းကိုလည်း မပြုလုပ် နိုင်ခဲ့ဟု KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် တွေ့ရသည်။
ထိုအခြေအနေများကြောင့် KNLA မှ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန် များကို အစွမ်းကုန် လုပ်ဆောင်သွားရာတွင် မိဘပြည်သူများနှင့် လူငယ်မောင်မယ်များမှ နားလည်မှုဖြင့် ကူညီပံ့ပိုးပေးရန် မျှော်လင့် သည်ဟု KNLA ၏ အိတ်ဖွင့်ပေးစာထဲတွင် ဖော်ပြထားသည်။
*** ZAWGYI ***
ကာကြယ္ေရးႏွင့္ လံုၿခံဳေရး တာဝန္မ်ားတြင္ ပံ့ပိုးရန္ ကရင္လူထုကို KNLA ပန္ၾကား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၄ ရက္။
ကရင္မိဘျပည္သူမ်ားနွင့္ ကရင္လူငယ္မ်ားက ကရင္အမ်ဳိးသားလြတ္ေျမာက္ေရး တပ္မေတာ္ KNLA ၏ အမ်ဳိးသား ကာကြယ္ေရးႏွင့္ လံုၿခံဳေရး တာဝန္မ်ား လုပ္ေဆာင္ရာတြင္ ပံ့ပိုးကူညီရန္ KNLA က ပန္ၾကား လိုက္သည္။
၂၇၆၀ ခုႏွစ္ ျပာသလိုလဆန္း ၁ ရက္ေန႔ ဇႏၷဝါရီလ ၁၃ ရက္ေန႔တြင္ က်ေရာက္သည့္ ကရင္ႏွစ္သစ္ ကူးေန႔ တြင္ ကရင္အမ်ိဳးသား မိဘျပည္သူမ်ားႏွင့္ ကရင္လူငယ္ေမာင္မယ္ အားလံုးထံသို႔ ေပးပို႔သည့္ KNLA ၏ အိတ္ဖြင့္ေပး စာထဲတြင္ ထိုကဲ့သို႔ ထည့္သြင္းေတာင္းဆို ထားျခင္းျဖစ္သည္။
“ကရင့္သကၠရာဇ္ ၂၇၆၀ ျပည့္ႏွစ္မွာ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA အေနနဲ႔ အားသစ္ေလာင္းၿပီး အမ်ိဳးသား ကာကြယ္ေရးႏွင့္ လံုျခံဳေရး တာ၀န္ကို အစြမ္း ကုန္ ရြပ္ရြပ္ခၽြံခၽြံ ထမ္းေဆာင္သြားဖို႔ သံႏၶိဌာန္ခ်ထားေၾကာင္း ကရင္မိဘျပည္သူမ်ားနဲ႔ ကရင္ လူငယ္ေမာင္ မယ္မ်ားကို အသိေပးလိုပါတယ္။ တစ္ၿပိဳင္တည္းမွာပဲ မိဘျပည္သူမ်ားနဲ႔ လူငယ္ေမာင္ မယ္မ်ားရဲ႕ ကိုယ္စြမ္း ဥာဏ္စြမ္း ရွိသေရြ႕ နားလည္ ပံ့ပိုးျခင္းကို ယံုၾကည္ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားလိုပါတယ္။ မိခင္အဖြဲ႔အစည္းျဖစ္တဲ့ KNU ကရင္အမ်ိဳးသား အစည္းအရံုးရဲ႕ ႏိုင္ငံေရး ဦးေဆာင္မႈေအာက္ကေန မိမိက်ရာ အမ်ိဳးသား တာ၀န္ကို ဝိုင္း၀န္းထမ္းေဆာင္ၾကဖို႔ ကိုလည္း လႈိက္လႈိက္လွဲလွဲ တိုက္တြန္းပန္ၾကား လိုပါတယ္” ဟု ပါရွိ သည္။
KNU/KNLA တပ္မဟာ ၁ သထံုခ႐ိုင္ ၊ တပ္မဟာ ၃ ေညာင္ေလးပင္ခ႐ိုင္ ႏွင့္ တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္ တို႔တြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA ႏွင့္ တပ္မေတာ္တို႔ နယ္ေျမျပႆနာ မ်ားေၾကာင့္ ႏွစ္ဖက္စစ္ေရးတင္းမာမႈႏွင့္အတူ တိုက္ပြဲ မ်ားျပင္းထန္စြာ ျပန္လည္ျဖစ္ပြားေနသည့္ အခ်ိန္ တြင္ KNLA က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္ သည္။
NCA အပစ္ရပ္စဲၿပီးသည့္ ေနာက္ပိုင္းတြင္ KNU/KNLA ထိန္းခ်ဳပ္ရာ ေဒသမ်ားသို႔ တပ္မေတာ္မွ တပ္စခန္း သစ္မ်ား တည္ေဆာက္ျခင္းႏွင့္ အစိုးရ၏ အုပ္ခ်ဳပ္ေရး ယႏၲရားမ်ား စဥ္ဆက္မျပတ္ ၀င္ေရာက္ လာမႈမ်ား သည္ ဖက္ဒရယ္ ျပည္ေထာင္စု၏ အႏွစ္သာရကို ဆန္႔က်င္သည့္ လုပ္ရပ္ျဖစ္သည္ဟု ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA က သံုးသပ္သည္။
“ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ေရးႏွင့္ အမ်ိဳးသား ရင္ၾကားေစ့ေရး စတဲ့ ႏိုင္ငံေရး အေရြ႕ကို ဖန္တီးႏိုင္ဖို႔ KNU ဘက္ကေန သည္းခံႏွိမ့္ခ်ျခင္းမ်ားစြာနဲ႔ ႀကိဳးပမ္းခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ မိမိတို႔ ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္အေနနဲ႔ သေဘာတူညီခ်က္မ်ားကို ထိန္းသိမ္းေရး စစ္ပြဲမ်ား ျပန္မ ျဖစ္ေရးစသည္တို႔ကို ေထာက္ရႈၿပီး နယ္ေျမအသီးသီးမွာ အေလွ်ာ့ေပးခဲ့ရာ ယေန႔ NCA လက္မွတ္ေရး ထိုး ၿပီး ၆ ႏွစ္တာအတြင္း မူေၾတာ္(ဖာပြန္) ခ႐ိုင္ထဲ ျမန္မာ့တပ္မေတာ္စခန္း ၇၂ ခုကေနၿပီး ၈၀ ေက်ာ္ အထိ ရွိ လာခဲ့ၿပီး နည္းမ်ိဳးစံုနဲ႔ တပ္အင္အားကို တိုးခ်ဲ႕ခဲ့ၾကတာျဖစ္ပါတယ္။ ကရင္ျပည္နယ္ တစ္ခုလံုးထဲမွာေတာ့ အလ်ဥ္းေျပာစရာ အေၾကာင္းမရွိေတာ့ပါ” ဟု ကရင္မိဘျပည္သူမ်ားႏွင့္ လူငယ္ေမာင္မယ္ အားလံုးသို႔ ေပးပို႔သည့္ KNLA ၏ အိတ္ဖြင့္ေပးစာထဲတြင္ ေတြ႕ရသည္။
ထို႔အျပင္ အစိုးရ၏ အုပ္ခ်ဳပ္မႈ ယႏၲရားမ်ားက ၎တို႔ အုပ္ခ်ဳပ္ရာ ေနရာမ်ားသို႔ ၀င္ေရာက္ေနရာယူျခင္း မ်ားႏွင့္ ပတ္သက္၍ KNLA က ယခုလို ရႈ႕ျမင္သည္။
KNLA က “တစ္ဖက္မွာေတာ့ ကရင္ေဒသေတြမွာ KNU အုပ္ခ်ဳပ္ေရး ေဒသေတြမွာ သေဘာတူညီခ်က္ လက္မွတ္ ေရးထိုးခဲ့တာေတြကို အေၾကာင္းျပဳၿပီး ျမန္မာအစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားမ်ားက တရစပ္ ထိုးေဖာက္၀င္ေရာက္လာတာေတြရွိ ေနျပန္ပါတယ္။ ဒီလိုလုပ္ရပ္ေတြက ဖက္ဒရယ္ျပည္ေထာင္စု မတည္ ေဆာက္ႏိုင္ခင္မွာ ကရင္ေဒသေတြကို လႊမ္းမိုးဖို႔ ႀကိဳးစားလာတဲ့ ျပည္ေထာင္စု အႏွစ္သာရကို ဆန္႔က်င္တဲ့ လုပ္ေဆာင္မႈလို႔ ကရင္အမ်ိဳးသား လႊတ္ေျမာက္ေရး တပ္မေတာ္အေနနဲ႔ ရႈ႕ျမင္သံုးသပ္ပါတယ္” ဟုေျပာ သည္။
အပစ္အခတ္ရပ္စဲေရး ကာလျဖစ္သည့္အတြက္ အင္အား အလံုးအရင္းနဲ႔ ကရင္ျပည္နယ္ထဲတြင္ ျမန္မာ့တပ္ မေတာ္ အေနျဖင့္ တပ္စြဲထားဖို႔ မလိုအပ္တာကတစ္ေၾကာင္း၊ ရွိေနတဲ့ တပ္စခန္းအေရအတြက္ အမ်ားအ ျပားဟာ ျပည္တြင္းစစ္ဒဏ္ကို ႏွစ္ေပါင္းမ်ားစြာ အလူးအလဲ ခံလာခဲ့ၾကသည့္ ေဒသခံ ျပည္သူလူထုအတြက္ အမွန္တကယ္ ေၾကာက္ရြံ႕စိုးရိမ္မႈမ်ား ျဖစ္ေပၚေနသည့္အတြက္ ယံုၾကည္မႈ တည္ေဆာက္ရန္ ရည္ရြယ္ၿပီး ျပည္သူလူထုအတြက္ အခ်က္အျခာက်မယ့္ ေနရာေတြထဲက တပ္စခန္းအခ်ိဳ႕ကို ေလွ်ာ့ခ်ေပးဖို႔ KNU ဖက္ က ညွိႏႈိင္းမႈေတြ ႀကိဳးစား လုပ္ေဆာင္ခဲ့သည္ဟု KNLA က ဆိုသည္။
သို႔ေသာ္ ႏွစ္ဖက္သေဘာတူ စာခ်ဳပ္ႏွင့္ NCA လက္မွတ္ေရးထိုးႏိုင္ခဲ့ေသာ္လည္း တပ္မေတာ္က ကရင္ေဒ သအတြင္းသို႔ ဆက္လက္က်ဴး ေက်ာ္၀င္ေရာက္ေနျခင္းေၾကာင့္ လက္ေတြ႕မွာ ကရင္ျပည္သူလူထုရဲ႕ အ သက္အိုးအိမ္ စည္းစိမ္ကို အကာအကြယ္ မေပးႏိုင္ခဲ့သည့္အျပင္ သေဘာတူညီခ်က္မ်ားကိုလည္း အ ေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း၊ အရပ္သား ျပည္သူလူထုရဲ႕ အက်ိဳးစီးပြားႏွင့္ ၿငိမ္းခ်မ္း ေရး ေဆြးေႏြးႏိုင္ေရးအတြက္ အလြန္ အေရးႀကီးတဲ့ ယံုၾကည္မႈ တည္ေဆာက္ႏိုင္ျခင္းကိုလည္း မျပဳလုပ္ ႏိုင္ခဲ့ဟု KNLA ၏ အိတ္ဖြင့္ေပးစာထဲတြင္ ေတြ႕ရသည္။
ထိုအေျခအေနမ်ားေၾကာင့္ KNLA မွ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လံုၿခံဳေရး တာ၀န္ မ်ားကို အစြမ္းကုန္ လုပ္ေဆာင္သြားရာတြင္ မိဘျပည္သူမ်ားႏွင့္ လူငယ္ေမာင္မယ္မ်ားမွ နားလည္မႈျဖင့္ ကူညီပံ့ပိုးေပးရန္ ေမွ်ာ္လင့္ သည္ဟု KNLA ၏ အိတ္ဖြင့္ေပးစာထဲတြင္ ေဖာ္ျပထားသည္။